“ပြင်ဆင်/ပြဋ္ဌာန်းရန်ရှိသည့် အိမ်၊ ခြံ၊ မြေဆက်စပ် ဥပဒေများ”
၁။ "အသစ်ပြဋ္ဌာန်းမည့် ပြည်ထောင်စု အခွန်အကောက်ဥပဒေ
အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးမည်"
နှစ်စဉ် အသစ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု အခွန်အ ကောက်
ဥပဒေရေးဆွဲရာတွင် စီးပွားရေး လုပ်ငန်းရှင်များ၏ အကြံဉာဏ်များ
ကြိုတင်ရယူရန် ဒီဇင်ဘာလဆန်းကစ၍ ဆွေးနွေးပွဲများ ပြုလုပ်
မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
စီးပွားရေးလုပ်ငန်းရှင်များ အခွန်ထမ်းဆောင်ရာတွင် လွယ်ကူပြီး
မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်၊ အခွန်နှုန်းထားများ မြင့်မားမှု မရှိ
စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကြိုတင်ဆွေးနွေးရန်
စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ယင်းဆွေးနွေးပွဲများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း
ပြုလုပ်ရန် စီစဉ်နေသည်။
‘‘လုပ်ငန်းရှင်တွေ စီးပွားရေးဆောင်ရွက်ရာမှာ အဆင်ပြေ
အောင် လို့ပါ’’ ဟု အခွန်ဥပဒေနှင့် ပတ်သက်သော ပြုလုပ်မည့်
ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
နိုဝင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်သော
ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင်
ပြောကြားသည်။
ဥပဒေကြမ်း ထွက်ပေါ်လာ ပြီးနောက် ပြန်လည်ပြင်ဆင်လိုပါ က
ပြင်ဆင်ရန် ခက်ခဲမှုများရှိခြင်းကြောင့် စတင်ရေးဆွဲစဉ်ပင်
လိုအပ်သည့်အချက်များ ဖြည့်စွက် ပြင်ဆင်နိုင်ရေး ဆွေးနွေးပွဲများ
ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ဥပဒေကြမ်းအဆင့် ပေါ်ထွက်ပါက ရှေ့နေချုပ်ရုံးသို့ တင်ပြပြီး
ဖြစ်သောကြောင့် လွှတ်တော်တွင် အချက်အလက်အနည်းငယ်
သာ ပြင်ဆင်နိုင်သဖြင့် ဥပဒေ မရေးဆွဲမီ စတင်ဆွေးနွေးရန်
စီစဉ်ရခြင်းဟု ၎င်းက ပြောသည်။
အသစ်ပြင်ဆင်မည့် အခွန် အကောက်ဥပဒေအရ လူအများ
ထမ်းဆောင်နိုင်သည့် အခွန်နှုန်းထားများဖြစ်ရန်လိုကြောင်း
မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ
ဦးသန်းဦး က ပြောသည်။
လူအများ ထမ်းဆောင်နိုင်သည့် အခွန်နှုန်းထားများဖြစ်ပါက
အစိုးရက အခွန်ဝင်ငွေရရှိမှု တိုးပြီး ပြည်သူအများလည်း
အခွန်ထမ်းဆောင်သည့် ဓလေ့ကောင်းများ ရရှိမည်ဟု
၎င်းက ပြောသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ပြဋ္ဌာန်းထားသည့် ဝင်ငွေခွန်
