Thursday, September 7, 2017

“ရန်ကုန်မြို့သစ် စီမံကိန်း Update”

“ရန်ကုန်မြို့သစ် စီမံကိန်း Update”

၁။ "အနောက်တောင်မြို့သစ်စီမံကိန်း ပြုလုပ်မည့်
နေရာမှ လယ်မြေပိုင်ရှင်များ ငါးရက်အတွင်း
အမည်စာရင်း လာပေးရန် ကြေညာထား"

အနောက်တောင်မြို့သစ်စီမံကိန်း ဖော်ဆောင်မည့်
နေရာတွင် ရှိနေသော လယ်မြေပိုင်ရှင်များအနေဖြင့်
ငါးရက်အတွင်းသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး
ရုံးများတွင် နာမည်စာရင်းလာပေးရန် ကြေညာထား
ကြောင်း တွံတေးမြို့နယ် တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက
ပြည်မြန်မာသတင်းဂျာနယ်သို့ ပြောကြားသည်။

ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း တွံတေးမြို့နယ်၊
ဆိပ်ကြီးခနောင်တိုမြို့နယ်တို့ရှိ လယ်မြေဧက သုံးသောင်း
ခန့်တွင်ပြုလုပ်မည့် မြို့သစ်စီမံကိန်းမှာ မကြာခင်တွင်
အကောင်ထည်ဖော်မည်ဖြစ်သောကြောင့် လယ်မြေ
စာရင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကောက်ယူ
ခိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

''စီမံကိန်းထဲမှာပါတဲ့ လယ်မြေစာရင်းတွေကို
တိုင်းဒေသကြီး အစိုးရအဖွဲ့ ကောက်ယူခိုင်းထားတယ်။
အုပ်ချုပ်ရေး ပိုင်းမှာတော့ လယ်မြေစာရင်း ရှိပေမယ့်
လယ်မြေအချို့က ဒေသခံလယ်သမားပိုင် မဟုတ်တော့ဘူး။
အခြားသူကို ရောင်းချထားတာတွေ ရှိတဲ့အတွက်
ဒီပိုင်ရှင်တွေကို မသိကြဘူး။
ဘယ်နေရာမှာရှိလဲ မသိကြဘူး။
ဒါကြောင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံး
တွေမှာ စာရင်းလာပေးဖို့ ကြေညာတာပါ'' ဟု
ဒေါက်တာ ကျော်ဇင်ဦးက ပြောသည်။

မြို့သစ်စီမံကိန်းပြုလုပ်ရန် လယ်မြေပိုင်ရှင်များ စာရင်း
ကိုသာကောက်ယူခိုင်းထားခြင်းဖြစ်ပြီး ရပ်ကွက်နှင့်
ကျေးရွာမြေများ ပါဝင်ခြင်းမရှိကြောင်းနှင့် လယ်မြေ ပိုင်ရှင်
သတ်မှတ်ရာ အထောက်အထားအဖြစ် လယ်မြေ
ပိုင်ဆိုင်ကြောင်း ပုံစံ(၇)သို့မဟုတ် ပြေစာ စာရွက်ပြရန်
ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့သစ်စီမံကိန်းကို လာမည့် နွေရာသီတွင် စတင်
အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းအတွက်
အသုံးပြုရမည့် လယ်မြေများအတွက် မြို့မြေသတ်မှတ်
ထားသည့် မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်
ပေးမည်ဖြစ်ကြောင်း သိရသည်။

(လဝန်း)

*****

၂။ "ရန်ကုန်မြို့သစ် စီမံကိန်းကို တည်ဆဲ ဥပဒေနှင့်အညီ
ဆောင်ရွက်ရန်နှင့် စီမံကိန်း အကောင်အထည် ဖော်မည့်
မြေများသည် ငွေဖြူများဖြင့် ၀ယ်ယူပိုင်ဆိုင်ကြောင်း
သက်သေပြပြီးမှသာ ဆက်လက် လုပ်ဆောင်သင့်ဟုဆို"

ရန်ကုန်မြို့သစ် စီမံကိန်းကို တည်ဆဲ ဥပဒေနှင့်အညီ
ဆောင်ရွက်ရန်နှင့် စီမံကိန်း အကောင်အထည်ဖော်မည့်
မြေများသည် ငွေဖြူများဖြင့် ၀ယ်ယူပိုင်ဆိုင်ကြောင်း
သက်သေပြပြီးမှ ဆက်လက် လုပ်ဆောင်သင့်ဟု
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း
ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“တည်ဆဲ ဥပဒေနဲ့အညီ လုပ်ပါ။ အခွန်ဆောင်ပါ။
ငွေဖြူ ဖြစ်ကြောင်း ပြပါ။
ဒီမြေဧက သုံးသောင်းကို ပိုင်ဆိုင်သော သူများသည်
သူတို့သည် ဒီမြေများကို ငွေဖြူများနဲ့ ၀ယ်ယူပြီး
ပိုင်ဆိုင်ခဲ့တာ ဖြစ်ကြောင်း သက်သေပြပြီးမှသာလျှင်
ဒီစီမံကိန်းကို ဆက်လုပ်ခြင်းအားဖြင့် တရားဥပဒေ
စိုးမိုးရေးကို လုပ်ရာရောက်မယ်။
မဟုတ်လို့ရှိရင် အစိုးရကိုယ်တိုင်ကိုက ဒီစီမံကိန်းကို
အကောင်အထည်ဖော်မယ့် လူနည်းစုက တည်ဆဲ ဥပဒေကို
ချိုးဖောက်ပြီး စတင် ဆောင်ရွက်တာ ဖြစ်တဲ့အတွက်ကြောင့်
နောင်မှာ အဲဒီလို လုပ်ရပ်တွေ အများကြီးပေါ်လာလိမ့်မယ်။
ဒါကို အစိုးရအနေနဲ့ လုံးဝ အားမပေးသင့်ဘူး။
အစိုးရကိုယ်တိုင် ဒီစီမံကိန်းမှာ ဥပဒေ ချိုးဖောက်သူ
မဖြစ်အောင် သတိထားရမယ်” ဟု
ဒေါက်တာညိုညိုသင်းက ဆိုသည်။

“လွှတ်တော် ကိုယ်စားလှယ်တွေက ရန်ကုန်မြို့သစ်
စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းကြတဲ့ ကိစ္စတွေ၊
လုပ်ကိုင်ကြတဲ့ ကိစ္စတွေ၊ ဆောင်ရွက်ပုံတွေကို လွှတ်တော်
ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကိုက သေသေချာချာ
သိမနေဘူး ဖြစ်နေတယ်။
အဲ့ဒါကို ကြည့်ခြင်းကိုက အစိုးရသည် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေက ပြောထားတဲ့ စီမံကိန်းတွေ လုပ်ရင် လွှတ်တော်မှာ
တင်ပြပြီး လုပ်ရမယ် ဆိုတာကို ပျက်ကွက်နေတယ်။
အဲဒီပြဋ္ဌာန်းချက်ကို ချိုးဖောက်နေတယ်လို့ ပြောရမှာ
ဖြစ်နေတယ်”ဟု ဒေါက်တာ ညိုညိုသင်းက
ပြောကြားသည်။

“လွှတ်တော်ကော၊ အစိုးရကောက သဘောပေါက်
လွဲနေတာက မြို့သစ်စီမံကိန်းကို ပြီးခဲ့တဲ့ လွှတ်တော်က
အတည်ပြုခဲ့တာပဲလေ။
အဲဒီလို ယေဘုယျဆန်ဆန် လုပ်နေတာ တွေ့ရတယ်။
ပြီးခဲ့တဲ့ အစိုးရက လွှတ်တော်မှာ သဘောတူခဲ့တာ
မှန်တယ်။
အကောင်အထည်ဖော်ဖို့ကို ၀န်ကြီးချုပ် ကိုယ်တိုင်ကိုယ်က
တွန့်ဆုတ်တဲ့အတွက်ကြောင့် အကောင်အထည် မဖော်ဖြစ်
ခဲ့ဘူးဆိုတာကို သဘောပေါက်သင့်တယ်။
ဘာကြောင့် ပြီးခဲ့တဲ့ အစိုးရက သူ့ သက်တမ်း ရှိနေစဉ်မှာ
ဒါကို ဘာ့ကြောင့် မလုပ်နိုင်ခဲ့တာလဲ ဆိုတာ ပြန်ပြီးတော့
ဖော်ထုတ်သင့်တယ်” ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို စတင်ပြီး အကောင်အထည်
ဖော်ရာတွင် အနောက်တောင် မြို့သစ်စီမံကိန်း
ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဆိပ်ကြီးခနောင်တို၊
ကြည်မြင်တိုင်မှစပြီး မြို့နယ် သုံးမြို့နယ်နဲ့ စပြီး
အကောင်အထည် ဖော်ရာတွင် ၆၄ ဘီလျံကို ယခုမြို့သစ်
စီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးဘက်အခြမ်း
ရင်းနှီးမြှုပ်နှံရန် ထည့်သွင်းမည်ဖြစ်ကြောင်း သိရသည်။

“ဒီစီမံကိန်းကို အကောင်အထည် ဖော်မယ်ဆိုရင်
ဒီမြေတွေ၊ မြေဧက သုံးသောင်းဆိုတဲ့ မြေတွေက တရားဝင်
ပစ္စည်း ဖြစ်ရမယ်။
ဥပဒေနဲ့ အညီ အခွန်ဆောင်တာ ဖြစ်ရမယ်။
အဲဒီမြေကို စာရွက်စာတမ်းပိုင်းကတော့ တရားဝင်
ဖြစ်အောင် လုပ်ထားတာ ရှိတာပေါ့။
အဲ့ဒီ မြေပိုင်ဆိုင်မှုရဲ့ရာခိုင်နှုန်း ၃၀ အခွန်မဆောင်ပဲနဲ့
လူနည်းစုတစ်စုကို လုပ်ပေးလိုက်မယ်ဆိုရင် အစိုးရပါ
ဥပဒေချိုးဖောက်သူထဲမှာ ရောပါသွားမှာ ဖြစ်တယ်။
အစိုးရကိုယ်တိုင်က ဒီစီမံကိန်းကို အကောင်အထည်
ဖော်လို့ရှိရင် ဥပဒေနဲ့ ညီတယ်လို့ ထင်တယ်။
အစိုးရကိုယ်တိုင်က တွေးနေတယ်။
အစိုးရက ဥပဒေအထက်မှာ မရှိပါဘူး”ဟု
၎င်းက ပြောကြားသည်။

မြို့သစ်စီမံကိန်း အကောင်အထည် ဖော်သည့်အခါတွင်
- အဓိကအားဖြင့် အများပိုင်ကုမ္ပဏီ တစ်ခုကို ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအောက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊
- တစ်ဖက်က ပါဝင်တဲ့အဖွဲ့သည် ၁၉၉၆ ခုနှစ်တွင် စဖွဲ့ခဲ့
သည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောက်လုပ်ရေး
လုပ်ငန်းရှင် ၃၀၀၀ ကျော်ရှိသည့် မြန်မာ့ဆောက်လုပ်ရေး
လုပ်ငန်းရှင်များအသင်း (MCEA) ၏ စီးပွားရေးလုပ်ငန်း
MCDP (Myanmar Construction Development
Public Co.,Ltd) ဖြစ်ကြောင်း၊
- MCDP နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့
ပူးပေါင်းပြီး အများပိုင်ကုမ္ပဏီ
Myanmar Metropolitan Public Co.,Ltd ထပ်မံ
ဖွဲ့စည်းခဲ့ကြောင်း၊
- ၂၀၁၇ ခုနှစ် မတ် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် စတင်ဖွဲ့စည်းခဲ့ကာ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၅၁ ရာခိုင်နှုန်း၊
MCDB ကတော့ ၄၉ ရာခိုင်နှုန်း ပါကြောင်း
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ တွင်
ရှင်းလင်းဆွေးနွေးခဲ့သည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရက RE ထဲမှာ ချပေးထား
တဲ့ မြို့ပြအိမ်ရာများ ဆောက်လုပ်ရေး လုပ်ငန်းများအတွက်
ရင်းနှီးမြှုပ်နှံဖို့အတွက် ၄၆ ဘီလျံကို ထည့်သွင်း ရင်းနှီး
မြှုပ်နှံ ထားရှိပါတယ်။
ရန်ကုန်မြို့သစ် စီမံကိန်းကို ပထမအကြိမ် ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်မှာ အတည်ပြုခဲ့ပြီး လုပ်ငန်း
တည်ဆောက်မည့်သူ Developer သုံးဦးတို့နဲ့ ၂၀၁၆ ခုနှစ်
မတ်လအတွင်း စာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်။
မြို့သစ်စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မှုနှင့်
ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ
အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံး ပုံသဏ္ဍန်ကို ရွေးချယ်
ဆောင်ရွက်လျက် ရှိပါတယ်” ဟု
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက
ပြောကြားသည်။

(ထက်ရှိုင်း)

credit - The Pyi Myanmar News
& Eleven Media Group

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment