“ယနေ့ ဆောက်လုပ်ရေးလောက အခြေအနေ”
၁။ "ရန်ကုန် ဆောက်လုပ်ရေး လောကမှ
ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်
ထက်ဝက်ကျော် ထွက်ခွာဟုဆို"
ရန်ကုန်မြို့တွင် ဆောက်လုပ်ရေး ဈေးကွက် ကျဆင်းမှု
ကြောင့် ဆောက်လုပ်ရေး လောကထဲမှ ကန်ထရိုက်တာ
များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ထက်ဝက်ကျော်
ရပ်နားမှုများ ရှိလာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်
အသိုင်းအဝိုင်းထံမှ သိရှိရသည်။
လက်ရှိ ရန်ကုန်မြို့၏အိမ်၊ ခြံ၊ မြေ တိုက်ခန်း အရောင်း
အဝယ် ဈေးကွက်မှာ ရပ်ဆိုင်းလုနီးပါး အေးစက်လျက်ရှိပြီး
တိုက်ခန်းကြိုပွိုင့် ဝယ်ယူသူများလည်း မရှိသောကြောင့်
အမှန်တကယ် ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်လျက်
ရှိသည့် ငွေကြေးအရင်းအနှီးတတ်နိုင်သည့်လုပ်ငန်းရှင်များ
သာ ဆက်လက် လုပ်ကိုင်လျက်ရှိနေကြောင်း
ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ဆိုသည်။
“အခုက ဆောက်လုပ်ရေး ဈေးကွက် ကျနေတယ်။
မြေစရိတ်ကကြီးတော့ ဆောက်လုပ်မှုစရိတ်နဲ့ ပေါင်းလိုက်
တော့ အခန်းဈေးတွေက ကြီးလာတယ်။ လူတွေ မဝယ်နိုင်
တဲ့ ဈေးနှုန်း တစ်ခုဖြစ်လာတော့ ဆောက်လုပ်ရေးလုပ်ငန်း
ရပ်သွားတယ်။ ကန်ထရိုက်တာထဲမှာ ကတိပျက်သူ
ရှိတော့ အယုံအကြည် မဲ့ပြီး အရောင်းအဝယ်
ထိခိုက်သွားတယ်”ဟု ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့်
Capital Construction Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာ
ဦးတင်မောင်ဝင်းက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ လိုင်စင် ထုတ်ပေး
ထားသော လိုင်စင်ရ ကန်ထရိုက်တာ ၁၂ဝဝ ခန့် ရှိသည်။
“ကန်ထရိုက်တာ လိုင်စင် မရှိတဲ့ လုပ်ငန်းရှင်တွေ၊ ပေါ်ပင်
လုပ်တဲ့သူတွေ၊ အရင်းအနှီး နည်းတဲ့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေ ထက်ဝက်ကျော်လောက် ဒီလောကထဲက
ထွက်ခွာ သွားကြတယ်။ ကြိုပွိုင့်တွေရောင်း၊ ဘဏ်မှာ
ချေးငွေယူပြီး လုပ်တဲ့ လုပ်ငန်းရှင်တွေလည်း အရောင်း
အဝယ် မရှိတော့ ရပ်နားကုန်ကြတယ်” ဟု
ဝေယံထွန်းလင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ
ကန်ထရိုက်တာ ဦးထွန်းထွန်းလင်းက ဆိုသည်။
အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် အေးစက်ပြီး
ဆောက်လုပ်ရေး ဈေးကွက် ကျဆင်းနေမှုကြောင့်
ကန်ထရိုက်တိုက် အဆောက်အအုံ ဆောက်လုပ်မှု
လျော့ကျ လာကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊
အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ
အကြီးတန်း အရာရှိ တစ်ဦးက ဆိုသည်။
* တရားဝင် အဆောက်အအုံများကို ၂ဝ၁၅-၂ဝ၁၆ ခုနှစ်
ဘဏ္ဍာနှစ်က အထပ်မြင့် သုံးထပ်မှ ရှစ်ထပ်ခွဲထိ
အဆောက်အအုံ အလုံး ၆ဝဝဝ ကျော် ခွင့်ပြုပေးခဲ့ပြီး
ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလ
အထိ အထပ်မြင့် သုံးထပ်မှ ရှစ်ထပ်ခွဲထိ စုစုပေါင်း
အလုံး ၄ဝဝ ခန့်သာ ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန
(အဆောက်အအုံ) ထံမှ သိရှိရသည်။ *
ရန်ကုန်မြို့တွင်း မြို့နယ်များနှင့် ဆက်စပ်မြို့နယ်များတွင်
ဈေးကွက်အတွင်း တိုက်ခန်း၊ ကွန်ဒိုများကို ကာလ
ပေါက်ဈေးထက် ထက်ဝက်ခန့် လျှော့ပြီး ရောင်းချ
နေသော်လည်း ရောင်းသူများ ပြားကာ ဝယ်ယူသူ
အနည်းငယ်သာ ရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်
လုပ်ငန်းများထံမှ စုံစမ်း သိရှိရသည်။
“လက်ရှိ ရန်ကုန်မြို့တွင်း မြို့နယ်ရှိ ၁၂ ပေခွဲ ပေ ၅ဝ
တိုက်ခန်းကို သိန်း၎ဝဝ၊ မြို့တွင်း ဆက်စပ် မြို့နယ်တွေ
ဖြစ်တဲ့ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာမှာ သိန်း၂ဝဝ
ကျော်လောက်နဲ့ ရောင်းပါတယ်။ ကွန်ဒိုကတော့ မြို့တွင်း
မြို့နယ်မှာ သိန်းတစ်ထောင်ကျော်လောက် ပေါက်ဈေး
ရှိပေမယ့် နေရာ လိုအပ်နေသူ အချို့သာ ဝယ်ယူမှု
ရှိပါတယ်”ဟု ပြည်ကြီးတံခွန် အိမ်၊ခြံ၊မြေ အကျိုးဆောင်
လုပ်ငန်းရှင် ကိုနေဇော်က ဆိုသည်။
***
၂။ "ဆောက်လုပ်ရေး လုပ်ငန်း ပြန်ကောင်းဖို့ အစိုးရရဲ့ 
အကူအညီလည်း လိုအပ်"
ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်ကောင်းလာဖို့ လုပ်ငန်းရှင်
တွေနဲ့ တင် မရဘဲ အစိုးရရဲ့ အကူအညီပါ လိုအပ်တယ်လို့
သိရပါတယ်။
ဆောက်လုပ်ရေးဈေးကွက်က ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း
လောက်ကစပြီး အရောင်း အဝယ်အေးတာကြောင့်
တဖြည်းဖြည်း ရပ်တန့်လာသလို ကန်ထရိုက်ငယ်တွေရဲ့
လက်ရှိအခြေအနေဟာလည်း ဆက်လက်ရပ်တည်ဖို့
ခက်ခဲနေပါ တယ်။
အချို့ကန်ထရိုက်တာတွေဆို လုပ်ငန်းဆက်လည်ပတ်နိုင်ဖို့
အလုပ်သမား ထိန်းထားနိုင်ဖို့ အမြတ်မရှိတဲ့ စီမံကိန်းတွေ
ကို လုပ်ဆောင်ရတဲ့ အ နေအထားတွေလည်း ရှိတယ်လို့
သိရတယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ
အသင်း က ဒုတိယဥက္ကဋ္ဌ ဦးကိုကိုထွေးက
"ဆောက်လုပ်ရေးလုပ်ငန်း က ပြည်တွင်းရော ပြည်ပကပါ
လုပ်ဆောင်နေတဲ့ ဈေးကွက်ဆိုတော့ ပြိုလဲသွားရင်
ထိခိုက်မှုပမာဏ ကြီးနိုင်တယ်၊ ဒါတွေ ပြန်ကောင်းလာဖို့က
လုပ်ငန်းရှင်တွေနဲ့ မပြီးနိုင်ဘူး၊ နိုင်ငံတော်ပိုင်းကပါ ပါဝင်
ပေးဖို့ လိုတယ်”လို့ ပြောပါတယ်။
သည်နောက်ပိုင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို
ဘဏ်က ကာလ အပိုင်းအခြားနဲ့ ချေးငွေပေးတာတွေ
ရှိပါတယ်။ တကယ်လိုအပ်တဲ့ project loan ကို
အတိုးနှုန်းနည်းနည်းနဲ့ နှစ်ရှည် ငွေချေးနိုင်တာမျိုးတွေ
ဖြစ်လာဖို့လည်း လို အပ်တယ်လို့ သိရတယ်။
ဈေးကွက်ထဲမှာ ဝယ်လိုအား ပြန် ကောင်းလာဖို့ လက်ရှိ
ဆောက်လုပ်နေတဲ့ ကန်ထရိုက်တိုက်တွေ နဲ့ အဆင့်မြင့်
တိုက်ခန်းတွေ ရဲ့ ပေါက်ဈေး တွေ ကျဆင်း အောင်
ပြုလုပ်နိုင်ဖို့လည်း လိုအပ်နေတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်တဲ့ ဦးဇော်လင်းက
"အိမ်ရာတွေကို အစိုးရက အရစ်ကျနဲ့ ရောင်းချပေးနေ
သလို ပုဂ္ဂလိက ဆောက်လုပ်တဲ့ တိုက်ခန်းအိမ် ရာတွေ
ကိုလဲ အရစ်ကျနှစ်ရှည်နဲ့ ဝယ်လို့ ရနိုင်အောင်လုပ်ဆောင်ဖို့
လိုတယ်၊ ကန်ထရိုက်တွေလဲ ဆောက်လုပ်ဖို့ စရိတ်
ချေးငွေရမယ်၊ ဝယ်တဲ့သူတွေလဲ ချေးငွေရမယ် ဆို
ဈေးကွက်ထဲမှာ မဝယ် နိုင်တဲ့ ဈေးတန်း ဆိုတာ မရှိဘူး
ဖြစ်သွားမယ်" လို့ ပြောပါ တယ်။
ဝယ်လိုအားရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အမှန်တကယ်
လိုအပ်လို့ ဝယ်ယူနေထိုင်သူတွေ ဝယ်ယူနိုင်အောင်
နှစ်ရှည် ချေးငွေရနိုင်မယ့် ဘဏ်စနစ်တွေ လိုအပ်နေတယ်။
ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုအတွက် အရင်းအနှီး
ကုန်ကျ စရိတ်ဟာ အနည်းဆုံး မတည်ငွေ ကျပ်သိန်း
၁၀ဝ၀ ဝန်းကျင်နဲ့ တောင် မစတင်နိုင်တဲ့ အခြေအနေတွေ
ဖြစ်လာတာကြောင့် ဈေးကွက်ထဲမှာ သာမန်ရင်းမြှုပ်နှံမှုနဲ့
မရပ်တည်နိုင်တာ တွေ ဖြစ်နေတာပါ။
နိုင်ငံတကာရဲ့ စီမံကိန်းချေးငွေ (project loan ) တွေက
တစ်နှစ်ကို အတိုးအများဆုံး သုံးရာခိုင်နှုန်း လောက်သာ
ပေးချေကြ ရသလို နှစ်ရှည်သက်တမ်းနဲ့ရပြီး ရင်းနှီး မြှုပ်နှံ
ကြတာ ဖြစ်တယ်။
သည်မှာက တစ်နှစ်ကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းလောက်
ပေးရတာ ဖြစ်ပြီး နှစ်တိုဖြစ်တာကြောင့် ကွာခြားမှုတွေ
ရှိတယ်လို့ လည်း သိရပါတယ်။
(အေးမွန်)
***
၃။ "ငွေကြေးလိုအပ်ချက်ရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများ
အတွက် ဘဏ်ချေးငွေရရန် ဆောင်ရွက်ပေးလျက်ရှိ"
ဆောက်လက်စ အဆောက်အအုံများ အပြီးသတ် ဆောက်လုပ်
နိုင်ရန်နှင့် နိုင်ငံတော်ထံမှတင်ဒါများ အောင်မြင်ထားပြီး လုပ်ငန်း
စတင်ရန် ငွေကြေးအခက်အခဲရှိနေသည့် ဆောက်လုပ်ရေး
ကုမ္ပဏီများကို ဘဏ်များနှင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက်
ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များအသင်း (MCEA) ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။
''CHDB ၊ ဧရာဝတီဘဏ်တွေနဲ့ ကျွန်တော်တို့ပေါင်းပြီး
ဆောက်လုပ်စ တစ်ဝက်တစ်ပျက်နဲ့ရပ်ဆိုင်းနေရတဲ့
အဆောက်အအုံတွေ အပြီးသတ် ဆောက်နိုင်ဖို့ အသင်းကနေ
ကူညီလုပ်ဆောင်ပေးနေပါတယ်။ ရောင်းမထွက်တဲ့ အခန်းတွေ
အတွက်လည်း အရစ်ကျစနစ်နဲ့ရောင်းဖို့ ဘဏ်တွေကို အပ်ပေး
ပါတယ်။နောက်တစ်ခုက အစိုးရဆီက တင်ဒါရပြီး ဖြစ်ပေမဲ့
လုပ်ငန်း စတင်ရင်းနှီးရမယ့် ၃ဝ ရာခိုင်နှုန်းကို ရင်းဖို့ခက်တဲ့
ကုမ္ပဏီတွေ အတွက်လည်းလိုအပ်တဲ့ပိုက်ဆံကို ထုတ်ချေး
နိုင်ဖို့အတွက် စာချုပ်စာတမ်းတွေနဲ့ အသေးစား အလတ်စား
ဆောက်လုပ်ရေးကုမ္ပဏီတွေ ဘဏ်ချေးငွေရဖို့ ကူညီပေး
နေပါတယ်'' ဟု ၄င်းက ပြောသည်။
MCEA က ငွေကြေးလိုအပ်သည့် လုပ်ငန်းရှင်များစုစည်းကာ
ငွေထုတ်ချေးပေးနိုင်မည့်ဘဏ်များနှင့် ဆက်လက်ချိတ်ဆက်
ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်လည်းဖြစ်သည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊
ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီဘဏ်
တို့ ပူးပေါင်းကာ ပထမဆုံး အစီအစဉ်အဖြစ်အောက်တိုဘာ
လဆန်းမှစ၍ ငွေကြေးလိုအပ်သည့် ဆောက်လုပ်ရေး
လုပ်ငန်းများအတွက်ငွေထုတ်ချေးနိုင်သည့် အစီအစဉ်
တစ်ရပ်ကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ကုမ္ပဏီ ၁၇ ခုအတွက်
ဘဏ်ချေးငွေ ရယူနိုင်ရန် လုပ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။
ဘဏ်ချေးငွေများရယူလိုသည့် ဆောက်လုပ်ရေးကုမ္ပဏီများ
သည် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ
အသင်းဝင် ကုမ္ပဏီတစ်ခုဖြစ်ရန်လိုအပ်သည်။
ထို့ပြင်
- မိမိဆောက်လုပ်နေသည့် အဆောက်အအုံ၏
တည်နေရာ၊
- ပြီးစီးဆောင်ရွက်ထားသည့် အနေအထား၊
- တွေ့ကြုံနေရသည့် အခက်အခဲများနှင့်
- လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် ငွေကြေး
ပမာဏ တို့ကို အသေးစိတ်စာဖြင့်ရေးသာကာ မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းသို့
အကြောင်းကြားစာပေးပို့ရမည်ဖြစ်သည်။
''သူတို့လုပ်ငန်းတွေ ဆက်လက်လည်ပတ်အောင်လို့ ကူညီ
ပေးနေပါတယ်။ငွေကြေးလိုအပ်တဲ့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေ အတွက် ဆောက်လုပ်ရေးအသင်းက
ချိတ်ဆက်လုပ်ပေးနေတယ်။ ဘဏ်ကို တစ်ဦးချင်း သူတို့
လာရင်အဆင်မပြေမှာစိုးလို့ပါ။ သူတို့မှာ တွေ့ကြုံနေရတဲ့
အခက်အခဲ၊ အဆောက်အအုံရဲ့နေရာ၊သူတို့လိုချင်တဲ့
ငွေပမာဏ၊ လုပ်ငန်းတိုးတက်မှုအခြေအနေတွေနဲ့
ဆောက်လုပ်ရေးအသင်းကို အကြောင်းကြားလိုက်ရင်
အသင်းက ဦးဆောင်ပြီး ဘဏ်တွေနဲ့ ချိတ်ဆက်
ငွေထုတ်ချေးပေးဖို့ လုပ်ပေးတာဖြစ်ပါတယ်''ဟု
ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်
ဒါရိုက်တာ ဦးတင်အောင်မြင့်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ
အသင်းကို ၁၉၉၆ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး
အင်အားကြီး ဆောက်လုပ်ရေးကုမ္ပဏီများအပြင် အလယ်
အလတ်နှင့် အငယ်စား ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
လည်း ပါဝင်စုစည်းဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိတွင်
အသင်းဝင်ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ၁,ဝဝဝ ကျော်ဖြင့်
ဖွဲ့စည်းထားသည့် အသင်းလည်းဖြစ်သည်။
အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝယ်လက်
ပျောက်ဆုံးသွားသည့်အတွက်ဆောက်လက်စ အဆောက်
အအုံများငွေကြေးလည်ပတ် ဆက်လက်ဆောက်လုပ်နိုင်ရန်
အခက်အခဲရှိနေသည့် ကုမ္ပဏီ အများအပြားရှိနေသကဲ့သို့၊
အဆောက်အအုံဆောက်လုပ်ရန်အတွက် မြေရှင်နှင့်
ကြိုတင်ညှိနှိုင်း သဘောတူထားပြီး ဖြစ်သော်လည်း
ဈေးကွက်အခြေအနေအရ စာချုပ်များကို ဖျက်သိမ်းကာ
ဆက်လက်ဆောက်လုပ်ခြင်းမပြုတော့သည့်
ကန်ထရိုက်တာများ၊ ဆောက်လုပ်ရေးကုမ္ပဏီများလည်း
အများအပြားရှိလာကြောင်း ဆောက်လုပ်ရေးလုပ်ငန်း
လုပ်ကိုင်သူများက ပြောသည်။
''ဆောက်လက်စတွေကြားမှာကို အိမ်ရှင်တွေနဲ့ ကန်ထရိုက်
တာတွေ၊ ဝယ်တဲ့သူတွေအကြားမှာ အပြန်အလှန် တရားစွဲ
ထားတဲ့ အရှုပ်အရှင်းတွေကလည်း အများကြီးရှိတယ်။
ဘဏ်တွေဘက်ကလည်း တော်တော်လေး Clear ဖြစ်မှ
ငွေချေးမယ့်သဘောရှိတယ်။
စာချုပ်စာတမ်းအရ အခိုင်အမာရှိပြီး ကန်ထရိုက်ရော
အိမ်ရှင်ပါ နှစ်ဦးသဘောတူမယ်။
ကြိုပွိုင့်တွေလည်း အများကြီးမရောင်းရသေးဘူးဆိုရင်တော့
ဖြစ်နိုင်ပါတယ်။ ငွေမရှိလို့ ပြဿနာပေါင်းစုံနဲ့ ရပ်သွားတာ
ဆိုရင်တော့ ဘဏ်တွေက ချေးမှာ မဟုတ်ဘူး။
အသင်းအနေနဲ့အခုလို အကူအညီပေးတာ အင်မတန်
ကောင်းပါတယ်'' ဟု အာရှဆောက်လုပ်ရေး
အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။
၂ဝ၁၂ ခုနှစ်မှ စ၍ အရှိန်အဟုန်ကောင်းကောင်းဖြင့် လည်ပတ်
ခဲ့သည့် ပြည်တွင်းအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ
၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဈေးကွက်အတွင်း ဝယ်ယူလိုသူ
ရုတ်တရက် နည်းပါးသွားသည့် အကျိုးဆက်အဖြစ်ဈေးကွက်
အတွင်း၌ငွေကြေးအင်အား နည်းပါးသည့် ကန်ထရိုက်တာများ၊
အငယ်စားနှင့် အလယ်အလတ်ဆောက်လုပ်ရေး
လုပ်ငန်းရှင်များ၏ ဆောက်လက်စအဆောက်အအုံများ
ရန်ကုန်မြို့၌အများအပြား တွေ့မြင်နေရဆဲဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းများတွင် အရောင်းအဝယ်အေးစက်
သွားသည့်အတွက်ဆောက်လုပ်ရန် ရည်ရွယ်ထားသည့်
အဆောက်အအုံများကို ဆောက်လုပ်ခြင်းမပြုဘဲဆိုင်းငံ့ထား
လိုက်ရသည့် လုပ်ငန်းရှင်များ အများအပြားရှိသည့်အပြင်
ဆောက်လက်စအဆောက်အအုံများကို အပြီးသတ်
ဆက်လက်ဆောက်လုပ်ရန် ငွေကြေးအခက်အခဲများရှိနေ
သည့် လုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများလည်း
အများအပြားရှိသည်။
ဈေးကွက်တွင် ကွန်ဒိုမီနီယံတိုက်ခန်းများ၊လူနေတိုက်ခန်းများ
ဝယ်လိုအားပျောက်ဆုံးနေဆဲဖြစ်သည့်အတွက် အင်အားကြီး
ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့်ဆက်လက်ဆောက်လုပ်
ရန် အခက်အခဲမရှိသော်လည်း အလယ်အလတ်နှင့်အငယ်စား
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက်မူ အကူအညီများ
လိုအပ်နေဆဲဖြစ်သည်။
ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် စတင်တည်ထောင်
သည့် ၂ဝ၁၄ ခုနှစ်မှ ယနေ့အချိန်ထိ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင် ၂ဝဝ ကျော်ကို
ကျပ်ဘီလျံ ၉ဝ ထုတ်ချေးထားပြီးဖြစ်ကြောင်း
အောက်တိုဘာလအတွင်းကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်း
အိမ်ရာနှင့် ပတ်သက်၍ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
တာဝန်ရှိသူများက ဖြေကြားထားခဲ့သည်။
(ဇေယျာလင်း)
credit - The Voice / Kumudra Journal
& The Myanmar Times
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment