Sunday, July 26, 2015

"မြေဧက ဖွဲ့ နည်း - တွက်နည်း"


"မြေဧက ဖွဲ့ နည်း - တွက်နည်း"

* တစ်ဧက = ၄၃၅၆၀ စတုရန်းပေ

* လေးနားညီ စတုရန်း=
လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။

* နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560

* နှစ်နားပြိုင် တြာဗီဇီယံ =
ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560

* တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560

* ထောင့်မှန် တြိဂံ -
အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560

* စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
   စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560

* ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
ဝ.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို
(အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ =
စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

"ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း"
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )

* (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။

* (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷
ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်

* ( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင်
၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

(ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ...)

credit - Min Khaung

No comments:

Post a Comment