ဥပဒေတွင် အခွန်နှုန်းထားများ ပြားခြင်းကြောင့် မြန်မာနိုင်ငံရှိ
မော်တော်ယာဉ် ၇၀ ရာခိုင်နှုန်းခန့် က အမည်ပေါက်ပြောင်းလဲမှု
မပြုလုပ်သဖြင့် စည်းကမ်းမဲ့ယာဉ်များကို အစိုးရက အရေးယူရန်
ခက်ခဲနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြား ထားသည်။
(ပြည်သိမ်း)
*****
၂။ "အိမ်၊ခြံ၊မြေဝန်ဆောင်မှုဥပဒေမူကြမ်းကို ယခုနှစ်ကုန်ပိုင်းတွင်
လွှတ်တော်သို့ပေးပို့မည် ၊ ၂ဝ၁၈ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန်
မျှော်လင့်ထား"
မြန်မာ့ အိမ်ခြံမြေဈေးကွက်ပြန်လည်လှုပ်ရှားစေနိုင်မည့် အိမ်၊ ခြံ၊ မြေ
ဝန်ဆောင်မှုဥပဒေမူကြမ်းကို ယခုနှစ်ကုန်ပိုင်းတွင် လွှတ်တော်သို့
ပေးပို့ကာ လာမည့် ၂ဝ၁၈ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ရန်
မျှော်လင့်ထားကြောင်း သိရသည်။
အဆိုပါ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုဥပဒေမူကြမ်းအတွက် ပြည်ထောင်စု
လွှတ်တော်ဥပဒေ ရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ်
သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် အိမ်ခြံမြေအသင်း
အဖွဲ့များနှင့် ယခုလပထမပတ်အတွင်း တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်း(ဗဟို)၏ အထွေထွေ
အတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က
''ဒီဥပဒေမူကြမ်းကို ၂ဝ၁၆ ခုနှစ်က သြဂုတ် ၃ဝ ရက်မှာ တင်ခဲ့တာ
ဖြစ်ပါတယ်။
ဒီဥပဒေမူကြမ်း တင်ပြီး ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၈ ရက်က
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကနေ ခေါ်ယူတွေ့ဆုံ
ခဲ့ပါတယ်။
နောက် ၂ဝ၁၇ ခုနှစ် စက်တင် ဘာ ၂၅၊ ၂၆ ရက်နေ့က ဒုတိယ
အကြိမ်ခေါ်ယူတွေ့ဆုံပြီး အခုက တတိယ အကြိမ်တွေ့ဆုံတာ
ဖြစ်ပါတယ်။
အဘ သူရဦးရွှေမန်းရဲ့ အဖွဲ့တွေလည်း ပါတယ်။
ရှေ့နေချုပ်ရုံးက ရှေ့နေတွေလည်း ပါတယ်။
အန်တီတို့ အသင်းနဲ့ တခြားအသင်းအဖွဲ့တွေလည်း ပါတယ်။
တွေ့ဆုံတဲ့အခါမှာ အကြံဥာဏ်တွေ ပေးတယ်။
လိုချင်တဲ့ အချက်အလက်တွေထည့်တယ်။
ဒီဥပဒေက ရှိသင့်တယ်လို့ဆုံးဖြတ်တယ်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာဖို့ရော၊ နိုင်ငံတော်အတွက် အခွန်
တွေရရှိဖို့ရော အခုလက်ရှိမှာ အိမ်ခြံမြေတွေအေးနေတာတွေ
ကလည်း တစ်ခုပါဝင်တယ်။
အားလုံးညှိနှိုင်းဆွေးနွေးပြီးပါပြီ။ လွှတ်တော်ကိုပို့ဖို့ပဲ ကျန်တော့တယ်။
လွှတ်တော်ကို မကြာခင်ဒီနှစ်ကုန်ပိုင်း လောက်မှာ ပို့ဖြစ်လိမ့်မယ်။
ဥပဒေ ကတော့ လာမယ့် ၂ဝ၁၈ ခုနှစ်မှာ လွှတ်တော်တွေက
အတည်ပြုပြီး ပေါ်ထွက်လာမယ်လို့ မျှော်လင့်ထားပါတယ်'' ဟု
နိုဝင်ဘာ ၁၇ ရက် က ပြောသည်။
ယင်းဥပဒေကိုပြဋ္ဌာန်းနိုင်ခြင်းဖြင့်မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးကွက်
အတွင်းရောင်း၊ဝယ်မှုများမှာ ပိုမိုစနစ်ကျမည်ဖြစ်ပြီး အိမ်၊ ခြံ၊ မြေ
ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများသည် လိုင်စင်ဖြင့်လုပ်ကိုင်
လာရမည်ဖြစ်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း ဖြစ်ပေါ်
နေသော ရောင်းမှား၊ ဝယ်မှားကိစ္စရပ်များ၊ နှင့် ကမောက်ကမ
ဖြစ်နေသည့် ဈေး နှုန်းများကို ထိန်းချုပ်လာနိုင်မည်
ဖြစ်ကြောင်း သိရသည်။
ဒေါ်မို့မို့အောင်က
''ဥပဒေ ထွက်ပေါ်လာရင်အကျိုးဆောင် ကို လူတိုင်းလုပ်လို့
မရတော့ဘူး။
အကျိုးဆောင်တွေက professional ဖြစ်ဖို့လိုမယ်။
ဝန်ဆောင်ခရတာနဲ့အညီ ဝန်ဆောင်မှုပြန်ပေးတာလည်း
ထိုက်ထိုက်တန်တန်ဖြစ်ရမယ်။ ဒါကြောင့် ဥပဒေပေါ်ထွက်လာရင်
အကျိုးဆောင်တွေအတွက် လိုင်စင်ထုတ်ပေးမယ့် ကော်မတီ
တစ်ရပ်ပေါ်လာမယ်။
ဒီကော်မတီ ကထုတ်ပေးမယ့် လိုင်စင်ကအဆင့် အလိုက်
ကွဲသွားမယ်။
ဒီပလိုမာ တက်တဲ့လူတွေက လိုင်စင်တစ်မျိုး၊ တချို့ကျတော့
စာမေးပွဲဖြေစရာမလိုဘဲ ကော်မတီကဖွင့်တဲ့သင်တန်းတက်ပြီး
ရတဲ့လိုင်စင်ကတစ်မျိုးနဲ့ ရရှိကြမယ့် လိုင်စင်ကတူမှာမဟုတ်ဘူး။
အဲဒီလိုတော့ ကွာခြားသွားမယ်။
လိုင်စင်ရှိတဲ့လူကစနစ်တကျနဲ့ အလုပ်လုပ်မယ်။
အိမ်ရှင်ကိုဆုံး ခန်းတိုင်အောင် လုပ်ပေးမယ်။
အိမ်ရှင်ကလည်း ထိုက်သင့်တဲ့ အကျိုးဆောင်ခပေးမယ်။
ဒါမျိုးတွေက ဖြစ်သင့်တယ်။
မဟုတ်ရင်လက်ညှိုး ထိုးရာပြတဲ့အကျိုးဆောင်တွေ ဘယ်ရှာရမှန်း
မသိတဲ့အကျိုးဆောင်တွေနဲ့ အလုပ်လုပ်ရမယ်ဆိုရင် ခက်တယ်။
နိုင်ငံတော်ကဒီလိုပံ့ပိုးပေးရင် နိုင်ငံတော်ကိုလည်း အကျိုးဆောင်
လုပ်တဲ့လူတွေက အခွန်ဆောင်ဖို့အတွက် ဝန်လေးမှာမဟုတ်ဘူး။
အခွန်ဆောင်ကြမှာပဲ။ စည်းစနစ်ရှိတဲ့ အိမ် ခြံမြေဝန်ဆောင်မှု
လုပ်တဲ့ လူတွေ ဖြစ်သွားမှာပေါ့နော်'' ဟု ပြောသည်။
အိမ်၊ ခြံ၊ မြေဝန်ဆောင်မှု ဥပဒေတွင် ပြည်တွင်းနိုင်ငံသားဝန်ဆောင်မှု
အကျိုးဆောင်များ၊ ဝယ် ယူသူ၊ ရောင်းချသူများအတွက်သာမ က
ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားများအတွက်ပါ
ဥပဒေစည်းမျဉ်းများ ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။
(TEEP)
*****
၃။ "ZONING PLAN ရေးဆွဲမှု ဒီဇင်ဘာတွင် အပြီးသတ်မည်"
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင်
အထပ်မြင့်အဆောက်အအုံများဆောက်လုပ်ခွင့်ရှိမည့်ဇုန်၊
ဆောက်လုပ်ခွင့်မရှိသည့်ဇုန်၊
အဆောက်အအုံများအမြင့်ပေကန့်သတ်ထိန်းချုပ်မည့်အစီအစဉ်၊
မြို့ပြမြေအသုံးချမှုများ စသည်တို့ပါဝင်မည့်မြေအသုံးချမှုဇုန်
(Zoning Plan)ရေးဆွဲမှုမှာ လာမည့်ဒီဇင်ဘာလတွင်
အပြီးသတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ သိရသည်။
ယခုရေးဆွဲနေသော Zoning Plan ကို အလုပ်ရုံဆွေးနွေးပွဲများ
ပြုလုပ်၍လိုအပ်သည့်အကြောင်းအရာများကို ထပ်မံထည့်စွက်ခြင်း၊
မလိုအပ်သည့် အကြောင်းအရာများကိုပြင်ဆင်ခြင်းများ အဆင့်ဆင့်
ပြုလုပ်ကာ အချောသတ်မှုကို ဒီဇင်ဘာအတွင်းပြုလုပ်ပြီးသည်နှင့်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အများပြည်သူ
ထံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
JICA နှင့် လုပ်နေပြီး ဒီဇင်ဘာလထဲတွင် Final Report ထွက်ပြီး
workshop များရှိမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၈ နှစ်ဆန်းပိုင်းတွင် ထွက်နိုင်ဖို့များကြောင်းကို ယင်းကော်မတီ၏
အရာရှိတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။ ၂ဝ၁၃ခုနှစ်ကတည်း
ကပင် ရန်ကုန်မြို့၏ မြေအသုံးချမှုဇုန်(Zoning Plan)အား ရန်ကုန်
မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပညာရှင်များမှ ရေးဆွဲ
ခဲ့ကြခြင်းဖြစ်ကြောင်း၊ထုတ်ပြန်ပြီးမှသာ အထပ်မြင့်ဆောက်လုပ်ခွင့်
ရှိသည့်နေရာ၊အထပ်နိမ့်ဆောက်လုပ်ခွင့်ရှိသည့်နေရာ၊ဆိတ်ငြိမ်
ရပ်ကွက်စသည်ဖြင့် သတ်မှတ်ချက်အတိုင်းတည်ဆောက်လိုကြ
သောကြောင့် မြေပိုင်ရှင်များအနေဖြင့် အမြန်ဆုံး ထုတ်ပြန်ပေးစေ
လိုနေကြကြောင်းလည်း သိရသည်။
နိုင်ငံတကာတွင်ကျင့်သုံးနေသော ယင်း Zoning Plan ကိုရေးဆွဲ
ရခြင်းမှာ စီးပွားရေးလုပ်ငန်းများ၊လူနေရပ်ကွက်များ၊စက်ရုံ၊အလုပ်ရုံ
များအကြားဖြစ်လာနိုင်သည့် ပဋိပက္ခပွတ်တိုက်မှုများကိုရှောင်နိုင်ရန်
ဖြစ်ပြီး မြို့ပြတစ်ခုကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန်
ဖြစ်ကြောင်း သိရသည်။
Zoning Plan စတင်ရေးဆွဲသော ၂ဝ၁၃ခုနှစ်က အနာဂတ်
ရန်ကုန်မြို့မြေအသုံးချမှုဇုန် စီမံကိန်းတွင် ရန်ကုန်တစ်မြို့လုံးတွင်
အထပ်မြင့်အဆောက်အအုံများ၏အများဆုံးသတ်မှတ်အမြင့်ပေမှာ
ပင်လယ်ရေမျက်နှာပြင်အထက် ၄၁၇ပေအထိဖြစ်ခဲ့ကြောင်း
သိရသည်။
credit - 7day Daily / Democracy Today
& Pyi Myanmar
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment