Sunday, July 12, 2015
"နှစ်ကုန်ပိုင်း၌ အိမ်ခြံမြေဈေးကွက်ခေါင်းမော့လာမည်"
"နှစ်ကုန်ပိုင်း၌ အိမ်ခြံမြေဈေးကွက်ခေါင်းမော့လာမည်"
ရန်ကုန်လတ်တလောကာလတွင်အရောင်းအဝယ်အေးစက်နေသော ပြည်တွင်းအိမ်ခြံမြေဈေးကွက်သည် ယခုနှစ်ကုန်ပိုင်းလောက်တွင် အရောင်းအဝယ်များ ပြန်လည်ခေါင်းမော့လာနိုင်ကြောင်း
ယင်းအိမ်ခြံမြေဈေးကွက်အတွင်းက စုံစမ်းသိရှိ ရသည်။
လာမည့်၂ဝ၁၅ခုနှစ်ရွေးကောက်ပွဲအပြီးတွင် ပြည်တွင်းရှိအိမ်ခြံမြေအရောင်းအဝယ်များမှာ အရောင်းနှင့်
အငှားပါ ပြန်လည်ကောင်းမွန်လာ မည်ဖြစ်သည်ဟု iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ
ဦးနေမင်းသူကပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကလည်းအဆိုပါရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေကြပြီး
ရွေးကောက်ပွဲအခြေအနေကောင်းလာသည်နှင့် တစ်ပြိုင်နက်ဝင်လာကြမည်ဖြစ်သည့်အတွက်
အရောင်းအဝယ်နှင့် အငှားဈေးကွက်ပါ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ သို့သော်
ဈေးနှုန်းအနေဖြင့် လက်ရှိထက်မြင့်မားလာနိုင်ဖွယ်မရှိဘဲ၊ လက်ရှိထက်လည်း
ကျဆင်းသွားနိုင်မည်မဟုတ်ကြောင်း
အထက်ပါမန်နေဂျင်းဒါရိုက်တာက ဆက်လက်ပြောသည်။
''အစိုးရကရန်ကုန်တိုင်းဒေသကြီးအတွင်းမှာမြို့နယ်အသစ်တွေအကောင်အထည်ဖော်တော့မယ်ဆိုတော့
မြေကွက်အသစ်တွေထပ်ပြီးတော့ထွက်လာမယ်၊ ကစစူပ ဆိုက်က ပိုများလာမယ်။ရောင်းလိုအား
ဘက်ကပိုများလာမှာဖြစ်တဲ့အတွက်ဈေးနှုန်းပိုင်းကအများကြီးတက်နိုင်တော့မယ်မထင်ဘူး၊
နေရာကောင်းမှာရှိတဲ့ မြေကွက်တွေဆိုရင်ဈေးလျှော့ပြီးတော့ရောင်းနိုင်တယ်၊
အိမ်ခြံမြေဈေးကွက်ပြန်ပြီး ဦးမော့လာမှာပါ''ဟု ဦးနေမင်းသူက ဆိုသည်။
ရန်ကုန်မြို့တွင် လူဦးရေပျမ်းမျှ ခြောက်သန်းခန့်နေထိုင်ရာ တစ်သန်းခန့်မှာ ငှားရမ်းနေထိုင်ကြသူများ
ဖြစ်သည့်အတွက် အငှားဈေးကွက်မှာ ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပြီး နှစ်စဉ်ရွှေ့ပြောင်း လုပ်သားများက
နယ်ကနေရန်ကုန်သို့ တိုး၍ဝင်ရောက်လာခြင်းကြောင့် အိမ်ရာလိုအပ်ချက်မှာ
ဆက်လက်မြင့်တက်လာမည်ဖြစ်သည်ဟု
အိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်းက သုံးသပ် ပြောကြားသည်။
ယခုလပိုင်းအတွင်းမှာလည်းဝါမဝင်ခင်အိမ်ပြောင်းအိမ်ရွှေ့လုပ်ကြသည့်အတွက် ရန်ကုန်
အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ်အေးနေခဲ့ သော်လည်း အငှားဈေးကွက်မှာ
ဆက်လက်ကျယ်ပြန့်ရှင်သန်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
(ထက်အောင်)
(ကြေးမုံသတင်းစာ)
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment