Friday, September 8, 2017

"အိမ်ခြံမြေ အကျပ်အတည်းက အစိုးရကို ဘာခက်ခဲစေမလဲ"

"အိမ်ခြံမြေ အကျပ်အတည်းက အစိုးရကို
ဘာခက်ခဲစေမလဲ"


စီးပွားရေး ခက်ခဲမှုသည် အစိုးရကို လူမုန်းများစေသည်။
မြန်မာနိုင်ငံတွင် ငွေအရင်းအနှီး ကြီးမားစွာဖြင့် ရောင်းဝယ်
မြုပ်နှံရသော အိမ် ခြံ မြေ ဈေးကွက်သည် ၂၀၁၅ နှစ်စမှ
စတင်၍ အခြေအနေမှာယိုင်နဲ့ အေးစက်ခဲ့သည်။

ယင်းမှ အစပြုမှုသည် ယခုအစိုးရ လက်ထက်တွင်
ဈေးကွက်ရပ်လုနီးပါး အခြေအနေအထိ ဖြစ်လာခဲ့သည်။
ယင်းကဲသို့ အိမ်ခြံမြေဈေးကွက် အကျပ်အတည်းသည်
အစိုးရအတွက် ဘာခက်ခဲစေမည်နည်း။

"အစိုးရအနေနဲ့ မနိုင်မနင်း ဖြစ်စေနိုင်"

ယင်း ခန့်မှန်းသုံးသပ်ချက်အား ရန်ကုန်တိုင်း
အိမ် ခြံ မြေအသင်း ဥက္ကဌဖြစ်သူမှ ယခုကဲ့သို့ပြောပြသည်။

"ဒီအတိုင်းဆက်သွားမယ်ဆိုရင် လုပ်ငန်းရှင် အကြီးတွေ၊
ဝယ်ရောင်းတွေရော ၊ Developer ကြီးတွေရောပေါ့လေ။
ဒီ လုပ်ငန်းရှင်ကြီးတွေက ၉၉ ရာခိုင်နှုန်းပေါ့။
ဘဏ်ချေးငွေမယူဘဲနဲ့ လှုပ်ရှားနေတဲ့သူ
မရှိသလောက်ဘဲ။
ဆိုလိုတာက ၁၀၀ မှာ ၉၉ ယောက်က ဘဏ်ချေးငွေ
ယူထားကြတာပေါ့လေ။
ဒီလို ယူထားကြပေမယ့် ဈေးကွက်က အသေလို
ဆက်သွားနေမယ်ဆိုရင် ငွေပြန် မဆပ်နိုင်ကြဘူး။
ဒီတော့ ငွေကျပ်ပြီး ထိခိုက်လာမယ်ဆိုရင် ဘဏ်ကို
သွားရိုက်ခတ် လိမ့်မယ်။
ဘဏ်ရိုက်ခတ်မှုဆိုရင် ၊ တကယ်ပြောရရင်
ဘဏ်ဆိုတာက public money လေ။
လူတွေက အယုံကြည်ကင်းပြီး ငွေတွေရုတ်တရက်
ပြန်ထုတ်တဲ့အခါ ဘဏ်တွေပြိုလဲ သွားနိုင်တာပေါ့လေ။
အဲဒီလို ပြိုလဲတဲ့အဆင့်အထိဖြစ်လာရင် ဒီအစိုးရအနေနဲ့
ကြားခံပြီး ဝင်လုပ်ပေးရတဲ့အပိုင်းတွေ ဖြစ်လာလို့ရှိရင်
အကုန်လုံးက အဲဒီအချိန်မှဆိုရင် မနိုင်မနင်း
ဖြစ်သွားလိမ့်မယ်။" ဟု
အထက်ပါပုဂ္ဂိုလ်မှ ပြောပြသည်။

"ယင်းအခက်အခဲကို မည်သို့ဖြေရှင်းမည်နည်း။"

အမှန်တွင်လည်း ဈေးကွက် ကျပ်တည်းလာမှုကို ဖြေရှင်းရန်
အချိန်သင့်နေပြီဖြစ်ကြောင်း ပြည်တွင်း အိမ် ခြံ မြေ
အကျိုးဆောင်များက ထောက်ပြသည်။

"ဘယ်လိုဖြေရှင်းမလဲ ဆိုတော့ အခုကတည်းက
တစ်ချို့လူကြီးတွေလည်း မြင်ပါတယ်။
အိမ် ခြံ မြေ က ဒီထက်ပိုပြီး ပါးလို့မကောင်းဘူး။
ဈေးတက်ခြင်း ဈေးကျခြင်းကို ပြောတာမဟုတ်ဘူး။
အရောင်းအဝယ်လည်ပတ်နေဖို့ကိုပြောတာ။
အခုအိမ်ခြံမြေကငွေကြေးစီးဆင်းမှုနှုန်းကြီးတဲ့အပေါ်မှာ
အရောင်းအဝယ်ဟာ လည်ပတ်အား ငွေအား
နည်းသွားတယ်။
နည်းတာကြောင့်မို့လည်း မ လည်နိုင်ဘူးပေါ့လေ။
ဒီအပိုင်းကို အစိုးရအနေနဲ့ ပြင်ပေးဖို့လိုတယ်။
အိမ် ခြံ မြေ နဲ့ ဆက်နွယ်နေတဲ့လုပ်ငန်းတွေက
အများကြီးဘဲ။
အိမ် ခြံ မြေပါးရင် developer တွေ မရောင်းရဘူး။
မရောင်းရတော့ မဆောက်ဘူး။
မဆောက်တော့ အိမ်ဆောက်ပစ္စည်းတွေ မရောင်းရဘူး။
ဒီတော့ Import လုပ်တဲ့သူတွေ အလုပ်မဖြစ်ဘူး။
အစစ အရာရာ အားလုံးက ဆက်နွယ်မှုရှိနေတာပေါ့လေ။
စီးပွားရေးမကောင်းရင် ဇိမ်ခံတဲ့နေရာတွေက အစ
အလုပ်ပါးသွားမယ်။
တစစနဲ အောက်ခြေ လူတန်းစားအထိ ထိခိုက်တာပေါ့။
ဒါကြောင့်မို့လို့ စီးပွားရေးတစ်ခုလုံး လည်ပတ်နိုင်အောင်
ဆိုရင် အိမ် ခြံ မြေကို တစ်စုံတစ်ရာ ပြန်လည်ပတ်နိုင်တဲ့
အခင်းအကျင်းဖြစ်အောင် အစိုးရအနေနဲ့ စဉ်းစားပြီး
ဖော်ဆောင် ပေးသင့်တယ်။
အဲဒီလိုဆိုရင်တော့ နည်းနည်းလေးပြန်လည်ပတ်
လာမှာပေါ့။
အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ပူးပေါင်း
လုပ်ဆောင်ရင် အဆင်ပြေသွားမှာပါ" ဟု
ဦးစိုင်းခွန်နောင်မှ ထောက်ပြသည်။

လက်ရှိ အိမ် ခြံ မြေ ဈေးကွက် အေးသည်နှင့်အညီ
စက်မှုဇုန်မြေဈေးကွက်မှာလည်း ဦးမော့နိုင်ခြင်းမရှိသည်
ကိုတွေ့ရသည်။
စက်မှုဇုန်မြေဈေးကွက်၏ လက်ရှိအနေအထားသည်
အမေးပင်မရှိကြောင်း ဈေးကွက်အတွင်းမှ တစ်ဆင့်စုံစမ်း
သိရှိရသည်။

"အဓိကကတော့ အရင်တုန်းကလည်း အိမ် ခြံ မြေ
ဖြစ်လာအောင်ဆိုရင် ဘာနဲ့စမလဲဆိုတော့ အခွန်နဲ့
စရတာပေါ့လေ။
အခွန်နှုန်းကိုလျှော့ချလိုက်ခြင်းအားဖြင့် အခြေခံအားဖြင့်
လူတွေပြန်ဝယ်လာမယ် ပေါ့လေ။
အခုလည်း.စလုပ်မယ်ဆိုရင်တော့ အခွန်ကို
အရင်ကိုင်ရမှာပေါ့။
တကယ်လို့သာ လျှော့ချလိုက်နိုင်မယ် ဆိုရင်တော့
အိမ် ခြံ မြေ အနည်းအကျင်း ပြန်ဖြစ်လာမယ်။
အဝယ်လိုက်လာရင် တစ်ခြား ကဏ္ဍတွေမှာ လုပ်နေတဲ့
သူတွေလည်း အိမ် ခြံ မြေ ကို ပြန်အစုံစိုက်လာမယ်။
သူတို့တွေလည်း ဝင်လာမယ်။
တစ်ဖြည်းဖြည်းနဲ့ ပြန်လည်ပတ်လာမှာပေါ့။" ဟု
အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးအောင်သန်းမှ
သုံးသပ်ပြောဆိုသည်။

အစိုးရ အနေဖြင့် အိမ် ခြံ မြေ ဈေးကွက် ပြန်လည်
အသက်ဝင်လာရန်အတွက် အလျင်အမြန်ဆောင်ရွက်ပေးရန်
လိုအပ်နေပြီး လက်ရှိတွေ့ကြုံနေရသော အိမ် ခြံ မြေ
အကျပ်အတည်းအား ဖြေရှင်းရန် လိုအပ်ကြောင်း
သုံးသပ်တင်ပြ ရေးသားလိုက်ရပါသည်။

(မင်းဝဿန်)

credit - iMyanmar House

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment