“အနာဂတ် တန်ဖိုးနည်းအိမ်ရာလိုအပ်ချက်နှင့်
တန်ဖိုးနည်းအိမ်ရာ ဝယ်လိုလျှင် …”
၁။ "တန်ဖိုးနည်းအိမ်ရာ ဝယ်ချင်ရင် စည်းကမ်းချက်
ပြည့်မီသူ ဖြစ်ရမည်"
မကြာခင် ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာဝယ်ချင်သူတွေ
လျှောက်ထားခွင့်မှာ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်း
ချက်တွေ ပြည့်မီသူဖြစ်ဖို့ လိုအပ်တယ်လို့ မြို့ပြနှင့်အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာနကသိရပါတယ်။
“အခု ရောင်းသွားမယ့် တန်ဖိုးနည်းအိမ်ရာကို
သတ်မှတ်ထားတဲ့အရည်အချင်းပြည့်မီသူတွေကို
ရောင်းချမယ်၊ အဓိကကတော့ ငွေကြေးမတတ်နိုင်သူတွေ၊
အိမ်ပိုင်ဆိုင်ဖို့ ရည်ရွယ်ထားတာ၊ ဆောက်လုပ်ရေးဘဏ်မှာ
စုဆောင်းငွေထည့်ထားတဲ့သူတွေကို ဦးစားပေး ရောင်းချ
သွားမှာ”လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက
တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဝယ်ယူခွင့်လျှောက်ထားတဲ့အခါ လိုအပ်တဲ့
စည်းကမ်းချက်တွေကတော့
- လျှောက်ထားသူက ပြည်ထောင်စုမြန်မာနိုင်ငံသား
ဖြစ်ရပါမယ်။
- မှတ်ပုံတင်ပူးတွဲတင်ပြရမှာ ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်
ထားတဲ့ အိမ်ထောင်ဦးစီးဖြစ်ရပါမယ်။
- အစိုးရဝန်ထမ်းက လျှောက်ထားမယ်ဆိုရင် လုပ်သက်
ငါးနှစ်ရှိရပါမယ်။
- လျှောက်ထားသူ အိမ်ထောင်ဦးစီးက အိမ်မပိုင်ဆိုင်သူ
ဖြစ်ရပါမယ်။
- လျှောက်ထားတဲ့သူက သက်ဆိုင်ရာ ပြည်နယ်နှင့်
တိုင်းဒေသကြီးအတွင်းရှိ တိုက်ခန်းတစ်ခန်းကိုပဲ
လျှောက်ထားခွင့်ရှိပြီး
- အိမ်ပိုင်ခြင်းမရှိကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်
ရေးမှူးရဲ့ လက်မှတ်နဲ့ ထောက်ခံချက် လိုအပ်ပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေကို ဝင်ငွေနည်း ပြည်သူတွေ၊
နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားနဲ့ ကုမဏီဝန်ထမ်းတွေကို
ဦးစားပေး ရောင်းချသွားမှာဖြစ်လို့
- နိုင်ငံ့ဝန်ထမ်းတွေက ဝန်ထမ်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ
အကြီးအကဲရဲ့ထောက်ခံချက်နဲ့ဝန်ထမ်းကတ် မိတ္တူ
ပူးတွဲတင်ပြရပါမယ်။
- ပင်စင်စားတွေကတော့ ပင်စင်စာအုပ်မိတ္တူ၊ သန်းခေါင်စာ
ရင်းမိတ္တူ လိုအပ်ပါတယ်။
- ကုမဏီဝန်ထမ်းတွေကတော့ သက်ဆိုင်ရာကုမဏီ
အကြီးအကဲရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။
တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူဖို့အတွက် လျှောက်ထားသူရဲ့
မိသားစုပျမ်းမျှ ဝင်ငွေ ကျပ်သုံးသိန်းကနေ ငါးသိန်းအထိ
ဝင်ငွေရှိရမှာဖြစ်ပြီး နည်းလမ်းသုံးမျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။
နည်းလမ်းတွေကတော့
- တစ်ကြိမ်တည်းနဲ့ ငွေအကျေပေး စနစ်၊
- တိုက်ခန်းတန်ဖိုးကို လေးလအတွင်း လေးရစ်
ပေးသွင်းရတဲ့စနစ်နဲ့
