Wednesday, July 15, 2015

"ဒဂုံစီးတီးစီမံကိန်း ရပ်ပြီ"


"ဒဂုံစီးတီးစီမံကိန်း ရပ်ပြီ"

စစ်တပ်ပိုင်မြေပေါ်တွင် အကောင်အထည်ဖော်မည့်ဒဂုံစီးတီး စီမံကိန်း
ရပ်စဲကြောင်း ဇူလိုင် ၇ ရက်နေ့စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာချက် ထုတ်ပြန်လိုက်သည်။

ဒဂုံစီးတီး စီမံကိန်းကို ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်၊ သုခရတနာ
ကုမ္ပဏီလီမိတက်၊ Adventure Myanmar Tours and Incentives
ကုမ္ပဏီလီမိတက်၊ Marga Landmark Development
ကုမ္ပဏီလီမိတက်တို့က တည်ဆောက်ရန် လေလံအောင်ထားခြင်းဖြစ်ပြီး
စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများ
နစ်နာမှုမရှိစေရေး နိုင်ငံတော်အစီအစဉ်ဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု
သတင်းရရှိသည်။

ဒဂုံစီးတီးစီမံကိန်းကို ၁၅ ရက်အတွင်း ဖျက်သိမ်းပေးမည်ဟု
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊
ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူးတို့က ရွှေတိဂုံစေတီတော်
ကာကွယ်ရေးအဖွဲ့ကို ကတိပေးပြောကြားထားသည့်ရက်ပြည့်ပြီး
၂ ရက်အကျော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(7Day News Journal)

No comments:

Post a Comment