Wednesday, July 15, 2015

"မြေငှားဂရန်အသစ်ထုတ်ပေးခြင်း"


"မြေငှားဂရန်အသစ်ထုတ်ပေးခြင်း"

မြေငှားဂရန်ထုတ်ပေးသော မြေအမျိုးအစားများ မှာ
လိုင်စင်မြေ ၊ စကွာတာမြေ နှင့် ပါမစ်မြေတို့ဖြစ်သည်။

လိုအပ်သော အထောက်အထားများမှာ -
၁ ။ နိုင်ငံသားဖြစ်ရမည် ( နိုင်ငံသားကတ်ပြားမိတ္တူ)
၂ ။ အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်
၃ ။ အမည်ပေါက် (သို့မဟုတ်) ဥပဒေနှင့်အညီ ဆက်ခံခွင့်ရှိသူမှ
တရားရုံးတွင် ပြုလုပ်ခဲ့သော ကျမ်းကျိန်လွှာ
၎ ။ လွှဲပြောင်းခြင်းဖြစ်ပါက ကတိစာချုပ်လွှာ
(ဥပမာ - အရောင်းအ၀ယ် ၊ပေးကမ်း ၊စွန့်လွှတ် ၊လှူဒါန်းခြင်း
စသော လွှဲပြောင်းခြင်းများ )
၅ ။ ပိုင်ဆိုင်ခွင့် နှင့် ပက်သက်၍ တရားရုံး၏ အမိန့်ဒီကရီ
၆ ။ အဆောက်အဦးရှိကြောင်း အထောက်အထား ။

"မြေပုံမြေရာဇ၀င်ရေးကူးရန် လျှောက်ထားနိုင်သူများ"

၁ ။ အမည်ပေါက်
၂ ။ GP,SP ရသူ
၃ ။အမွေဆက်ခံသူအမျိုးမျိုး
၎ ။ တရားမကြောင်းအရ တရားစွဲပြီး ဘီလစ်မှ ဆောင်ရွက်ခြင်း
"မြေပုံမြေရာဇ၀င် ရေးကူးခြင်း"
ယခင်က အိုးအိမ်ဦးစီးဌာနတွင်ပြုလုပ် ၍
ယခုအခါ မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ပြုလုပ်နိုင်သည်။
လိုအပ်ရသည့်အကြောင်းရင်းမှာ -

၁ ။ ရောင်း - ၀ယ်ချင်လျှင်
၂ ။ စည်းဝင်းခတ်ချင်လျှင်
၃ ။ မှတ်ပုံတင်လျှင်
၎ ။ မှတ်တမ်းထားချင်လျှင်
၅ ။ အိမ်သစ်ဆောက်ချင်လျှင်
၆ ။ အသေးစားပြင်ဆင်ချင်လျှင်
၇ ။ အ၀ိစီတွင်းတူးလျှင်
၈ ။ မြေခွဲစိတ်လိုလျှင်
၉ ။ ပိုင်ဆိုင်ကြောင်း ၊အပိုင်ပေး ၊စွန့်လွှတ် ၊အမှားပြင် စာချုပ်များချုပ်လျှင်
၁၀ ။တရားရုံးတင်ပြရန်
၁၁ ။ ကျူးလွန်ခြင်းပြမြေပုံ
၁၂ ။ ဘဏ်ငွေချေးရန်

မြေပုံမြေရာဇ၀င် ရေးကူးခွင့်လျှောက်ထားသူများသည်မြေအမည်ပေါက်သူက
လျှောက်ထားခြင်းဖြစ်လျှင် အမှုတွဲဖွင့်လှစ်သည့်နေမှစ ၍ ၁၄ ရက်ကြာသည့်
အခါ မြေပုံမြေရာဇ၀င် ထုတ်ယူရန်ဖြစ်ပါသည်။

အကယ် ၍ မြေအမည်ပေါက်သူမဟုတ်ဘဲ စာချုပ်စာတမ်းအဆက်အစပ်ဖြင့်
ပိုင်ဆိုင်လာသူ ၊တရားရုံးဒီကရီအရ ပိုင်ဆိုင်လာသူ ၊
အမွှေဆက်ခံခွင့်ရှိကြောင်း ကျမ်းကျိန်လွှာအရ
တင်ပြလျှောက်ထားသူဖြစ်လျှင် သတင်းစာ ၌ ၁၄ ရက်အချိန်ပေး ၍
ကြော်ငြာရမည်ဖြစ်ရာ အမှုတွဲဖွင့်သည့်နေ့မှစ ၍
ရက်ပေါင်း ၃၀ ပြည့်သည့်အခါ မြို့တော်ခန်းမတွင်
လာရောက်ထုတ်ယူရမည်ဖြစ်သည် ။

ရွာမြေ ၊ ဥယျာဉ်ခြံမြေ ၊ စိုက်ပျိုးမြေမှ တစ်ပါး တခြားအမျိုးအစားများကို
မှန်ကန်ကြောင်းသက်သေခံသည့် မြေပုံမြေရာဇ၀င် ထုတ်ပေးသည်။

(အိမ်၊ ခြံ၊ မြေ ဂျာနယ်)

No comments:

Post a Comment