Sunday, July 19, 2015

"တရုတ်စီးပွားရေးကျဆင်းမှုဂယက် မန္တလေးအိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်ကို ရိုက်ခတ်"


"တရုတ်စီးပွားရေးကျဆင်းမှုဂယက်
မန္တလေးအိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်ကို ရိုက်ခတ်"


တရုတ်နိုင်ငံတွင် စီး ပွားရေးကျဆင်းနေခြင်းနှင့်
ပြည် တွင်း၌ ကျောက်စိမ်းဈေးကွက် ကျဆင်းနေခြင်းတို့ကြောင့်
မန္တလေး မြို့တွင် အိမ်ခြံမြေအရောင်းအ၀ယ်များ သိသိသာသာ
အေးစက် နေကြောင်း မန္တလေးမြို့ခံ
အိမ်ခြံမြေအကျိုးဆောင်အသိုင်းအ၀ိုင်း မှ သတင်းရရှိသည်။

တရုတ်နိုင်ငံတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ဆောင်မှုကြောင့်
တရုတ်ငွေကြေး များ မန္တလေးအိမ်ခြံမြေဈေးကွက် သို့ စီးဝင်လာမှု
လျော့နည်းသွားသ ကဲ့သို့
ကျောက်စိမ်းဈေးကွက်အရောင်းအ၀ယ်မကောင်း၍
ပြည် တွင်းကျောက်စိမ်းစီးပွားရေးလုပ် ငန်းရှင်များမှာလည်း
အိမ်ခြံမြေ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံနိုင်မှု အားနည်းသွားကြောင်း
မန္တလေး မြို့ခံ အိမ်ခြံမြေအကျိုးဆောင်များ က ပြောသည်။

‘‘အဓိကက ကျောက်စိမ်းဈေးကွက်ပေါ့။
တရုတ်ပြည်မှာ ကျောက်စိမ်းဈေးကွက်ပျက်တော့
မြန်မာပြည်ဈေးကွက်မှာလည်း ပျက်ပြီပေါ့။
တို့က သူတို့ဆီရောင်းရတာလေ။ အဲဒီတော့တို့ဆီက
ကျောက်စိမ်းသမားတွေ အရင်လို မ၀ယ်နိုင်ဘူး။ သူတို့ကိုယ်တိုင်လည်း
စီးပွားရေးအင်အားနည်း သွားတဲ့အတွက် ဒီဘက်ကို မလာ နိုင်ဘူး။
အဲဒါကြောင့် ဒီအကြောင်းအရာတွေနဲ့ ဆက်နွှယ်နေတဲ့
အိမ် ခြံမြေဈေးကွက်တွေ အရောင်းအ ၀ယ်အေးသွားတယ်’’ဟု
မန္တလေး တိုင်းအိမ်ခြံမြေကိုယ်စားလှယ် များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း
ဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။

အိမ်ခြံမြေရောင်းဝယ်နှုန်း ကျဆင်းအေးစက်ရခြင်းမှာ
ယင်းအချက်များအပြင်
- ပြည်တွင်းစီးပွားရေးတိုးတက်မှုအားနည်းခြင်း၊
- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်လင့်ထားသလောက်
ဝင်ရောက်လာမှုမရှိခြင်းနှင့်
- မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သော သစ်သီးဈေးကွက်ကျဆင်းခြင်း
တို့ကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မန္တလေးမြို့တွင်း မြေနေရာ နှင့် အိမ်ရာဝယ်ယူသူအများစုမှာ
တရုတ်သူဌေးများနှင့် ကျောက် စိမ်းကုန်သည်များ အများဆုံး
ဖြစ် နေကြောင်း သိရသည်။
‘‘မန္တလေးအိမ်ခြံမြေဈေး ကွက်ကတော့ ရွေးကောက်ပွဲအ ခြေအနေ
စောင့်ကြည့်နေကြတာ ပေါ့။
နိုင်ငံရေးအခြေအနေပြောင်းလဲလာပြီး  ရင်းနှီးမြှုပ်နှံသူတွေဝင် လာရင်
ဈေးကွက်အခြေအနေ တစ်မျိုးပြန်ကောင်းလာမလား လို့။
ဒါပေမဲ့လည်း သိပ်ပြီးတော့ ကောင်းလာဖို့ မျှော်လင့်လို့မရပါ ဘူး။
မန္တလေးမြေဈေးကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ညည်းကြ တယ်။
ပြင်ဦးလွင်အတွက် ၃၅ လမ်းထိပ်ဆို ဧက၀က်လောက်ရှိ တဲ့
အကွက်လေးတွေတောင် သိန်းသုံးလေးသောင်းအော်နေတာ။
ဘယ်လိုဝယ်နိုင်တော့မှာလဲ။
ဦး အထင်တော့ မြို့ပေါ်အိမ်ခြံမြေ ဈေးကျလာနိုင်တယ်လို့ ထင် တယ်။  
အခုတစ်ခါတလေ   အ ရောင်းအ၀ယ်ဖြစ်နေတဲ့ဟာလေး တွေကို
ငွေအသုံးလိုတဲ့သူတွေ ဈေးအများကြီးလျှော့ချရောင်းနေ လို့
နောက်ဆို မန္တလေးမြေဈေးက ကျလာနိုင်တယ်’’ဟု
ရွှေမန္တလေး ရောင်းဝယ်ငှားအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း
ဒါရိုက်တာ ဦးနေ လင်းအောင်က ပြောသည်။

မြို့ပေါ်တွင် အရောင်းအ ၀ယ်မဖြစ်ထွန်းသော်လည်း
နယ် ဘက်ရှိ ကျေးရွာနှင့် မြို့နယ်များ ၌ ဈေးသက်သာပြီး
စိတ်ကြိုက် မြေကွက်များရနိုင်သည့်အတွက်  ဥယျာဉ်ခြံမြေနှင့်
အိမ်ခြံမြေ၀ယ် သူများပြားလာကြောင်း
မန္တလေး မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဒေါ်သိင်္ဂီက ပြောသည်။
‘‘နယ်ဘက်တွေက မြေကွက် တွေက သိန်းရာဂဏန်းလောက် ဆို
စိတ်ကြိုက်နေရာရွေးဝယ်လို့ ရတယ်။
ဝယ်ပြီးရင်းထားနိုင်ရင် ဈေးကလည်း တက်ရိပ်ရှိတယ်။
မြို့ပေါ်က ထောင်ချီသောင်းချီဆို တော့
နယ်ဘက်မှာ မြေ၀ယ်သူ တွေ ပိုများလာတယ်’’ဟု
ဒေါ်သိင်္ဂီ က ပြောသည်။

၂၀၁၂ တွင် လယ်ယာမြေ ဥပဒေပြဋ္ဌာန်းခဲ့ပြီး
လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်များ ထုတ် ပေးခဲ့ရာ
ကျေးရွာများရှိ လယ်ယာ မြေများကို ၀ယ်ယူရင်းနှီးမြှုပ်နှံသူ
ပိုမိုများပြားလာပြီး ကျောက်ဆည် နှင့် တံတားဦးမြို့နယ်များတွင်လည်း
မြေယာရောင်းဝယ်မှုဖြစ် ထွန်းနေကြောင်း
မြေယာအကျိုး ဆောင်များထံမှ သိရသည်။

(ချမ်းဇော်အောင်)

credit - 7day daily

No comments:

Post a Comment