“မီတာခတွေ ပြင်ဆင်ကောက်ခံဖို့ စီစဉ်နေပြီ”
၁။ "လျှပ်စစ်မီတာခများ ပြောင်းလဲရန် အစိုးရသို့ UMFCCI
အကြံပြု"
ပြည်တွင်း၌ လက်ရှိကောက်ခံနေသည့် လျှပ်စစ်မီတာခ
နှုန်းထားများ ပြောင်းလဲရန် အစိုးရသို့ အကြံပြုထားကြောင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)
ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
ဇွန်လ ၂၃ ရက်က ပြုလုပ်သည့် ဒုတိယသမ္မတ (၁)
ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် စီးပွားရေး လုပ်ငန်းရှင်များ
လစဉ်တွေ့ဆုံပွဲတွင် ဦးဇော်မင်းဝင်းက အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။
အိမ်သုံးအတွက် အကြံပြုထားသည်မှာ ၁ ယူနစ် မှ ၁၀ဝ ထိ
အသုံးပြုသူများအား ယခုလက်ရှိ ၃၅ ကျပ် ကောက်ခံနေမှုကို
လက်ရှိအတိုင်းထားလျှင် အဆင်ပြေမည်ဟု ဆိုသည်။
အိမ်သုံးယူနစ်
- ၁၀၁ မှ ၂၀ဝ အထိကို တစ်ယူနစ် ၄၀ ကျပ်အစား ၅၀ ကျပ်၊
- ၂၀၁ မှ ၃၀ဝ ယူနစ်အထိကို ၅၀ ကျပ်အစား ၇၅ ကျပ်၊
- ၃၀၁ မှ ၄၀ဝ ယူနစ်အထိကို ၅၀ ကျပ်အစား ကျပ် ၁၀ဝ၊
- ၄၀၁ မှ ၅၀ဝ ယူနစ် အထိကို ၅၀ ကျပ်အစား ၁၂၅ ကျပ်၊
- ယူနစ် ၅၀ဝ နှင့်အထက်ကို ၁၅၀ ကျပ်အထိ တိုးမြှင့်
ကောက်ခံရန် UMFCCI က အကြံပြုထားကြောင်း
ဦးဇော်မင်းဝင်းက ဆိုသည်။
ထို့ပြင် စက်မှုလုပ်ငန်းသုံး မီတာခများဖြစ်သည့်
- ၁ ယူနစ်မှ ၁၀,ဝ၀ဝ ယူနစ်အထိ ၇၅ ကျပ်နှင့် ၁၀ဝ ကျပ်အကြား
ကောက်ခံမှုကို တစ်ယူနစ် ၉၀ ကျပ်၊
- ၁၀,ဝ၀၁ မှ ၂၀,ဝ၀ဝ ထိ ၁၂၅ ကျပ်မှ ၁၅၀ ကျပ်ကြား
ကောက်ခံနေမှုကို ၁၅၀ ကျပ်၊
- ယူနစ် ၃၀,ဝ၀ဝ နှင့်အထက် သုံးစွဲမှုကို ၁၀ဝ ကျပ်မှ ၁၇၅ ကျပ်
အထိ တိုးမြှင့်ကောက်ခံရန် ၎င်းက ဆိုသည်။
မီတာခ မြင့်တက်မှုသည် နိုင်ငံရေးနှင့် ဆက်စပ်လျက်
ရှိသောကြောင့် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်နိုင်မှသာ
အဆင်ပြေမည်ဟု မြန်မာ့စီးပွားရေး သုတေသီ
ခင်မောင်ညို (ဘောဂဗေဒ) က ပြောကြားသည်။
ယခု ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အား
အတွက် ငွေကျပ် ၃၇၈ ဘီလီယံခန့်ကို အစိုးရက အရှုံးခံသုံးစွဲ
ရမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏
ထုတ်ပြန်ထားချက်များအရ သိရသည်။
ဇွန်လ ၂၆ ရက်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်တွင်
ပုလောမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးအုန်းခင်က
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့ကောက်ယူနေသော
လျှပ်စစ်မီတာခကို သင့်တင့်မျှတသော ဈေးနှုန်းသို့ ပြောင်းလဲ
သတ်မှတ်ရန် အစီအစဉ် ရှိ၊ မရှိ ဟူသည့် မေးခွန်းကို
မေးမြန်းဆွေးနွေးရန် ရှိသည်။
*****
၂။ "မီတာခတွေ ပြင်ဆင်ကောက်ခံဖို့ စီစဉ်နေကြောင်း
ဒုဝန်ကြီး ပြော"
လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေကို ပြင်ဆင်ကောက်ခံဖို့
စီစဉ်နေကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြည်သူ့လွှတ်တော်မှာ
ပြောကြားခဲ့ပါတယ်။
ပုလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးအုန်းခင်က မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ကောက်ခံနေတဲ့
လျှပ်စစ်မီတာခတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းကို
ပြောင်းလဲသတ်မှတ်ဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းရာမှာ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ်ဓာတ်အားကို
နိုင်ငံတော်က အရှုံးခံပြီး စိုက်ထုတ်အသုံးပြုနေရ တာကြောင့်
လျှပ်စစ်ဓာတ်အားခနှုန်းတွေကို ပြင်ဆင်ကောက်ခံဖို့
စီစဉ်နေကြောင်း ပြောသွားတာဖြစ်ပါတယ်။
ဓာတ်အားခနှုန်းထားတွေကို သင့်တော်တဲ့ နှုန်းထားမျိုး
ဖြစ်အောင် ပြင်ဆင်ကောက်ခံဖို့အတွက် ကမ္ဘာ့ဘဏ်နဲ့
ပူးပေါင်းပြီး အကြံပြုချက်တွေယူနေသလို၊ လွှတ်တော်
ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့က
လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာဝန်ကြီးတွေ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး
ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ
ကိုခေါ်ယူပြီး အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြောင်း
ပြောကြားခဲ့ပေမယ့် တစ်ယူနစ်ကို ဘယ်လောက်နှုန်းနဲ့
ပြင်ဆင်ကောက်ခံမယ်ဆိုတာကိုတော့
ဒေါက်တာထွန်းနိုင်က ပြောကြားသွားခြင်းမရှိပါဘူး။
ဓာတ်အားခနှုန်းထားတွေကို အိမ်သုံး၊ စီးပွားရေးလုပ်ငန်းသုံး
နဲ့ စက်မှုလုပ်ငန်းသုံးဟု နှစ်မျိုးခွဲခြားပြီး အိမ်သုံးဓာတ်အား
တစ်ယူနစ်ကို အနိမ့်ဆုံး ၃၅ ကျပ်ကနေ အများဆုံး ၅ဝ ကျပ်၊
စီးပွားရေးလုပ်ငန်းနဲ့ စက်မှုလုပ်ငန်းသုံး ဓာတ်အားတစ်ယူနစ်
ကို အနိမ့်ဆုံး ၇၅ ကျပ်ကနေ အများဆုံး ကျပ် ၁၅ဝ အထိ
သတ်မှတ်ကောက်ခံနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဓာတ်အားထုတ်လုပ်မှုကဏ္ဍမှာ နိုင်ငံပိုင်စက်ရုံ
အသစ်တွေ တည်ဆောက်ပြီးစီးမှု မရှိသေးတာကြောင့်
ပုဂ္ဂလိကဓာတ်အားပေး စက်ရုံတွေကနေ ဝန်ကြီးဌာနက
ဝယ်ယူနေရတာကြောင့် လျှပ်စစ်ဓာတ်အား ဝယ်ယူမှုစရိတ်
တွေ များနေတယ်လို့ သိရပါတယ်။
ပုဂ္ဂလိကစက်ရုံတွေဖြစ်ကြတဲ့ ရေအားလျှပ်စစ်စက်ရုံ ကနေ
တစ်ယူနစ်ကို ၆၈ ကျပ်ခန့်၊ သဘာဝဓာတ်ငွေ့စက်ရုံ ကနေ
တစ်ယူနစ်ပျမ်းမျှ ၁၅၈ ကျပ်ခန့်နှုန်းနဲ့ ဝယ်ယူသုံးစွဲနေရတာ
ကြောင့် နိုင်ငံတော်ဘတ်ဂျက်ကနေ ဓာတ်အား
တစ်ယူနစ်တိုင်းအတွက် ၂၃ ကျပ်ခန့် စိုက်ထုတ်သုံးစွဲ
နေရကြောင်း၊
၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း
ကျပ် ၃၃၇ ဘီလီယံခန့် အရှုံးပေါ်ခဲ့ကြောင်းလည်း
ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့ပါတယ်။
*****
၃။ "လျှပ်စစ်မီးအသုံးပြုနေသူတွေ သိထားသင့်တဲ့
လျှပ်စစ် မီတာခ တွက်ချက်နည်း"
ယနေ့ခေတ်မှာ ကိုယ်ပိုင်လုံးချင်းအိမ်နဲ့ သီးသန့်နေတာရှိ
သလို အိမ်ငှားနေတဲ့လူတွေ၊ တန်ဖိုးနည်းအိမ်ရာတွေမှာ
နေတဲ့သူတွေ၊ အဆောင်မှာနေတဲ့လူတွေလည်း ရှိလာပါတယ်။
အဲဒီအိမ်ရှင်တွေနဲ့ အိမ်ငှားတွေအနေနဲ့ အိမ်ငှားရမ်းခနဲ့
ပတ်သက်ပြီး ပြဿနာဖြစ်တာ မရှိသလောက်ဖြစ်ပေမဲ့ လျှပ်စစ်
မီတာခနဲ့ ပတ်သက်ရင်တော့ ခဏခဏကတောက်ကဆ
ဖြစ်နေရတာတွေ ရှိပါတယ်။
တချို့အဆောင်နေတဲ့လူတွေဆို ကိုယ့်အခန်းအလိုက်
မီတာပုံးတွေ တပ်ထားပေးလို့ မီတာခနဲ့ပတ်သက်ပြီး
ကတောက်ကဆမဖြစ်ရပေမဲ့ တချို့မီတာပုံး မတပ်ထားတဲ့
အဆောင်တွေ၊ တိုက်ခန်းတွေနဲ့ အိမ်ငှားထားတဲ့ အိမ်ရှင်တွေ
အနေနဲ့ကတော့ မီတာခကျသင့်ငွေ တောင်းခံတဲ့အခါမှာ
အခက်အခဲတွေ ရှိနေကြပါတယ်။
ကိုယ့်ရဲ့အဆောင်မှာ မီတာပုံးမတပ်ထားပေမဲ့ ပျမ်းမျှမီတာခ
ဘယ်လောက်ကျသင့်တယ်ဆိုတာ တွက်နိုင်တဲ့ နည်းလမ်း
တွေကို ဖော်ပြပေးလိုက် ပါတယ်။
ဒီနည်းကို အသုံးပြုပြီး ကိုယ်တိုင်တွက်ချက်ရင် မီတာခကုန်ကျ
စားရိတ်နှုန်းကို ချင့်ချိန်တက်လာမှာဖြစ်သလို အိမ်ရှင်တွေ
အနေနဲ့လည်း ကိုယ့်ရဲ့အိမ်ငှားဆီက မီတာခ ဘယ်လောက်
တောင်းသင့်တယ်၊ အိမ်ငှားတွေအနေနဲ့လည်း မီတာခက
တကယ်တမ်း ဘယ်လောက် ပေးရသင့်တယ်
ဆိုတာကို အလွယ်တကူ သိရှိနိုင်မှာဖြစ်ပါတယ်။
လျှပ်စစ်မီးအသုံးပြုတဲ့အခါမှာ
လျှပ်စစ်သုံး ပစ္စည်းတွေမှာပါတဲ့ မီးစားနှုန်း (၀ပ်) ဟာ
တစ်နာရီသုံးရင် ကျမယ့် ၀ပ်အားကို သိစေတာကြောင့်
လျှပ်စစ်ပစ္စည်း တစ်ခုရဲ့ တစ်နာရီ အသုံးပြုတဲ့အခါမှာ
ကျသင့်တဲ့ မီတာခနှုန်းထားကို သိချင်ရင်
* ကိုယ်အသုံးပြုတဲ့ လျှပ်စစ်ပစ္စည်းရဲ့ မီးစားနှုန်း (၀ပ်) ကို
ကိုယ်အသုံးပြုတဲ့ နာရီနဲ့ မြှောက်ပြီး ၁၀၀၀ နဲ့စားရင်
ကိုယ်အသုံးပြုလိုက်တဲ့ လျှပ်စစ်မီတာယူနစ်ရပါတယ်။
ဒီယူနစ်ကို မီတာခနဲ့ ထပ်မြှောက်ရင် ကျသင့်တဲ့ မီတာခကို
ရရှိပါတယ်။ *
ဒီနည်းကို အသုံးပြုပြီး ကိုယ်အသုံးပြုတဲ့ မီတာခကုန်ကျငွေကို
တွက်ချက်နိုင်ပါတယ်။
credit - The Voice / RFA Burmese
& House com mm
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater
No comments:
Post a Comment