Sunday, July 26, 2015
"မြေဝယ်ယူရာတွင် စိစစ်ရမည့်အချက်များ"
"မြေဝယ်ယူရာတွင် စိစစ်ရမည့်အချက်များ"
1. မြေကွက်တည်နေရာနှင့် အလားအလာ
2. မြေအမျိုးအစား
3. မြေကွက်တန်ဖိုးဈေးနှူန်း
(ဆိုဈေးနှင့် အလျှော့အတင်း အခြေအနေ)
4. မြေကွက်အကျယ်အဝန်း
(နယ်နိမိတ်တိုင်းတာ သတ်မှတ်သည့်မြေပုံနှင့် တိုက်ဆိုင်စစ်ဆေး၍
အမှန်အကယ်ရှိမရှိ လက်တွေ့ တိုင်းကြည့်ရန်)
5. အမည်ပေါက်ပိုင်ရှင် ကိုယ်တိုင်ရောင်းချခြင်း
ဟုတ်မဟုတ်
6. ပိုင်ဆိုင်မှုအဆင့်ဆင့်နှင့် သက်ဆိုင်သည့်
စာချုပ်များ ၊စာရွက် ၊စာတမ်းများ အပြည့်အစုံ ရှိမရှိ
7. ရောင်းသူသည် အမှန်တယ် ပိုင်ဆိုင်ခွင့် ၊
ရောင်းချခွင့် ရှိသူ ဟုတ်မဟုတ်
8. လိုအပ်ပါက လင်နှင့်မယား နှစ်ဦးစလုံးမှ
လက်မှတ်ရေးထိုး ပေးနိုင်ခြင်း ရှိမရှိ
9. လိုအပ်ပါက ဝယ်ယူမည့်အကြောင်းကို သတင်းစာတွင်
ကြော်ငြာခြင်းကို လက်ခံ၊မခံ
10. လွှဲပြောင်း ၊ ရောင်းချ ၊ ပေါင်နှံ ၊ စွန်.လွှတ် ၊ လှူဒါန်း ၊
အာမခံ တင်သွင်းထားခြင်း ရှိမရှိ
11. မြေကွက်အမှတ် ၊ အိမ်အမှတ်
12. မြေကွက်မျက်နှာပြုရာအရပ်
13. လမ်းပန်းဆက်သွယ်ရေးနှင့် ကားဝင်ထွက်နိုင်မှု
အခြေအနေ
14. ရေဝပ် ၊ မဝပ် နှင့် ရေဆင်းကောင်းမကောင်း
15. သဘာဝဘေးအန္တရာယ်ကြောင့် ပေါ်ပေါက်နိုင်သည့်
အန္တရာယ် ရှိမရှိ
- မြစ်ရေကြီးခြင်း၊ တာကျိုး၍ရေ လျှံခြင်း၊ ထူးကဲဒီရေကြောင့်မြုပ်ခြင်း ၊
မြစ်ရေတိုက်စားခြင်း
- ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ။
16. လျှပ်စစ်မီး ရှိမရှိ
17. ရေရရှိမှု အခြေအနေ
18. အနီးပတ်ဝန်းကျင်အခြေအနေ
19. လမ်းမကြီး ( ခရီးသည်တင် ဘတ်စ်ကားလိုင်း) မှ
မည်မျှ ကွာသည်။
20. မိမိလုပ်ကိုင်မည့် လုပ်ငန်းနှင့် ကိုက်ညီမှု ရှိမရှိ
21. အနီးဆုံးဈေးနှင့် အနီးဆုံးကျောင်းများ
22. သစ်ပင်နှင့် စားပင်များ ပါဝင်မှု
23. ပြန်ရောင်းရန်ဖြစ်ပါက အလွယ်တကူ
ပြန်ရောင်း၍ရနိုင်၊ မရနိုင်
ဇော်မြင့်ဦး (အိမ်ခြံမြေ လမ်းညွှန်)
credit - estate myanmar
"မြေဧက ဖွဲ့ နည်း - တွက်နည်း"
"မြေဧက ဖွဲ့ နည်း - တွက်နည်း"
* တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
* လေးနားညီ စတုရန်း=
လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
* နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
* နှစ်နားပြိုင် တြာဗီဇီယံ =
ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
* တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560
* ထောင့်မှန် တြိဂံ -
အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
* စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
* ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
ဝ.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို
(အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ =
စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
"ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း"
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
* (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
* (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷
ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်
* ( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင်
၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်
(ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ...)
credit - Min Khaung
"အရောင်းအဝယ်အေးစက်နေပြီဖြစ်သည့် အိမ်ခြံမြေ ပြိုလဲမှု ဆက်လက်ပြီး အချိန်ကြာမြင့်ပါက အခြားစီးပွားရေးလုပ်ငန်းများပါထိခိုက်ပြိုလဲလာနိုင်"
"အရောင်းအဝယ်အေးစက်နေပြီဖြစ်သည့် အိမ်ခြံမြေ ပြိုလဲမှု
ဆက်လက်ပြီး အချိန်ကြာမြင့်ပါက အခြားစီးပွားရေးလုပ်ငန်းများပါ
ထိခိုက်ပြိုလဲလာနိုင်"
ပြည်တွင်းအိမ်ခြံမြေနှင့် ဆောက် လုပ်ရေးလုပ်ငန်းများ ယခုအခြေ အနေ
အတိုင်း ဝယ်ယူသူနည်းပါး သည့် အချိန်ကြာမြင့်လာပါက အခြား သော
စီးပွားရေးလုပ်ငန်းများပါ လိုက် ပါ ကျဆင်းလာနိုင်သည့်အတွက်
ဈေးကွက်ပြန်လည်မြှင့်တင်ရန် နည်း လမ်းပေါင်းစုံဖြင့် ကြိုးပမ်း
ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်များ
အသိုင်း အဝိုင်းမှ သတင်းရရှိသည်။
အိမ်ခြံမြေဈေးကွက် အေးစက် သွားသည့် အချိန်တွင် ဆောက်လုပ်ရေး
လုပ်ငန်းကြီးများပါ အရောင်း အဝယ် ကျဆင်းလာခဲ့သည့်အတွက်
ငွေပင်ငွေရင်းနည်းပါးစွာ အသုံးပြု လျက် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချခြင်းမှ
ရရှိသည့် ဝင်ငွေများဖြင့် လည် ပတ်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီများ
အဖို့ ငွေပြန်လည်ပေး ဆပ်နိုင်သည့် အခြေအနေ နည်းပါး လာနေသည့်
အတွက် အိမ်ခြံမြေဈေး ကွက် ပြိုလဲလာနိုင်သည့်
အရိပ် လက္ခဏာများကို မြင်တွေ့နေရသည်။
"ဆောက်လုပ်ရေးသမားတွေ၊ ဟိုပြေးဒီပြေးဖြစ်နေတဲ့အချိန်
မြေရှင် နဲ့ ကန်ထရိုက်တာတွေကြားမှာလည်း ပြဿနာဖြစ်နေတဲ့အချိန်၊
အဝယ် လည်းမရှိတဲ့အချိန် ဖြစ်နေပါတယ်။
ဒါပေမယ့် တစ်ချိန်မှာတော့ အဆိုး တွေရှိသလို အကောင်းတွေလည်း
ရှိနိုင်ပါတယ်”ဟု Rose Hill Group ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက
ပြောသည်။
မြန်မာနိုင်ငံတွင် ငွေပိုငွေလျှံရှိ သည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့်
ခေတ်အဆက်ဆက်၌ ရွှေ၊ ကား၊ ဒေါ်လာနှင့် အိမ်ခြံမြေ ကဏ္ဍများတွင်
ဝင်ရောက်လုပ်ကိုင်ခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းမှ စတင်၍
ကား၊ ရွှေနှင့် ဒေါ်လာ အရောင်း အဝယ်ကဏ္ဍ၌
ဈေးကွက်မတည်ငြိမ်မှုများ ဖြစ်ပွားလာခဲ့သည့် အခြေ အနေတွင်
ပြည်တွင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင်
အရောင်းအဝယ်များ ဖြစ်ထွန်းလာခဲ့ သည်။
"အိမ်ခြံမြေတွေ တဖြည်းဖြည်း နဲ့ ပြိုကွဲမှုဟာ မိုနိုပိုလိုက်ဖြစ်ပြီး
တခြားစီးပွားရေးတွေကိုပါ သွား ထိခိုက်နိုင်တယ်။
ကျွန်တော် ပြောချင် တာက developer တွေ ကောင်းစား ဖို့ထက်
နိုင်ငံရဲ့ စီးပွားရေးကိုပဲ ဦးတည်ချင်တာပါ။
တကယ် ဈေး ကွက်က လိုလာတဲ့အခြေအနေတစ်ခု ကို ဖန်တီးပေးနိုင်မှ
ဈေးကွက်က ပြန်လည်ဦးမော့လာနိုင်မယ်။
ဒါကြောင့် သမ္မတအကြံပေးတွေ၊လူကြီးတွေကို လည်း
တင်ပြထားပါတယ်။
နိုင်ငံရဲ့ စီးပွားရေးကို ပြန်ကောင်းအောင် လုပ်ရမှာက
လူတိုင်းရဲ့တာဝန်ပါ”ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။
၂ဝ၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင် ၍ မြန်မာ့အိမ်ခြံမြေဈေးကွက်အတွင်း
အရောင်းအဝယ်များ ရုတ်တရက် အေးကာ ဝယ်သူများ
နည်းပါးသွား သည့်အတွက် အရှိန်အဟုန်ပြင်းပြင်း နှင့်
ဆောက်လုပ်ခဲ့ကြသည့် အထပ် မြင့် အဆောက်အအုံကြီးများ၊
ကွန်ဒို မီနီယမ်တိုက်ခန်းများမှာ ယခုအခါ တွင် ဈေးနှုန်းထက်ဝက်နီးပါး
ကျဆင်း လာသည်အထိ ဈေးလျှော့ရောင်းချ လာခဲ့သော်လည်း
ဝယ်ယူသူမရှိ ဖြစ်နေဆဲ ဖြစ်သည်။
"တချို့တွေကျတော့ ကြိုပွိုင့် ရောင်းလို့ ရတဲ့ငွေတွေ၊
ဘဏ်က ချေးထားတဲ့ငွေတွေ၊
အပြင်ကနေ အတိုးနဲ့ယူထားတဲ့ငွေတွေနဲ့ဆောက် ပြီး ပြန်ရောင်းကြတာ၊
အရောင်း အဝယ် ကောင်းတဲ့အချိန်ကတော့ ပြဿနာမရှိပေမယ့်
အခုလို အရောင်း အဝယ်အေးတဲ့ အချိန်မှာတော့ ပြဿနာတွေ
အများကြီးဖြစ်လာ တယ်။
ကန်ထရိုက်တာတွေ၊ developer တွေကို ပြောချင်တာကတော့
အဆောက်အအုံ ဆောက်တော့မယ် ဆိုရင် ကိုယ့်ငွေနဲ့ကိုယ်
ဆောက်တာ အကောင်းဆုံးပဲ”ဟု
ရွှေကမ္ဘာမောင် မောင် ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ
ဦးမောင်မောင်က ပြောသည်။
ဇေယျာလင်း
credit - Trade Time Journal
"လယ်မြေများကို လယ်ပိုင်ရှင်ဆိုသူများက အကျယ်အဝန်းတစ်ခုသတ်မှတ်ကာ လူနေမြေကွက်များအဖြစ် အကွက်ရိုက် ရောင်းချလျက်ရှိခြင်းသည် ပိုင်ဆိုင်မှုမခိုင်မာဘဲလူမှုရေးပြဿနာများ ရှုပ်ထွေးလာစေနိုင်"
"လယ်မြေများကို လယ်ပိုင်ရှင်ဆိုသူများက အကျယ်အဝန်းတစ်ခု
သတ်မှတ်ကာ လူနေမြေကွက်များအဖြစ် အကွက်ရိုက်
ရောင်းချလျက်ရှိခြင်းသည် ပိုင်ဆိုင်မှုမခိုင်မာဘဲ
လူမှုရေးပြဿနာများ ရှုပ်ထွေးလာစေနိုင်"
မြို့စွန် မြို့နယ်များရှိ လယ်မြေများကို လယ်ပိုင်ရှင်ဟု ဆိုသူများက
အကျယ်အဝန်းတစ်ခု သတ်မှတ်ပြီးအရပ်စာချုပ်များ ချုပ်ဆိုကာ
အကွက်ရိုက် ရောင်းချလာနေခြင်းသည်ဝယ်ယူသူများအနေဖြင့်
ရေရှည်တွင်နစ်နာဆုံးရှုံးမှုများကို ကြုံတွေ့လာနိုင်ကြောင်း
ဥပဒေပညာရှင်များနှင့်အိမ်ခြံမြေအကျိုးဆောင်များထံမှသတင်းရရှိသည်။
"မြို့ကွက်သစ်တွေ ဖော်ထုတ်တုန်းက လယ်မြေတွေ သိမ်းပြီး
လုပ်ခဲ့ကြတယ်။ အခု နှစ်ကြာတော့မြို့ကွက်သစ်တွေထဲမှာ
အထူးသဖြင့်မြို့စွန်တွေမှာ ဘာမှ မလုပ်ဖြစ်တဲ့အကွက်တွေလည်း
ရှိနေသေးတယ်။
ဒါ့အပြင် ဒီမြေနဲ့ ဆက်စပ်နေတဲ့လယ်ကွက်တွေမှာလည်း ပိုင်ရှင်တွေက
အကွက်ရိုက်ပြီး ရောင်းတာကပိုပြီးတော့ သူတို့အတွက်
ပိုမြတ်နိုင်တာကို မြင်လာကြလို့ အကွက်ရိုက်ပြီး ရောင်းတာတွေ
ဖြစ်လာတယ်။
လယ်သမားမှာ ရှိတာက လယ်ယာမြေ လုပ်ကိုင်ခွင့် လက်မှတ် ပုံစံ- ၇
ပဲရှိမယ်။ အရပ်စာချုပ်နဲ့ ရောင်းတာဥပဒေနဲ့လည်း မညီပါဘူး။
ပြဿနာဖြစ်လာရင် ဝယ်သူတွေ နစ်နာနိုင်တယ်” ဟု
တရားလွှတ်တော်ရှေ့နေဦးထွန်းအောင်က ပြောသည်။
*** ၂ဝ၁၂ ခုနှစ်၊ မတ်လ ၃ဝ ရက်တွင်
ပြည်ထောင်စု လွှတ်တော်မှအတည်ပြု
ပြဋ္ဌာန်းခဲ့သည့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး
ဥပဒေအရ နိုင်ငံတစ်ဝန်းရှိမြေလွတ်မြေလပ်နှင့် မြေရိုင်းများကိုစီမံခန့်ခွဲမှု
ကော်မတီတစ်ခုတည်းမှသာ စီမံခန့်ခွဲနိုင်ပြီး
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ
ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသို့ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့်
အတွက် လယ်သမားများအနေဖြင့် ယခုကဲ့သို့ မိမိတို့၏ အစီအစဉ်ဖြင့်
လယ်ယာမြေများပေါ်တွင် အကွက်ရိုက် ရောင်းချခြင်းသည်
ဥပဒေကို ချိုးဖောက်ရာရောက်သည့်အပြင်
ယင်းဥပဒေအရထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်စလုံးကိုပါ
ချမှတ်နိုင်သည်။ ***
အိမ်ခြံမြေ ဈေးနှုန်းမြင့်တက်လာ နေသည့်အတွက်
အိမ်ငှားရမ်းခ နှုန်းထားများပါ မြင့်မားလာနေသည့် ယနေ့အချိန်တွင်
လယ်သမားများက ယခုကဲ့သို့ လယ်ယာမြေများကို
လူနေမြေကွက်ပုံစံဖြင့် အကွက်ရိုက် ကာ ဈေးနှုန်းချိုသာစွာဖြင့်
ရောင်းချ ပေးနေသည့်အတွက် ဝယ်ယူသူ များပြားလျက်ရှိနေ ပြီး
ဝယ်ယူသူများ အနေဖြင့်လည်း ယင်းမြေကွက်များ ဝယ်ယူသည့်
နှုန်းထားများနှင့် လတ် တလော အိမ် ငှားရမ်းနေထိုင်သည့်
နှုန်းထားများကို ချိန်ထိုးကာ ဝယ်ယူ လေ့ရှိကြောင်း သိရသည်။
"တောင်ဒဂုံ ကျည်စုမှာ ပေ ၂ဝ x ၆ဝ မြေကွက်ကို
ငါးသိန်းနဲ့ ရောင်းတယ်ဆိုတာ သတင်းကြားလို့ သွားဝယ်တာ
ရခဲ့ပါတယ်။ တရား ဝင်မဝင် မသိပေမယ့် နှစ်နှစ်လောက်
နေရရင်တောင် အိမ်ငှားခပေးရမယ့် ငွေနဲ့ တွက်ရင် တန်ပါတယ်” ဟု
မြေကွက်ဝယ်ထားသူ ဒဂုံမြို့သစ်အရှေ့ ပိုင်းမှ ကိုမင်းမင်းက ပြောသည်။
ဈေးကွက်တစ်ခုလုံးနှင့်ယှဉ်လျှင်အိမ်ခြံမြေဈေးကွက် အေးစက်နေသည့်
လက်ရှိအချိန်တွင် အကွက်အကွင်း ကောင်းမွန်ခြင်းမရှိသည့်
အတွင်းဘက်ကျသည့် မြေကွက်များ၊ လယ်ကွက်များကို
ရောင်းချလိုသည့် ပိုင်ရှင်များအနေဖြင့် ယခုကဲ့သို့ လယ်ကွက်များကို
လူနေမြေကွက်များအဖြစ် အကွက်ရိုက်ကာ အရပ်စာချုပ်များဖြင့်
ရောင်းချသည့် ဖြစ်စဉ်များမှာ နေရာအနှံ့တွင်ဖြစ်ပေါ်လျက်ရှိသည်။
"လယ်ကို အကွက်ရိုက်ပြီးရောင်းတာတွေ တော်တော်များများမှာ
တွေ့လာရတယ်။ လယ်ပိုင်ရှင်အတွက်လည်း ငွေပေါ်ပြီး
အမြတ်အစွန်း ပိုထွက်လာသလို ဝယ်တဲ့လူတွေကလည်း
ဈေးချိုတော့အိမ်ငှားခနဲ့ တွက်ပြီး ဝယ်တာများတယ်။
ခိုင်မာမှုတော့ မရှိပါဘူး၊ဝယ်တဲ့သူလည်း များပါတယ်” ဟု
ဒဂုံမြို့သစ်မြောက်ပိုင်းမှ အေးရိပ်စံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ
ကိုဝင်းထိန်က ပြောသည်။
ယင်းဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မြေလွတ်မြေလပ်ဆိုသည်မှာ
ယခင်က သီးစားလုပ်ကိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်
စွန့်လွှတ်ထားသည့်သီးစားခံယူလုပ်ကိုင်သူ မရှိသည့်စိုက်ပျိုးရေးနှင့်
မွေးမြူရေးလုပ်ငန်းများပါ လုပ်ကိုင်နိုင်သည့်မြေများနှင့်နိုင်ငံတော်မှ
သီးသန့်လျာထား သတ်မှတ်ထားသည့် မြေများကို
ဆိုလိုခြင်းဖြစ်သည်။
ဇေယျာလင်း
credit - Trade Time Journal
"ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဝေဖန်ကန့်ကွက်မှု ခံနေရသည့် ရန်ကုန်မြို့သစ်စီမံကိန်း"
"ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဝေဖန်ကန့်ကွက်မှု
ခံနေရသည့် ရန်ကုန်မြို့သစ်စီမံကိန်း"
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါခေါ်ယူထားသည့်
ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်မှုများစွာ ရှိနေသည်ကို
တွေ့ရသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့၏ အနောက်ဘက်
ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊
လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးတူးမြောင်းကြား
မြေနေရာများကို လျာထားသည်ဟု သိရသည်။
ယင်းသို့ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရခြင်းမှာ
ပြီးခဲ့သည့် ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်
အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က
“ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ပေးရေး”အဆို
ပြန်လည်တင်သွင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး ယင်းအဆိုကို
ကန့်ကွက်သူအချို့သာရှိ၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က
အတည်ပြုခဲ့သည်။
ယင်းအဆိုအား အတည်ပြုလိုက်ချိန်တွင် ယခင် တရားဝင်ရပ်ဆိုင်းထားပြီး
ဖြစ်သည့် ရန်ကုန်မြို့သစ်စီမံကိန်းအား ပြန်လည်အသက်ဝင်အောင်
ပြုလုပ်ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြရာ
ရန်ကုန်မြို့တော်ဝန် က ယခုအတည်ပြုမှုသည်
ယခင် ရန်ကုန်မြို့သစ်စီမံကိန်း မဟုတ်ဘဲ
“မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀”တွင် ပါရှိသည့်
ရန်ကုန်မြို့ကို တိုးချဲ့ရန် ဒုတိယဦးစားပေးဖြစ်သည့်
ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် (ယခု တင်ဒါခေါ်ယူထားသည့်
ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သည့်နေရာများ) အား
ဦးစားပေးအနေဖြင့် ဖော်ဆောင်ရန် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း
သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
“မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀” တွင်
ရန်ကုန်မြို့ကို တိုးချဲ့ရန်
ဦးစားပေး (၁)တွင် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ် ၁၇၃၇၅ ဧက၊
ဦးစားပေး(၂) ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ် ၂၁၇၁၆ ဧက၊
ဦးစားပေး(၃) သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊
ဦး စားပေး(၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊
ဦးစားပေး(၅) ထန်းတပင်မြို့ သစ် ၂၄၇၄၈ ဧက၊
ဦးစားပေး(၆) မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့်
ဦးစားပေး (၇) လှည်းကူးမြို့သစ် ၆၉၃၃ ဧက
စုစုပေါင်း ၁၁၈၇၃၂ ဧကဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ
ဦးစားပေး(၁) ဖြစ်သည့် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်
(ဒဂုံမြို့သစ်မြို့နယ်များပါဝင်သော) ကို အကောင်အထည်မဖော်သေးဘဲ
ဒုတိယဦးစားပေးဖြစ်သော ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ်
(ယခု တင်ဒါခေါ်ယူထားသည့် ရန်ကုန်မြို့သစ်စီမံကိန်း) ကို ဦးစွာ
အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူခြင်းအပေါ်တွင်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက
ဝေဖန်ထားကြခြင်းဖြစ်သည်။
“ မဟာရန်ကုန်မြို့ပြစီမံကိန်းအရဆိုရင် မြို့သစ်ချဲ့ဖို့ ပထမဦးစားပေး
လာပြီးမှ ဒုတိယဦးစားပေးလာရမှာ။ အခုဟာက ပထမဦးစားပေးဖြစ်တဲ့
ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည်မဖော်သေးဘဲ
ဒုတိယဦးစားပေးကို အရင်လုပ်တာ မဖြစ်သင့်ဘူး။
အဲဒီလိုလုပ်တာဟာ သူတို့က ပြောကောင်းပြောလိမ့်မယ်။ ဒါလွှတ်တော်မှာ
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က တင်ခဲ့လို့ အတည်ပြုခဲ့တဲ့
စီမံကိန်းကို ဦးစားပေးလုပ်တာပါလို့ ပြောကောင်း ပြောလိမ့်မယ်”ဟု
ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ
ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာညိုညိုသင်းက ဝေဖန်ခဲ့သည်။
ထို့ပြင် ကြည့်မြင်တိုင်မြို့နယ် မှ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်အနေဖြင့်
စီမံကိန်းအား လွှတ်တော်သို့တင်ခဲ့ခြင်းမှာ မဖြစ်သင့်ကြောင်း၊
ဦးမြင့်လွင်အနေဖြင့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းအား ဖွံ့ဖြိုးရေး
စီမံကိန်းအား လုပ်ဆောင်ပေးသည်ဟု အဆိုတင်သွင်းသင့်ကြောင်း၊
စီမံကိန်းဆိုသည်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သာ
ရေးဆွဲရမည်ဟု သိရသည်။
“စီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ်က တင်ခွင့်မရှိဘူး။ ဒါက
လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုတာ တွေ့ရတယ်” တာမွေမြို့နယ်
မဲဆန္ဒနယ်အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။
“ဦးမြင့်လွင်တင်တာက စီမံကိန်းလို့တင်တာ။ စီမံကိန်းဆိုတာ
လွှတ်တော်ကိုယ်စားလှယ်က တင်ပိုင်ခွင့်မရှိဘူး။ အစိုးရကပဲ တင်ရတာ။
စီမံကိန်းဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၅၁ မှာ ပြဋ္ဌာန်းထားတာက
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတွေက အကောင်အထည်ဖော်မဲ့
စီမံကိန်းတွေဆိုရင် လွှတ်တော်ကို မလွဲမသွေတင်ရမှာပါ။
အခုဟာက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကလည်း ဒါကို
ထောက်ပြတာမရှိခဲ့ဘူး။ အမှန်ဆိုရင် အစိုးရက စီမံကိန်းပြန်ဆွဲပြီး
လွှတ်တော်ကို ပြန်တင်ရမယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက မှားတာရှိရင် ထောက်ပြ
ဝေဖန်ဆွေးနွေးပြီးမှ အတည်ပြုမယ်။ အဲဒီအတည်ပြုတာကိုမှ အစိုးရက
အကောင်အထည်ဖော်ရမှာ”ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်
အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်က ပြောကြားသည်။
ယခု မြို့သစ်စီမံကိန်းထက် လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကတည်း
အကောင်အထည်ဖော်ခဲ့သော ရေ၊ မီးစသော အခြေခံအဆောက်အအုံများ
မပြည်စုံသေးသည့် ဒဂုံမြို့သစ် လေးမြို့နယ်ပါဝင်သော
ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို ဦးစွာအကောင်အထည်ဖော်သင့်ကြောင်း
လည်း ထောက်ပြမှုများရှိနေသည်။
“သူတို့ လွှတ်တော်ကို တင်လာတယ်။ ရန်ကုန်မြောက်ပိုင်းမှာ စီးပွားရေးဇုန်
တည်ဆောက်ဖို့။ ကျွန်တော်က မြောက်ပိုင်းနဲ့ မလုံလောက်ဘူး။
အရှေ့ပိုင်းမှာလည်း စီးပွားရေးဇုန် တည်ဆောက်ဖို့လိုတယ်ဆိုတာ
တင်တဲ့အခါမှာ ကျွန် တော်အဆိုကို လက်ခံပြီး လွှတ်တော်ကလည်း
အတည်ပြုပြီးသား။
ဒါဆိုရင် ရန်ကုန်အရှေ့မြောက်မြို့သစ်က လျာထားတာမဟုတ်ဘဲနဲ့
လွှတ်တော်က အတည်ပြုဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက်
ဒါကို အကောင်အထည်ဖော်ဖို့အတွက် စဉ်းစားရတော့မယ်”ဟု
ဦးကျော်က ပြောကြားထားသည်။
“အမှန်တော့ မဟာရန်ကုန်မြို့ပြဖွံ့ရေးစီမံကိန်း ၂၀၄၀ အရ
သူ့ဒေသအလိုက် သူ့ဒေသရဲ့ အနေအထားပေါ်မူတည်ပြီး
ပညာရှင်တွေနဲ့ JICA တို့က မြို့ချဲ့ဖို့ကို ဆွဲခဲ့တာ။
အခုဟာက အဲဒီက ဦးစားပေးအဆင့် ၁ ကိုကျော်ပြီးတော့
အဆင့် ၂ ဖြစ်တဲ့ အခုမြို့သစ်စီမံကိန်းဆိုတော့ အဆင်ပြေပါ့မလားလို့
သတိထားမိတယ်။ တကယ်ဆို သီလ၀ါ အထူးစီးပွားရေးဇုန်က
ပထမဦးစားပေး မြို့သစ်ထဲမှာပါတဲ့ ဒဂုံဆိပ်ကမ်း နဲ့ဆိုရင်
နည်းနည်းလေးပဲလှမ်းတာ။ ဒဂုံဆိပ်ကမ်းကို ဖွံ့ဖြိုးအောင် ချဲ့မယ်ဆိုရင်
သီလ၀ါကပိုပြီး အဆင်ပြေမယ်။ နောက်ပိုင်းကျရင်
သန်လျင်မြို့သစ်ချဲ့မယ်ဆိုရင်လည်း တစ်ဆက်တည်းဖြစ်သွားမှာ။
ဒဂုံဆိပ်ကမ်းမှာက မြေလွတ်တွေ လန ၃၉ ကျပြီးသား
မြို့မြေအဖြစ်ခွင့်ပြုပြီးသားမြေတွေ အများကြီးရှိပြီးသား။
အခု ရန်ကုန်မြို့သစ်ဘက်မြေတွေ ဆိုရင် လယ်မြေတွေ
အများကြီးပါနေပါတယ်”ဟု တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က
သုံးသပ်ပြောကြားသည်။
အကယ်၍ မြို့သစ်စီမံကိန်းကို ဖော်ဆောင်မည်ဆိုပါက အစိုးရအနေဖြင့်
လုပ်ထုံးလုပ်နည်းများကို ပြန်ပြင်ရမည်ဖြစ်ပြီး လွှတ်တော်သို့ စီမံကိန်း
ရေးဆွဲ တင်ပြပြီးမှသာ အကောင်အထည်ဖော်သင့်ကြောင်း နှင့်
ယခု အကောင်အထည်ဖော်ရန် တင်ဒါပင်ခေါ်ယူထားပြီးဖြစ်သောကြောင့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၅၁ နှင့် လိုက်လျောညီထွေမရှိကြောင်း
၎င်းက ဆက်လက်သုံးသပ်သည်။
အလားတူ ယခု တင်ဒါခေါ်ယူထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင်
နိုင်ငံသားရင်းနှီးမြှုပ်နှံလိုသူများသာ တင်ဒါခေါ်ယူထားမှုအပေါ်လည်း
ဝေဖန်မှုများစွာ ထွက်ရှိနေကြောင်း ဗဟန်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
"နိုင်ငံသားတွေပဲ ဘာကြောင့်လုပ်ခိုင်းတာလဲ။
နိုင်ငံသားတွေဆိုရင် မြို့သစ်အတွေ့အကြုံ သိပ်မရှိဘူး။
အမှန်ဆို နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ပေါင်းလုပ်ရမှာ။ ဒါမှ
အတွေ့အကြုံလည်း ရနိုင်မယ်။
ပြီးတော့ အာမခံစပေါ်ငွေ ကျပ် ငါးဘီလျံဆိုတာ တော်တော်ကို
နည်းတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းကြီးကနေ အမြတ်ငွေ
အမေရိကန်ဒေါ်လာ ၇၀ ဘီလျံလောက် မြတ်နိုင်တယ်။
ဒါကြောင့် စံချိန်မီ မြို့သစ်ဆိုရင် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံလောက်
စပေါ်ငွေတင်ရ စိတ်ချရနိုင်မယ်။
ဘာဖြစ်လို့လဲဆိုတော့ မြို့စီမံကိန်းက အကြီးကြီး။
အခုဟာက ကျပ်ငါးဘီလျံပဲဆိုတော့ စိုးရိမ်မိတယ်”ဟု
ဒေါက်တာညိုညိုသင်းက ဆိုသည်။
သို့ဖြစ်ရာ စီမံကိန်းနှင့်ပတ်သက်၍ တင်ဒါများ ဖွင့်လှစ်စစ်ဆေးချိန်တွင်
၎င်းအနေဖြင့် သွားရောက်လေ့လာမည်ဖြစ်ကြောင်း
ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။
အလားတူ စီမံကိန်းအတွင်း တရားမ၀င် ငွေမည်းများစွာ
ရောက်ရှိ စီးဆင်းနေမည်ကိုလည်း ၎င်းအနေဖြင့် စိုးရိမ်ကြောင်းနှင့်
ယင်းငွေမည်းများကြောင့် မြန်မာငွေကြေးဈေးကွက်အပေါ်
ရိုက်ခတ်မှုများကိုလည်း ၎င်းအနေဖြင့် စိုးရိမ်နေကြောင်း
ပြီးခဲ့သည့် ဇွန်လအတွင်း ပြုလုပ်ခဲ့သည့်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအပြီးတွင်
ဒေါက်တာညိုညို သင်းက ပြောကြားထားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည်ဟု
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အသိပေခဲ့ရာတွင်
ယင်းစီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း အဘက်ဘက်မှ
ဝေဖန်ခံခဲ့ရ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
ပြန်လည်ရုပ်သိမ်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က
ရပ်ဆိုင်းရန် သဘောတူခဲ့ခြင်းဖြစ်သည်။
credit - Eleven Media Group
"ရောင်းမှားဝယ်မှား မဖြစ်ရအောင် မြေအမျိုးအစားအလိုက်စာရွက်စာတမ်း စစ်ဆေးသင့်"
"ရောင်းမှားဝယ်မှား မဖြစ်ရအောင် မြေအမျိုးအစားအလိုက်
စာရွက်စာတမ်း စစ်ဆေးသင့်"
အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာ
ရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်
စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်း
အမျိုးအစား အ လိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝ
မတူညီနိုင်ပါဘူး။
ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကို
တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။
ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့
စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
"ဂရန်မြေ"
======
- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်
"မှန် မမှန်၊ စစ် မစစ်" ကို
သက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။
- ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းက
နည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာ
ရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။
"ပါမစ်မြေ"
======
ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေ
အမျိုးအစား ဖြစ်ပါတယ်။
- ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊
အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။
အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကို
ပြန် လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။
အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်
တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။
အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာ
ဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။
“ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာ
ဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊
ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့
ပွဲပျက် တာတွေတောင် ရှိတယ်”လို့
မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှ
အမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။
- ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီး
အင်ထရီလည်း ဝင်ထား မယ်ဆိုရင်
အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊
သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။
အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။
"လယ်မြေ"
======
လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်
- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊
လယ်ယာမြေမှတ်ပုံတင် စာအုပ်၊
စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။
စလစ် up to date ဆိုတာကတော့ အစိုးရကို
အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။
- လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ
"လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။
လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်
အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု
ဖြစ်ပါတယ်။
- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီး
အခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်
လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂါရပ်ညီညွတ်ပြီလို့
ဆိုနိုင်ပါ တယ်။
လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနက
အခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာ
မှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်
မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။
- မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနက
မှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း
မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့
ပုံစံ တစ်ခု ဖြစ်ပါတယ်။
မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို
တစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရ
မြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊
မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။
“လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေ
ရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့
ကိုဝင်းနိုင်ဦးက ဆိုပါတယ်။
- ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီး
စာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရ
မှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။
"လန ၃၉ မြေ"
========
- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်
ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။
လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေ
ပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။
- ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခု
ပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှ
အဆင်ပြေမှာ ဖြစ်ပါ တယ်။
"တိုက်ခန်းဝယ်မယ်ဆိုရင်"
==============
တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာ
ဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထား
ပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။
တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့
စာရွက်စာတမ်းတွေကတော့
- ဆက်စပ် စာချုပ်၊
- BCC (လူနေထိုင်ခွင့်) ၊
- မြေ ရှင်လက်မှတ်၊
- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။
အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့
သိရပါတယ်။
"ဘိုးဘွားပိုင်မြေ"
=========
ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့
သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်
မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။
(မိုးသိင်္ဂီဇော်)
credit - ကုမုဒြာ သတင်းဂျာနယ်
Sunday, July 19, 2015
"အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရင် သတိပြုပါ"
"အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရင် သတိပြုပါ"
အိမ်ခြံမြေတွေကို အကျိုး ဆောင် မပါဘဲ
စာချုပ်ချုပ်ဆိုရောင်းဝယ် ကြမယ်ဆိုရင်
"စာချုပ်ပါအကြောင်းအရာတွေကို သေသေချာချာ စစ်ဆေးသင့်တယ်"
လို့ သိရပါတယ်။
“သေချာမစစ်ဆေးဘဲ ဝယ်ယူတာတွေကြောင့် စလစ်အတု၊
ပါမစ်အတုတွေ ဝယ်မိတယ်ဆိုတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေ ရတာပါ၊
သေချာစစ်ဆေးမယ်ဆိုရင်တော့ ဒီပြဿနာတွေ မဖြစ်နိုင်ဘူး”
လို့ အိမ်ခြံမြေ အကျိုးဆောင် ဦးမြင့်အေးက ဆိုပါတယ်။
* အိမ်ခြံမြေဆိုင်ရာ စာချုပ် ချုပ်ဆိုတဲ့ အခါမှာ သတိထားရမယ့်
အချက်တွေနဲ့ အ ရေးကြီးအချက်တွေကို ရောင်းဝယ်သူ တ ချို့
အမှတ်တမဲ့ ထားရှိတတ်ပါတယ်။
* မြေ အမျိုးအစားအလိုက် ပိုင်ဆိုင်မှုအထောက်အထားတွေကို
နားလည်တတ်ကျွမ်းသူ တွေနဲ့ စစ်ဆေးသင့်ပါတယ်။
* ဝယ်ရောင်း တချို့က စာရွက်စာတမ်းတွေကို အပေါ်ယံ လောက်ပဲ
ကြည့်ရှုစစ်ဆေးတတ်ကြတာ ကြောင့် သေချာစစ်ဆေးဖို့
လိုအပ်ပါ တယ်။
* ဒါ့အပြင် ယခုနောက်ပိုင်းမှာ ဂရန်၊ စလစ်မြေ၊ ပါမစ်မြေတွေရဲ့
စာရွက်စာတမ်း အတုတွေ ထွက်နေတဲ့အတွက် သေချာစစ်
ဆေးသင့်တာ ဖြစ်တယ်လို့ သိရပါတယ်။
* စာချုပ်စာတမ်းပါ အချက်အလက် တွေကိုလည်း
သေချာစွာဖတ်ရှုသင့်ပါ တယ်။
ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ၊
စာချုပ်ပါစကားလုံးတွေကို တစ်လုံး ချင်းစီ
သေသေချာချာစစ်ဆေးမှ သာ စာချုပ်ပါ အချက်အလက်နဲ့
ကွဲပြားမှု တွေကို သိရှိနိုင်မှာပါ။
* ဒါ့အပြင် မှတ်ပုံတင် ပါ အချက်အလက်တွေ၊
တိုက်ခန်းမြေကွက် တည်နေရာတွေကိုလည်း စာချုပ် စာတမ်းနဲ့
ကိုက်ညီမှု ရှိ မရှိ တိုက်ဆိုင်စစ် ဆေးသင့်တယ်လို့ သိရပါတယ်။
* နောက်တစ်ခု သတိထားရမှာကတော့ စာချုပ်ပါ အချက်တချို့ကို
အမှားပြင်ဆင် ချက်နဲ့ အမှားပြင်ဆင်တာတွေ ဖြစ်ပါ တယ်။
စာချုပ်ထဲမှာ အမှားတစ်စုံတစ်ရာ ရှိ ပါက ပြင်ဆင်ချက်ကို
သေချာစွာ စစ်ဆေး ရပါမယ်။
* စာချုပ်တွေကို စစ်ဆေး တဲ့အခါ အမှားတွေ့ရင်
correction pen ကို မသုံးဖို့ ကလည်း သတိပြုစရာတစ်ခု
ဖြစ်တယ်လို့ သိရပါတယ်။
ဘာကြောင့်လဲဆိုတော့ correction pen အသုံးပြုမိပြီး
အမှား ပြင်ဆင်ချက်ကို initial sign (လက်မှတ်အတို ကောက်)
ထိုးထားပေမဲ့ မသမာသူတွေက correction pen ကို အသုံးပြုပြီး
ထပ်ပြီး အမှားပြင်ဆင်နိုင်တာကြောင့် ဖြစ်ပါ တယ်။
* လက်မှတ်အတိုကောက်ထိုးစာချုပ်မှာ
အမှားတွေ့ရှိမယ်ဆိုရင် လုပ်ဆောင်ရမယ့်
အကောင်းဆုံးအချက် ကတော့ အမှားစကားလုံးပေါ်မှာ
cross မျဉ်းတစ်ကြောင်းသာခြစ်ပြီး အပေါ်မှာ
အမှားပြင်ဆင်ချက်ရေးကာ initial sign (လက်မှတ်အတိုကောက်)
ထိုးပေးခြင်းပဲ ဖြစ်ပါတယ်။
“ကိုယ်ဝယ်တဲ့ချိန်မှာ ဒီလိုအမှားမျိုး ကို ရပါတယ်လို့
သဘောထားလိုက်ပေမဲ့ ပြန်ရောင်းတဲ့အခါကျတော့ အခက်တွေ့ ရော
အဲဒီလိုအမှားပြင်ဆင်ချက်က သို့ လော သို့လော ဖြစ်စေပါတယ်”
လို့ အထက် တန်း ရှေ့နေ မသိင်္ဂီအေးက ဆိုပါတယ်။
* အခုလိုအမှားမျိုးတွေကို စာချုပ်မှာ တွေ့ရှိလာတယ်ဆိုရင်
အရောင်းအဝယ် ပိုင်းမှာ အခက်အခဲတချို့ရှိလာပြီး
ပြဿနာ တက်နိုင်တာကြောင့် ရောင်းသူနဲ့ ဝယ်သူ ကြားမှာ
နှစ်ဦးသဘောတူ စာချုပ်အသစ် တစ်ခု ထပ်မံချုပ်ဆိုလို့ရတယ်လို့
သိရပါ တယ်။
* ဝယ်ယူသူအနေနဲ့ သံသယရှိတယ် ဆိုရင် ရောင်းသူကို
မူရင်း ပထမပိုင်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုခွင့် တောင်းဆိုလို့ ရသလို
ချုပ်ဆိုခွင့်ရှိတယ်လို့လည်း သိရပါ တယ်။
* ဒါ့အပြင် သက်သေထည့်သွင်းတဲ့ နေရာမှာလည်း
နားလည်သူတွေကိုသာ သက်သေအဖြစ် ထည့်သွင်းသင့်တယ်လို့
သိရပါတယ်။
“အသိမိတ်ဆွေမို့လို့၊ လမ်းကြုံလို့ စ တာတွေကို
သက်သေထိုးခိုင်းတာကလဲ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင်
သူတို့ က စာချုပ်ပါအကြောင်းအရာကို မသိ တော့ အခက်တွေ့ရတယ်၊
ဒါကြောင့် သူ တို့ကို သက်သေလုပ်ခိုင်းမယ်ဆိုရင် သေချာသိအောင်
အရင်ပြောထားသင့်တယ်”လို့
အထက်တန်းရှေ့နေ မသိင်္ဂီအေးက ဆက်ပြောပါတယ်။
(မိုးသိင်္ဂီဇော်၊ ဝင့်သူမော်)
credit - kumudrajournal
"တရုတ်စီးပွားရေးကျဆင်းမှုဂယက် မန္တလေးအိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်ကို ရိုက်ခတ်"
"တရုတ်စီးပွားရေးကျဆင်းမှုဂယက်
မန္တလေးအိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်ကို ရိုက်ခတ်"
တရုတ်နိုင်ငံတွင် စီး ပွားရေးကျဆင်းနေခြင်းနှင့်
ပြည် တွင်း၌ ကျောက်စိမ်းဈေးကွက် ကျဆင်းနေခြင်းတို့ကြောင့်
မန္တလေး မြို့တွင် အိမ်ခြံမြေအရောင်းအ၀ယ်များ သိသိသာသာ
အေးစက် နေကြောင်း မန္တလေးမြို့ခံ
အိမ်ခြံမြေအကျိုးဆောင်အသိုင်းအ၀ိုင်း မှ သတင်းရရှိသည်။
တရုတ်နိုင်ငံတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ဆောင်မှုကြောင့်
တရုတ်ငွေကြေး များ မန္တလေးအိမ်ခြံမြေဈေးကွက် သို့ စီးဝင်လာမှု
လျော့နည်းသွားသ ကဲ့သို့
ကျောက်စိမ်းဈေးကွက်အရောင်းအ၀ယ်မကောင်း၍
ပြည် တွင်းကျောက်စိမ်းစီးပွားရေးလုပ် ငန်းရှင်များမှာလည်း
အိမ်ခြံမြေ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံနိုင်မှု အားနည်းသွားကြောင်း
မန္တလေး မြို့ခံ အိမ်ခြံမြေအကျိုးဆောင်များ က ပြောသည်။
‘‘အဓိကက ကျောက်စိမ်းဈေးကွက်ပေါ့။
တရုတ်ပြည်မှာ ကျောက်စိမ်းဈေးကွက်ပျက်တော့
မြန်မာပြည်ဈေးကွက်မှာလည်း ပျက်ပြီပေါ့။
တို့က သူတို့ဆီရောင်းရတာလေ။ အဲဒီတော့တို့ဆီက
ကျောက်စိမ်းသမားတွေ အရင်လို မ၀ယ်နိုင်ဘူး။ သူတို့ကိုယ်တိုင်လည်း
စီးပွားရေးအင်အားနည်း သွားတဲ့အတွက် ဒီဘက်ကို မလာ နိုင်ဘူး။
အဲဒါကြောင့် ဒီအကြောင်းအရာတွေနဲ့ ဆက်နွှယ်နေတဲ့
အိမ် ခြံမြေဈေးကွက်တွေ အရောင်းအ ၀ယ်အေးသွားတယ်’’ဟု
မန္တလေး တိုင်းအိမ်ခြံမြေကိုယ်စားလှယ် များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း
ဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။
အိမ်ခြံမြေရောင်းဝယ်နှုန်း ကျဆင်းအေးစက်ရခြင်းမှာ
ယင်းအချက်များအပြင်
- ပြည်တွင်းစီးပွားရေးတိုးတက်မှုအားနည်းခြင်း၊
- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်လင့်ထားသလောက်
ဝင်ရောက်လာမှုမရှိခြင်းနှင့်
- မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သော သစ်သီးဈေးကွက်ကျဆင်းခြင်း
တို့ကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မန္တလေးမြို့တွင်း မြေနေရာ နှင့် အိမ်ရာဝယ်ယူသူအများစုမှာ
တရုတ်သူဌေးများနှင့် ကျောက် စိမ်းကုန်သည်များ အများဆုံး
ဖြစ် နေကြောင်း သိရသည်။
‘‘မန္တလေးအိမ်ခြံမြေဈေး ကွက်ကတော့ ရွေးကောက်ပွဲအ ခြေအနေ
စောင့်ကြည့်နေကြတာ ပေါ့။
နိုင်ငံရေးအခြေအနေပြောင်းလဲလာပြီး ရင်းနှီးမြှုပ်နှံသူတွေဝင် လာရင်
ဈေးကွက်အခြေအနေ တစ်မျိုးပြန်ကောင်းလာမလား လို့။
ဒါပေမဲ့လည်း သိပ်ပြီးတော့ ကောင်းလာဖို့ မျှော်လင့်လို့မရပါ ဘူး။
မန္တလေးမြေဈေးကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ညည်းကြ တယ်။
ပြင်ဦးလွင်အတွက် ၃၅ လမ်းထိပ်ဆို ဧက၀က်လောက်ရှိ တဲ့
အကွက်လေးတွေတောင် သိန်းသုံးလေးသောင်းအော်နေတာ။
ဘယ်လိုဝယ်နိုင်တော့မှာလဲ။
ဦး အထင်တော့ မြို့ပေါ်အိမ်ခြံမြေ ဈေးကျလာနိုင်တယ်လို့ ထင် တယ်။
အခုတစ်ခါတလေ အ ရောင်းအ၀ယ်ဖြစ်နေတဲ့ဟာလေး တွေကို
ငွေအသုံးလိုတဲ့သူတွေ ဈေးအများကြီးလျှော့ချရောင်းနေ လို့
နောက်ဆို မန္တလေးမြေဈေးက ကျလာနိုင်တယ်’’ဟု
ရွှေမန္တလေး ရောင်းဝယ်ငှားအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း
ဒါရိုက်တာ ဦးနေ လင်းအောင်က ပြောသည်။
မြို့ပေါ်တွင် အရောင်းအ ၀ယ်မဖြစ်ထွန်းသော်လည်း
နယ် ဘက်ရှိ ကျေးရွာနှင့် မြို့နယ်များ ၌ ဈေးသက်သာပြီး
စိတ်ကြိုက် မြေကွက်များရနိုင်သည့်အတွက် ဥယျာဉ်ခြံမြေနှင့်
အိမ်ခြံမြေ၀ယ် သူများပြားလာကြောင်း
မန္တလေး မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဒေါ်သိင်္ဂီက ပြောသည်။
‘‘နယ်ဘက်တွေက မြေကွက် တွေက သိန်းရာဂဏန်းလောက် ဆို
စိတ်ကြိုက်နေရာရွေးဝယ်လို့ ရတယ်။
ဝယ်ပြီးရင်းထားနိုင်ရင် ဈေးကလည်း တက်ရိပ်ရှိတယ်။
မြို့ပေါ်က ထောင်ချီသောင်းချီဆို တော့
နယ်ဘက်မှာ မြေ၀ယ်သူ တွေ ပိုများလာတယ်’’ဟု
ဒေါ်သိင်္ဂီ က ပြောသည်။
၂၀၁၂ တွင် လယ်ယာမြေ ဥပဒေပြဋ္ဌာန်းခဲ့ပြီး
လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်များ ထုတ် ပေးခဲ့ရာ
ကျေးရွာများရှိ လယ်ယာ မြေများကို ၀ယ်ယူရင်းနှီးမြှုပ်နှံသူ
ပိုမိုများပြားလာပြီး ကျောက်ဆည် နှင့် တံတားဦးမြို့နယ်များတွင်လည်း
မြေယာရောင်းဝယ်မှုဖြစ် ထွန်းနေကြောင်း
မြေယာအကျိုး ဆောင်များထံမှ သိရသည်။
(ချမ်းဇော်အောင်)
credit - 7day daily
"ဥယျာဉ်ခြံမြေ အကြောင်း သိကောင်းစရာ"
"ဥယျာဉ်ခြံမြေ အကြောင်း သိကောင်းစရာ"
@ ပုံစံ(၁၇)နဲ.ပတ်သက်ပြီး သိချင်ပါတယ်။
အဆောက်အအုံဆောက်လို.ရနိုင်ပါသလား။
# ပုံစံ (၁၇)ဆိုတာကတော့ မြို.နယ်လယ်ယာမြေ စီမံခန်.ခွဲမှုအဖွဲ.က
ထုတ်ပေးတဲ့ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုအလိုက်
မြေနုကျွန်းမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်း လက်မှတ်ကို ပြောတာပါ။
"ဥယျာဉ်မြေ ပေ၄၀x ပေ၆၀ကို အဆောက်အအုံဆောက်လုပ်နိုင်ပါတယ်
ကြေညာထားရင်"
အဲသည်မြေဟာ ရွာမြေဖြစ်ပါလိမ့်မယ်။
ရွာမြေတွေက ဂရန်မလိုပါဘူး။ ဘိုးဘွားလက်ထက်ကတည်းက
နေလာကြတဲ့ မြေမျိုးဖြစ်ပါတယ်။
မြို.မြေစာရင်းမှာ ဥယျာဉ်ခြံမြေလို.ပဲ သတ်မှတ်ထားတယ်လို.
သိရပါတယ်။
@ ဥယျာဉ်ခြံမြေဝယ်ရင် တရားဝင်ဖြစ်အောင်
ဘယ်လိုဆောင်ရွက်နိုင်သလဲ။
စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို.ရပါသလား။
# ဥယျာဉ်ခြံမြေဆိုတာ ရွာနဲ.ဆက်စပ်နေတဲ့မြေလား၊ ရွာမြေလား
(ဒါမှမဟုတ်) ဥယျာဉ်ခြံမြေပါ လို.
မြို.နယ်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနက G အမှတ်အသားပြပြီး
တရားဝင်သတ်မှတ်ထားတာလား သိဖို.လိုတယ်။
ရွာမြေ ဒါမှမဟုတ်ရွာနဲ.ဆက်စပ်မြေတို.ကို ဝယ်မယ်ဆိုရင်
နှစ်ဦးသဘောတူ အိမ်ခြံမြေအရောင်းအဝယ် ကတိစာချုပ်နဲ.
ဝယ်လို.ရတယ်။
စာချုပ်ရုံးမှာသွားပြီး မှတ်ပုံတင် အရောင်းအဝယ်စာချုပ်
ချုပ်လို.မရပါဘူး။
*** အကြောင်းက တရားဝင်လွှဲပြောင်းနိုင်အောင်
ရောင်းသူအမည်ပေါက် ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ ဂရန်မြေ
အထောက်အထားမရှိလို.ပါ။
လက်လွှဲလက်ပြောင်းပြုလုပ်ထားကြောင်း သက်သေအနေနဲ.
ကျေးရွာအုပ်ချုပ်ရေးမှူးရှေ.မှာ ပြုလုပ်ထားသင့်ပါတယ်။
G အမှတ်အသားပြ ဥယျာဉ်ခြံမြေကို အမည်ပေါက်ဆီက
တိုက်ရိုက်ဝယ်ရင်တော့ မြို.နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ
ဥယျာဉ်ခြံမြေလုပ်ကိုင်သူ
အမည်ပြောင်းပေးဖို.လျှောက်နိုင်တယ်။ ***
၂၀၁၅ခုနှစ်မှာ လျှောက်ရင် ၂၀၁၆ခုနှစ်မှာ
ဥယျာဉ်ခြံမြေလုပ်ကိုင်သူ အဖြစ်ဝယ်သူရဲ.နာမည်နဲ.
ထွက်လာပါလိမ့်မယ်။
စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို.ရအောင်တော့
မိမိဝယ်ထားတဲ့ မြို.နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဆီမှာ
တင်ပြရမှာပါ။
ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံရင် နှစ်ထပ်တိုက်လောက်အထိ
ခွင့်ပြုထားတယ်လို. သိရပါတယ်။
Ref : The Kumudra
"မဟာရန်ကုန် စီမံကိန်းမြေ အများစု ဝယ်ရောင်းများလက်ထဲ၌ရှိ ဟုဆို"
"မဟာရန်ကုန် စီမံကိန်းမြေ အများစု ဝယ်ရောင်းများလက်ထဲ၌ရှိ ဟုဆို"
စီမံကိန်းနေရာများသည် အရောင်းအဝယ် ကောင်းလေ့ရှိခြင်းကြောင့်
မဟာရန်ကုန် ၂၀၄၀ စီမံကိန်းအဖြစ် ဖော်ဆောင်မည့်
မြို့သစ်နေရာများရှိ မြေနေရာအများစုမှာ ဝယ်ရောင်းများ လက်ထဲ၌
ရောက်ရှိနေကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းထံမှ သိရသည်။
လတ်တလော အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း
စီမံကိန်းမြေနေရာ များသာ အရောင်းအဝယ် ဖြစ်ခြင်းကြောင့်
စီမံကိန်း ဖော်ဆောင်မည်ကို ကြိုတင်သိရှိနေ သူများက
ဝယ်ယူထားခြင်းမျိုး ဖြစ်နိုင် ကြောင်း
ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် များနှင့်
ဈေးကွက်လေ့လာသူများက သုံးသပ် ပြောကြားသည်။
“မြို့သစ်ဖော်မယ်ဆိုတဲ့ ထန်းတပင် ဘက်အခြမ်းမှာတော့
ဝယ်ရောင်းတွေ ဈေးဝင်ကစားလေ့ ရှိပါတယ်” ဟု
မမော် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင်
ဒေါ်မမော်က ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က
မြို့သစ်ဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့
သဝဏ်လွှာပေးပို့ထားသည့် ပန်းလှိုင်မြစ်နှင့်
တွံတေးတူးမြောင်း ကြားရှိ မြို့သစ်စီမံကိန်း မြေနေရာများ
သည်လည်း ဝယ်ရောင်းအများစုက ဝယ်ယူထားပြီး ဖြစ်ပြီး
အချို့မြေနေရာများမှာ ပိုင်ရှင်မည်သူမှန်းပင် မသိရကြောင်း
အဆိုပါမြို့သစ် ဖော်ဆောင်မည့် ဒေသခံ အိမ်၊ ခြံ၊ မြေ
အကျိုးဆောင်လုပ်ငန်း အချို့ထံမှ သိရသည်။
သို့သော် လူဦးရေ ၁၀ သန်း နေထိုင်နိုင်မည် ဆိုသည့်
မဟာရန်ကုန်မြို့သစ်စီမံ ကိန်းဖော်ဆောင်မည့် နေရာအများစုတွင်
အရောင်းအဝယ် အေးစက်ဆဲဖြစ်ပြီး ဝယ်ရောင်းအများစုက
အသံပေး ဈေးခေါ်မှုသာရှိကြောင်း
အကျိုးဆောင်လုပ်ငန်း များထံမှ သိရသည်။
“အရင်တုန်းက ဟော့သွားတုန်းကလည်း တရုတ်တွေပဲ
လာဝယ်ကြတယ်။ အခုလည်း မြေကွက်အများစုက သူတို့ပဲ
ကိုင်ထားကြတာ များပါတယ်” ဟု
ရွှေလေးအိမ် လယ်ယာမြေနှင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ
ဦးဝေလင်းအောင်က ပြောဆိုသည်။
လူဦးရေ ၁၀ သန်းကျော် နေထိုင်နိုင်မည့် မြို့သစ်စီမံကိန်း ခုနစ်ခုကို
အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည်
တိုင်းဒေသကြီး လွှတ်တော်သို့ ဇွန်လ ၁၁ ရက်နေ့က တင်သွင်းခဲ့ခြင်း
ဖြစ်ပြီး မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာစီမံကိန်း ၂၀၄၀
အစီရင်ခံစာ အဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊
ဦးစားပေးဆောင်ရွက်မည့် ရန်ကုန် အရှေ့ပိုင်းခရိုင် မြို့သစ်၊
အနောက်တောင် ပိုင်းမြို့သစ်၊
သန်လျင်မြို့သစ်၊
ဒလမြို့သစ်၊
ထန်းတပင်မြို့သစ်၊
မှော်ဘီမြို့သစ်နှင့်
လှည်းကူးမြို့သစ် တို့ကို
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)
အကူအညီဖြင့် မြေ ၁၁၈,၇၃၂ ဧက အကျယ်အဝန်းတွင်
ဖော်ဆောင်မည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်သွင်းသည့်
အစီရင်ခံစာအရ သိရသည်။
(The Voice Weekly)
"ပလပ်မြေ သို့မဟုတ် မြေလပ် သို့မဟုတ် လှပ်မြေဆိုသည်မှာ"
"ပလပ်မြေ သို့မဟုတ် မြေလပ် သို့မဟုတ် လှပ်မြေဆိုသည်မှာ"
စကားချီး
=====
7 Day News ဂျာနယ်၊ အတွဲ(၁၃)၊ အမှတ် (၃)၊ စာမျက်နှာ (၁၁) တွင်
“ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပလပ်ထားသော
လယ်ယာမြေများအား စိစစ်အရေးယူမည်” ဟူသော
သတင်းတစ်ပုဒ်ပါရှိပါသည်။
ဤ တွင် ပလပ်ထားသော လယ်ယာမြေဆိုသည်မှာ အဘယ်နည်း ဟု
မေးစရာရှိသည်။
ယင်းမေးခွန်းကို လွယ်လင့်တကူဖြေဆိုရမည် ဆိုပါက
"သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျက် တစ်စုံတစ်ရာ
လုံးဝစိုက်ပျိုးလုပ်ကိုင်ခြင်းမရှိခြင်းကို ပလပ်ထားသည်"
ဟုဆိုလိုသည်။
လယ်ယာမြေ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်အရ
- စပါးသီးနှံစိုက်ပျိုးနိုင်သော လယ်မြေသာမက
အခြောက်သီးနှံ (ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ) စိုက်ပျိုးနိုင်သော
ယာမြေ များ၊
- နှစ်ရှည်သီးပင်၊ သစ်သီးဝလံနှင့် ပန်းပင်များ စိုက် ပျိုးနိုင်သော
ဥယျာဉ်ခြံမြေများ၊
- ဓနိမြေများ၊ ကိုင်း၊ ကျွန်းမြေများနှင့် မြေနု ကျွန်းမြေများ၊
တောင်ယာများလည်း အကြုံးဝင်သည်။
သို့အတွက် လယ်ယာမြေဟူသော စကားရပ်တွင် အကြုံးဝင်ပါရှိသော
မြေအားလုံးကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပလပ်ထားခြင်းမှာ
လယ်ယာမြေဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များအား
ဖောက်ဖျက်ကျူးလွန်ခြင်းမည်ပေသည်။
"ပလပ်မြေဆိုသည်မှာ"
============
ပလပ်မြေအား
မြေလပ်၊ သို့မဟုတ် လှပ်မြေဟုလည်း တစ်နည်းသုံးနှုန်းခေါ်ဆိုကြသည်။
မြေလပ်ဆိုသည်မှာ ယခင်က သီးစားခံယူလုပ်ကိုင်လာခဲ့ပြီး
အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားသည့်မြေ ဖြစ်၍
(၁) မြေအနားပေးထားသည့် မြေလပ်၊ သို့မဟုတ်
လောလောဆယ်စိုက်ပျိုးနိုင်သော မြေလပ်နှင့်
ပြုပြင်ပြီးမှ စိုက်ပျိုးနိုင် သော မြေလပ်ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။
ယခု
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊
စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးထောက်ပြသော
မြေများမှာလယ်ယာမြေဥပဒေ(အသစ်နှင့်အဟောင်း)
မြေလွတ်မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ(ယခင်နှင့်ယခု)တွင်
ညွှန်းဆိုပြထားသော မြေလပ်များနှင့် လုံးဝကွဲပြားခြားနားပါသည်။
အဘယ်ကြောင့်ဆိုသော်
ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ ကုမ္ပဏီများ၊ သူဋ္ဌေးများ သာမက
ဌာနဆိုင်ရာဝန်ထမ်းများ၊ အစိုးရအဖွဲ့နှင့် နီးစပ်သူများ
ဝယ်ယူစုဆောင်းထားသော လယ်ယာမြေ များမှာ
"သီးနှံစိုက်ပျိုးရန် ရည် ရွယ်ချက်မရှိဘဲ အခြားနည်းအသုံးပြုရန်၊
သို့မဟုတ် အမြတ်အစွန်းရရှိရန် အတွက် ၀ယ်ယူထားပြီး
ပလပ်ထားသော မြေများ ဖြစ်နေကြောင်း"
စိစစ်တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ-၁၂၊ ပုဒ်မခွဲ (ဈ)အရ
“လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည်
ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို
လှပ်ထားခြင်းမပြုရ”ဟု စည်းကမ်းချက် သတ်မှတ် ထား ပါသည်။
ဆိုလိုသည်မှာ -
အစဉ်အဆက် မြေယာဥပဒေပြောင်းလဲစေကာမူ
လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများ အနေနှင့်
နိုင်ငံတော်၏ မြေယာကုန်ထုတ် စွမ်းအားစု၊ အထူးသဖြင့်
ဆန်စပါးစားနပ် ရိက္ခာ ဖူလုံမှု ကို မထိခိုင်စေရေးအတွက်
လယ်ယာမြေများကို မြေလပ်မထားဘဲ
အပြည့်အ၀စိုက်ပျိုးလုပ်ကိုင်ကြရန် လို အပ် ကြောင်း
အတိအလင်းညွှန်ကြားချက်ထုတ် ပြန်ခြင်းဖြစ်ပါသည်။
လယ် ယာမြေဥပဒေပုဒ်မ-၁၉ အရ
အကြောင်းမဲ့ မြေလပ်မထားရဟူသော စည်းကမ်းချက်တစ်ခုကို
လိုက်နာရန် ပျက်ကွက်ခဲ့လျှင် ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)နှင့် (ဃ) ပါ
အမိန့်တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်ဟု
ပြဋ္ဌာန်းထားပါသည်။
တဖန်လယ်ယာမြေ ဥပဒေပုဒ်မ-၂၀ အရလည်း
ယင်းပုဒ်မအရ ချမှတ်သော အမိန့်ကို လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူက
လိုက်နာခြင်းမရှိလျှင် ယင်း အမိန့်ပါ သတ်မှတ် ရက်ကျော်လွန်ပါက
သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထား တရားစွဲနိုင်သည်ဟု
ပြဋ္ဌာန်းထားပါသည်။
ထို့ပြင် လယ်ယာမြေဥပဒေပုဒ်မ-၃၅ အရ
အဆိုပါ ချမှတ်ထားသော အမိန့်၊ သို့မဟုတ် ဆုံးဖြတ်ချက်ကို လိုက်နာရန်
ပျက်ကွက် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်
ထိုသူကို အနည်းဆုံး ခြောက်လမှ အများ ဆုံးနှစ်နှစ်အထိ
ထောင်ဒဏ်ချမှတ်ရမည့်အပြင်အနည်းဆုံးကျပ်သုံးသိန်းမှ
အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ်
ချမှတ်နိုင်သည်ဟု ဆိုပါသည်။
လယ်မြေများကို ၀ယ်ယူထားပြီး ဆန်စပါးစိုက်ပျိုးခြင်းမပြုပါက
အထက်စာပိုဒ် ပါ လယ်ယာမြေဥပဒေပုဒ်မ ၁၉၊ ၂၀၊ ၃၅ များအရ
ပြစ်ဒဏ်များ ချမှတ်ခံရမည်မလွဲ ပါ။
မန္တလေးတိုင်းဒေသကြီးသာမဟုတ်ဘဲ ပြည်နယ်၊ သို့မဟုတ်
တိုင်းဒေသကြီးအား လုံးတို့တွင်
အဆိုပါလယ်ယာမြေပုဒ်မ-၁၂ (ဈ)သည် အာဏာတည်၍
အကျိုးသက် ရောက်ပါသည်။
ဥပဒေဟူသည် တစ် ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း
မဟုတ်ပါ။ စာရေးသူတို့၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်းဝယ်
ယင်းကဲ့သို့ ခိုင်လုံ သောအကြောင်းပြချက်မရှိဘဲ လှပ် ထား သည့်
မြေများစွာရှိပါသည်။
*** လယ်ယာမြေ ကို ၀ယ်ယူထားပြီး ပုဒ်မ ၂၉၊ ၃၀ အရ
အခြား နည်းအသုံးပြု ရန် ရည်ရွယ်သည်ဆိုပါက လည်း
ဝယ်ယူသူ၏ လက်ဝယ်တွင်
လယ် ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ၇)
မုချရှိရပါမည်။
ယင်းလက်မှတ်လက်ဝယ်ကိုင်ဆောင်ထားရှိ၍အခြားနည်းအသုံးပြုခွင့်
လျှောက်ထားပါလျှင်လည်း အခြားနည်းအသုံးပြုလိုသည့်
နည်းလမ်းအတွက် သင့် တော်လုံလောက်သည့်
ဧရိယာအကျယ် အ၀န်းထက်ပို၍
ဗဟိုလယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့မှ ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ ***
"နိဂုံး"
===
အချုပ်ဆိုရသော်
- လယ်မြေများအား ၀ယ်ယူစုဆောင်းထားသော
ပုဂ္ဂလိကလုပ် ငန်းများ၊
- ကုမ္ပဏီများ၊ သူဋ္ဌေးများ၊ ဌာနဆိုင် ရာဝန်ထမ်းများ၊
- အစိုးရအဖွဲ့နှင့် နီးစပ်သူ များ၊
- တောင်သူလယ်သမားများအားလုံး တို့သည်လယ်ယာမြေဥပဒေနှင့်
နည်းဥပဒေတွင် ဖော်ပြပါရှိသည့်စည်းကမ်းချက်များ
အတိအကျလိုက်နာဆောင်ရွက်ကြဖို့ လို အပ်ကြောင်းနှင့်
ရှေးယခင်ကတည်းက သက်ဆိုင်ရာဝန်ကြီးဌာနမှ
အသိပေးကြေ ညာခဲ့သော အမိန့်ညွှန်ကြားချက်များနှင့် အညီ
နိုင်ငံတော်၏ မြေယာကုန်ထုတ်အင် အားစု၊ သို့မဟုတ်
စားနပ်ရိက္ခာဖူလုံမှုကို မထိခိုက်စေရေးအတွက်
ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ
မြေအနားပေးထားသည့်၊ သို့မဟုတ် ချက်ချင်းစိုက်ပျိုးနိုင်သည့်
မြေလပ်၊ သို့မဟုတ် ပလပ်မြေများအား လယ်ယာမြေ
အမျိုး အစားအလိုက် သင့် လျော်သော စပါး၊ ပဲမျိုးစုံ၊
ဆီထွက်သီးနှံ၊ နှစ်ရှည်သီးပင်၊ သစ်သီးဝလံနှင့် ပန်းမံများကို
အပြည့်အ၀စိုက်ပျိုးကြဖို့လိုကြောင်း ရေးသားလိုက်ပါသည်။
အေးဝင်းဦး (ဘူမိဗေဒ)
(မြန်မာတောင်သူကြီးများဂျာနယ်
"The farmer myanmar journal"ပါ
အေးဝင်းဦး(ဘူမိဗေဒ)၏
ဆောင်းပါးကို ပြန်လည်ကူးယူမျှဝေတင်ပြအပ်ပါသည်။)
credit - အောင်စိုး(ပြည်)
(မူရင်း ဆောင်းပါးအား ချုံထားကြောင်း
မူရင်းစာရေးသူ အားဝန်ခံပါသည်။)
"လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) အကြောင်း သိကောင်းစရာ"
"လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇)
အကြောင်း သိကောင်းစရာ"
ခေတ်ကလည်း ၊ ‘‘ အင်တာနက်ခေတ်’’ ဆိုတော့ မြန်တယ်လေ။
အိမ်၊ ခြံ၊ မြေထက်လယ်မြေတွေအရောင်းသွက်တယ်ကြားတော့
ရန်ကုန်ကနေ နယ်ဆင်းပြီး လယ်မြေတွေဝယ်ဖို့ စုံစမ်းကြ ပြန်တယ်။
အချို့ ကလည်း လယ်မြေတွေဝယ်ထားပြီးမှ၊
ခိုင်ခိုင် မာမာ စာရွတ်စာတမ်းတွေကိုင်ထားချင်လို့ ပါဆိုပြီး
‘‘အရောင်းအ၀ယ် စာချုပ်အပြင် ဘာတွေကိုင်ထားဖို့ 
လိုပါသလဲ’’ ဆိုပြီး စာရေးသူထံ လာရောက်တွေ့ ဆုံ မေးမြန်းတဲ့ 
သူတွေလဲရှိပြန်တယ်။
"အိမ်ခြံမြေ အမည်ပြောင်းပုံ ၃ မျိုး"
==================
လယ်မြေနဲ့ အိမ်ခြံမြေ ဆောင်ရွက်ပုံ မတူဘူးလေ ။
အိမ် ခြံ မြေကတော့
- မြေချ ပါမစ် ဖြစ်ချင်ဖြစ်မယ်၊
- အနှစ် ၆၀ ဂရန် ဖြစ်ချင်ဖြစ်မယ်၊
- ဘိုးဘွားပိုင်မြေ ဖြစ်ချင်ဖြစ်မယ်၊ ဒါကိုတွေ့ ရမယ်။
မြေချပါမစ် ၀ယ်ပြီး၊ အနှစ်၆၀ ဂရန်လုပ်ပြီး ၊ ကိုယ့်အမည်ပေါက်
ဂရန် လုပ်လို့ ရတယ်။ အခွန်ဆောင်စရာမလိုဘူး။
ဟော…သူများ အမည်ပေါက် အနှစ်၆၀ ဂရန်ဆိုရင် ၊
အခွန်ဆောင်ပြီးမှ ကိုယ့် အမည်ပေါက် ပြောင်းလို့ ရတယ်။
ထို့ အတူပဲ….ဘိုးဘွားပိုင်မြေ၀ယ်ရင်လည်း အခွန်ဆောင်ပြီးမှ
ကိုယ့်အမည်ပေါက် ပြောင်းလို့ ရတယ်လေ။
"လယ်ယာမြေ"
========
လယ်ယာမြေကတော့ ဒီလိုမဟုတ်ဘူး။
လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) ကို မြို့ နယ်ရုံးမှာပဲ
မှတ်ပုံတင်စာချုပ် လို့ ရတယ်။
လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ့်(ပုံစံ-၇) ရှိသူထံက ၀ယ်ရင်း၊
အဲဒီ လယ်ယာမြေရှိတဲ့ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန ရုံးမှာ
မှတ်ပုံတင် စာချုပ် ရတယ်။
အဲဒီမြို့ နယ် အခွန်ဦးစီးဌာန ရုံးကဘဲ တန်ဖိုးဖြတ်ပေးတဲ့ အတိုင်း
အခွန်ဆောင်ရတယ်။ပြီးတော့ မှဝယ်သူရဲ့ အမည်နဲ့ 
လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်(ပုံစံ-၇) ကိုအဲဒီမြို့ 
ရဲ့ ကြေးတိုင်နဲ မြေစာရင်းရုံးမှာ ယူလုပ် ရတယ်။
မြို့ နယ်မြေ တွေမှာတော့
" မြို့ နယ်မြေစာရင်းဦးစီးမှူးနဲ့  မြို့နယ်စာချုပ်စာတမ်း
မှတ်ပုံတင်အရာရှိ တာဝန် နှစ်ခုအတွက် ဦးစီး အရာရှိ
တစ်ဦးထဲကို လုပ်ပိုင်ခွင့် ပေးထား
တယ်" လို့ သိရပါတယ်။
လယ်မြေအမည် မပြောင်းချင်ရင် ရောင်းသူထံ ကပါဝါယူထားပေါ့။
ဒီတော့
‘‘လယ်ယာမြေပိုင်ဆိုင်ခွင့် လုပ်ပိုင်
ခွင့် လက်မှတ် (ပုံစံ-၇)၊ ကိုအမည် မပြောင်းချင်သေးဘူး။
အိမ်ခြံမြေလိုပဲ ၀ယ်ရောင်းလုပ်ချင်တယ်ဆိုရင်တော့ 
အဲဒီလယ်ယာမြေလုပ်ပိုင်ခွင့် ရှိသူတွေထဲက
အထွေထွေ ကိုယ်စလှယ် လွဲစာ ယူထားလိုက်ပေါ့ ။
အဲဒီအထွေထွေ ကိုယ်စလှယ် လွဲစာကလဲ
အဲဒီလယ်ယာမြေရှိတဲ့ မြို့ နယ်ကြေးတိုင်နဲ့ မြေစာရင်းရုံးမှာပဲ
လုပ်လို့ ရပါတယ်။
အဲဒီလို လယ်ယာမြေအမည်ပေါက်ထံက
General Power (အထွေထွေ ကိုယ်စားလှယ်လွှဲစာ)ယူထားပြီးပြီ
ဆိုရင်တော့ အခြားဝယ်သူတွေကိုပါဝါ နဲ့ ပြန်ရောင်းပေါ့ ။
အမည်ပေါက် ကိုယ်စား လက်မှတ်ထိုးပေးလို့  ရတယ်.။"
နယ်မြို့ တွေမှာ အထွေထွေ ကိုယ်စလှယ် လွှဲစာတို့ ၊
အထူးကိုယ်စားလှယ် လွှဲစာတို့ ကို တံဆိပ်ခေါင်းကပ်ပြီး
အဆင်သင့် ရောင်းတာမျိုးတော့ သိပ်မရှိကြဘူး။
ဒီတော့လည်း ရန်ကုန်မြို့ ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း)က
အဆင့်သင့် ရောင်းတဲ့ ပါဝါတွေ ၀ယ်ထားလိုက်ပေါ့ ။
လက်နှိပ်စက်ရေးဖို့ လိုရင်တော့၊မြို့ နယ်တရားရုံးတွေမှာ
စာသွားရိုက်လို့ ရပါတယ်။
လက်ရှိအနေအထားမှာတော့ 
လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) အရောင်းအ၀ယ်
လုပ်ပေးတဲ့ အဆင့် ကိုကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ 
တောရွာ မြေစာရင်းဦးစီးဌာန က
တာဝန်ရှိသူတွေနဲ့ အဲဒီ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပဲ
ဆောင်ရွက်လို့ ရကြောင်းကြား သိရပါတယ်။
လွှတ်တော်ရှေ.နေမောင်ကောင်းဖေ
(iMyanmarhouse)
"သိရှိထားသင့်သော မြေအမျိုးအစားများနှင့် မြေအမျိုးအစားတစ်ခုချင်းစီ၏ အသုံးဝင်ပုံများ"
"သိရှိထားသင့်သော မြေအမျိုးအစားများနှင့်
မြေအမျိုးအစားတစ်ခုချင်းစီ၏ အသုံးဝင်ပုံများ"
(က) မြေပိုင်မြေ
(ခ) ဘိုးဘွားပိုင်မြေ
(ဂ) ဂရန်ရှိမြေပိုင်မြေ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချ
ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုးဖြစ်သည်။
(၁) မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။
(၂) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူက ရောင်းချခွင့်ရှိသည်။
(၃) မြေအမည်ပေါက်ထံမှအထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)
အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်းခံရသူက
ရောင်းချခွင့်ရှိသည်။
(၄) မြေအမည်ပေါက်ထံမှအမွေဆက်ခံပိုင်ဆိုင်သူထံမှအထွေထွေ
ကိုယ်စားလှယ်လွှဲစာ(သို့)အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်းခံရသူက
ရောင်းချခွင့်ရှိသည်။
မှတ်ချက်
(မြေအမည်ပေါက်ထံမှအမွေဆက်ခံသူမသေဆုံးမီနှင့်လွှဲစာ
ပြန်လည်မရုပ်သိမ်းမီကာလအတွင်း)။
(၅) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့်
လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၆) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီးမှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့်
လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၇) မြေဧရိယာတစ်ခုလုံး၏ထက်ဝက်သော်လည်းကောင်း၊
တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊
မြေဧရိယာတစ်ခု လုံးကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။
(၈)မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား
ဝယ်ခွန်ဆောင်ပြီးမှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူနိုင်သည်။
"မြေငှားဂရန်မြေ"
=========
မြေများကို စည်းကမ်းချက်သတ်မှတ်၍
အနှစ်(၆၀) ၊ အနှစ်(၉၀) ၊ ၂၅ နှစ်အစရှိသော
နှစ်ကာလအပိုင်း အခြားဖြင့် အငှားချထားသည့် မြေမျိုးဖြစ်သည်။
(၁) မြေအမည်ပေါက်က (၃)လတစ်ကြိမ် မြေခွန်ဆောင်ရသည်။
(၂) အဆောက်အဦးရှိပါက (၃)လတစ်ကြိမ် အဆောက်အဦးခွန်
ဆောင်ရသည်။
(၃) မြေအမည်ပေါက်သူက ရောင်းချခွင့် ရှိသည်။
(၄) မြေအမည်ပေါက်သူထံမှ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူက
ရောင်းချခွင့်ရှိသည်။
(၅) မြေအမည်ပေါက်ထံမှအထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)
အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
မှတ်ချက်
(မြေအမည်ပေါက်မသေဆုံးမီနှင့်လွှဲစာပြန်လည်မရုမ်သိမ်းမီကာလအတွင်း)။
(၆) မြေအမည်ပေါက်၏အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူထံမှ
အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)အထူးကိုယ်စားလှယ် လွှဲစာ
လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
(၇) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့်
လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၈) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီးမှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့်
လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၉) မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း၊
ထက်ဝက်ကိုသော်လည်ကောင်း၊တစ်စိတ်တစ်ပိုင်းကိုသော်
လည်း ကောင်း ရောင်းချခွင့်ရှိသည်။
မှတ်ချက်
(ရောင်းချသည့်အစိတ်အပိုင်းအတွက်ဂရန်ခွဲလျှောက်ထားနိုင်သော်လည်း
မျက်နှာစာအနည်းဆုံးပေ(၂၀)ရှိရန်နှင့်
စတုရန်းပေ(၁၂၀၀)ရှိရန်လိုသည်။)
(၁၀)မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအားဝယ်ခွန်ဆောင်ပြီး
မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူနိုင်သည်။
"ပါမစ်မြေ"
======
စည်ပင်ဝပြောမှုမရှိသေးသည့်နေရာများတွင်
စည်းကမ်းချက်ဖြင့်သုံးစွဲခွင့်ပြုထားသည့်အိမ်ယာဆောက်လုပ်နေထိုင်ခွင့်
ချပေးထားသော မြေမျိုးဖြစ်သည်။
(၁) ပါမစ်အမည်ပေါက်သူက ရောင်းချခွင့်ရှိသည်။
(၂) ပါမစ်အမည်ပေါက်သူထံမှ စာချုပ်အဆက်ဆက်ဖြင့်
ဝယ်ယူထားသူက ရောင်းချခွင့်ရှိသည်။
(၃) ပါမစ်မြေကို စာချုပ်အဆက်ဆက်ဖြင့် ၀ယ်ယူထားသူက
မြေငှားဂရန် လျှောက်ထားနိုင်သည်။
(၄) မြေငှားဂရန်တွင် လျှောက်ထားသူအမည်ဖြင့်သာ ရရှိပါသည်။
"လိုင်စင်မြေ"
=======
မြို့နှင့်ရွာများအက်ဥပဒေအရသတ်မှတ်သည့်မြေမျိုးဖြစ်ပြီး
စည်းကမ်းချက်ဖြင့်ယာယီသုံးစွဲခွင့်ပေးသော မြေမျိုး ဖြစ်သည်။
ဥယျာဉ်ခြံမြေ၊စိုက်ပျိုးမြေ၊လယ်ယာမြေများသည်လိုင်စင်မြေများ
ဖြစ်ပါသည်။
လယ်ယာမြေတွင်အသုံးမ၀င်ကြောင်း ၀န်ခံချက်လက်မှတ်ရရှိပြီး
လန(၃၉)ထွက်ရှိမြေနှင့်
အိမ်ယာမြေသတ်မှတ်သည့်၃(ခ)ထွက်ရှိ မြေများကို မြေငှားဂရန်
လျှောက်ထားလျှင် မြေငှား စာချုပ် ထုတ်ပေး ပါသည်။
"အိမ်အမျိုးအစားများ"
============
၁။ Hall Type - အခန်းဖွဲ့စည်းထားခြင်း မရှိခြင်းကို ခေါ်သည်။
၂။ BN - အောက်ခြေအုပ်ခံ၍ ပျဉ်ထောင်အိမ်
တည်ဆောက်ထားခြင်းကို ခေါ်သည်။
၃။ PT =သစ်သားများဖြင်သာ ဖွဲ့စည်းတည်ဆောက်ထားခြင်းကို
ခေါ်သည်။
၎။ RC =အုပ်၊ ဘိလပ်မြေ၊ သံ၊ ဖွဲ့စည်းတည်ဆောက်ထားခြင်းကို
ခေါ်သည်။
(property-journal)
"မဟာရန်ကုန် မြို့ပြဖွံ့ ဖြိုးရေး စီမံကိန်းအရ ပထမ ဦးစားပေးဖြစ်သည့် ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည် မဖော်ဘဲ ဒုတိယ ဦးစားပေး ရန်ကုန်မြို့သစ် စီမံကိန်းအား ဦးစွာ တင်ဒါခေါ် ယူခြင်းက မဖြစ်သင့်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်"
"မဟာရန်ကုန် မြို့ပြဖွံ့ ဖြိုးရေး စီမံကိန်းအရ ပထမ ဦးစားပေးဖြစ်သည့်
ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည် မဖော်ဘဲ
ဒုတိယ ဦးစားပေး ရန်ကုန်မြို့သစ် စီမံကိန်းအား ဦးစွာ တင်ဒါခေါ်
ယူခြင်းက မဖြစ်သင့်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်"
ဇွန်လအတွင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အတည်ပြုခဲ့သည့်
‘မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀’ အရ
မြို့သစ်များ ဖော်ထုတ်ရန် ပထမ ဦးစားပေးဖြစ်သည့်
ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည် ဖော်ရန်
တင်ဒါမခေါ်ယူသေးဘဲ ဒုတိယ ဦးစားပေးဖြစ်သည့်
ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန်မြို့သစ်စီမံကိန်း)ကို ဦးစွာ
အကောင်အထည်ဖော်ရန် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့်
တင်ဒါခေါ်ယူထားခြင်းက မဖြစ်သင့်ဟု ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် အချို့က ဝေဖန်နေကြသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်သို့ အသိပေးခဲ့ရာတွင် ယင်းစီမံကိန်းမှာ
ပွင့်လင်းမြင်သာမှု မရှိကြောင်း အဘက်ဘက်မှ ဝေဖန်ခံခဲ့ရ၍
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်ရုပ်သိမ်းခဲ့ပြီး ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်က ရပ်ဆိုင်းရန် သဘောတူခဲ့သည်။
သို့သော် ဇွန်လအတွင်းက ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ဒသမပုံမှန် အစည်းအဝေးတွင် ကြည်ြ့မင်တိုင်မြို့နယ် မဲဆန္ဒနယ်
အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က
“ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ပေးရေး” အဆိုကို
လွှတ်တော်သို့ ပြန်လည်တင်သွင်းခဲ့ပြီး အဆိုအား ထောက်ခံသူ များပြား၍
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည်။
ယင်းသို့ အတည်ပြုခဲ့သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့က
ယခင် ရပ်ဆိုင်းခဲ့သည့် စီမံကိန်းကို တစ်ဖက်လှည့်ဖြင့်
ပြန်လည်တင်သွင်းကာ အတည်ပြုခဲ့သည်ဟု ဝေဖန်ခဲ့ကြရာ
ယင်းစီမံကိန်းသည် ယခင်ရပ်ဆိုင်းခဲ့ပြီးဖြစ်သည့် ရန်ကုန်မြို့သစ် စီမံကိန်း
မဟုတ်ဘဲ ‘မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ၂၀၄၀’ တွင်
မြို့တိုးချဲ့ရန် ဒုတိယဦးစားပေး ပါရှိသည့် ရန်ကုန်အနောက်တောင်ပိုင်း
မြို့သစ်ကို ဦးစားပေးအနေဖြင့် အကောင်အထည်ဖော်ပေးမည့်
ရန်ကုန်မြို့သစ် စီမံကိန်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က
သတင်းမီဒီများအား ပြောကြားခဲ့သည်။
“မြို့တော်ဝန် ပြောတဲ့အတိုင်း မဟာရန်ကုန် မြို့ပြစီမံကိန်းအရ ဆိုရင်
မြိုသစ်ချဲ့ဖို့ ပထမဦးစားပေး လာပြီးမှ ဒုတိယ ဦးစားပေး လာရမှာ။
အခုဟာက ပထမဦးစားပေးဖြစ်တဲ့ ရန်ကုန်အရှေ့ပိုင်း မြို့သစ်ကို
အကောင်အထည် မဖော်သေးဘဲ ဒုတိယဦးစားပေးကို အရင်လုပ်တာ
တော်တော်ကို ရုပ်ပျက်တယ်။ မဖြစ်ဖြစ်အောင် လုပ်သလို ဖြစ်နေတယ်”
ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာညိုညိုသင်းက ဝေဖန်ခဲ့သည်။
“အဲဒီလို လုပ်တာဟာ သူတို့က ပြောကောင်းပြောလိမ့်မယ်။
ဒါ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က တင်ခဲ့တဲ့
စီမံကိန်းကို ဦးစားပေး လုပ်တာပါလို့ ပြောကောင်းပြောလိမ့်မယ်။
ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်က စီမံကိန်းကို တင်လို့ မရဘူး။
အဆိုပဲ တင်လို့ရမှာ။ အစိုးရက စီမံကိန်းကို ဆွဲရမှာ။ အဲဒါကို အစိုးရက
လွှတ်တော်မှာ ချပြရမှာ။ ဒီလို ချပြီးတော့မှ လွှတ်တော်က သဘောတူပြီးမှ
တင်ဒါခေါ်လို့ ရမှာ။ အဆင့်လည်း ကျော်တယ်။ ဥပဒေနဲ့လည်း
လုံးဝ မညီဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ အခု ဒုတိယ
ဦးစားပေး လုပ်ထားတဲ့ ရန်ကုန်မြို့သစ်က ကြည့်မြင်တိုင်
လွှတ်တော်ကိုယ်စားလှယ်
ဦးမြင့်လွင် တင်သွင်းပြီး ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုထားတာကို
အကောင်အထည်ဖော်တဲ့ပုံစံ ဖြစ်တယ်။
တကယ်တမ်း လုပ်ငန်းစဉ်အရ ဆိုရင်တော့ လွှတ်တော်က လုပ်ထုံးလုပ်နည်း
မှားနေတယ်။ ဦးမြင့်လွင် တင်တာက စီမံကိန်းလို့ တင်တာ။ စီမံကိန်းဆိုတာ
လွှတ်တော်ကိုယ်စားလှယ်က တင်ပိုင်ခွင့် မရှိဘူး။ အစိုးရကပဲ တင်ရတာ။
စီမံကိန်းဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာက
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတွေက အကောင်အထည်ဖော်မယ့်
စီမံကိန်းတွေဆိုရင် လွှတ်တော်ကို မလွဲမသွေ တင်ရမှာပါ။
အခုလို တင်ဒါခေါ်တာက မလုပ်သင့်သေးပါဘူး။ ရန်ကုန်တိုင်းဒေသကြီး
အစိုးရက ဒီစီမံကိန်းကို လွှတ်တော်ကို ပြန်တင်၊ လွှတ်တော်က
သဘောတူမှ တင်ဒါခေါ်ရမှာ” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်
အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကလည်း
ဝေဖန်ပြောကြားသည်။
“ဒါကိုလည်း အဟောင်းပြန်ပြောရရင် အရင်က နောက်ဆုတ်သွားခဲ့တဲ့
ရန်ကုန်မြို့သစ် စီမံကိန်းကြီးကို တစ်ဖက်လှည့်နဲ့ ပြန်တင်တဲ့ သဘောပေါ့။
ရပ်ဆိုင်းထားတာကြီးကို တစ်ဖက်လှည့်နဲ့ ပြန်တင်တာပေါ့။
ကျွန်တော် စောင့်ကြည့်နေတယ်။ ဆက်လုပ်ရင်တော့
ကျွန်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၃ အရ စွပ်စွဲပြစ်တင်တဲ့
အဆိုကို လာမယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ
တင်သွားပါမယ်” ဟု ဦးကျော်က ဆက်လက်ပြောကြားသည်။
‘မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူ ဟာ စီမံကိန်း ၂၀၄၀’ အရ
ရန်ကုန်မြို့သစ်များ တိုးချဲ့ရန်
ဦးစားပေး (၁)တွင် ရန်ကုန်အရှေ့ပိုင်း မြို့သစ် ၁၇၃၇၅ ဧက၊
ဦးစားပေး (၂) ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် ၂၁၇၁၆ ဧက၊
ဦးစားပေး (၃) သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊
ဦးစားပေး (၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊
ဦးစားပေး (၅) ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊
ဦးစားပေး (၆) မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့်
ဦးစားပေး (၇) လှည်းကူးမြို့သစ် ၆၉၃၃ ဧက
စုစုပေါင်း ၁၁၈၇၃၂ ဧကကို လျာထားပြီး
ဦးစားပေး (၁) ဖြစ်သည့်
ရန်ကုန်အရှေ့ပိုင်း မြို့သစ်သည်
လက်ရှိအခြေခံ အဆောက်အအုံများ ပြည့်စုံမှု မရှိသေးသည့်
ဒဂုံမြို့သစ်များ ပါဝင်ပြီး ၎င်းတို့ကို ဦးစွာဖွံ့ဖြိုးအောင် လုပ်သင့်ကြောင်း
လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြထားသည်။
ယခု စတင် တင်ဒါခေါ်ယူထားသည့် ရန်ကုန်မြို့သစ် စီမံကိန်းကို
ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊
လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး တူးမြောင်းကြား မြေနေရာများကို
လျာထားပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံလိုသူများကို အဆိုပြု တင်ဒါများ
ခေါ်ယူထားခြင်းဖြစ်ကြောင်း၊
ယင်းစီမံကိန်းတွင် တရားမ၀င် ငွေကြေးများစွာ ၀င်ရောက်နိုင်ကြောင်း
ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာညိုညိုသင်းက ပြောကြားထားသည်။
ကျော်ထင်
(Eleven Media Group)
"ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တည်ထောင်လိုသူအဆိုပြုလွှာများ စတင်ခေါ်ယူ"
"ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တည်ထောင်လိုသူအဆိုပြုလွှာများ
စတင်ခေါ်ယူ"
ရန်ကုန်မြို့သစ်စီမံကိန်း တည်ထောင်ရန် တည်ထောင်လိုသူ
နိုင်ငံသားပိုင်ကုမ္ပဏီများ အဆိုပြုလွှာ စတင်လျှောက်ထားနိုင်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင် ၁၂ရက်တွင်
နိုင်ငံပိုင်သတင်းစာ၌ ကြေညာချက် ထုတ်ပြန်ထားသည်။
အဆိုပြုတင်ဒါလျှောက်လွှာ များကို ဇူလိုင် ၂၁ ရက် နောက်ဆုံးထားကာ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရုံးချိန်အတွင်း တစ်စုံလျှင်
ကျပ်ငါးသောင်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး လာမည့် သြဂုတ်လ ၁၈ ရက်
နောက်ဆုံး လျှောက်လွှာတင်သွင်းရမည် ဖြစ် သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့အနောက်ဘက် ပန်းလှိုင်မြစ်နှင့်
တွံတေးတူးမြောင်း ကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေးကားလမ်း
အကြားတွင် တည်ထောင်မည်ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ စီမံကိန်းကို
အတည်ပြုခဲ့ခြင်းဖြစ် သည်။
အဆိုပါ ရန်ကုန်မြို့သစ်စီမံ ကိန်းကို ၂၀၁၄ သြဂုတ်ကတည်း က
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က စတင်ကြေညာခဲ့ပြီး ထိုစဉ်က
စီမံကိန်းတည်ဆောက်ရန် မြန်မာ့ စေတနာမြို့သစ် အများပိုင်
လီမိတက်ကို ရွေးချယ်ခဲ့ရာ ပွင့်လင်း မြင်သာစွာ ရွေးချယ်ခဲ့ခြင်းမဟုတ်
ဟုဝေဖန်မှုများရှိလာခဲ့၍ စီမံကိန်း ရပ်တန့်ခဲ့ရသည်။
ယခုတစ်ကြိမ်တွင်မူ တင်ဒါ ခေါ်ယူခြင်းများ၊ တည်ထောင်မည့်ကုမ္ပဏီ
ရွေးချယ်ခြင်းများကို ပွင့်လင်းမြင်သာစွာ စနစ်တကျ ပြုလုပ်မည်ဟု
ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့သစ်တောနှင့်
စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦး ကျော်စိုးက ပြောသည်။
‘‘ဝေဖန်မှုတွေတော့ ရှိချင် ရှိ မှာပဲ။ ဒါပေမဲ့ အားလုံးကောင်းဖို့ အတွက်
လုပ်ရမှာပဲ’’ဟု ဝန်ကြီး က ပြောသည်။
*** ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်
ဒေါက်တာ ညိုညိုသင်းကမူ
‘‘ဒီလောက် သက်တမ်းတိုတိုလေး ကျန်တော့တဲ့အချိန်မှာ ဒီစီမံကိန်းကို
ဘာကြောင့် အလောတကြီး လုပ်ချင်နေလဲဆိုတာ သံသယဖြစ်စရာပဲ’’
ဟု ပြောသည်။ ***
တည်ထောင်မည့်ကုမ္ပဏီကို ပွင့်လင်းမြင်သာစွာ ရွေးချယ်မှု ဖြစ်စေရန်
တင်ဒါခေါ်ယူခြင်းလုပ် ငန်းစဉ်များနှင့် ပဏာမဖွင့်ဖောက် မည့်နေရာတွင်
အနီးကပ် စောင့်ကြည့်ရန် စီစဉ်ထားကြောင်း ဒေါက်တာ ညိုညိုသင်းက
ပြော သည်။
တည်ထောင်လိုသူ ကုမ္ပဏီများသည် ကုမ္ပဏီဆိုင်ရာ အချက် အလက်များ၊
ရင်းနှီးမြှုပ်နှံမည့် ငွေကြေးအစီအစဉ်၊ နည်းပညာ အကူအညီရယူ
ဆောင်ရွက်မည့် အစီအစဉ်၊ စီမံကိန်းအကောင်အထည်ဖော်မည့်
အစီအစဉ်၊ ပြည်သူများအတွက် လူမှုစီးပွားဆိုင်ရာ ဆောင်ရွက်ပေးမည့်
အစီအစဉ်များကို ဖော်ပြပြီး တင်ဒါအာမခံ စပေါ်ငွေ ကျပ်ငါးဘီလီယံ
ပေး သွင်းထားသည့် ချလန်မူရင်းများဖြင့် အဆိုပြုလျှောက်ထားရမည် ဟု
တင်ဒါခေါ်ယူသည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။
အမေရိကန်ဒေါ်လာ ရှစ်ဘီ လီယံနှင့် ကျပ်ဘီလီယံ ခုနစ် ထောင်ကျော်
ရင်းနှီးမြှုပ်နှံတည် ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို သုံးနှစ်အတွင်း
၇၀ ရာခိုင်နှုန်းပြီးစီးအောင် တည်ဆောက်မည်ဟု ကြေညာထားသည်။
လျှောက်လွှာများကို သြဂုတ်၁၈ ရက်တွင် ပဏာမ ဖွင့်ဖောက်စိစစ်မည်
ဖြစ်ပြီး ထပ် မံစိစစ်ခြင်း၊ အပြီးသတ်တည်ထောင်သူ ရွေးချယ်ခြင်းများကို
တင်ဒါများအပေါ် မူတည်ပြီးမှ အချိန်သတ်မှတ်မည်ဟု ဝန်ကြီးဦးကျော်စိုးက
ပြောသည်။
ယခုစီမံကိန်းအပြင် ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ်၊
ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊
ထန်းတပင်နှင့် လှည်းကူးမြို့ နယ်တို့တွင် မြို့သစ်စီမံကိန်းများ အား
မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း (၂၀၄၀)ကို
လွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖြစ်သည်။
ထက်မြက်
(7day daily)
"အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ်(BCC) လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ"
"အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ်(BCC)
လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ"
အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC)
လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို
သတ်မှတ် လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည်။
1 - ဌာနမှသတ်မှတ်လျှောက်လွှာ
2 - လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
3 - ဆောက်လုပ်ခွင့်ပါမစ်နှင့်အိမ်ပုံစံမိတ္တူ တစ်စုံ
4 - ပုံစံစစ်ဆေးခငွေသွင်းချလံ မိတ္တူ
5 - စစ်ဆေးချက်မှတ်တမ်း စာအုပ် (Log Book)
6 - ရာပြတ်ဌာန၏အခွန်ပေးဆောင်ပြီးပြေစာ
(၃)ထပ်နှင့်အထက် အဆောက်အအုံများအတွက်
အထက်ပါအချက်များအပြင်အောက်ပါအချက်များပါတင်ပြရန် -
(၁) ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကိစ္စစိစစ်ပြီးကြောင်း
ထောက်ခံချက် (သို့) အခွန်ပေးဆောင်မည်ဖြစ်ကြောင်းထောက်ခံချက်
(၂) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်
(၃) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ၏ ထောက်ခံချက်
(၄) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန
(လမ်းနှင့်တံတား) ၏ ထောက်ခံချက်
(၅) မြို့နယ်အုပ်ချုပ်ရေးမှူးလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ထောက်ခံချက် (Y.E.S.B)
(သို့) မီတာများတပ်ဆင် ရန်လျှောက်ထားပြီးသည်မှာ
မှန်ကန်ကြောင်း ထောက်ခံချက်
(၆) အင်ဂျင်နီယာဌာန (အဆောက်အအုံ)
လျှပ်စစ်ဌာနခွဲ၏ထောက်ခံချက်
(၇) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန မှ အမှိုက်ပုံး
ဝယ်ယူထားသော ချလံ
(၈) အဆောက်အအုံတိမ်းစောင်းမှု ရှိ/မရှိ Theodolite Reading
(၉) အဆောက်အအုံ၏ ရှေ့/နောက်၊ ဝဲ/ယာ လျှပ်စစ်မီတာ၊
ရေမော်တာ မိလ္လာကန် ထားရှိမှုဓာတ်ပုံ
(၁၀) အခန်း ၁၈ ခန်းနှင့်အထက် အဆောက်အအုံ များအတွက်
Transformer တပ်ဆင်သုံးစွဲခွင့်
YESB ထောက်ခံချက်
(၁၁) ဓာတ်လှေခါးပါဝင်သော အဆောက်အအုံများအတွက်
ဓာတ်လှေခါးတပ်ဆင်သုံးစွဲခွင့် လက်မှတ် (E.I)
(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ)
"B.C.C ဆို သတိထားပါ"
"B.C.C ဆို သတိထားပါ"
[ဆရာရှင့်…
ကျွန်မ မြန်မာအိမ်ပွဲစား ဂျာနယ်ထဲက ဆရာရဲ. မေးဖြေတွေကို
အမြဲ ဖတ်ရပါတယ်။ အကျိုးဆောင်တွေက မေးပြီးဆရာ့လို ဝါရင့်
အကျိုးဆောင်ကြီးက ဖြေပေးနေတာမို. လေးလေးစားစားဖတ်မှတ်လိုက်နာ
မိပါတယ်။ ဒီကြားထဲကနေ ပြီးခဲ့တဲ့လမှာ B.C.C မကျသေးတဲ့
တိုက်ခန်းတစ်ခန်းကို ပွဲစားလုပ်ပြီး ဝယ်ပေးမိခဲ့ပါတယ် ။
ဝယ်သူကလည်း ရိုးရိုးသားသားနဲ.ပဲ အတင်းတက်နေတော့တာပါပဲ။
အခုတော့ သက်ဆိုင်ရာကလာပြီး စစ်ဆေးပါတယ်။ လောလောဆယ်
နေထိုင်သူ သုံးဦး ရှိကြပါတယ် ။ သူတို.အားလုံးကို ဒဏ်ရိုက်မယ်လို.
ပြောသွားပါတယ်။
ဘာတွေ ဖြစ်လာနိုင်သလဲ ဆရာ ..
ဖြေပေးပါဦး ... ]
B.C.C ကို သတိထားကြပါလို. ဆရာလည်း ကြုံတိုင်း အမြဲသတိ
ပေးနေတာပါ ။ ခုလိုဖြစ်လာမှတော့ ဘာမှ မတတ်နိုင်ပါဘူး ။
• ဝယ်တာက ကန်ထရိုက်ဆီကလား
• တိုက်ပိုင်ဆီကလား
• တစ်ဆင့်လား
• သူတို.တွေကလည်း ဘယ်လို ကတိစကားတွေ ရှိခဲ့ပါသလဲ
• စာချုပ်မှာကော B.C.C နဲ.ပက်သက်လို. ဘယ်လိုထည့်ရေးထားကြသလဲ
ဆိုတာကိုသာ အဖြေလိုက်ရှာပါတော့။
လွယ်ကူရင်တော့ ပြန်ပြီး ခေတ္တဖယ်ပေးလိုက်တာ အကောင်းဆုံး
အနေအထားပါ။ မဟုတ်ရင် စည်ပင်သာယာရေး ဥပဒေအရ တစ်နေ.ကို
ဒဏ်ငွေ တစ်သောင်းမှ ငါးသောင်းအထိ ရိုက်နိုင်ပါတယ်။
နောက်ဆက်တွဲ အပြစ်ဒဏ်တွေလည်း ရှိနိုင်တာမို. အမြန်သာ ဖြေရှင်း
လိုက်ကြပါ။
ခင်ဗျားကလည်း အကျိုးဆောင်းခ ယူထားတာမို. ကူညီဖြေရှင်းပေးလိုက်
စေလိုပါတယ်။ မဟုတ်ရင် ခင်ဗျားလည်း နာမည် ပျက်မယ်။
တိုက်ခန်းဝယ်သူလည်း အများကြီး နစ်နာနိုင်စရာ ရှိပါတယ်။
ကဲပါ… စိတ်အေးအေးထားပြီး ဖြေရှင်လိုက်ပါ။
နောက်တော့ B.C.C ဆိုရင် သတိထားပြီး ရောင်းဝယ်ကြပါ။
အရေးကြီးဆုံက တာဝန်ကိုဘယ်သူ ယူတယ်ဆိုတာနဲ.
ဘယ်လိုတာဝန်ယူတယ် ဆိုတာတွေကို
စာချုပ်မှာ ချုပ်ဖြစ်အောင် ထည့်ချုပ်ဖို. လိုပါတယ်။
(B.C.C ( Building Completion Certificate ) ဆိုသည်မှာ
အဆောက်အအုံ ဆောက်လုပ်ပြီးစီး၍ နေထိုင်အသုံးပြုခွင့်ပေးခြင်း)
- ရန်ကုန်မြို.တော်စည်ပင်သာယာ နယ်နမိတ်အတွင်း အဆောက်အအုံ
ဆောက်လုပ်ခြင်းကို ကော်မတီ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ကာလအတွင်း
ပြီးစီးအောင် ဆောက်လုပ်ရမည် ဖြစ်ပါသည်။
- အဆောက်အအုံမပြီးစီးမီနှင့် လူနေထိုင်ခွင့် B.C.C မရရှိမီ လူနေထိုင်ခြင်း
မပြုရဘဲ အဆောက်အအုံပြီးစီး၍ တစ်လအတွင်း လူနေထိုင်ခွင့်
လျှောက်ထားရန် လိုအပ်ပါသည်။
- အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးကြောင်း တင်ပြစာ
ရရှိသည့်အခါ အင်ဂျင်နီယာဌာန ( အဆောက်အအုံ) သည်
ယင်းအဆောက်အအုံအား ရက်ပေါင်း ၃၀ အတွင်း စစ်ဆေး၍
ကော်မတီသို.တင်ပြပြီး ကော်မတီက စိစစ်ခွင့်ပြုထားသည့်
အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်ပြီးစီးကြောင်း တွေ.ရှိပါက
ယင်းအဆာက်အအုံတွင် နေထိုင်အသုံးပြုခွင့် ထုတ်ပေးပါသည်။
- ကော်မတီက စိစစ်ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားစွာ
ဆောက်လုပ်ထားကြောင်း တွေ.ရှိပါက အဆောက်အအုံတွင်
နေထိုင်အသုံးပြုခွင့်မပေးဘဲ ယင်းအဆောက်အအုံကို ခွင့်ပြုချက်ပုံစံနှင့်
အညီ သတ်မှတ်ကာလအတွင်း ပြန်လည်ပြုပြင်ဆောက်လုပ်ရန်
ညွှန်ကြားပါသည်။
Kyi Soe (I.C)
Winning Land Real Estate
"ငွေကြေးအခက်အခဲကြောင့် ဖျက်သိမ်းလိုက်ရသည့်ကန်ထရိုက်တိုက် အရေအတွက်ပိုများလာ"
"ငွေကြေးအခက်အခဲကြောင့် ဖျက်သိမ်းလိုက်ရသည့်
ကန်ထရိုက်တိုက် အရေအတွက်ပိုများလာ"
ကန်ထရိုက်တိုက်များ တည်ဆောက်ရန် ခွင့်ပြုချက် လျှောက်ထားပြီး
ဆက်လက်တည် ဆောက်ရန် လုပ်ငန်းရှင်များဘက် တွင် ငွေကြေး
အခက်အခဲ ရှိသော ကြောင့် ဖျက်သိမ်းလိုက်ရသည့် အရေအတွက်
ပိုမိုများပြားလာ ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်များထံမှ
သတင်းရရှိ သည်။
ယင်းကဲ့သို့ တည်ဆောက်သူ ဘက်မှ ခွင့်ပြုချက်တင်ပြီး
ပြန်လည်ဖျက်သိမ်းခွင့်တင်ခဲ့၍ ကန်ထရိုက်တိုက်ခန်းများကို ကြိုပွိုင့်
ဝယ်ယူထားသူများ အထိနာခဲ့ရ သည့် ဖြစ်စဉ်များ ပေါ်ပေါက်နေ သည်ဟု
လမင်းဧရာဆောက်လုပ် ရေးလုပ်ငန်းရှင်က ပြောသည်။
‘‘တချို့ ကန်ထရိုက်တွေက လောဘကြီးပြီး စည်ပင်ကို
တည်ဆောက်ခွင့်တွေ လျှောက်တင်ပြီး အခန်းတွေ ကြိုရောင်းကြတယ်။
အမှန်တော့ ကြိုပွိုင့်ဝယ်သူတွေက မြေပြင်မှာ လုပ်ငန်းတွေစမှ
ဝယ် သင့်ပြီ’’ဟု ၎င်းက ဆိုသည်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွင်
ခွင့်ပြုမိန့်တင်ပြီးမှ ပြန်လည် ရုပ်သိမ်းသည့် အမှုတွဲပေါင်း ၁၀၀ ကျော်ရှိပြီး
ကန်ထရိုက်၊ အင်ဂျင်နီယာ၊ အိမ်ရှင်သုံးဦး၏ လက်မှတ်များ ပါဝင်ပါက
တည်ဆောက်ခွင့်အမှုတွဲကို ပိတ်သိမ်းနိုင်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့်
အဆောက်အအုံဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်း ရှင်အများစုသည် ဘဏ်ချေးငွေ ကို မျှော်လင့်ပြီး
တည်ဆောက်နိုင် သည်ဟုယုံကြည်သဖြင့် ရပ်ကွက် များအတွင်း
ကန်ထရိုက်တိုက်များ မြောက်မြားစွာ တည်ဆောက်ရန် ကြိုတင်စာချုပ်
ချုပ်ဆိုထားပြီးမှ ငွေကြေးမလည်ပတ်တော့၍ ယခု ကဲ့သို့ ဖျက်သိမ်းသည့်
အမှုတွဲ များ ပိုမိုများပြားလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဖျက်သိမ်းရန် တင်ပြ လျှောက်ထားသည့် ဆောက်လုပ် ရေးလုပ်ငန်း
အများစုတွင် ရင်းနှီး မြှုပ်နှံကြသည့် လုပ်ငန်းရှင်အများ စုမှာ ဆောက်လုပ်ရေး
လောကမှ မဟုတ်ဘဲ ပြင်ပလောကမှ စီးပွားရေး လုပ်ငန်းရှင်များသာ
ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်အချို့က သုံးသပ်သည်။
ထို့ပြင် ဆောက်လုပ်ရေး လောကအတွင်း ငွေကြေးမလည်ပတ်နိုင်မှုကြောင့်
ဆက်လက် တည်ဆောက်ရန် ကန်ထရိုက်တာ ဘက်မှ အခက်အခဲ
ဖြစ်ပေါ်ခဲ့၍ မြေရှင်က စာချုပ်ဖောက်ဖျက်မှု ဖြင့် တရားစွဲဆိုခြင်းများ
မကြာခဏ ဖြစ်ပေါ်နေပြီး ကြိုပွိုင့်ဈေး ကွက်မှာလည်း လုံးဝရပ်တန့်လုနီးပါး
ဖြစ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအဝိုင်းမှ
စုံစမ်းသိရသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက
ယခု ဘဏ္ဍာနှစ်အတွင်း အဆောက်အ အုံ တည်ဆောက်ခွင့်
စုစုပေါင်း ၂,၅၀၀ ကျော်ခွင့်ပြုထားသည်။
၂၀၁၄ ခုနှစ်က ၁၃ နှစ်အတွင်း အများဆုံး
အဆောက်အအုံတည် ဆောက်ခွင့်ပြုခဲ့သည့် နှစ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင်
အဆိုပါစံချိန်ကို ကျော်လွန်နိုင်ဖွယ် မရှိကြောင်း ကျွမ်းကျင်သူများက
သုံးသပ်ထား သည်။
မိုးညို
(7day daily)
"SP အကြောင်းသိကောင်းစရာ"
"SP အကြောင်းသိကောင်းစရာ"
- SP (Special Power) ဆိုသည်မှာ
နေရပ်လိပ်စာအတိအကျ၊ မြေတိုင်းရပ်ကွက်အမှတ်၊
ဧရိယာအကျယ်အဝန်း၊ အချက်အလက် အသေးစိတ်ကို
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏
အိုးအိမ်ဦးစီးဌာန၊ စာရွက်စာတမ်းမှတ်ပုံတင်ဌာနနှင့် ရုံးဌာနအသီးသီးမှာ
တရားဝင် ငှားရမ်းရန်၊ ပေးကမ်းရန်အတွက် ဆောင်ရွက်နိုင်အောင်ဆိုပြီး
မူလအမည်ပေါက်ပိုင်ရှင်မှ တခြားသူတစ်ယောက်ကို
လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်သည်။
- မူလပိုင်ရှင်၏ SP ရရှိထားသူသည် ပိုင်ရှင်မပါသော်လည်း
မြေအား ဝယ်ခြင်း၊ ရောင်းခြင်း စာချုပ်ချုပ်များ ချုပ်ဆိုရောင်းချနိုင်မည်
ဖြစ်သည်။ အကယ်၍ ဝယ်ယူသူသည် ပိုင်ရှင်ထံမှ SP လက်မှတ်မရှိလျှင်
ထပ်ဆင့်ရောင်းဝယ် ငှားရမ်းမှုများ ပြုလုပ်၍မရပေ။
- SP ကို မြေသီးသန့်အရောင်းအဝယ် ပြုလုပ်ခြင်းအတွက်သာ
ပေးခြင်းဖြစ်သည်။
- SP ကို မူလအမည်ပေါက်ပိုင်ရှင် တစ်ဦးတည်းကသာ ပေးပိုင်ခွင့်ရှိပါသည်။
ဥပမာ- မူလပိုင်ရှင်မှ သူ၏မြေကို မောင်ဖြူကို ရောင်းချရာဝယ်
မူလပိုင်ရှင်မှ မောင်ဖြူအား SP ပေးလိုက်ပါသည်။
မောင်ဖြူမှ ၄င်း SP အားလက်ဝယ်ကိုင်ဆောင်ထားပြီး
အမည်ပေါက်မလျှောက်ထားခဲ့လျှင် မောင်ဖြူမှ တခြားသူတစ်ဦးအား
မြေကို ထပ်မံရောင်းချရာ SP ကို ပေး၍ မရတော့ပေ။
- SP ခွင့်ပြုသက်တမ်းကုန်ဆုံးသည့်အခါ မြေအား အမည်ပေါက်
လျှောက်ထားခွင့် လုံးဝမရှိတော့ပေ။ ထိုအခါ မူလပိုင်ရှင်အမည်ပေါက်လဲ
မရှိတော့သည့်အချိန်မျိုးဖြစ်နေလျှင် တရားစွဲဆိုမှုများ ဖြစ်လာနိုင်သည်။
- SP ကို ယခင်က ခွင့်ပြုသက်တမ်း (၁)နှစ်ပေးခဲ့ပြီး ယခုအခါ
နှစ်အကန့်အသတ်မရှိ ပေးလိုက်ပါသည်။
- သို့သော် မူလပိုင်ရှင် အမည်ပေါက်ဖြစ်သူ သေဆုံးခြင်း၊
အခြားနိုင်ငံသားအဖြစ် ခံယူခြင်း၊ တရားဥပဒေအရ
အကျဉ်းထောင်အတွင်း အပြစ်ပေးခံရခြင်းများ ဖြစ်ပေါ်လာပါက
SP သက်တမ်းမှာ အလိုအလျှောက်
ပျက်ပြယ်သွားမည်ဖြစ်သည်။
ထိုအချိန်မျိုးတွင် SP ကို အသုံးပြုခွင့် မရရှိတော့ပေ။
(Myanmar Property News)
"GP နှင့် SP ခြားနားခြင်း သိကောင်းစရာ"
"GP နှင့် SP ခြားနားခြင်း သိကောင်းစရာ"
GP ( General Power )
=============
အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး
လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်ရေးဆိုင်ခွင့် အားလုံးကို
စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍
G.P ခေါ် အထွေထွေ ကိုယ်စားလှယ်လွဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။
S.P ( Special Power )
=============
အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး
လူတစ်ဦးမှ မိမိပိုင်ရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို
သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍
S.P ခေါ် အထူးကိုယ်စားလှယ် လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။
(အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင်
အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင်
ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက်
သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန်
Special Power ကိုသာ ပေးလေ့ ရှိပါသည်။)
- S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး
မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ ယင်းမြေကွက်နှင့်
ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။
- S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ
ပျက်ပျယ်သွားမည်ဖြစ်ပါသည်။
- S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊
လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ
တို့ မှာ S.P ပေးလို့ မရပါ။
- လယ်မြေ နှင့် ဥယျဉ်ခြံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက
S.P ပေးလို့ရပါသည်။
- S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင်
မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ
တရားဝင်မည်ဖြစ်ပါသည်။
- G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊
အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ
ပေးအပ်မည့် ပစ္စည်းကို သေချာစွာ ဖော်ပြ၍
လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။
မဖြူဖြူလွင်
(မြန်မာ့အိမ်ခြံမြေသတင်းဌာန-MPN)
Wednesday, July 15, 2015
"ရန်ကုန်ရှိဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းမှု ယခင်နှစ်ကထက် ထက်ဝက်ကျော်များပြား"
"ရန်ကုန်ရှိဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းမှု ယခင်နှစ်ကထက်
ထက်ဝက်ကျော်များပြား"
ရန်ကုန်မြို့တွင်း တိုက်ခန်း ဝယ်ယူမှု လျော့လာခြင်းတို့ ကြောင့် ယခင်နှစ်ထက်
ဆောက်လုပ်ရေး လုပ်ငန်းများ ဆောက်လုပ် မှု လျော့ကျလာကြောင်း
ရန်ကုန် မြို့ရှိ ဆောက်လုပ်ရေး လုပ်ကိုင်သူ များထံမှ သိရသည်။
ကန်ထရိုက်ဆောက်လုပ်ရေး အိမ်ရာတစ်ခုလက်ခံလျှင်တိုက်ခန်း
အရစ်ကျဝယ်ယူသူများကို ရောင်း ချပြီးမှ ဆောက်လုပ်ရေးလုပ်ငန်း များကို
လုပ်ကိုင်ရသဖြင့် ယခုနှစ် တွင် ဝယ်ယူမှုနည်းကာငွေကြေး
လည်ပတ်မှုမရှိသောကြောင့် ၅ဝ ရာခိုင်နှုန်းကျော်လျော့နည်းလာ ကြောင်း
ကန်ထရိုက်လုပ်ငန်းလုပ် ကိုင်နေသူဦးစိန်မြင့်ကပြောသည်။
''အရစ်ကျငွေချေပြီး မဝယ် နိုင်တော့ ဆောက်လုပ်မှုက သိသိ သာသာ
လျော့နည်းသွားတယ်။ အခွန်ကိစ္စတွေမှာ ဝယ်ရောင်းတွေ က မရှင်းတာ။
ပြီးတော့ ဆောက် လုပ်ရေးလုပ်ငန်းတွေမှာယုံကြည်မှု နည်းပါးလာတာလဲ
ပါတယ်။ ဒါတွေကြောင့် အရင်လည်ပတ် နေတဲ့အရှိန်ပဲရှိတယ်။
နောက်ထပ် ဆောက်ဖို့ကမရှိဘူး။ လက်ရှိမှာ ရပ်ဆိုင်းနေတာတွေရှိတယ်''
ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ကန်ထရိုက် လုပ်ငန်းရှင်ဦးညိုကပြောသည်။
ယင်းအပြင် လက်ရှိဆောက် လုပ်ရေး လုပ်ငန်းများတွင်
ဆောက်လုပ်ခွင့်ပါမစ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီသို့ တင်ရာတွင် ခွင့်ပြုမိန့်ကျရန် အချိန်တစ်လဟုဆိုသော်လည်း
တချို့မှာ အခက်အခဲများကြောင့် တစ်နှစ်ကျော်ကြာမြင့်သွားသည် များလည်း
ရှိနေသဖြင့် ဆောက် လုပ်မှုလျော့ကျလာခြင်းဖြစ်ကြောင်း
ကန်ထရိုက်လုပ်ငန်းရှင်များက ပြောသည်။
မြေနေရာတစ်ခုတွင်တိုက်ခန်း (သို့မဟုတ်)ကွန်ဒိုဆောက်လုပ်မည်
ဆိုလျှင်အရစ်ကျစနစ်ဖြင့် ရောင်းချ ပြီး အရင်းအနှီးရမှသာလျှင်
ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်များ ထံမှ
သိရသည်။
မျိုးပပစန်း
(The Union Daily)
"မြေကွက်ခွဲကြမည်"
"မြေကွက်ခွဲကြမည်"
- မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ(အိမ်ယာမြေ)၊ ဂရန်ရှိမြေပိုင်မြေနှင့်
မြေဌားဂရန်မြေများကို မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင်
ခွဲစိတ်ပေးပါသည်။
- ခွဲစိတ်ရန်လျှောက်ထားသည့်မြေကွက်အတိုင်းအတာသည်
မျက်နှာစာဖက်တွင် အနည်းဆုံး ပေ (၂၀)ရှိရမည် ဖြစ်ပြီး
မြေတစ်ကွက်လုံး၏ စုစုပေါင်းဧရိယာသည်
အနည်းဆုံး(၁၂၀၀) စတုရန်းပေ
ရှိရပါမည်။
- ခွဲစိတ်ရန် လျှောက်ထားသော မြေကွက်များသို့ ဝင်ထွက်သွားလာရန်
လုံလောက်သော လမ်းပါရှိရပါမည်။ ကော်မတီပိုင် လမ်းမရှိပါက
ကိုယ်ပိုင်လမ်း လျာထားပေးရပါမည်။
- မြေကွက် ခွဲစိတ်မျဉ်းနှင့် မြေပြင်ရှိ အဆောက်အအုံတို့ကင်းလွတ်မှုရှိရပါမည်။
- လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့်
အတူ မြေတိုင်းလျှောက်ထားစဉ်က တင်ကပြခဲ့သော အထောက်အထားများ
အပြင် တစ်နှစ်အတွင်း သက်တမ်းရှိသည့် ဌာနမှ ထုတ်ပေးထားသော
မြေကွက်ခွဲစိတ်ရန် မှန်ကန်ကြောင်း သက်သေခံသည့်မြေပုံနှင့်
မြေရာဇဝင်မူရင်း၊ အတိုင်းအတာပါသည့် မြေတိုင်းမြေပုံမိတ္တူ၊
ကော်မတီက အသိအမှတ်ပြု လိုင်စင်ရအင်ဂျင်နီယာရေးဆွဲထားသည့်
မြေကွက်ခွဲစိတ်ရန်အဆိုပြုမြေပုံ (၃) စုံ နှင့်
အသေးစိတ်တွက်ချက်မှုပုံစံ (၃) စုံမူရင်းများ ရှိရပါမည်။
- လျှောက်ထားသူ တင်ပြသော အထောက်အထားများ ပြည့်စုံမှန်ကန်ပါက
ဌာနမှ ကွင်းဆင်းတိုင်းတာ စစ်ဆေးပါသည်။
- ဌာနမှ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှန်ကန်ပါက
သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေကွက်ခွဲအတည်ပြုပုံစံနှင့်
မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံများထုတ်ပေးပါသည်။
- ဌာနရှိ မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင်လည်း ဉီးပိုင် အသစ်များ
ခွဲစိတ်မှတ်သားပါသည်။
- ခွဲစိတ်သည့် မြေကွက်သည် ဂရန်မြေဖြစ်ပါက
ဂရန်ခွဲဆက်လက်ဆောင်ရွက်ရန်နှင့်
မြေပိုင်မြေဖြစ်ပါကအမှားပြင်စာချုပ် ချုပ်ဆိုရန် လိုအပ်သည်။
(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ)
"ကွန်ဒိုမီနီယံ ဥပဒေနှင့် ပတ်သတ်၍ လူထုကြားတွင် ဆွေးနွေးတိုင်ပင်မှု နည်းပါး"

"ကွန်ဒိုမီနီယံ ဥပဒေနှင့် ပတ်သတ်၍ လူထုကြားတွင်
ဆွေးနွေးတိုင်ပင်မှု နည်းပါး"
ကွန်ဒိုမီနီယံ ဥပဒေနှင့် ပတ်သက်၍ တိကျသည့် အဓိပ္ပာယ်
ဖွင့်ဆိုချက်များနှင့် အချက်အလက်များကို လူထုကြားတွင် ဆွေးနွေးတိုင်ပင်မှု
နည်းပါးနေကြောင်း House.com မှယမန်နေ့က ထုတ်ပြန်ခဲ့ သည်။
““ကွန်ဒိုမီနီယံ ဥပဒေက ကောင်းမွန်တဲ့
အလားအလာတွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။ နိုင်ငံခြားသားတွေ
ကွန်ဒိုအခန်းတွေ ၀ယ်ယူနိုင်ခွင့်ရှိရင် မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်မှာပါ
အထောက်အပံ့ ဖြစ်စေမှာပါ။ ပျော့ပျောင်းတဲ့ ကန့်သတ်ချက်တွေတော့ ရှိဖို့လိုအပ်ပြီး
ဖိအားဖြစ်ဖို့လောက် အထိတော့ မလိုအပ်ပါဘူး””ဟု House.com.mm မှ
မန်းနေဂျင်း ဒါရိုက်တာ Jan Sommerfeld က ပြောသည်။
လက်ရှိ ကွန်ဒိုမီနီယံ ဥပဒေမူကြမ်းတွင် နိုင်ငံခြားသားများမှာလည်း
ကွန်ဒိုအခန်းများ ၀ယ်ယူပိုင်ဆိုင်ခွင့်ရှိပြီး ကွန်ဒိုပိုင်ဆိုင်သူသည်
ကွန်ဒိုတည်ဆောက်ရာ မြေနေရာကို ပိုင်ဆိုင်မှု ရှိသည့်အတွက်
ကွန်ဒိုဝယ်ယူထားသည့် နိုင်ငံခြားသားများသည် မြေပိုင်ဆိုင်ခွင့်ရှိမရှိကို
အငြင်းပွားမှု များရှိနေသည်။
လက်ရှိ ကွန်ဒိုမီနီယံ ဥပဒေကြမ်းတွင်
ကွန်ဒိုမီနီယံတစ်လုံး ဆောက်လုပ်ခြင်းအတွက် မြေအကျယ်အ၀န်း
တစ်ဧကရှိရမည် ဖြစ်ပြီး အနည်းဆုံး အခန်းတစ်ရာစာ ပါဝင်အောင်
ဆောက်လုပ်ရမည် ဖြစ်ကြောင်း၊ နေထိုင်သူများ၏ လုံခြုံမှုအတွက် CCTV
ကင်မရာများ၊ မီးသတ်စနစ်နှင့်(၂၄) နာရီ လုံခြုံရေးစနစ်များလည်း
ပါဝင်ရမည်ဖြစ်ကြောင်း၊ ဇိမ်ခံအထောက်အပံ့များ ဖြစ်သည့် ရေကူးကန်၊
ကာယအလှ လေ့ကျင့်ခန်း၊ အလှပြင်ခန်းများအပြင် ဥယျာဉ်၊ အင်တာနက်၊
လုံလောက်သော ကားပါကင်များပါ ထည့်သွင်း ဆောက်လုပ်ရမည်
ဖြစ်ကြောင်း သိရသည်။
““ကွန်ဒိုမီနီယံ ဥပဒေကန့်သတ်ချက်အချို့ကို ပြန်လည်စဉ်းစားဖို့ လိုပါတယ်။
ဥပမာမြေအကျယ် တစ်ဧကရှိမှ ကွန်ဒိုဆောက်လုပ်ရမယ် ဆိုတာမျိုး
တစ်ဧကမရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ကွန်ဒို အချို့တွေရှိပါတယ်။
ဒါတွေကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်၊ နိုင်ငံခြားသားကွန်ဒို
ပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီး ဒါကတော့ ဖြစ်သင့်ပါတယ်””ဟု မြန်မာနိုင်ငံ
အိမ်ခြံမြေ ၀န်ဆောင်မှုအသင်းမှ ဥက္ကဋ္ဌက ပြောသည်။
ကွန်ဒိုမီနီယံ ဥပဒေ ပေါ်ထွက်လာပါက ရင်းနှီးမြှုပ်နှံမှုများပိုမို
ဝင်ရောက်လာနိုင်ကြောင်း ဈေးနှုန်းများ ကျဆင်းနိုင်မည်ဟု
ခန့်မှန်းထားကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
(messenger news journal)
"ဒဂုံစီးတီးစီမံကိန်း ရပ်ပြီ"
"ဒဂုံစီးတီးစီမံကိန်း ရပ်ပြီ"
စစ်တပ်ပိုင်မြေပေါ်တွင် အကောင်အထည်ဖော်မည့်ဒဂုံစီးတီး စီမံကိန်း
ရပ်စဲကြောင်း ဇူလိုင် ၇ ရက်နေ့စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာချက် ထုတ်ပြန်လိုက်သည်။
ဒဂုံစီးတီး စီမံကိန်းကို ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်၊ သုခရတနာ
ကုမ္ပဏီလီမိတက်၊ Adventure Myanmar Tours and Incentives
ကုမ္ပဏီလီမိတက်၊ Marga Landmark Development
ကုမ္ပဏီလီမိတက်တို့က တည်ဆောက်ရန် လေလံအောင်ထားခြင်းဖြစ်ပြီး
စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများ
နစ်နာမှုမရှိစေရေး နိုင်ငံတော်အစီအစဉ်ဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု
သတင်းရရှိသည်။
ဒဂုံစီးတီးစီမံကိန်းကို ၁၅ ရက်အတွင်း ဖျက်သိမ်းပေးမည်ဟု
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊
ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူးတို့က ရွှေတိဂုံစေတီတော်
ကာကွယ်ရေးအဖွဲ့ကို ကတိပေးပြောကြားထားသည့်ရက်ပြည့်ပြီး
၂ ရက်အကျော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
(7Day News Journal)
"မြေငှားဂရန်အသစ်ထုတ်ပေးခြင်း"
"မြေငှားဂရန်အသစ်ထုတ်ပေးခြင်း"
မြေငှားဂရန်ထုတ်ပေးသော မြေအမျိုးအစားများ မှာ
လိုင်စင်မြေ ၊ စကွာတာမြေ နှင့် ပါမစ်မြေတို့ဖြစ်သည်။
လိုအပ်သော အထောက်အထားများမှာ -
၁ ။ နိုင်ငံသားဖြစ်ရမည် ( နိုင်ငံသားကတ်ပြားမိတ္တူ)
၂ ။ အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်
၃ ။ အမည်ပေါက် (သို့မဟုတ်) ဥပဒေနှင့်အညီ ဆက်ခံခွင့်ရှိသူမှ
တရားရုံးတွင် ပြုလုပ်ခဲ့သော ကျမ်းကျိန်လွှာ
၎ ။ လွှဲပြောင်းခြင်းဖြစ်ပါက ကတိစာချုပ်လွှာ
(ဥပမာ - အရောင်းအ၀ယ် ၊ပေးကမ်း ၊စွန့်လွှတ် ၊လှူဒါန်းခြင်း
စသော လွှဲပြောင်းခြင်းများ )
၅ ။ ပိုင်ဆိုင်ခွင့် နှင့် ပက်သက်၍ တရားရုံး၏ အမိန့်ဒီကရီ
၆ ။ အဆောက်အဦးရှိကြောင်း အထောက်အထား ။
"မြေပုံမြေရာဇ၀င်ရေးကူးရန် လျှောက်ထားနိုင်သူများ"
၁ ။ အမည်ပေါက်
၂ ။ GP,SP ရသူ
၃ ။အမွေဆက်ခံသူအမျိုးမျိုး
၎ ။ တရားမကြောင်းအရ တရားစွဲပြီး ဘီလစ်မှ ဆောင်ရွက်ခြင်း
"မြေပုံမြေရာဇ၀င် ရေးကူးခြင်း"
ယခင်က အိုးအိမ်ဦးစီးဌာနတွင်ပြုလုပ် ၍
ယခုအခါ မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ပြုလုပ်နိုင်သည်။
လိုအပ်ရသည့်အကြောင်းရင်းမှာ -
၁ ။ ရောင်း - ၀ယ်ချင်လျှင်
၂ ။ စည်းဝင်းခတ်ချင်လျှင်
၃ ။ မှတ်ပုံတင်လျှင်
၎ ။ မှတ်တမ်းထားချင်လျှင်
၅ ။ အိမ်သစ်ဆောက်ချင်လျှင်
၆ ။ အသေးစားပြင်ဆင်ချင်လျှင်
၇ ။ အ၀ိစီတွင်းတူးလျှင်
၈ ။ မြေခွဲစိတ်လိုလျှင်
၉ ။ ပိုင်ဆိုင်ကြောင်း ၊အပိုင်ပေး ၊စွန့်လွှတ် ၊အမှားပြင် စာချုပ်များချုပ်လျှင်
၁၀ ။တရားရုံးတင်ပြရန်
၁၁ ။ ကျူးလွန်ခြင်းပြမြေပုံ
၁၂ ။ ဘဏ်ငွေချေးရန်
မြေပုံမြေရာဇ၀င် ရေးကူးခွင့်လျှောက်ထားသူများသည်မြေအမည်ပေါက်သူက
လျှောက်ထားခြင်းဖြစ်လျှင် အမှုတွဲဖွင့်လှစ်သည့်နေမှစ ၍ ၁၄ ရက်ကြာသည့်
အခါ မြေပုံမြေရာဇ၀င် ထုတ်ယူရန်ဖြစ်ပါသည်။
အကယ် ၍ မြေအမည်ပေါက်သူမဟုတ်ဘဲ စာချုပ်စာတမ်းအဆက်အစပ်ဖြင့်
ပိုင်ဆိုင်လာသူ ၊တရားရုံးဒီကရီအရ ပိုင်ဆိုင်လာသူ ၊
အမွှေဆက်ခံခွင့်ရှိကြောင်း ကျမ်းကျိန်လွှာအရ
တင်ပြလျှောက်ထားသူဖြစ်လျှင် သတင်းစာ ၌ ၁၄ ရက်အချိန်ပေး ၍
ကြော်ငြာရမည်ဖြစ်ရာ အမှုတွဲဖွင့်သည့်နေ့မှစ ၍
ရက်ပေါင်း ၃၀ ပြည့်သည့်အခါ မြို့တော်ခန်းမတွင်
လာရောက်ထုတ်ယူရမည်ဖြစ်သည် ။
ရွာမြေ ၊ ဥယျာဉ်ခြံမြေ ၊ စိုက်ပျိုးမြေမှ တစ်ပါး တခြားအမျိုးအစားများကို
မှန်ကန်ကြောင်းသက်သေခံသည့် မြေပုံမြေရာဇ၀င် ထုတ်ပေးသည်။
(အိမ်၊ ခြံ၊ မြေ ဂျာနယ်)
Monday, July 13, 2015
"လျော့ချုပ်စာချုပ် ဘယ်လိုချုပ်"
"လျော့ချုပ်စာချုပ် ဘယ်လိုချုပ်"
တစ်နေ.တော့သင်တန်းသားတစ်ယောက်က “ဆရာ ကျွန်တော်တစ်ခုမေးချင်ပါတယ်၊
ဥပမာ - သိန်း ၅၀၀၀ နဲ. အရောင်းအဝယ်ဖြစ်တဲ့မြေကွက်တစ်ကွက်ကို စာချုပ်ချုပ်ပေးရင်
ကျွန်တော်တို.က တန်ဖိုးကို လယ်လောက်လောက် လျော့ချုပ်ရမလဲဆရာ၊ အမှန်ပဲချုပ်ရမှာလား၊
အဆင်ပြေအောင်ပေါ့ဆရာရယ်” လို. မေးလာပါတယ်။
ဒါကို ကျွန်တော်က “ခင်ဗျာမေးတာတော့ မမှားဘူးမေးသင့်ပါတယ်။ ဒါပေမဲ့ သင်တန်းစာထဲမှာ
ပါနေပါတယ်၊ မကြာခင်သင်ရတော့မှာပါ။ ဒါပေမဲ့ ကြိုသင်သလိုဖြစ်တော့လည်းကောင်းတာပါပဲ။
ဇာတ်လမ်းကတော့ ခပ်ရှည်ရှည်ပဲဗျ။ ပျားအုံးတုတ်နဲ. ထိုးမိသလိုပဲ၊ ရှင်းပြရင်အဆုံးသတ်ထိ
ရှင်းပြရတာမျိုးပါဗျာ။
ကဲဗျာ ခင်ဗျားကိုယ်တိုင်ပဲ အိမ်နဲ.မြေကွက်တစ်ခုကို ဒီနေ.ဝယ်တယ်ဆိုပါစို.။
ဒီနေ.ငွေအပြေချေတယ်လို. ပြောချင်တာပါ။ စရံပေးတာနဲ. စစ်ဆေးတာတွေအကုန်ပြီးလို.
ဒီနေ.ငွေချေတယ်။ ကျပ်သိန်း ၅၀၀၀ အပြေချေလိုက်ပြီဆိုပါတော့၊ ဒီနေ. သိန်း ၅၀၀၀ ပေးပြီးဂရန်ရယ်၊
ဆက်စပ်စာချုပ်တွေရယ်၊ အစစအစုံယူလို.စာချုပ်ကိုလဲ၊ ရှေ.နေတစ်ဦးဦး၊ ဒါမှာမဟုတ်အတော်အတန်
ကျွမ်းကျင်သူတစ်ဦးဦးနဲ. ချုပ်ဆိုကြပြီဆိုရင် ၊ ဘာကိုမှ မစဉ်းစားနိုင်သေးဘူး။
အခုလက်ငင်းပေးလိုက်တဲ. သိန်းငါးထောင်နဲ.ပဲ စာချုပ်ချုပ်ဖြစ်ကြပါတယ်။
ဆရာ ကျွန်တော်မေးတာက သိန်း ၅၀၀၀ ပဲချုပ်ရမလား၊ ဘယ်လောက်လောက်လျော့
ချုပ်ထားသင့်သလဲလို. မေးတာလေ ဆရာရဲ.။
ဖြေပါမယ်ဗျာ၊ ကဲအဲဒီလိုပဲ သိန်း ၅၀၀၀ နဲ. စာချုပ်ချုပ်ပြီးလို.ပျော်ရွှင်နေကြတဲ့အချိန်မှာ
တစ်ယောက်က စပြောလာပါလိမ့်မယ်။
ကဲ ကဲ ကဲ လူစုံရှိတုန်းလျော့ချုပ်မဲ့ စာချုပ်ကို ဘယ်လောက်တန်ဖိုးနဲ.ချုပ်ကြမှာလဲ၊ အခုပဲချုပ်မှာလား၊
ညှိကြပါအုံးဗျာ၊ နောက်ရက်ဆိုရင် ကျွန်တော်တို.ဆုံဖြစ်ဖို.မလွယ်ဘူးလို.ပြောလာမှာပါဗျာ။
အဲဒီအချိန်ရောက်ရင် နောက်တစ်ဦးဦးက ပေါ်လာဦးမှာ ဟုတ်ပါပြီဗျာ၊ ကျုပ်မှာ
“တိုင်းဒေသကြီးက” ကကန်.သတ်ပေးထားတဲ့ “ကာလတန်ဖိုးစိစစ်ရေးအဖွဲ.ရဲ.စံနှုန်း”စာအုပ်ပါခဲ့ပါတယ်၊
ဒါကိုအရင်ကြည့်ပြီး အဲဒီကတန်ဖိုးနဲ. ကြည့်လုပ်ကြရင် အမှားနဲတာပေါ့” လို.
ပြောလာမှာသေချာပါတယ်။
ဒါက “စာအုပ်-ရာဖြတ်” ပေါ့နော်လို.ပြောတဲ့ သူကပြောနဲ.၊ စာအုပ်ထဲမှာပါတဲ့အတိုင်း မြို.နယ်ရယ်၊
လမ်းရယ်၊ စတုရန်းပေနှုန်းထားရယ်နဲ. ကိုယ့်မြေကွက်အကျယ်အဝန်းကို တွက်လိုက်တော့
တန်ဖိုးတစ်ခုထွက်လာပါပြီ။ အဲဒါက ဒုတိယတန်ဖိုး(သို.မဟုတ်) စာအုပ်ရာဖြတ်တန်ဖိုးပေါ့ဗျာ။
ဒီစာအုပ်ကဘာလဲ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက
နှစ်စဉ်ထုတ်တဲ့နှုန်းထားတွေမို. လျော့တွက်လို.မရပါဘူး။
ဆရာ- လိုရင်းပြောပြတော့လေလို. အဲဒီသင်တန်းသားကရယ်ပြီးထောက်လိုက်တော့
ကျွန်တော်ကခင်ဗျားကိုကျွန်တော်ပြောပြီးပြီးပဲ တန်ဖိုးအကြောင်းမေးတယ်၊
ရှင်းအောင်ပြောရမယ်ဆိုရင်ပျားအုံးလိုပါပဲလို. ပြောပြီးသားလေဗျာ။ ဒါနဲ.တကယ်ရောင်းကြ၊
ဝယ်ကြတာက သိန်း ၅၀၀၀ “စာအုပ်ရာဖြတ်” နဲ.တွက်ကြည့်တော့ သိန်း ၂၆၀၀ ဆိုပါတော့။
အဲဒီအချိန်မှာရှိနေတဲ့အရေးပါသူတတစ်ယောက်ယောက်က “ဟုတ်ပါတယ်လေ၊ အခုကျွန်တော်တို.
ဘယ်လောက်ရေးရေး၊ ချုပ်ချုပ်၊ တာဝန်ရှိတဲ့သူတွေက ပြင်ကြအုံးမှာပါဗျာ၊
ဒါကြောင့်ကြည့်ကောင်းရလေအောင် သိန်း ၂၄၀၀ လောက် ချုပ်လိုက်ကြရင်
မကောင်းဘူးလားရယ်လို.” အပြောအဆိုရှိလာအုံးမှာ။
အဲဒီလို နည်းနည်းလျော့လိုက်ပါ။ နည်းနည်းတိုးသင့်သေးတယ်နဲ.၊ ရောင်းသူဝယ်သူမျက်နှာစုံညီ
ရှိတုန်းမှာ “ကဲပါဗျာ သိန်း ၂၄၀၀ လောက်ဆို အကောင်းဆုံးပါပဲလို.” ပြောကြပြီးမြေကွက်တန်ဖိုး
သိန်း ၂၄၀၀ နဲ.ပဲ စာချုပ်တစ်စောင်ကိုထပ်ချုပ်လိုက်ကြတယ်ဆိုပါတော့၊ အဲဒီသိန်း ၂၄၀၀ ဟာ
မြေကွက်ရဲ. “တတိယအကြိမ်” သတ်မှတ်ခံရတဲ့တန်ဖိုးလို.ပြောလည်း ရပါတယ်၊
“စာချုပ်အတု” လို.ပြောချင်လည်းရပါတယ်၊ ဒါပေမဲ့ ထိုစာချုပ်အတုသည် တကယ်တော့ ပြသနာ
မဖြစ်သော စာချုပ်ပါ။ (အကြောင်းကတော့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ.ရှိနေတယ်လေ)
ဆရာ ဦးကြည်စီုးရေ - ဆရာပြောသလိုဆို အခုတောင် တန်ဖိုးပြောင်းသွားတာ
(၃) ကြိမ်ရှိနေပါပြီးလား ၊ ဟုတ်ပါတယ် “ ဦးလွှမ်းမိုးသူ” ရေ၊ လွန်ခဲ့တဲ့အချိန်(၁)နာရီလောက်က
အကယ်ဝယ်တဲ့တန်ဖိုး သိန်း ၅၀၀၀ ပါ။
တိုင်းဒေသကြီးကာလတန်ဖိုး စိစစ်ရေးအဖွဲ.ရဲ. စာအုပ်ကို လေ့လာကြည့်လိုက်တော့၊
ပြည်တွင်းအခွန်များ ဦးစီးဌာနက သတ်မှတ်ပေးထားတဲ့တန်ဖိုးအရဆိုရင် သိန်း ၂၆၀၀၊
ဒါလဲအခိုင်အမာပါတဲ့။ အဲဒီစာအုပ် ရာဖြတ်၊ ရာဖြတ်စာအုပ်ကို မှီငြမ်းပြုပြီး ရောင်းသူဝယ်သူတို.က
ကိုယ့်သဘောနဲ. ကိုယ်လျော့ချုပ်တန်ဖိုးက သိန်း ၂၄၀၀ (ဆိုကြပါစို.)၊ အဲဒီသိန်း ၂၄၀၀ စာချုပ်နဲ.
“မြေပုံမြေရာဇဝင်” နဲ.တွဲပြီး သက်ဆိုင်ရာမြို.နယ် ကာလတန်ဖိုး စိစစ်ရေးအဖွဲ. လက်ထဲကို
ထည့်လိုက်ရပါတယ်။
မြို.နယ်ကာလတန်ဖိုး စိစစ်ရေးအဖွဲ.မှာ ကျွန်တော်ပါဝင်ခွင့်မရှိပါဘူး။ သူတို.ကကျွန်တော်တို.ရဲ.
ကွယ်ရာမှာနှုတ်နဲ. ပေးမဲ့မှတ်ချက်က “ဒီမြေကွက်အရောင်းအဝယ်လုပ်တဲ့လူတွေက လူလည်တွေပဲ၊
“တိုင်းရာဖြတ်စာအုပ်” ကိုလည်း ကြည့်ပြီးမှ စာချုပ်ချုပ်ထားပုံရတယ်၊ ဒါပေမဲ့ ဒီလူတွေက
တို.ကိုလည်း မစော်ကားကြပါဘူး။ လေးလေးစားစားရှိကြပါတယ်” လို.
သူတို.ရဲ. “စိစစ်ရေးအစည်းအဝေး” မှာ ပြောကြမှာပါဗျာ။
(ကျွန်တော်မှန်းရေးတာ မလွဲနိုင်ပါဘူး၊ ပုံမှန်ပါဘဲ) အဲဒီစိစစ်ရေးအဖွဲ.မှာက ထွေအုပ်ရယ်၊
စည်ပင်ရယ်၊ အခွန်ဦးစီးရယ်၊ ရဲတပ်ဖွဲ.နဲ. မီးသတ်ဦးစီးကစလို. ဌာနတော်တော်စုံပါတယ်။
အထိန်းအကွပ်နဲခဲ့တဲ့ အချိန်တွေကလိုတော့ သတ်မှတ်ဈေးတွေ ကမောက်ကမဖြစ်တာမျိုး
မရှိတော့ပါဘူး။ ခင်ဗျားတို.ကလည်း ရဲရဲကြီးသာတန်ဘိုးလျော့ချုပ်ကြပါ၊ ရပါတယ်။
အဲဒီအဖွဲ.က “ကာလတန်ဖိုး စိစစ်ရေးအဖွဲ.” တဲ့။ ကာလတန်ဖိုးနဲ. ပြန်စိစစ်မယ်၊
ပြန်ဆွဲတင်မယ်ပေါ့။
ကျွန်တော်ဝယ်ထားတာ(၃)နှစ်ကျော်ပြီ။ အဲဒီတုန်းက “ဟိုဈေး” ဘဲရှိတယ်။
“အခုဒီဈေး” ရယ်လို. ခင်ဗျားတို. လုပ်လို.မရဘူးနော်။ အဲဒီအဖွဲ.ရဲ.နာမည်က “ကာလတန်ဖိုး” တဲ့၊
“အခုဈေး” နဲ.ပဲရာဖြတ်မှာ ထပ်ပြီးအတွန်.တက်ရင် “ခင်ဗျားတို. ပစ္စည်းလွဲပြောင်းခြင်းကို
ကန်.သတ်သည့် ဥပဒေပုဒ်မ (၁၃)ကို ဖတ်မကြည့်ဘူးလားလို. ပြောလာမယ်နော်၊ သတိထားပါ။
တကယ်သတိထားရမယ့် ပုဒ်မပါဗျာ။ ခင်ဗျားတို.ကို ကျွန်တော်ကဗျာလေးနဲ. သင်ထားတာလေ ၊
“ပျက်ကွက်၊ မမှန် ၊ ထိမ်ချန် (၃)နှစ်” လေဗျာ။
သင်တန်းသားဦးလွှမ်းမိုးသူက၊ ဒါမျိုးကတော့ ကျွန်တော်လည်းကြောက်တတ်ပါတယ်ဆရာရယ်။
တန်ဖိုးက သုံးမျိုး ရောက်သွားပြီဆိုတော့ နောက်ထပ်ပြီးတော့။ ဒါနဲ. “မြို.နယ်ရာဖြတ်” ပဲအတိုဆိုပါစို.။
အဲဒီအဖွဲ.ကလည်း ဘောင်ဝင်အောင်၊ ကြည့်ကောင်းအောင် အထက်ကဆရာတွေကလဲ
အပြစ်မပြောရလေအောင်ဆိုပြီး ခင်ဗျားတို.လျော့ချုပ်ထားတဲ့စာချုပ်အပေါ်မှာ
မှတ်ချက်ရေးသင့်တာရေးပြီး သိန်း၂၉၀၀ လို.စိစစ်ဆုံးဖြတ်လိုက်ကြမယ်။
(ဆိုပါစို.)
ခင်ဗျားတို. တကယ်ဝယ်တာ သိန်း ၅၀၀၀၊ ရာဖြတ်စာအုပ်မှာကြည့်တော့ သိန်း ၂၆၀၀ တဲ့၊
ခင်ဗျားတို.လျော့ချုပ်တော့ သိန်း ၂၄၀၀ မြို.နယ် ကာလတန်ဖိုးစိစစ်ရေးက ဆုံးဖြတ်လိုက်တာက
သိန်း ၂၉၀၀ တဲ့။ တန်ဖိုးကတော့ လေးမျိုးတောင်ပြောင်းသွားပြီး။
“ဆရာ ဒါဆိုရင် ပြီးရောလား ဆရာ” ။
မပြီးသေးပါဘူးဗျာ “တိုင်း ကာလတန်ဖိုးစိစစ်ရေးအဖွဲ.” ကိုတင်ပေးရတယ်။
တိုင်းဒေသကြီး ကာလတန်ဖိုးစိစစ်ရေးအဖွဲ.က ပြောကြားမယ့် “မှတ်ချက်” စကားလုံးတွေကို
“မှန်း” ကြည့်ပေးပါဆိုရင်၊
“ဟ လူတွေက အကုန်လည်လည်ပတ်ပတ်တွေ ဖြစ်ကုန်ကြပြီကွ၊ ဒါပေမဲ့ သူတို.လုပ်တာတွေ
မျှတကြပါတယ်ကွာ။ ဒီတော့ ဒို.က သိန်း ၃၂၀၀ လို.ဖြတ်ပေးလိုက်ကြရင် OK ပါတယ်နော်ဆိုပြီး ၊
သဘောထားယူအတည်ပြုလိုက်ကြမှာပါ။
ဆရာ … ဆရာ ကျွန်တော်ဝယ်တယ်ဆိုတဲ့ မြေကွက်တန်ဘိုးအတည်ဖြစ်ပါပြီလား။
ဖြစ်သွားပါပြီဗျာ။ ခင်ဗျားကလဲ မသင်ရခင်ကြိုမေးလို.အရှည်ကြီး ရှင်းပြနေရတာပေါ့။
အဲဒီအခါကြမှ ခင်ဗျာတို. အခွန်တော်တံဆိပ်ခေါင်းဝယ်ဘို.၊ အခွန်ဆောင်ဘို.
အတည်ဖြစ်သွားတာပေါ့။
ခင်ဗျားတို.ကို ကျွန်တော်ရဲ.ထုံးစံအတိုင်းကဗျာလေးနဲ. လိုက်အောင်သင်တဲ့အခါ
“စာချုပ်တန်ဖိုး(၅)မျိုး” “တိုင်းကအတည်” လို.သင်မှာလေဗျာ ။
အခုအချိန်မျာ အလုပ်လုပ်ရတာ အရမ်းကောင်းပါတယ် “ဘောင်အတွင်း” ကကျော်ပြီး လုပ်လို.
မရကြတော့ပါဘူး၊ လျော့တဲ့လူကလဲ အထိုက်အလျောက်လျော့ ။ ပြင်တဲ့လူကလည်း
ဘောင်အတွင်းပြင်ပြီး၊ နောက်ဆုံး ဆုံးဖြတ်တဲ့တန်ဖိုးကိုက တကယ်အရောင်းအဝယ်ဖြစ်တဲ့
တန်ဖိုးထက်တော့ အများကြီးနည်းကြပါတယ်ဗျာ။
မှတ်ချက် ။ မြေကွက်ရဲ. “ကာလတန်ဖိုးစိစစ်ဖို.” ဆိုတာက ၊ စည်ပင်သာယာရေးကော်မတီရဲ.
အမိန်.ကြော်ငြာစာ အမှတ် ၃/၂၀၀၁၊ အခန်း(၂)အပိုဒ်၎(င)အရ မြေတန်ဖိုးဖြစ်ကြသည်။
ဦးကြည်စိုး
(Winning Land Real Estate)
Subscribe to:
Posts (Atom)