"မြေကွက်စံနှုန်း သတ်မှတ်ချက် ဖြေလျှော့ပေးမည့်
အစီအစဉ်နှင့် ဈေးကွက်အပေါ် မျှော်လင့်ချက်များ"
၁။ "၂၀၁၇ - ၂၀၁၈ အတွက် ရန်ကုန်တိုင်းမှာ မြေကွက်စံနှုန်း
သတ်မှတ်ချက် လျှော့ချ"
၂၀၁၇ -၂၀၁၈ စည်းကြပ်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး
အတွင်း မြေဈေးနှုန်းတန်ဖိုးကို စိစစ်သတ်မှတ်ရေး အဖွဲ့က
အခွန်စည်းကြပ်ပေးရာမှာ ဈေးနှုန်းတွေကို အရင်နှစ်ကထက်
လျှော့ချခဲ့ကြောင်း သိရပါတယ်။
ဈေးနှုန်းအမြင့်ဆုံးအဖြစ် ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်း
တစ်လျှောက်မှာ တစ်စတုရန်းပေကို ကျပ် ၄၀ဝ,ဝ၀ဝ
သတ်မှတ်ခဲ့ပြီး စက်မှုဇုန်တွေမှာလည်း ရွှေလင်ပန်းစက်မှုဇုန်မှာ
တစ်ဧက ကျပ်သိန်း ၁၉၀ဝ နဲ့ အမြင့်ဆုံးသတ်မှတ်ခဲ့တယ် လို့
ပြည်တွင်းအခွန်ဦးစီးဌာန၊ ကာလတန်ဖိုးစိစစ် သတ်မှတ်ရေး
အဖွဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်
ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ စမ်းချောင်း၊ လှိုင်၊
ကမာရွတ်မြို့နယ်တွေရဲ့ ပြည်လမ်းတွေမှာ တစ်စတုရန်းပေ
ကို ကျပ်လေးသိန်းအမြင့်ဆုံးစည်းကြပ်ဖို့
သတ်မှတ်ထားကြောင်း သိရပါတယ်။
မြို့တွင်းမြို့နယ်တွေဖြစ်တဲ့ ပန်းဘဲတန်း၊ ကျောက်တံတား၊
လသာ၊ ပုဇွန်တောင် မြို့နယ်တွေမှာ အမြင့်ဆုံး
တစ်စတုရန်းပေ ကို ကျပ် ၂၇၀,ဝ၀ဝ ကနေကျပ် ၁၀ဝ,ဝ၀ဝ
ကြား လျှော့ချသတ်မှတ်ခဲ့တယ်လို့သိရပါတယ်။
ဒဂုံမြို့နယ် ပြည်လမ်းမှာဆိုရင် တစ်စတုရန်းပေ စည်းကြပ်နှုန်း
ကို ကျပ် ၄၀ဝ,ဝ၀ဝ ကနေ လက်ရှိ ကျပ်၃၆၀,ဝ၀ဝ၊
ပြည်လမ်းအတွင်းမှာဆိုရင် ကျပ် ၁၈၀,ဝ၀ဝ ကနေ ၁၆၀,ဝ၀ဝ
ကိုလျှော့ချသတ်မှတ်ထားတယ်လို့သိရပါတယ်။
ဦးဝိစာရလမ်း၊ နဝဒေးလမ်း၊ ယောမင်းကြီးလမ်းနေရာတွေမှာ
တစ်စတုရန်းပေကို ကျပ် ၃၀ဝ,ဝ၀ဝ လျှော့ချထားပြီးတော့
ကျန်လမ်းတွေမှာ ကျပ် ၂၂၅,ဝ၀ဝ စည်းကြပ် သတ်မှတ်ထား
တယ်လို့ သိရပါတယ်။
- မရမ်းကုန်းမြို့နယ် ပြည်လမ်း၊ ကမ္ဘာအးဘုရားလမ်းတွေ
မှာ ဆိုရင် တစ်စတုရန်းပေ ကို ကျပ် ၄၀ဝ,ဝ၀ဝ၊
- အင်းလျားရိပ်သာ၊ကန်ရိပ်သာလမ်းတွေမှာ ကျပ် ၂၅၀,ဝ၀ဝ
- မေခ၊ မလိခ၊ မင်းဓမ္မလမ်းတွေမှာ တစ်စတုရန်းပေကို
ကျပ် ၂၀ဝ,ဝ၀ဝ ကနေ ၁၈၀,ဝ၀ဝ သတ်မှတ်ထားပြီး
- စမ်းချောင်းမြို့နယ် ပြည်လမ်း ကျပ် ၄၀ဝ,ဝ၀ဝ၊
ဟံသာဝတီနဲ့ ဗဟိုလမ်းကို ကျပ် ၂၀ဝ,ဝ၀ဝ ကနေ ၁၈၀,ဝ၀ဝ၊
စမ်းချောင်းလမ်းနဲ့ မင်္ဂလာလမ်းတွေအတွက် ကျပ် ၁၀ဝ,ဝ၀ဝ
သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
တာမွေမြို့နယ် ကန်ရိပ်သာလမ်းမှာဆိုရင် တစ်စတုရန်းပေ
ကို ကျပ် ၃၀ဝ,ဝ၀ဝ ကနေ ၂၇၀,ဝ၀ဝ ကို သတ်မှတ်ပါတယ်။
လမ်းငယ်၊ လမ်းသွယ်တစ်စတုရန်းပေ ကို ကျပ် ၅၀,ဝ၀ဝ
သတ်မှတ်ထားပါတယ်။
လေးထောင့်ကန်၊ ဗညားဒလ၊ မအူကုန်း၊ သမိန်ဗရမ်း၊
အနောက်မြင်းပြိုင်ကွင်းလမ်းတွေမှာ တစ်စတုရန်းပေကို
ကျပ် ၂၀ဝ,ဝ၀ဝ စည်းကြပ်ထားပြီး လမ်းအလိုက်
ကျပ်၂၀ဝ,ဝ၀ဝ နဲ့ ၁၈၀,ဝ၀ဝ အထိ လျှော့ချခဲ့တယ်လို့
သိရပါတယ်။
မြို့ပြင်မြို့နယ်တွေဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းနဲ့
အောက်မင်္ဂလာဒုံလမ်းမကြီးအတွက် တစ်စတုရန်းပေကို
ကျပ် ၁၀ဝ,ဝ၀ဝ သတ်မှတ်ခဲ့ရာမှကျပ် ၇၀,ဝ၀ဝ ကိုလျှော့ချခဲ့ပြီး
ထောက်ကြန့်လမ်းကျဉ်းတွေမှာ တစ်စတုရန်း ပေ ကို
ကျပ် ၈၀ဝ၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
မြောက်ဥက္ကလာမြို့နယ်မှာဆိုရင် သုဓမ္မာလမ်းကို
ကျပ် ၁၀ဝ,ဝ၀ဝ အမြင့်ဆုံး သတ်မှတ်ခဲ့ရာကနေ
ကျပ် ၉၀,ဝ၀ဝ ကို လျှော့ချပေးထားပြီး
လမ်းကျဉ်းတွေမှာ အနိမ့်ဆုံး ကျပ် ၉၀ဝ၀ အထိသတ်မှတ်
ထားပါတယ်။
တောင်ဥက္ကလာမြို့နယ်မှာ ဆိုရင် ဝေဇယန္တာလမ်း ကို
တစ်စတုရန်းပေကို ကျပ်၂၅၀,ဝ၀ဝ သတ်မှတ်ခဲ့ရာကနေ
ကျပ် ၂၂၅,ဝ၀ဝ ကို လျှော့ချခဲ့ပြီး
စစ်ကိုင်းတကောင်းလမ်းတွေမှာအနိမ့်ဆုံး တစ်စတုရန်းပေ
ကို ကျပ် ၆၀,ဝ၀ဝ သတ်မှတ်ခဲ့ရာကနေ ကျပ် ၅၅,ဝ၀ဝ ကို
လျှော့ချပြီးတော့
လုံးချင်းအိမ်ရာတွေကို ကျပ် ၁၁၀,ဝ၀ဝ နဲ့ ရပ်ကွက်အတွင်း
လမ်းတွေမှာ တစ်စတုရန်းပေကို ကျပ် ၅၅,ဝ၀ဝ သတ်မှတ်
ပေးထားကြောင်းသိရပါတယ်။
စက်မှုဇုန်တွေဖြစ်တဲ့
- ရွှေပေါက္ကံနဲ့ ရန်ကုန်စက်မှုဇုန်ကို တစ်ဧက
ကျပ်သိန်း ၁၃၀ဝ ကနေ ကျပ်သိန်း ၁၁၀ဝ ကိုလျှော့ချ
သတ်မှတ်ထားပြီး
- လှိုင်သာယာစက်မှု ဇုန် ၁၊၂၊ ၃၊၄၊ ၅ ၊၇ နဲ့ ငွေပင်လယ်
(မွေးမြူရေး)ဇုန်တွေမှာ တစ်ဧကကို ကျပ်သိန်း ၁၉၀ဝ က
၁၇၀ဝ ၊
- ရွှေလင်ပန်းစက်မှုဇုန်မှာ တစ်ဧကကို
ကျပ်သိန်း ၂၁၀ဝ က ၁၉၀ဝ၊
- ရွှေပြည်သာစက်မှုဇုန် ၁၊၂၊ ၃၊၄ သာဓုကန်ဇုန်တွေမှာ
တစ်ဧကကို ကျပ်သိန်း ၁၂၀ဝ အထိသတ်မှတ်ခဲ့တယ်လို့
သိရပါတယ်။
- မင်္ဂလာဒုံမြို့ ရန်ကုန်စက်မှုဇုန်တွေကို တစ်ဧက
ကျပ်သိန်း ၁၃၀ဝ၊
- အရှေ့ဒဂုံ စက်မှုဇုန်တစ်ဧကကို သိန်း ကျပ် ၁၂၀ဝ၊
- အတွင်းပိုင်းတွေအတွက်တစ်ကွက် ကျပ်သိန်း ၂၀ဝ၊
- တောင်ဒဂုံစက်မှုဇုန်မှာလမ်းမတစ်ဧကကို သိန်း ကျပ်၁၂၀ဝ၊
- လမ်း အတွင်းပိုင်း တစ်ဧကကို ကျပ်သိန်း ၁၀ဝဝ
သတ်မှတ်ပြီး
- သီလဝါစက်မှုဇုန်အတွက် တစ်ဧက ကျပ်သိန်း ၈၅၀
သတ်မှတ်ထားတယ်လို့သိရပါတယ်။
(မေသက်)
*****
၂။ "အခွန်ဖြေလျှော့ပေး၍ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်
ပြန်ကောင်းလာနိုင်ဟုဆို"
အစိုးရက အိမ်ခြံမြေနှင့် အခွန်များ ဖြေလျှော့ပေးမည့် အစီအစဉ်
များကြောင့် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်များ
ပြန်ကောင်းလာနိုင်မည်ဟု စီးပွားရေး လုပ်ငန်းရှင် အချို့က
ျေမျှာ်လင့်နေသည်။
- တံဆိပ်ခေါင်းခွန် ဖြေလျှော့ပေးခြင်း၊
- အခွန်ကောက်ခံရန် တစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်များ
ဖြေလျှော့ပေးမည့် အစီအစဉ်နှင့်
- ဝင်ငွေခွန်အမျိုးအစား ဖြစ်သည့် အိမ်ခြံမြေ တရားဝင်
ဝယ်ယူရာတွင် ပေးဆောင်ရမည့် အခွန်နှုန်းထားများ
ဖြေလျှော့ ပြင်ဆင်ပေးရန် အစိုးရ၏ အစီအစဉ်များကြောင့်
အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ပြန်လည်လှုပ်ခတ်နိုင်
ကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့နှင့် စီးပွားရေးလုပ်ငန်းရှင်
အချို့က ပြောသည်။
‘‘အစိုးရက စီးပွားရေးတက်ဖို့ ပြောနေပြီဆိုတော့ အိမ်ခြံမြေ
ဈေးကွက်က ဒီနှစ်မှာ ကောင်းလာမယ်လို့ မျှော်လင့်တယ်။
အခွန်စနစ်တွေသာ ဖြေလျှော့လိုက်ရင် အိမ်ခြံမြေက
လှုပ်လာမှာ အသေအချာပဲ’’ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်
ဦးသန်းဦးက ပြောသည်။
စီးပွားရေးကဏ္ဍတွင် အိမ်ခြံမြေဈေးကွက်သည် အရေးပါသဖြင့်
အရောင်းအဝယ်ပြန်လည် ကောင်းမွန်လာပါက ယခင်ကဲ့သို့
မြေ ကစားမှုများ မဖြစ်စေရန် သတိထားသင့်ကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
အိမ်ခြံမြေအရောင်းအဝယ် နှေးကွေးနေခြင်းကြောင့် ဝင်ငွေခွန်
အပေါ် စည်းကြပ်နှုန်း ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုကို
ပြန်လည်ပြင်ဆင်ရန် စဉ်းစားနေကြောင်း စီမံကိန်းနှင့်
ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက
ပြောသည်။
လက်ရှိ အစိုးရသည် အများ ပြည်သူထံမှ အခွန်ကောက်ခံရာ
တွင် အခွန်နှုန်းထားတိုးမြှင့်ရမည် ဆိုသည့် သီအိုရီကို
မကျင့်သုံးဘဲ အခွန်ထမ်းဆောင်သူများစွာ ပါဝင်လာနိုင်မည့်
အခွန်စနစ်ကိုသာ ကျင့်သုံးခြင်းဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီးကဆိုသည်။
အိမ်ခြံမြေ တရားဝင် ရောင်း ဝယ်ရာတွင် အသုံးပြုရသည့်
တံဆိပ်ခေါင်းအခွန်ကို ဇွန်လအတွင်း၅ ရာခိုင်နှုန်းမှ
၎ ရာခိုင်နှုန်း သို့ စတင်လျှော့ချပေးသည်။
၂ နှစ် ကျော် ပြုပြင်ပြောင်းလဲမှုမရှိသော အိမ်ခြံမြေ
တစ်ပေပတ်လည်စံနှုန်းသတ်မှတ်ချက်များကို ကာလပေါက်ဈေး
ထက်လျှော့ချပြီး အသစ်ပြဋ္ဌာန်းရန် ကာလတန်ဖိုး စိစစ်
သတ်မှတ်ရေးအဖွဲ့က စီစဉ်နေသည်။
‘‘အခွန်နှုန်းထားပြင်ဆင်ပေးတာ၊ ဖြေလျှော့ပေးတာတွေလုပ်
တော့ အစိုးရက အခွန်ပိုရတာပေါ့။ အခုလက်ရှိ အခွန်နှုန်းထား
ကများတော့ တချို့အခွန်မဆောင်တာတွေရှိတယ်’’ ဟု
imyanmar house com မှ အုပ်ချုပ်မှု ဒါရိုက်တာ
ဦးနေမင်းသူက ပြောသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ်
အနည်းငယ် ရှိသော်လည်း ဈေးကျဆင်း နေခြင်း၊ အိမ်ငှား
ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအကြား
ကျဆင်းနေကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့က
ပြောကြားသည်။
(ပြည်သိမ်း)
credit - Kumudra Journal & 7day Daily
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater
No comments:
Post a Comment