- ဘဏ်ချေးငွေနဲ့ ရှစ်နှစ်အရစ်ကျ ပေးချေတဲ့စနစ်တို့
ဖြစ်ပါတယ်။
ဘဏ်ချေးငွေနဲ့ ဝယ်ယူတဲ့စနစ်ကတော့
- ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ဆက်သွယ်
ဆောင်ရွက်ရမှာ ဖြစ်ပြီး
- အခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း Down-payment ကို
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို ပေးသွင်းကာ
- ကျန်တဲ့ တိုက်ခန်း တန်ဖိုးကို ပေးချေဖို့ ဘဏ်နဲ့
ချိတ်ဆက်ရပါမယ်။
တိုက်ခန်းဝယ်ယူခွင့်ရရှိသူက
- အမှန်တကယ် နေထိုင်သူ ဖြစ်ရပါမယ်။
- ငါးနှစ်အတွင်း တစ်ဆင့်ငှားရမ်းခြင်း၊ ရောင်းချခြင်း
မပြုလုပ်ရပါဘူး။
- စစ်ဆေးတွေ့ရှိရင် အခန်းကို ပြန်လည်သိမ်းဆည်းပြီး
စည်းကမ်းပျက်အမည်စာရင်း (black list) သွင်းခံရမှာဖြစ်ပြီး
တိုက်ခန်းလျှောက်လွှာထပ်ဆင့်တင်ခွင့် အပိတ်ခံရပါမယ်။
* အခန်းတွေကို အရစ်ကျလေးရစ်နဲ့ ဝယ်ယူသူတွေကတော့
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦး စီးဌာနမှာ လျှောက်ထားရမှာ
ဖြစ်ပြီး
* ဘဏ်ချေးငွေနဲ့ ဝယ်ယူချင်သူတွေကတော့ မြို့ပြနှင့်အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီး ဌာနနဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်နှစ်ခုစလုံးမှာ စာချုပ်ချုပ်ဆို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
(ပြည့်ဖြိုးမြင့်မွန်)
***
၂။ "အနာဂတ် မြန်မာနိုင်ငံရဲ့ တန်ဖိုးနည်းအိမ်ရာလိုအပ်ချက်
နှစ်သန်းခန့် ရှိနိုင်"
မြန်မာနိုင်ငံရဲ့တန်ဖိုးနည်းအိမ်ရာလိုအပ်ချက်တွေက ၂၀၃၀
ပြည့်နှစ်မှာ အိမ်ရာပေါင်း နှစ်သန်းခန့် အထိ လိုအပ်မှာ
ဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ရာ လိုအပ်ချက်နှင့် တန်ဖိုးနည်း
အိမ်ရာဆွေးနွေးပွဲက သိရပါတယ်။
UN-habitat မှ Urban Programme Specialist ဖြစ်သူ
Mr.Jack Finegan က
“မြန်မာနိုင်ငံက အာရှဒေသတွင်းရှိ မြို့ပြတိုးတက်မှုရှိတဲ့
စာရင်းဝင်နိုင်ငံတစ်ခု ဖြစ်တယ်၊ မြို့ပြတိုးတက်မှုနှုန်းထားဟာ
၃၀ ရာ ခိုင်နှုန်းခန့် ရှိနေပါတယ်၊ကျွန်တော်တို့အနေနဲ့လဲ
ဒီအခြေအနေကို နောက်နှစ် ၂၀၊၃၀ လောက်အထိ
ဆက်လက်ဖြစ်ပေါ်နေမယ်လို့ မျှော်လင့်ပြီး လူဦးရေ
၂၀ဝ,ဝ၀ဝနဲ့ အထက် နေထိုင်မှုရှိတဲ့ မြို့ပြ လူဦးရေ
တိုးတက်မှုနှုန်းထားဟာ နှစ်ဆခန့် ရှိလာမယ်လို့
မျှော်လင့်ရပါတယ်" လို့ ဆိုပါတယ်။
အိမ်ရာပေါင်း နှစ်သန်း
------------------------
၂၀၁၄ သန်းခေါင်စာရင်း ဖော်ပြချက်တွေအရ
အနာဂတ်ကာလတွေမှာ အိမ်ရာအခန်းပေါင်း တစ်သန်းခွဲမှ
နှစ်သန်းခန့်အထိ လိုအပ်မှာ ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာတော့
အိမ်ရာပေါင်း နှစ်သန်းခန့် အထိ လိုအပ်မှာ ဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ မြို့ပြနေထိုင်မှုနှုန်းထားက နှစ်စဉ် နှစ်ရာခိုင်နှုန်း
လောက် တိုးတက်နေတာကြောင့် နိုင်ငံတကာလူဦးရေ
တိုးတက်မှုတွေထက် များပြားနေပါတယ်။
သည်လိုကာလအခြေအနေတွေကြောင့် တန်ဖိုးနည်းအိမ်ရာ
လိုအပ်ချက်တွေ များပြားလာနိုင်သလို အစိုးရဘက်က မြို့မြေ
တိုးချဲ့မှုနဲ့ ဖွံ့ဖြိုးတိုးတက်လာမှုတွေကိုလည်း ဦးစားပေး
ဆောင်ရွက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရပ်တည်မှု
အရ ဝင်ငွေရဲ့၃၀ ရာခိုင်နှုန်း သို့မဟုတ် သည်ထက်ပိုနည်းပါး
တဲ့ ပမာဏကိုသာ အိမ်ရာဝယ်ယူတဲ့ ကဏ္ဍတွေမှာ အသုံးပြု
ကြတာကို တွေ့ရတယ်။
နှိုင်းယှဉ်လိုက်ရင် ရန်ကုန်မြို့တွင်း ပြုလုပ်ထားတဲ့စစ်တမ်းတွေ
အရ ရန်ကုန်မြို့ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ တစ်လဝင်ငွေ
နှစ်သိန်း သို့မဟုတ် နှစ်သိန်းအောက်ရရှိတဲ့ သူတွေသာ
ဖြစ်တယ်။ ရန်ကုန်မြို့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်အတွက်
အိမ်ရာနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်ဟာ တစ်လကို
ကျပ် ၆၅,ဝ၀ဝသာ ဖြစ်သင့်ကြောင်းလည်း
Mr. Jack Finegan က ဆွေးနွေးပွဲမှာ ပြောပါတယ်။
မြို့ပြ လူနေထိုင်မှု တိုးတက်
------------------------------
House com mm က Cofounder နဲ့ Managing Director
ဖြစ်သူ Mr.Nitesh Khirwal က
“ မြန်မာနိုင်ငံရဲ့မြန်ဆန်တဲ့ တိုးတက်ပြောင်းလဲခြင်းတွေနဲ့အတူ
စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေကြောင့်
ရန်ကုန်မြို့တွင်း ပြောင်းရွှေ့ ဝင်ရောက်လာတာတွေကနေ
လူဦးရေ တိုးတက်မှုကို ဆက်လက်ဖြစ်ပေါ်စေတယ်၊
မြို့ပြလူနေထိုင်မှု ဦးရေ တိုးတက်မှုက ဆက်လက်ဖြစ်ပေါ်နေ
ပါတယ်၊ အိမ်ရာလိုအပ်ချက်တွေလဲ ဆက်လက်မြင့်တက်လာ
နေတယ်၊ အိမ်ရာ လိုအပ်ချက်ပြည့်မီရန် အတွက်ဆိုရင်တော့
အစိုးရဌာနမှ အဖွဲ့အစည်းတွေ၊ ဘဏ်တွေနဲ့ အခြား
financial institution တွေ၊ private sector developer
တွေနဲ့ တခြား stakeholder တွေ အနေနဲ့ ပူးပေါင်းပါဝင်
လုပ်ဆောင်ရန် လိုအပ်မှာ ဖြစ်ပါတယ်”လို့  တန်ဖိုးနည်း
အိမ်ရာတွေရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့
ပတ်သက်ပြီးတော့ ပြောပါတယ်။
“ကျေးလက်ဒေသဖွံ့ဖြိုးမှုက မြို့ပြဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့
ဆက်စပ်နေလို့ တစ်ပြိုင်တည်း ဆောင်ရွက်နေကြတယ်၊
ကျေးလက်နေရာတွေ ဖွံ့ဖြိုးလာရင် ပြောင်းရွှေ့နေထိုင်တဲ့
အရေအတွက်လဲ နည်းပါးလာပြီး နေထိုင်မှုကျပ်တည်းတာ
တွေ လျော့ကျလာနိုင်တယ်”လို့ ရန်ကုန် မြို့တော် စည်ပင်
သာယာရေးကော်မတီက မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု
ဌာန၊ မြို့ပြ စီမံကိန်းဌာန ဌာနခွဲမှူး ဒေါ်စောစန္ဒာဦး က
ပြောပါတယ်။
မြို့စွန်မြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက်
ဘတ်ဂျက်ငွေတွေ လိုအပ်ပြီး စုစုပေါင်း သုံးစွဲစရိတ်
ကျပ်ဘီလျံ ၄၀ မှ မြို့စွန်ရှိ မြို့နယ် ၁၂ မြို့နယ်အတွက်
ဖွံ့ဖြိုး တိုးတက်ရေးအသုံးစရိတ် ၁၅ ရာခိုင်နှုန်း
ကျပ် ခြောက်ဘီလျံကို လျာထားတယ်လို့ သိရပါ တယ်။
မှန်ကန်တဲ့ စည်းမျဉ်းစည်းကမ်း
---------------------------------
အစိုးရအနေနဲ့ မြေနေရာတွေ ဖော်ဆောင်ပေးတာ၊ မှန်ကန်တဲ့
စည်းမျဉ်း စည်းကမ်းတွေ ရှိနေရမှာဖြစ်ပြီး အမှန်တကယ်
တန်ဖိုးနည်းအိမ်ရာဖော်ဆောင်မှုအတွက် ဗဟိုကျပြီး
ချိတ်ဆက်မှုပေါင်းစုံပါဝင်မှသာ တန်ဖိုးနည်းအိမ်ရာဖော်ဆောင်
နိုင်မည် ဖြစ်ပါတယ်။ နောက်တစ်ခုက လူအမျိုး အစား
အလိုက် ငွေကြေးဆိုင်ရာထောက်ပံ့မှု အဖွဲ့အစည်းတွေလည်း
ရှိနေဖို့ လုပ်ဆောင် ရမည်ဖြစ်ပြီး community saving
အုပ်စုတွေနဲ့ Land Banking တို့လည်း ပါဝင်ရမှာ ဖြစ်ပါတယ်
လို့ Mr.Jack Finegan က ပြောပါတယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က
“လူမှုရေး၊ စီးပွားရေး အခြေအနေအမျိုးမျိုးကြောင့် ကျေးလက်နဲ့
မြို့ငယ်လေးတွေကနေ မြို့ပြကို ရွှေ့ပြောင်းမှုတွေက
urbanization rate ကလဲ အလျင်အမြန်ဖြစ်နေတဲ့အတွက်
ရန်ကုန်မြို့ဟာ လာမယ့် ၁၀ နှစ် အနှစ် ၂၀ အတွင်းမှာ
လူဦးရေ ၁၀ သန်း အထက်ကို ရောက်ရှိတဲ့ Mega City တစ်ခု
ဖြစ်လာမှာ မလွဲဖြစ်ပါတယ်”လို့ ပြောပါတယ်။
အစိုးရဌာနတစ်ခုတည်းကသာ သည် affordable housing
တွေကို ရေရှည်မှာ လုံလောက်အောင် ထုတ်လုပ်ပေးနိုင်မှာ
မဟုတ်ပါဘူး။
အဲသည်တော့ private sector ကနေပြီးတော့ ပိုမိုပြီးတော့
ပါဝင်လာအောင် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့မူဝါဒတွေ၊
ကောင်းတဲ့ နမူနာတွေယူပြီးတော့ ဆက်လက်
ဆောင်ရွက်သွားဖို့ ရှိပါတယ်။
နောက် ခွင့်ပြုထားတဲ့ မြေတွေ၊ ငွေတွေကို ကျွန်တော်တို့ တိုးပြီး
ရရှိဖို့ ဆောင်ရွက်သွားပါ့မယ်လို့
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက Deputy Director
ဦးစိုင်းသက်နိုင်မိုး က ပြောပါတယ်။
အိမ်ရာ ဝယ်ယူနိုင်မှု
---------------------
အိမ်ရာလိုအပ်ချက်ကို အတတ်နိုင်ဆုံး၊ အဆင်ပြေဆုံး၊
အဖွံ့ ဖြိုးဆုံး ဖြစ်အောင် ဆောင်ရွက်ပေးဖို့အတွက် ပြည်သူ
လူထုတင်မက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊
investor တွေ၊ ဘဏ်တွေ၊ နိုင်ငံတော် အစိုးရက union level
တွေနဲ့ local government level တွေ အားလုံးက အတူတူ
မူဝါဒတွေ ချမှတ်ပြီး အတူတကွ ဆောင် ရွက်သွားရမယ့်
လုပ်ငန်းစဉ်တစ်ခုပါ လို့ ဆောက်လုပ်ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေး
ဘဏ်က မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်း ဇော်က ပြောပါတယ်။
အိမ်ရာငွေ စုဆောင်းရေးစနစ်တစ်ခုအဖြစ် ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ housing saving နဲ့ စုဆောင်းနိုင်မှာ
ဖြစ်တယ်လို့ သိရပါတယ်။
(အေးမွန် ၊ ပြည့်ဖြိုးမြင့်မွန်)
credit - Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment