Sunday, July 19, 2015

"မဟာရန်ကုန် စီမံကိန်းမြေ အများစု ဝယ်ရောင်းများလက်ထဲ၌ရှိ ဟုဆို"


"မဟာရန်ကုန် စီမံကိန်းမြေ အများစု ဝယ်ရောင်းများလက်ထဲ၌ရှိ ဟုဆို"

စီမံကိန်းနေရာများသည် အရောင်းအဝယ် ကောင်းလေ့ရှိခြင်းကြောင့်
မဟာရန်ကုန် ၂၀၄၀ စီမံကိန်းအဖြစ် ဖော်ဆောင်မည့်
မြို့သစ်နေရာများရှိ မြေနေရာအများစုမှာ ဝယ်ရောင်းများ လက်ထဲ၌
ရောက်ရှိနေကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းထံမှ သိရသည်။

လတ်တလော အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း
စီမံကိန်းမြေနေရာ များသာ အရောင်းအဝယ် ဖြစ်ခြင်းကြောင့်
စီမံကိန်း ဖော်ဆောင်မည်ကို ကြိုတင်သိရှိနေ သူများက
ဝယ်ယူထားခြင်းမျိုး ဖြစ်နိုင် ကြောင်း
ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် များနှင့်
ဈေးကွက်လေ့လာသူများက သုံးသပ် ပြောကြားသည်။

“မြို့သစ်ဖော်မယ်ဆိုတဲ့ ထန်းတပင် ဘက်အခြမ်းမှာတော့
ဝယ်ရောင်းတွေ ဈေးဝင်ကစားလေ့ ရှိပါတယ်” ဟု
မမော် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင်
ဒေါ်မမော်က ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က
မြို့သစ်ဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့
သဝဏ်လွှာပေးပို့ထားသည့် ပန်းလှိုင်မြစ်နှင့်
တွံတေးတူးမြောင်း ကြားရှိ မြို့သစ်စီမံကိန်း မြေနေရာများ
သည်လည်း ဝယ်ရောင်းအများစုက ဝယ်ယူထားပြီး ဖြစ်ပြီး
အချို့မြေနေရာများမှာ ပိုင်ရှင်မည်သူမှန်းပင် မသိရကြောင်း
အဆိုပါမြို့သစ် ဖော်ဆောင်မည့် ဒေသခံ အိမ်၊ ခြံ၊ မြေ
အကျိုးဆောင်လုပ်ငန်း အချို့ထံမှ သိရသည်။

သို့သော် လူဦးရေ ၁၀ သန်း နေထိုင်နိုင်မည် ဆိုသည့်
မဟာရန်ကုန်မြို့သစ်စီမံ ကိန်းဖော်ဆောင်မည့် နေရာအများစုတွင်
အရောင်းအဝယ် အေးစက်ဆဲဖြစ်ပြီး ဝယ်ရောင်းအများစုက
အသံပေး ဈေးခေါ်မှုသာရှိကြောင်း
အကျိုးဆောင်လုပ်ငန်း များထံမှ သိရသည်။

“အရင်တုန်းက ဟော့သွားတုန်းကလည်း တရုတ်တွေပဲ
လာဝယ်ကြတယ်။ အခုလည်း မြေကွက်အများစုက သူတို့ပဲ
ကိုင်ထားကြတာ များပါတယ်” ဟု
ရွှေလေးအိမ် လယ်ယာမြေနှင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ
ဦးဝေလင်းအောင်က ပြောဆိုသည်။

လူဦးရေ ၁၀ သန်းကျော် နေထိုင်နိုင်မည့် မြို့သစ်စီမံကိန်း ခုနစ်ခုကို
အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည်
တိုင်းဒေသကြီး လွှတ်တော်သို့ ဇွန်လ ၁၁ ရက်နေ့က တင်သွင်းခဲ့ခြင်း
ဖြစ်ပြီး မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာစီမံကိန်း ၂၀၄၀
အစီရင်ခံစာ အဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊
ဦးစားပေးဆောင်ရွက်မည့် ရန်ကုန် အရှေ့ပိုင်းခရိုင် မြို့သစ်၊
အနောက်တောင် ပိုင်းမြို့သစ်၊
သန်လျင်မြို့သစ်၊
ဒလမြို့သစ်၊
ထန်းတပင်မြို့သစ်၊
မှော်ဘီမြို့သစ်နှင့်
လှည်းကူးမြို့သစ် တို့ကို
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)
အကူအညီဖြင့် မြေ ၁၁၈,၇၃၂ ဧက အကျယ်အဝန်းတွင်
ဖော်ဆောင်မည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်သွင်းသည့်
အစီရင်ခံစာအရ သိရသည်။

(The Voice Weekly)

No comments:

Post a Comment