Wednesday, July 15, 2015
"ရန်ကုန်ရှိဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းမှု ယခင်နှစ်ကထက် ထက်ဝက်ကျော်များပြား"
"ရန်ကုန်ရှိဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းမှု ယခင်နှစ်ကထက်
ထက်ဝက်ကျော်များပြား"
ရန်ကုန်မြို့တွင်း တိုက်ခန်း ဝယ်ယူမှု လျော့လာခြင်းတို့ ကြောင့် ယခင်နှစ်ထက်
ဆောက်လုပ်ရေး လုပ်ငန်းများ ဆောက်လုပ် မှု လျော့ကျလာကြောင်း
ရန်ကုန် မြို့ရှိ ဆောက်လုပ်ရေး လုပ်ကိုင်သူ များထံမှ သိရသည်။
ကန်ထရိုက်ဆောက်လုပ်ရေး အိမ်ရာတစ်ခုလက်ခံလျှင်တိုက်ခန်း
အရစ်ကျဝယ်ယူသူများကို ရောင်း ချပြီးမှ ဆောက်လုပ်ရေးလုပ်ငန်း များကို
လုပ်ကိုင်ရသဖြင့် ယခုနှစ် တွင် ဝယ်ယူမှုနည်းကာငွေကြေး
လည်ပတ်မှုမရှိသောကြောင့် ၅ဝ ရာခိုင်နှုန်းကျော်လျော့နည်းလာ ကြောင်း
ကန်ထရိုက်လုပ်ငန်းလုပ် ကိုင်နေသူဦးစိန်မြင့်ကပြောသည်။
''အရစ်ကျငွေချေပြီး မဝယ် နိုင်တော့ ဆောက်လုပ်မှုက သိသိ သာသာ
လျော့နည်းသွားတယ်။ အခွန်ကိစ္စတွေမှာ ဝယ်ရောင်းတွေ က မရှင်းတာ။
ပြီးတော့ ဆောက် လုပ်ရေးလုပ်ငန်းတွေမှာယုံကြည်မှု နည်းပါးလာတာလဲ
ပါတယ်။ ဒါတွေကြောင့် အရင်လည်ပတ် နေတဲ့အရှိန်ပဲရှိတယ်။
နောက်ထပ် ဆောက်ဖို့ကမရှိဘူး။ လက်ရှိမှာ ရပ်ဆိုင်းနေတာတွေရှိတယ်''
ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ကန်ထရိုက် လုပ်ငန်းရှင်ဦးညိုကပြောသည်။
ယင်းအပြင် လက်ရှိဆောက် လုပ်ရေး လုပ်ငန်းများတွင်
ဆောက်လုပ်ခွင့်ပါမစ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီသို့ တင်ရာတွင် ခွင့်ပြုမိန့်ကျရန် အချိန်တစ်လဟုဆိုသော်လည်း
တချို့မှာ အခက်အခဲများကြောင့် တစ်နှစ်ကျော်ကြာမြင့်သွားသည် များလည်း
ရှိနေသဖြင့် ဆောက် လုပ်မှုလျော့ကျလာခြင်းဖြစ်ကြောင်း
ကန်ထရိုက်လုပ်ငန်းရှင်များက ပြောသည်။
မြေနေရာတစ်ခုတွင်တိုက်ခန်း (သို့မဟုတ်)ကွန်ဒိုဆောက်လုပ်မည်
ဆိုလျှင်အရစ်ကျစနစ်ဖြင့် ရောင်းချ ပြီး အရင်းအနှီးရမှသာလျှင်
ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်များ ထံမှ
သိရသည်။
မျိုးပပစန်း
(The Union Daily)
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment