Sunday, July 23, 2017

“မကြာမီလာတော့မည့် မီတာခနှုန်းထားများနှင့် မီတာခ တွတ်ချက်နည်း”

“မကြာမီလာတော့မည့် မီတာခနှုန်းထားများနှင့်
မီတာခ တွတ်ချက်နည်း”


၁။ "ဓာတ်အားခ ပြောင်းလဲကောက်ရန် ပြင်ဆင်မှု
နောက်ဆုံးအဆင့် ရောက်ပြီဟု ဆို"

လျှပ်စစ်ဓာတ်အားခများ ပြောင်းလဲ ကောက်ခံရန် ပြင်ဆင်မှု
နောက်ဆုံးအဆင့် ရောက်ရှိပြီဖြစ်ကြောင်း လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန်
ဦးဌေးအောင်က  ပြောကြားသည်။

“မီတာခတွေ ပြောင်းလဲမှာ ဖြစ်ပါတယ်။
နောက်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ။ နည်းပညာဆိုင်ရာ
ကျွမ်းကျင်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊
တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့
နောက်ဆုံးအဆင့် လုပ်ပြီးပြီ၊ လွှတ်တော်ကို တင်မှာပါ။
ဒီလွှတ်တော်တော့ မီချင်မှ မီမယ်။ ဒါပေမဲ့
နောက်လွှတ်တော် အစောပိုင်းကာလမှာ ဖြစ်လာဖို့
ခန့်မှန်းထားတယ်”ဟု ၎င်းကဆိုသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး
ကို ကျင်းပနေခြင်းဖြစ်ပြီး ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေး
တွင် ဆွေးနွေး အတည်ပြုနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း
ဦးဌေးအောင်က ဆက်လက်ရှင်းပြသည်။

သို့သော်  ပြောင်းလဲကောက်ခံမည့် ဓာတ်အားခ နှုန်းထားများ
ကို အသိပေး ပြောကြားခဲ့ခြင်း မရှိပေ။

လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ပြောင်းလဲကောက်ခံရန်
စီစဉ်လျက်ရှိရာတွင် အခြေခံ လူတန်းစားများကို မထိခိုက်
စေရန် နှုန်းထားများကို သတ်မှတ်ထားကြောင်း လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားမှုများ
ရှိခဲ့ပြီး ကုန်သည်/စက်မှု အသင်းကလည်း ဓာတ်အားခ
သုံးစွဲမှုများ တိုးမြှင့်ကောက်ခံရန် တင်ပြမှုများလည်း
ရှိခဲ့သည်။

လျှပ်စစ်ဓာတ်အားခများ ပြောင်းလဲ သတ်မှတ်ရန် ပြည်နယ်နှင့်
တိုင်းဒေသကြီး အသီးသီးရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးများ
ကို နှုန်းထားများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီးဖြစ်ကာ
အတည်ပြုသတ်မှတ်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့်
နောက်ဆုံးအဆင့် ဆွေးနွေးမည်ဖြစ်ကြောင်း ဦးဌေးအောင်
က ဆက်လက် ရှင်းပြသည်။

လက်ရှိတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏
၅၀ ရာခိုင်နှုန်းကျော်ကို သုံးစွဲနေသော ရန်ကုန်မြို့၏ လျှပ်စစ်
ဓာတ်အားသုံးစွဲမှုတွင် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့်
ရောင်းချရသည့်ယူနစ် ပမာဏမှာ အဓိက အများဆုံး
ဖြစ်နေပြီး သုံးစွဲမှု၏ ၂၆ ရာခိုင်နှုန်းရှိကြောင်းနှင့်
ယူနစ် နှစ်ရာနှင့်အထက်လျှင် ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံပြီး
သုံးစွဲမှု၏ ၂၂ ရာခိုင်နှုန်းရှိကာ ဒုတိယ အများဆုံးဖြစ်ကြောင်း
လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏
ထုတ်ပြန်ချက်အရ သိရသည်။

*****

၂။ "အခြေခံလူတန်းစားများ မထိခိုက်စေမည့်
လျှပ်စစ်ဓာတ်အားခ ကောက်မည်ဟုဆို"

လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြောင်းလဲ ကောက်ခံရန်
စီစဉ်လျက်ရှိရာတွင် အခြေခံလူတန်းစားများ မထိခိုက်စေသော
နှုန်းထားများကို သတ်မှတ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က
ပြောကြားသည်။

“ပြောင်းလဲကောက်ခံမယ့် နှုန်းထားတွေကို ဘက်ပေါင်းစုံကနေ
စဉ်းစားထားတာ ဖြစ်တယ်။ အဓိကက အခြေခံ လူတန်းစား
တွေကို မထိခိုက်အောင်ပါ။ မူလနှုန်းထားထက် လျော့ရင်လည်း
လျော့မယ်။ နည်းနည်း ပိုရင်လည်းပိုမယ်။ အရင်တိုင်းလည်း
ရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်ဓာတ်အားခများ ပြောင်းလဲ သတ်မှတ်ရန် ပြည်နယ်နှင့်
တိုင်းဒေသကြီး အသီးသီးရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးများနှင့်
အစည်းအဝေးများ လုပ်လျက်ရှိပြီး တတိယအကြိမ် ဆွေးနွေး
ရန် ကျန်ရှိနေသေးကြောင်း၊ အတည်ပြုပြီးပါက လွှတ်တော်
ကိုယ်စားလှယ်များနှင့် မီဒီယာများကို ချပြရန် စီစဉ်ထား
ကြောင်း ဦးစိုးမြင့်က ဆက်လက် ပြောဆိုသည်။

“ပြောင်းလဲကောက်ခံမယ့် နှုန်းထားက မသိရသေးဘူး။
လက်ရှိ လျှပ်စစ်ဓာတ်အားခ ကောက်တဲ့နှုန်းထားတွေက
အစိုးရ အရှုံးခံပြီးတော့ ကောက်နေတာဖြစ်ပေမယ့် ပြောင်းလဲ
လာမယ့်နှုန်းထားက အခြေခံလူထုရဲ့ ပုံမှန် လျှပ်စစ်သုံးစွဲမှုကို
မထိခိုက်နိုင်ပါဘူး”ဟု  ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား
ပေးရေး ကော်ပိုရေးရှင်း၊ ဓာတ်အားဖြန့်ဖြူးရေးဌာန
အထွေထွေ မန်နေဂျာ ဦးသန့်စင်က ဆိုသည်။

လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ပျမ်းမျှ ၉၃ ကျပ်နှုန်းဖြင့်
ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပြီး အခြေခံလူထုကို အိမ်သုံးမီတာ
များ၌ တစ်ယူနစ်လျှင် ပျမ်းမျှ ၃၅ ကျပ်၊ ၄၀ ကျပ်နှင့် ၅၀ ကျပ်
နှုန်းဖြင့် လက်ရှိတွင် ကောက်ခံလျက်ရှိကြောင်းနှင့် ဓာတ်အား
သုံးစွဲမှုများသည့် ယူနစ်ကန့်သတ်ချက်များကိုသာ ပြောင်းလဲ
သတ်မှတ်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း
၎င်းက ဆက်လက် ရှင်းပြသည်။

အခြေခံ လူတန်းစားများ အနေနှင့် လျှပ်စစ်မီးဖို အသုံးပြုခြင်း၊
ပန်ကာနှင့် တီဗီကဲ့သို့ ဖျော်ဖြေရေး စက်ပစ္စည်းများကို ပုံမှန်
အတိုင်း အသုံးပြုပါက ယူနစ်ပျမ်းမျှ ၁၀ဝ နှင့်၂၀ဝ ကြားကို
သာ အသုံးပြုနိုင်ကြောင်း လျှပ်စစ် အင်ဂျင်နီယာတစ်ဦးက
ပြောကြားသည်။

အိမ်သုံးမီတာများကို ပြောင်းလဲ ကောက်ခံရာတွင်
- ယူနစ် ၁၀ဝ အထိ လက်ရှိနှုန်းထား ၃၅ ကျပ်အတိုင်းထားပြီး၊
- ၁၀ဝ ယူနစ်အထက်မှ ၂၀ဝ ယူနစ်အထိ ၄၀ ကျပ်အစား
၅၀ ကျပ်၊
- ၂၀ဝ ယူနစ်အထက် မှ ၃၀ဝ ယူနစ်အထိ ၅၀ ကျပ်အစား
၇၅ ကျပ်သို့လည်းကောင်း၊
- ၃၀ဝ ယူနစ် အထက်မှ ၄၀ဝ ယူနစ်အကြား  ၅၀ ကျပ်မှ
၁၀ဝ ကျပ်အထိလည်းကောင်း၊
- ၄၀ဝ ယူနစ် အထက်မှ ၅၀ဝ ယူနစ်အထိကို ၁၅၀ ကျပ်အထိ
အသီးသီး တိုးမြှင့်သင့်ကြောင်း ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း
က ဇွန်လ ၂၄ ရက်တွင် အစိုးရသို့ အကြံပြုထားသည်။

*****

၃။ "လျှပ်စစ် မီတာခ တွတ်ချက်နည်း"

အိမ်တိုင်း၊လုပ်ငန်းတိုင်းမှာမရှိမဖြစ်တာကတော့
လျှပ်စစ်မီတာပဲဖြစ်ပါတယ်။
လစဉ်လတိုင်း မီတာစာရွက်လာလျှင် ပုံမှန်Billဆောင်ရ
သော်လည်း ယူနစ် ၁ ယူနစ်၏တွက်ချက်ခြင်းအား
မသိသလို လစ်လျစ်လျူရှု့မိကျမည်မဟုတ်လား…?

တွက်ချက်နည်း
။။။။။။။။။။။။။။။။။

လျှပ်စစ်မီးအား
၁ ယူနစ် kWh (kilowatt hour) ကို၊
၁ နာရီလျှင် ဝပ် ၁၀၀၀ ဆိုပြီး
သတ်မှတ်ထားပါသည်။

လျှပ်စစ်မီးပစ္စည်းတိုင်းတွင်
မီးအားစားနှုန်းများပါရှိ ပါသည်။
ဥပမာ -
၎ ပေ မီးချောင်း - ဝပ် ၄၀၊
လျှပ်စစ်ထမင်းပေါင်းအိုး - ဝပ် ၇၀၀ စသည်ဖြင့်

လျှပ်စစ်အား ၁ ယူနစ်တွက်ချက်ရာတွင် အောက်ပါ
တွက်ချက်နည်းအားအသုံးပြုရပါမည်။

*** မီးအားစားနှုန်း/၁၀၀၀ x အသုံးပြုသောအချိန်နာရီ
x ၁ ယူနစ်နှုန်းထား = ကုန်ကျငွေတန်ဖိုး ***

ဥပမာ ၁ -

၇၀၀ ဝပ် လျှပ်စစ်ထမင်းပေါင်းအိုးအား
မိနစ် ၃၀ ခန့်အသုံးပြုလျှင်
(၇၀၀ ဝပ် x ၀.၅ နာရီ / ၁၀၀၀ x ၃၅ကျပ် =
၁၂.၂၅ ကျပ်)
စုစုပေါင်း ၁၂.၂၅ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

ဥပမာ ၂ -

၎ ပေ မီးချောင်း ၄ ချောင်း
(၄၀ ဝပ်  x ၄ = ၁၆၀ ဝပ်)၊

၁ ကောင် အဲယားကွန်း ၁ လုံး (၇၅၀ ဝပ်)၊

၁၅၀ ဝပ် တီဗွီ ၁ လုံး (၁၅၀ ဝပ်)

စုစုပေါင်း ၁၀၆၀ ဝပ်  အား
၁ နာရီခန့်အသုံးပြုနေချိန်တွင်

(၁၀၆၀  ဝပ် x ၁ နာရီ / ၁၀၀၀ x ၃၅ကျပ် = ၃၇ ကျပ်)

စုစုပေါင်း ၃၇ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

credit -  The Voice & ဦးသူရိန်(နည်းပညာ) ᠌᠌᠌ ᠌᠌᠌

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment