"နိုင်ငံတော်ပိုင်မြေ ဆိုသည်မှာ"
ယခုရက်ပိုင်း မြို့နယ်အနှံ့ တွင် နိုင်ငံတော်ပိုင်မြေပေါ်တွင်
တရားမဝင်ကျူးကျော်နေသဖြင့် ဖယ်ရှားရှင်းလင်းမည်
ဆိုသည့် သတင်းများကို မကြာခဏကြားသိ နေရသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျွန်းကလေး
ကျေးရွာအုပ်စုရှိ ကျူးစာရင်းဝင်အဖြစ် သတ်မှတ်ခံထား
ရသည့် ကျေးရွာများနှင့် လှိုင်သာယာမြို့နယ်၊
ဒဂုံ မြို့သစ်တောင်ပိုင်း အစရှိသည့်မြို့နယ်များတွင်
ဖြစ်သည်။
ပြည်သူလူထုတို့သည်
* နိုင်ငံတော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှာ တစ်ခုတည်း
မဟုတ်ဘဲ သီးခြားစွာ ဖြစ်တည်နေသည်ကို ဦးစွာ
ရှင်းရှင်းလင်းလင်း ခွဲခြားသိရှိထားရန် လိုအပ်သည်။ *
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၂) ပုဒ် ၄၉
ပုဒ်မခွဲ (က မှ ဏ) အရ၊
* တိုင်း ဒေသကြီး ခုနစ်ခု၊ ပြည်နယ်ဒေသ ခုနစ်ခုနှင့်
ပြည်ထောင်စု နယ်မြေများဖြင့် နိုင်ငံတော်ကို ဖွဲ့စည်းထား
ခြင်းဖြစ်သည်။ တစ်နည်းဆိုရ သော် နိုင်ငံတော်ဆိုသည်မှာ
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဟု ဆိုလိုရင်းဖြစ်သည်။ *
၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခန်း (၅)
ပုဒ်မ ၂ဝဝ တွင်
- နိုင်ငံတော်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ကို
(က) နိုင်ငံတော် သမ္မတ၊ (ခ) ဒုတိယ သမ္မတများ၊
(ဂ) ပြည်ထောင်စုဝန်ကြီးများ၊ (ဃ)ပြည်ထောင်စု
ရှေ့နေချုပ် ဖြင့် ဖွဲ့စည်းသည်ဟု တိတိကျကျ
ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။
- ပြည်ထောင်စု အစိုးရသည် ပြည်ထောင်စု မပြိုကွဲရေး၊
တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ
အာဏာတည်တံ့ခိုင်မြဲရေး စသည်တို့ကို ဦးထိပ်ထားပြီး
နိုင်ငံတော်အား စီမံခန့်ခွဲ အုပ်ချုပ်ရသည့်
အဖွဲ့အစည်းဖြစ် သည်။
မြန်မာနိုင်ငံ၏ မြေအမျိုးအစားများနှင့် မြေစီမံခန့်ခွဲမှုများကို
ရှေးမြန်မာမင်းများ အုပ်ချုပ်ခဲ့စဉ် က မြေယာအားလုံး၏
ပိုင်ရှင်သည် ရှင်ဘုရင်သာဖြစ်သည်ဟု
သတ်မှတ်ထားသည်။
မြေအမျိုးအစားများကိုလည်း -
(က) အရာတော် မြေ (Royal Land) ၊
(ခ) ဘိုးဘ ပိုင်မြေ
(ခ) အမှုထမ်းမြေ (Official Land) ၊
(ဂ) လက်ဝယ် ထားရှိ ပိုင်ဆိုင်ခွင့်ရှိသောမြေ
(Land Holder Right) ၊
(ဃ) ဝတ္တကမြေ (သာသနာ့မြေ) အဖြစ်
လေးမျိုး ခွဲခြားသတ်မှတ်ခဲ့သည်။
ရှေးမြန်မာမင်းများ လက်ထက်တွင် မြို့ရွာများ၌ မြို့စားများ၊
ငွေခွန်မှူးများ တော်ကဲ (ခ) မြေတိုင်းအမှုထမ်းများ၊
ရွာခေါင်း၊ ဒိုင်ခေါင်းနှင့် ရွာသူကြီးများ မြေတိုင်း အရာရှိများ၊
ထားရှိပြီး မြေယာစီမံခန့်ခွဲမှုများ ဆောင်ရွက်စေခဲ့သည်။
ကုန်းဘောင်ခေတ်၊ ဘိုးတော်မင်း တရားလက်ထက်တွင်
မြေခွန်များကို ငွေပိဿချိန်ဖြင့် သတ်မှတ် ကောက်ခံခဲ့ပြီး
မြန်မာသက္ကရာဇ် ၁၂၁၉ ခုနှစ် မင်းတုန်းမင်းလက်ထက်တွင်
သဿမေဓ အခွန်စနစ် ကျင့်သုံးခဲ့ပြီး ၁၂၂၃ ခုနှစ်တွင်
မန္တလေး မင်းနေပြည်တော်၌ အရပ် လေးမျက်နှာပိုင်းခြား
သတ်မှတ်ပြီး အရှေ့ပိုင်းအရပ်ကို မဟာမင်းလှ
မင်းခေါင်သီဟသူ၊ တောင်ပိုင်း အရပ်ကို မင်းထင်ကျော်၊
အနောက်ပိုင်း အရပ်ကို မဟာသီရိသင်္ခယာ စောယွန်းနှင့်
မြောက်ပိုင်းအရပ်ကို သစ်တောဝန်တို့က ကြီးကြပ်ပြီး
သဿမေဓ အခွန်စနစ်ဖြင့် မြေခွန်များကို
ကောက်ခံခဲ့သည်။
ကုန်းဘောင် ခေတ်နောက်ဆုံးမင်းဆက်၊ သီပေါမင်း
လက်ထက်တွင် ကောက်ခံခဲ့သည့် အခွန်အရပ်ရပ်တွင်
အခြားအခွန်များထက် မြေခွန်သည် သုံးပုံနှစ်ပုံခန့်ရရှိခဲ့
သည်ကို တွေ့ရှိရသည်။
၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲပြီးနောက်
ဗြိတိသျှ အစိုးရသည် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး
ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ကို အိန္ဒိယဘုရင်ခံ
အုပ်ချုပ်ရေး အောက်သို့ သွတ်သွင်းခဲ့သည်။
ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံ ၏ မြေစီမံခန့်ခွဲမှု၊
မြေအမျိုးအစားများ သတ်မှတ်ခြင်းနှင့် မြေခွန် ကောက်ခံခြင်း
တို့ကို ဆောင်ရွက်ခဲ့သည်။
မြေစီမံခန့်ခွဲမှုတွင် မြေယာ များကို ကွက်စိပ်တိုင်းတာခြင်း၊
မြေယာပိုင်ဆိုင်ခွင့် အခွင့်အရေးနှင့် အကျိုးခံစားခွင့်များ
စာရင်းပြုစုခြင်း၊ မြေယာများနှင့် သင့်တင့်မျှတသော
မြေခွန်များစည်းကြပ် ကောက်ခံခြင်းနှင့် စာရင်းငှားများ၏
အခွင့်အရေးများ ကာကွယ်ပေးခြင်းတို့ ပါဝင်ခဲ့သည်။
မြေအမျိုးအစားများကို
(၁) စကွာတာစနစ်
(၂) ပတ္တာစနစ်
(၃) မြေငှားစနစ်
(၄) ဂရန်စနစ်နှင့်
(၅) ကိုလိုနီ စနစ်အဖြစ် မြေယာအမျိုးအစားများအား
သတ်မှတ်ခဲ့သည်။
စကွာတာမြေစနစ်သည်
- နှစ်စဉ်အလိုက် မြေအကျယ်အဝန်းပေါ်မူတည်၍ မြေခွန်များ
ပေးစေပြီး ငှားရမ်းခဲ့သည်။
- ငှားရမ်းကာလကုန်ဆုံးလျှင် မြေယာပိုင်ဆိုင်မှု လက်လွတ်
ဆုံးရှုံးခဲ့ရမှုများ ရှိခဲ့သဖြင့် ဗြိတိသျှ အစိုးရသည် ၁၈၇၆ ခုနှစ်
မြေနှင့်အခွန် ဥပဒေ၊ ၁၈၇၉ ခုနှစ် မြေနှင့် အခွန်နည်း ဥပဒေ
(The Land Revenue Act 1876 and Rules
Under the Act 1879) တို့ကို ပြဋ္ဌာန်း၍
- စကွာတာမြေတွင် နေထိုင်သူတို့အား ၁၂ နှစ် တိတိ
နေထိုင်ပြီး မြေခွန်မှန်မှန်ပေးသွင်းသူတို့အား မြေပိုင်ဆိုင်ခွင့်
(Land Holeder's Right) ရရှိပြီး
- ထိုမြေအား အစိုးရက ပြန်လည် သိမ်းယူခွင့်မရှိပါ။
ပတ္တာမြေစနစ် (The Patta System) ဆိုသည်ကား
- မြေယာစိုက်ပျိုးရန်အားပေးသော်လည်း မြေယာပိုင်ဆိုင်ခွင့်
ကို အစိုးရက ထိန်းချုပ်ထားခြင်းဖြစ်သည်။
မြေငှားစနစ် (The Lease System) သည်
- ၁၈၆၂ ခုနှစ်တွင် ရန်ကုန် ကော်လိတ္တော် အရာရှိ (ခရိုင်ဝန်)
၏ တင်ပြချက်အရ ဗြိတိသျှအစိုးရသည် မြေငှားစနစ်ကို
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
- ဤစနစ်သည် အစိုးရအတွက် မြေခွန်များ စည်းကြပ်
ကောက်ခံနိုင်ရေးဖြစ်သည်။
- နဝတစစ်အစိုးရလက်ထက်တွင် လူနေမြေကွက်များအား
နှစ် ၆ဝ မြေငှားရမ်း စာချုပ်များ ထုတ်ပေးခဲ့သည်ကို
တွေ့ရှိရသည်။
ဂရန်စနစ် (The Grant System) သည်
- မြေဧကများစွာ ပိုင်ဆိုင်နိုင်ရန် အရင်းရှင်များအတွက်
ဗြိတိသျှအစိုးရက ဖန်တီးခဲ့ ခြင်းဖြစ်သည်။
- မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် အစိုးရအသီးသီး
တို့သည် မြို့ပြမြေယာများတွင် လူနေမြေကွက်များအား
နှစ်ကိုးဆယ် ဂရန်စာအုပ်၊ နှစ်သုံးဆယ် ဂရန်စာအုပ်များ
အဖြစ် ထုတ်ပေးသည်ကို တွေ့ရှိရသည်။
* အစိုးရပိုင်မြေဆိုသည်မှာ
- လူနေရပ်ကွက်အဖြစ် ဖော်ဆောင်ပြီး မြေကွက်ရိုက်
သတ်မှတ်၍ မြေငှား စာချုပ်များ၊ အငှားဂရန်များထုတ်ပေး
ထားသည့် မြေအမျိုးအစားဖြစ်သည်။
- စက်မှုဇုန်မြေကွက်များလည်း ဤမြေအမျိုးအစားတွင်
ပါဝင်သည်။
- အဆိုပါ မြေများကို ရန်ကုန်တိုင်းဒေသကြီးအတွက်
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသည်
လည်းကောင်း၊ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနသည်
လည်းကောင်း၊
မန္တလေး တိုင်းဒေသကြီးအတွက်မူ မန္တလေး မြို့တော်
စည်ပင်သာယာရေးကော်မတီမှ တိုက်ရိုက်ကွပ်ကဲ စီမံခန့်ခွဲ
သည့် မြေအမျိုးအစားဖြစ်ပြီး၊
မြို့တော်စည်ပင်သာယာရေး ကော်မတီများမရှိသည့်
မြို့နယ်များတွင်မူ သက်ဆိုင်သည့် မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးမှူးက အဆိုပါ မြေအမျိုးအစားအား
စီမံခန့်ခွဲ သည်။ *
အစိုးရက စီမံခန့်ခွဲရသည့် မြေအမျိုးအစားဆိုသည်ကား
- မြေလွတ်မြေရိုင်းများ၊ စားကျက်မြေ များ၊ မြေနုကျွန်းများ၊
လယ်ယာမြေများဖြစ်သည်။
ပြည်သူပိုင်မြေ ဆိုသည်ကား
- ပန်းခြံများ၊ ရေကူးကန်များ၊ ဘောလုံးကွင်းများ၊ ဈေးများ၊
မီးတား လမ်းများ၊ အများပြည်သူ သွားလာသည့် လမ်းများ
ဖြစ်သည်။
ယခုတစ်ဖန် မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်
အရှိဆုံး ပုဂ္ဂိုလ်များ၊ မြို့တော် စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိ
ပုဂ္ဂိုလ်များက အများပြည်သူနှင့် တွေ့ဆုံရာတွင်
လည်းကောင်း၊ မီဒီယာများနှင့် တွေ့ ဆုံရာတွင်လည်းကောင်း၊
နိုင်ငံတော်ပိုင်မြေဟု တွင်ကျယ်စွာ သုံးစွဲလာသည်ကို
သတိပြုမိသည်။
နိုင်ငံတော်ပိုင်မြေဟု ဆိုလိုက်ခြင်းသည်
* ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တိုက်ရိုက်ချိတ်ဆက်
ခြင်းဖြစ်ပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံ ဥပဒေ အခန်း (၁)
နိုင်ငံတော်၏ အခြေခံမူများ ခေါင်းစဉ်အောက်ရှိ ပုဒ်မ (၃၇)
ပုဒ်မခွဲ (က) အရ နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊
ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်း
အားလုံး၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည်ဟု
တိကျစွာပြဋ္ဌာန်းထားခြင်းကြောင့် ဖြစ်သည်။ *
နိုင်ငံတော်ပိုင်မြေများ စီမံခန့် ခွဲဆောင်ရွက်ရာတွင် ယခင်က
ရှိနှင့်ပြီးဖြစ်သည့်
- ၁၈၉၈ ခုနှစ် မြန်မာနိုင်ငံအောက်ပိုင်းမြို့ရွာရှိ
မြေယာအက်ဥပဒေ၊
- ၁၈၈၉ ခုနှစ် အထက်မြန်မာပြည် မြေနှင့် အခွန်တော်
စည်းမျဉ်း ဥပဒေ၊
- ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေတို့ဖြင့် အရေးယူ
စီမံခန့်ခွဲနိုင်မှုများ ပြုလုပ်ခွင့် မရှိပါ။
၂ဝဝ၈ ခုနှစ် အခြေခံဥပဒေနှင့်သာ ဆောင်ရွက်သင့်သည်။
အထက်ကဆိုခဲ့သည့် နိုင်ငံတော်ပိုင်မြေမှအပ အခြားမြေ
အမျိုးအစားအားလုံးကိုမူ ဗြိတိသျှ အစိုးရ၏ မြေယာဥပဒေ
များနှင့်သာ အကျုံးဝင်၍ ထိုဥပဒေများ၏ ညွှန်းဆိုချက်အတိုင်း
ဆောင်ရွက်သင့်သည်။
မြန်မာနိုင်ငံရှိ တည်ဆဲ ဥပဒေများ၏ အထက်တွင်
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကသာ အဓိကကျသည့်
ဥပဒေတစ်ရပ်ဖြစ် ၍ တည်ဆဲဥပဒေများအပေါ် လွှမ်းမိုးထားပြီး
အခြားတည်ဆဲ ဥပဒေများက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေအပေါ် လွှမ်းမိုးခွင့်မရှိပါ။
ပွင့်လင်းစွာဆိုရပါလျှင် ၂ဝဝ၈ ခုနှစ် အခြေခံဖွဲ့စည်းပုံ ဥပဒေကို
အင်္ဂလိပ်အစိုးရ အလိုကျရေး ဆွဲထားခဲ့သည့် တည်ဆဲ
ဥပဒေများက ထိပ်တိုက်စိန်ခေါ် နေပြီဖြစ်သည်။
တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကာကွယ်
စောင့်ရှောက်မည်ဟု အကြိမ်ကြိမ်အခါခါ ဆိုထားပြီဖြစ်ရာ၊
လွှတ်တော်အသီးသီးတွင် တက်ရောက်နေသည့် တပ်မတော်
လွှတ်တော်ကိုယ်စားလှယ်များကလည်း ခေတ်နှင့်မလျော်ညီ
တော့သည့် တည်ဆဲများအား ဖျက်သိမ်းပြီး
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမည့်
ဥပဒေအသစ်များ ရေးဆွဲနိုင်ရန် လွှတ်တော် အသီးသီးတွင်
တင်ပြ အကြုံပြုသင့်ပြီဖြစ်သည်။
သို့ဖြစ်ရာ ၂ဝဝ၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေ အခန်း (၈)
နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ခေါင်းစဉ်
အောက်ရှိ ပုဒ်မ (၃၅၅) အရ
* နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို
ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်း
ထားပြီးဖြစ်ရာ နေစရာမရှိသည့် ပြည်သူများသည် မည်သည့်
နိုင်ငံတော်ပိုင်မြေပေါ်မဆို အခြေ စိုက်နေထိုင်ခွင့်ရှိပြီး
ဖြစ်သည်။ *
ထို့အတူ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)
နိုင်ငံတော်၏ အခြေခံမူများ ခေါင်းစဉ် အောက်ရှိ
ပုဒ်မ (၃၇) ပုဒ်မခွဲ (ဂ) အရ
* နိုင်ငံသားများ ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊
ကိုယ်ပိုင် လုပ်ပိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေ
ပြဋ္ဌာန်းချက်နှင့် အညီ ခွင့်ပြုရမည်ဟု ပြဋ္ဌာန်းထားသည်။ *
ပစ္စည်းပိုင်ဆိုင်ခွင့်၏ ဆိုလိုရင်းမှာ
* ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း များ၊ မရွှေ့ပြောင်းနိုင်သည့်
ပစ္စည်းများဖြစ်ရာ ကျူးဟု သတ်မှတ်ခံရသည့် ကျေးရွာများ
သည် ရွာမြေအဖြစ် သတ်မှတ်ပေးရန် သက်ဆိုင်ရာဌာနများ
သို့ လျှောက်ထားနိုင်ခွင့်ရှိပြီး၊ သက်ဆိုင်ရာဌာနများမှလည်း
၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အ ခြေခံဥပဒေနှင့်အညီ ခွင့်ပြုရမည်
ဖြစ်သည်။ *
အချုပ်ဆိုရသော် အစိုးရက စီမံခန့်ခွဲရသည့် မြေမှန်းမသိ၊
နိုင်ငံတော်ပိုင် မြေမှန်းမသိဘဲ၊ မြေယာ စီမံခန့်ခွဲမှုများကို
ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာ
ဌာနအကြီးအကဲများသည် မိမိတို့ကိုယ်ကို ဝေဖန်သုံးသပ်ပြီး
ရယူထားသည့် ရာထူးများမှ စွန့်လွှတ်သင့်ပြီဖြစ်သည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ နိုင်ငံသားများသို့
ပေးအပ်ထားသည် အခွင့်အရေးများအရ
* နိုင်ငံတော်ပိုင်မြေဆိုသည်မှာ နိုင်ငံသားများ အခြေစိုက်
နေထိုင်ခွင့်ရှိသည့် မြေအမျိုးအစားသာ ဖြစ်ကြောင်း *
တင်ပြလိုက်ရသည်။
(စံထွန်း)
credit - Zaygwet Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment