Sunday, July 26, 2015
"လယ်မြေများကို လယ်ပိုင်ရှင်ဆိုသူများက အကျယ်အဝန်းတစ်ခုသတ်မှတ်ကာ လူနေမြေကွက်များအဖြစ် အကွက်ရိုက် ရောင်းချလျက်ရှိခြင်းသည် ပိုင်ဆိုင်မှုမခိုင်မာဘဲလူမှုရေးပြဿနာများ ရှုပ်ထွေးလာစေနိုင်"
"လယ်မြေများကို လယ်ပိုင်ရှင်ဆိုသူများက အကျယ်အဝန်းတစ်ခု
သတ်မှတ်ကာ လူနေမြေကွက်များအဖြစ် အကွက်ရိုက်
ရောင်းချလျက်ရှိခြင်းသည် ပိုင်ဆိုင်မှုမခိုင်မာဘဲ
လူမှုရေးပြဿနာများ ရှုပ်ထွေးလာစေနိုင်"
မြို့စွန် မြို့နယ်များရှိ လယ်မြေများကို လယ်ပိုင်ရှင်ဟု ဆိုသူများက
အကျယ်အဝန်းတစ်ခု သတ်မှတ်ပြီးအရပ်စာချုပ်များ ချုပ်ဆိုကာ
အကွက်ရိုက် ရောင်းချလာနေခြင်းသည်ဝယ်ယူသူများအနေဖြင့်
ရေရှည်တွင်နစ်နာဆုံးရှုံးမှုများကို ကြုံတွေ့လာနိုင်ကြောင်း
ဥပဒေပညာရှင်များနှင့်အိမ်ခြံမြေအကျိုးဆောင်များထံမှသတင်းရရှိသည်။
"မြို့ကွက်သစ်တွေ ဖော်ထုတ်တုန်းက လယ်မြေတွေ သိမ်းပြီး
လုပ်ခဲ့ကြတယ်။ အခု နှစ်ကြာတော့မြို့ကွက်သစ်တွေထဲမှာ
အထူးသဖြင့်မြို့စွန်တွေမှာ ဘာမှ မလုပ်ဖြစ်တဲ့အကွက်တွေလည်း
ရှိနေသေးတယ်။
ဒါ့အပြင် ဒီမြေနဲ့ ဆက်စပ်နေတဲ့လယ်ကွက်တွေမှာလည်း ပိုင်ရှင်တွေက
အကွက်ရိုက်ပြီး ရောင်းတာကပိုပြီးတော့ သူတို့အတွက်
ပိုမြတ်နိုင်တာကို မြင်လာကြလို့ အကွက်ရိုက်ပြီး ရောင်းတာတွေ
ဖြစ်လာတယ်။
လယ်သမားမှာ ရှိတာက လယ်ယာမြေ လုပ်ကိုင်ခွင့် လက်မှတ် ပုံစံ- ၇
ပဲရှိမယ်။ အရပ်စာချုပ်နဲ့ ရောင်းတာဥပဒေနဲ့လည်း မညီပါဘူး။
ပြဿနာဖြစ်လာရင် ဝယ်သူတွေ နစ်နာနိုင်တယ်” ဟု
တရားလွှတ်တော်ရှေ့နေဦးထွန်းအောင်က ပြောသည်။
*** ၂ဝ၁၂ ခုနှစ်၊ မတ်လ ၃ဝ ရက်တွင်
ပြည်ထောင်စု လွှတ်တော်မှအတည်ပြု
ပြဋ္ဌာန်းခဲ့သည့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး
ဥပဒေအရ နိုင်ငံတစ်ဝန်းရှိမြေလွတ်မြေလပ်နှင့် မြေရိုင်းများကိုစီမံခန့်ခွဲမှု
ကော်မတီတစ်ခုတည်းမှသာ စီမံခန့်ခွဲနိုင်ပြီး
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ
ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသို့ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့်
အတွက် လယ်သမားများအနေဖြင့် ယခုကဲ့သို့ မိမိတို့၏ အစီအစဉ်ဖြင့်
လယ်ယာမြေများပေါ်တွင် အကွက်ရိုက် ရောင်းချခြင်းသည်
ဥပဒေကို ချိုးဖောက်ရာရောက်သည့်အပြင်
ယင်းဥပဒေအရထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်စလုံးကိုပါ
ချမှတ်နိုင်သည်။ ***
အိမ်ခြံမြေ ဈေးနှုန်းမြင့်တက်လာ နေသည့်အတွက်
အိမ်ငှားရမ်းခ နှုန်းထားများပါ မြင့်မားလာနေသည့် ယနေ့အချိန်တွင်
လယ်သမားများက ယခုကဲ့သို့ လယ်ယာမြေများကို
လူနေမြေကွက်ပုံစံဖြင့် အကွက်ရိုက် ကာ ဈေးနှုန်းချိုသာစွာဖြင့်
ရောင်းချ ပေးနေသည့်အတွက် ဝယ်ယူသူ များပြားလျက်ရှိနေ ပြီး
ဝယ်ယူသူများ အနေဖြင့်လည်း ယင်းမြေကွက်များ ဝယ်ယူသည့်
နှုန်းထားများနှင့် လတ် တလော အိမ် ငှားရမ်းနေထိုင်သည့်
နှုန်းထားများကို ချိန်ထိုးကာ ဝယ်ယူ လေ့ရှိကြောင်း သိရသည်။
"တောင်ဒဂုံ ကျည်စုမှာ ပေ ၂ဝ x ၆ဝ မြေကွက်ကို
ငါးသိန်းနဲ့ ရောင်းတယ်ဆိုတာ သတင်းကြားလို့ သွားဝယ်တာ
ရခဲ့ပါတယ်။ တရား ဝင်မဝင် မသိပေမယ့် နှစ်နှစ်လောက်
နေရရင်တောင် အိမ်ငှားခပေးရမယ့် ငွေနဲ့ တွက်ရင် တန်ပါတယ်” ဟု
မြေကွက်ဝယ်ထားသူ ဒဂုံမြို့သစ်အရှေ့ ပိုင်းမှ ကိုမင်းမင်းက ပြောသည်။
ဈေးကွက်တစ်ခုလုံးနှင့်ယှဉ်လျှင်အိမ်ခြံမြေဈေးကွက် အေးစက်နေသည့်
လက်ရှိအချိန်တွင် အကွက်အကွင်း ကောင်းမွန်ခြင်းမရှိသည့်
အတွင်းဘက်ကျသည့် မြေကွက်များ၊ လယ်ကွက်များကို
ရောင်းချလိုသည့် ပိုင်ရှင်များအနေဖြင့် ယခုကဲ့သို့ လယ်ကွက်များကို
လူနေမြေကွက်များအဖြစ် အကွက်ရိုက်ကာ အရပ်စာချုပ်များဖြင့်
ရောင်းချသည့် ဖြစ်စဉ်များမှာ နေရာအနှံ့တွင်ဖြစ်ပေါ်လျက်ရှိသည်။
"လယ်ကို အကွက်ရိုက်ပြီးရောင်းတာတွေ တော်တော်များများမှာ
တွေ့လာရတယ်။ လယ်ပိုင်ရှင်အတွက်လည်း ငွေပေါ်ပြီး
အမြတ်အစွန်း ပိုထွက်လာသလို ဝယ်တဲ့လူတွေကလည်း
ဈေးချိုတော့အိမ်ငှားခနဲ့ တွက်ပြီး ဝယ်တာများတယ်။
ခိုင်မာမှုတော့ မရှိပါဘူး၊ဝယ်တဲ့သူလည်း များပါတယ်” ဟု
ဒဂုံမြို့သစ်မြောက်ပိုင်းမှ အေးရိပ်စံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ
ကိုဝင်းထိန်က ပြောသည်။
ယင်းဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မြေလွတ်မြေလပ်ဆိုသည်မှာ
ယခင်က သီးစားလုပ်ကိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်
စွန့်လွှတ်ထားသည့်သီးစားခံယူလုပ်ကိုင်သူ မရှိသည့်စိုက်ပျိုးရေးနှင့်
မွေးမြူရေးလုပ်ငန်းများပါ လုပ်ကိုင်နိုင်သည့်မြေများနှင့်နိုင်ငံတော်မှ
သီးသန့်လျာထား သတ်မှတ်ထားသည့် မြေများကို
ဆိုလိုခြင်းဖြစ်သည်။
ဇေယျာလင်း
credit - Trade Time Journal
Labels:
မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment