Saturday, November 5, 2016

“ဆောက်လုပ်ရေးလုပ်ငန်းများ - သတိ”

“ဆောက်လုပ်ရေးလုပ်ငန်းများ - သတိ”

၁။ "ဘေးပတ်ဝန်းကျင်နစ်နာစေသည့်ဆောက်လုပ်ရေး
လုပ်ငန်းခွင်ရပ်သည်ထိ အရေးယူနိုင်ဟုဆို"

ရန်ကုန်မြို့တော်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ
ကြောင့် ဘေးပတ်ဝန်းကျင် ထိခိုက်နစ်နာမှု ဖြစ်ပေါ်ပါက
ယင်း လုပ်ငန်းခွင်များကို ရပ်ဆိုင်းသည်အထိ  အရေးယူ   
နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ
အကြီးတန်းအရာရှိ တစ်ဦးကပြောကြားသည်။

ယင်းသို့ ဆောက်လုပ်ရေးလုပ်ငန်းများကြောင့်
ဘေးပတ်ဝန်းကျင် ထိခိုက်နစ်နာမှု မဖြစ်ပွားစေရန်
လုပ်ငန်းရပ်ဆိုင်းကာ အရေးယူမည်ဖြစ်ကြောင်းကို
ခွင့်ပြုချက်ပေးစဉ်ကတည်းက စည်းကမ်းများတွင်
ထည့်သွင်း ဖော်ပြထားပြီးဖြစ်ကြောင်း ၎င်းက
ဆက်လက် ပြောကြားသည်။

"ဘေးအိမ် ထိခိုက်မှု ဖြစ်လာပြီဆိုရင် လုပ်ငန်းကို
ယာယီရပ်ဆိုင်းပြီးတော့ နစ်နာတဲ့ အိမ်ရှင်နဲ့ဌာနက
ပြေလည်အောင်အရင် ဖြေရှင်းပေးပါတယ်။ ပြေလည်မှ
လုပ်ငန်းပြန်စခွင့်ပြုတာပါ" ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့
* ဌာနက ကြားခံညှိနှိုင်းရာတွင် ပြေလည်မှု
မရရှိပါက နစ်နာသူ  အိမ်ရှင်က ဆောက်လုပ်ရေး
လုပ်ငန်းကို  တရားစွဲဆိုရမည်ဖြစ်ပြီး ထိုကာလအတွင်း
ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရပ်ဆိုင်းထားမည်
ဖြစ်ကြောင်း၊ ပြေလည်မှုရရှိပြီး  ခွင့်ပြုချက် ပြန်လည်
ပေးနိုင်သည့် အခြေအနေမျိုးတွင်သာ လုပ်ငန်းလုပ်ကိုင်ခွင့် 
ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ပြေလည်မှုမရရှိပါက
လုပ်ငန်း အပြီးတိုင်ရပ်နားသည်အထိ အရေးယူမည်
ဖြစ်ကြောင်း * ၎င်းက ဆိုသည်။

- လက်ရှိအချိန်အထိ ဘေးပတ်ဝန်းကျင်
ထိခိုက်နစ်နာမှုအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို
အပြီးသတ် ရပ်နားရခြင်း မရှိသေးသော်လည်း ဌာနက 
ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း၊
- ပိုင်ရိုက်ခြင်းများကြောင့် ဘေးပတ်ဝန်းကျင်
ထိခိုက်ပျက်စီးမှုများကို  တာဝန်ယူမှုရှိစေရန် လုပ်ငန်း
လိုင်စင်ရှိသော ကုမ္ပဏီများကိုသာ ခွင့်ပြုပေးနေကြောင်း
အင်ဂျင်နီယာဌာန (အဆောက်အအုံ)ထံမှ သိရှိရသည်။

***

၂။ "အထပ်မြင့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့တွင်
လုံခြုံမှုအစီအမံရှိရန်လိုအပ်နေ"

ရန်ကုန်မြို့တွင်အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ရေး
လုပ်ငန်းခွင်အချို့တွင် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်သူများ
အတွက် လုံခြုံမှုအစီအမံများ အားနည်းနေသည်ကို မြင်တွေ့
နေရဆဲဖြစ်သည်။

အဆိုပါ
* လုပ်ငန်းခွင်တိုင်းတွင် သတိပေးဗီနိုင်းစာတန်းအနီများ
ချိတ်ဆွဲထားလေ့ရှိပြီး လုပ်ငန်းခွင်အတွင်းတွင်မူ လုပ်ငန်း
လုပ်ကိုင်သည့် အလုပ်သမားများအပေါ် လုပ်ငန်းခွင်အတွင်း
ထားရှိ ကျင့်သုံးရမည့် စီမံထားမှုများမှာ အားနည်းနေတတ်
သဖြင့် လုပ်ငန်းခွင်အချို့တွင် လုပ်သားအချို့ ထိခိုက်မှု
အန္တရာယ်ကြုံတွေ့နေရာ အချို့သောဖြစ်စဉ်များတွင်
အသက်သေဆုံးသည်အထိ ဖြစ်ပေါ်တတ်ကြောင်း *
သိရသည်။

ပြည်ပရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် နှိုင်းယှဉ်၍
လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်သူများ အနေဖြင့်
လုပ်ငန်းခွင်အကာအကွယ် အပြည့်အစုံဖြင့် လုပ်ကိုင်
သင့်ပြီး အထူးသဖြင့် အထပ်မြင့်များတွင် လုပ်ငန်းခွင်ရှိ
လုပ်သားများ လုပ်ငန်းခွင်အတွင်း မတော်တဆလိမ့်ကျမှု
အန္တရာယ်ကာကွယ်ရန် အစီအမံများထား ရှိသင့်သည်ဟု
အဆိုပါလမ်းဆုံအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့သောလုပ်ငန်းခွင်မျိုးတွင် မြေပြင်အနေအထား
အရ ရေရှည်အချိန်ကာလကျမှကျန်းမာရေးထိခိုက်မှု
ကြုံတွေ့ရမည် ဖြစ်၍ လတ်တလော လုပ်ငန်းခွင်သုံး
အကာအကွယ်များ အပြည့်အစုံသုံးစွဲမှုမရှိခြင်း
ဖြစ်သည်။

သို့သော် ဆောက်လုပ်ရေးလုပ်ငန်းခွင် များတွင်
လုပ်ငန်းခွင်သုံး အကာအကွယ်နှင့် စီမံထားရှိမှု
အားနည်းပါက လက်တွေ့လုပ်ငန်းခွင်ဝင် အလုပ်သမားများ
အချိန်မရွေးထိခိုက်ခံစားရနိုင်သည်ဖြစ်ရာ ဆောက်လုပ်ရေး
လုပ်ငန်းခွင်တိုင်းတွင်သတိပေးဗီနိုင်းစာတန်းနီပါစာသားများ
အတိုင်းလုံလောက်သောလုပ်ငန်းခွင်လုံခြုံရေး
အတွက်စီမံထားရှိမှုအပြည့်အဝရှိသင့်ကြောင်း
ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ပြောသည်။

***

၃။ "ရန်ကုန်မြို့အတွင်း ဆောက်လုပ်နေသော ကန်ထရိုက်    
တိုက်များ သတ်မှတ်ရက်အတွင်း တည်ဆောက်ခြင်း မရှိဘဲ
ရပ်နားထားပါက တိုင်ကြားနိုင်"

ရန်ကုန်မြို့တွင်းရှိ မြို့နယ် အသီးသီး၌ ဆောက်လုပ်နေသော
ကန်ထရိုက်တိုက်များ သတ်မှတ်ရက် အတွင်း
တည်ဆောက်ခြင်းမရှိဘဲ ရပ်နားထားပါက ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီသို့ တိုင်ကြား နိုင်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
(အဆောက်အအုံ ဌာန) တာဝန်ရှိသူ ကပြောသည်။

* ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌
ဆောက်လုပ်နေသော ကန်ထရိုက်တိုက်များသည်
ဆောက်လက်စ ကန်ထရိုက်တာများ ငွေကြေး မလည်ပတ်
ခြင်းကြောင့် ရပ်နားထားရခြင်းနှင့် လိုင်စင်မဲ့ ကန်ထရိုက်တာ
များဖြင့် တည်ဆောက်ခြင်းများကြောင့် အခက်အခဲများဖြင့်
တွေ့ကြုံနေပြီး တည်ဆောက်နေစဉ် ရပ်နားထားပါက
စည်ပင်သာယာရေး ကော်မတီ အနေဖြင့် သက်တမ်းထပ်မံ
တိုးရန် ညွှန်ကြားထားသော်လည်း သက်တမ်းတိုးခြင်း
မရှိသော ကန်ထရိုက်တာများကို လိုင်စင်ပိတ်သိမ်းသည်
အထိ အရေးယူနိုင်ကြောင်း * သိရသည်။

ရန်ကုန်မြို့မှ အထပ်မြင့်စီမံကိန်း ၁ဝဝ ကျော်ကို စစ်ဆေးမှု
များ ပြုလုပ်ခဲ့ပြီး ဆောက်လုပ်ခြင်းအား ခေတ္တရပ်ဆိုင်းခဲ့
ခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းအတွင်း
ကြီးမားသော ဂယက်ဖြစ်ပေါ်ခဲ့သည့်အတွက်
ဆောက်လုပ်ရေး လုပ်ငန်းရှင် များနှင့် နိုင်ငံတော် အစိုးရကြား
ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ရန်ကုန်မြို့တော်
စည်ပင် သာယာရေး ကော်မတီမှ လိုင်စင်ရ အဆောက်အအုံ
ကန်ထရိုက်တာများ အသင်း ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက်
ရှိကြောင်းဆိုသည်။ 

credit - The Voice / MOI Webportal Myanmar
& Xinhua

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment