Sunday, December 24, 2017

“ဒါတွေ တိုးမည်၊ လျော့မည်၊ ပြင်ဆင်မည်”

“ဒါတွေ တိုးမည်၊ လျော့မည်၊ ပြင်ဆင်မည်”

၁။ "ရန်ကုန်မြို့တော်အတွင်းကောက်ခံနေသည့်
စည်ပင်အခွန်နှုန်းထားတချို့ အလွန်နည်းပါးလွန်းနေ၊
ထိုက်သင့်သည့် အခွန်နှုန်းထား ပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဆို"

ရန်ကုန်မြို့တော်အတွင်း ကောက်ခံနေသည့် စည်ပင်
အခွန်နှုန်းထားတချို့သည် အလွန်နည်းပါးနေပြီး မြို့တော်
ဖွံ့ဖြိုး တိုးတက်ရန်အတွက် ထိုက်သင့်သော အခွန်နှုန်းထား
ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က
ပြောကြားသည်။

ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန် မြို့၊ အလံပြဘုရားလမ်းရှိ
Park Royal Hotel တွင် Renaissance Institute မှ
ကြီးမှူး ကျင်းပသော မြန်မာနိုင်ငံ၏ လက်ရှိ ပစ္စည်းခွန်
ကောက်ခံမှု စနစ်ကို လေ့လာ သုံးသပ်မှု မူဝါဒစာတမ်း
မိတ်ဆက်ရှင်းလင်းပွဲနှင့် ဆွေးနွေးပွဲအခမ်းအနား၌
ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း က
" စည်ပင်သာယာမှာ မြေခွန်ပေးဆောင် ရတယ်ဆိုတဲ့
အခြေအနေ တစ်ခုရှိပါ တယ်။
တော်တော်ကို နည်းတဲ့၊ ငွေ ကျပ် ၁၀၀၀ တောင်မပြည့်တဲ့
အခွန် အတုတ်များ ဖြစ်ပါတယ်။
လမ်းတွေ အတွက် သန့်ရှင်းရေးတွေ အတွက်
သန့်ရှင်းရေးတို့၊ မီးခွန်တို့ ဒါမျိုးလေးတွေကောက်ခံတာ
ရှိပါတယ်။
အခွန် အတုတ်ဟာ အလွန် အင်မတန်ကို နည်းလွန်း
အားကြီးတဲ့အတွက် မြို့ တော်တစ်ခုကိုဖွံ့ဖြိုးတိုးတက်ဖို့
မြို့တော်ရဲ့အခြေခံအဆောက် အအုံတွေ တိုးတက်
ကောင်းမွန်ဖို့အတွက် ဆိုရင်တော့ ပြုပြင်ပြောင်းလဲ
ရပါမယ်။
ဒီနေရာမှာ အခွန်တိုးကောက်မယ် ဆိုတဲ့ အခြေအနေမျိုး
ထက် ထိုက်သင့်တဲ့ အခွန်နှုန်းထားရဖို့ ဆိုတာကိုပဲ
ကျွန်တော်တို့ကမျှော်မှန်းပြီး ပြောတာဖြစ်ပါတယ်။
အခွန်တိုးကောက်ဖို့ ရည်ရွယ်ချက်နဲ့ မဆိုလို ပါဘူး။
ရသင့်ရထိုက်တဲ့ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွန်နှုန်းထားကို
ရနိုင်တယ်ဆိုရင် အားလုံးလည်း ၀န်ထုပ်ဝန်ပိုး တစ်ခုလို
ထမ်းထားတဲ့ အခွန်ငွေမျိုးမဟုတ်တဲ့ ငွေကြေးမျိုးနဲ့
ကျွန်တော်တို့ရချင် ပါတယ်။
လမ်းဘေး ဈေးသည် တစ်ယောက်အပေါ်မှာ ကြီးလေးတဲ့
အခွန်တစ်ခုကို ထမ်းနေရတာ ထက်စာရင် အိမ်တစ်လုံး
ပိုင်ဆိုင်တဲ့ လူတစ်ယောက် ကနေ မြေခွန်ကို ၂၅၀
လောက်ဆောင်နေရာ က ၅၀၀၊ ၁၀၀၀ လောက်ဆောင်
လိုက်မှုဟာ ဘာမှကြီးလေးတဲ့ အခြေအနေမဟုတ်ဘဲနဲ့
မြို့ရဲ့ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ဖြစ် လာ
နိုင်ပါတယ်" ဟု ပြောသည်။

ရန်ကုန်မြို့တော်အတွင်း ကောက်ခံနေသည့် အခွန်များနှင့်
ပတ်သက်၍ စည်ပင်သာယာမှ ကောက်ခံနေသောအခွန်
ကိစ္စရပ် များကိုပြန်လည်သုံးသပ်ကာ ဥပဒေအသစ်နှင့်အညီ
ဆောင်ရွက်သွားရန်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့မှ စည်ပင်သာယာရေး ကော်မတီတစ်ခုလုံး ကို
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ရန်ကုန် မြို့တော်
စည်ပင်သာယာရေး ဥပဒေ ကိုပြုပြင်ပြောင်းလဲရန်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးဖြိုးမင်းသိန်းက
" မြို့တော်တစ်ခုမှာရှိနေတဲ့ ပစ္စည်းတွေ ပိုင်ဆိုင်မှုတွေ
ဒီအခြေအနေတွေနဲ့ပတ်သက် ပြီး အခွန်အခတွေကောက်ခံ
တဲ့ ဥပဒေဟာ မြို့တော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေး အတွက်
တိုက်ရိုက်အကျိုး သက်ရောက်မှု ရှိပါတယ်။
အခွန်အခတွေကို ကောက်ယူတဲ့ အခြေအနေမှာ
အခြားသော ပြည်ထောင်စုကနေ ကောက်ယူနေတဲ့
အခွန်အခတွေ ရှိပါတယ်။
ဒီအခွန်ကောက်ခံနေမှုတွေ ကနေ အခွန်ဝေစုအားဖြင့်
၁၅ ရာ ခိုင်နှုန်း ကျွန်တော်တို့ကို ပြန်ပေးပါ တယ်။
အခွန်ဝေစု ၁၅ ရာခိုင်နှုန်း ပေးတဲ့ အထဲကတောင်မှ
ပြီးခဲ့တဲ့ နှစ် မှာ ၂၀၀ ဘီလီယံလောက် ရပါတယ်။
ဒါပေမဲ့ဒီနှစ်မှာတော့ လျော့ကျ သွားခဲ့ ပါတယ်။
ပြီးခဲ့တဲ့နှစ်က တိုင်း ဒေသကြီးရဲ့ဘတ်ဂျက်ဟာ ၅၀၀
ဘီလီယ ကျော်လောက်မှာ ရှိပါတယ်။
ဒီနှစ်ကတော့ ၄၀၀ ဘီလီ ယံကျော် လောက်ပဲဖြစ်ပါတယ်။
ဘာကြောင့် လဲဆို ရန်ကုန်တိုင်းမှာ ကုမ္ပဏီတွေက အခွန်
ပေးဆောင်ပေမယ့် လုပ်ငန်းမှာ တခြားတိုင်းနဲ့ပြည်နယ်တွေ
မှာ လုပ်တယ်ဆိုရင် အခြား တိုင်းနဲ့ ပြည်နယ်တွေကို ထပ်ပြီး
ခွဲဝေပေး လိုက်ရတဲ့ အခြေအနေဖြစ်ပါ တယ်။
ဒီနေရာမှာ စည်ပင်သာယာက ကောက်ခံလို့ရတဲ့ ငွေကြေး
ကိုတော့ စည်ပင်သာယာနယ် နိမိတ်အတွင်း မှာ ပြန်လည်
သုံးစွဲခွင့်ရပါတယ် " ဟုပြောသည်။

(TEEP)

*****

၂။ "ဝန်ဆောင်မှုကောင်းအောင် ဦးစွာလုပ်ပြီးမှ မီတာခကို
အလွှာလိုက်ပြင်ဆင်မည်ဟု ဆို"

ပြည်သူများကို ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်သည့်
အချိန်မှ မီတာခနှုန်းထားများကို အလွှာလိုက်ပြင်ဆင်
သတ်မှတ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန
ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောသည်။

‘‘ဝန်ဆောင်မှုကောင်းသည် ထက် ကောင်းအောင်
ကျွန်တော်တို့ကြိုးစားပြီး လုပ်နေတယ်။
လုပ်ပြီးတဲ့အချိန်ကျရင် ဓာတ်အားခကို ပြင်ဆင်မယ်။
တိုးမှာ မဟုတ်ဘူး။ ပြင်ဆင်မှာ။
ပြင်ဆင်တာကိုလည်း အလွှာလိုက်ပြင်ဆင်မယ်’’ ဟု
၎င်းက ပြောသည်။

လက်ရှိတွင် လျှပ်စစ်ကြိုးများ ပြင်ဆင်ခြင်း  အပါအဝင်
အခြားကဏ္ဍများ၌ ဝန်ဆောင်မှု ကောင်းမွန်စွာ ပေးနိုင်ရန်
ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

‘‘မီးတစ်ပွင့်တည်း သုံးတဲ့သူကို တိုးပေးရင် တရားသလား။
ဒီ မီးအပေါ်မှာ အကျိုးကျေးဇူးပြုပြီး ယူနေတဲ့သူကို တိုးရင်
ဒါဖြစ်သင့်တယ်။
ဒါတွေကို အများကြီးချင့်ချိန်ပြီးမှ ဆောင်ရွက်ရတာပါ။
အဲဒါတွေကို အားလုံးကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်
နေတယ်’’ ဟု ဦးဌေးအောင်က ပြော ကြားသည်။

မီတာခပြောင်းလဲသတ်မှတ်မည့်အချိန်ကာလမှာမူ ၂၀၁၇
ဒီဇင်ဘာလကုန်ထိ မဖြစ်နိုင်သေးဘဲ ပြင်ဆင်ကောက်ခံမည့်
အချိန် ကာလကိုလည်း ၎င်းက မပြောကြားပေ။

အိမ်သုံးလျှပ်စစ်မီတာအတွက်
- ယူနစ် ၁၀၀ အောက်ကို တစ်ယူနစ် ၃၅ ကျပ်၊
- ယူနစ် ၁၀၀ နှင့် ၂၀၀ ကြား ၄၀ ကျပ်နှင့်
- ၂၀၀ ယူနစ်အထက် ၅၀ ကျပ်ကောက်ခံပြီး

စက်မှုလုပ်ငန်းသုံး မီတာများ အတွက်
- ယူနစ် ၅၀၀ အထိ တစ်ယူနစ် ၇၅ ကျပ်၊
- ၅၀၁ ယူနစ်မှ တစ်သောင်း ယူနစ်အထိ ၁၀၀ ကျပ်၊
- တစ်သောင်းယူနစ်မှ ယူနစ်ငါးသောင်းအထိ ၁၂၅ ကျပ်၊
- ယူနစ် ငါးသောင်းမှ နှစ်သိန်းအထိ ကျပ် ၁၅၀ ဖြင့်
ကောက်ခံနေသည်။

(ရဲနိုင်)

*****

၃။ "ဘဏ် Call Deposit အတိုးနှုန်း ၂ ရာခိုင်နှုန်းထိ
လျော့ချမည်"

မြန်မာနိုင်ငံဘဏ်များအသင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့
အထူးအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ခေါ်ယူအပ်ငွေ
စာရင်း (Call Deposit Account) အတိုးနှုန်းကို
ယခင် ၆ ရာခိုင်နှုန်းပေးခဲ့ရာမှ လာမည့် ၂၀၁၈ ခုနှစ်
ဇန်နဝါရီလ ၂ ရက်နေ့မှ စ၍ ၂ ရာခိုင်နှုန်းသို့ ပြောင်းလဲ
သတ်မှတ်သွားမည် ဖြစ်ကြောင်း ဘဏ်အသင်း
ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဇဘဏ် အကြီးတန်း အတိုင်ပင်ခံ ဦးသန်းလွင်က
“အခု စီးပွားရေးက သိပ်ပြီးတော့ နလန်မထူနိုင်သေးတဲ့
အချိန်မှာ ချေးငွေအပိုင်းကလည်း နည်းနည်း ကျနေတာပေါ့။
အဲဒီလို ကျနေတော့ အတိုးနှုန်းနဲ့ ဆွဲဆောင်ဖို့
မလိုသေးဘူး။
အဲဒီတော့ အတိုးနှုန်းကို ပြင်ဆင်တဲ့သဘောပါ။
အတိုးနှုန်းဆိုတာက ဒီလိုပဲ ပြင်ဆင်ရပါတယ်။
Savings Deposit A/C အတိုးနှုန်းမှာ တနှစ်လျှင်
၈ ရာခိုင်နှုန်းက ရှိပြီးသား၊ အခုက နေ့စဉ်အတိုးနှုန်းဖြစ်တဲ့
ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account)
၂ရာခိုင်နှုန်းလျော့လိုက်တာက ဘဏ်အသင်းက
ဆုံးဖြတ်တာဖြစ်တယ်။” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ နှုန်းထားသတ်မှတ်ချက် အသစ်ကို ဘဏ်အားလုံး
လိုက်နာရမည်ဖြစ်ကြောင်း၊
အခြားအတိုးနှုန်းများကို လျော့ခြင်း မဟုတ်ကြောင်း၊
အခြားအတိုးနှုန်းများလျော့မည်ဆိုလျှင် ဗဟိုဘဏ်မှသာ
ဆုံးဖြတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) ဆိုသည်မှာ
အပ်ငွေကို ဘဏ်သို့အပ်သည့်နေ့တွင်းချင်း ပြန်ထုတ်ယူရင်း
အတိုးနှုန်း ယူခြင်း သို့မဟုတ် အချိန်အတိုင်းအတာ တခုကြာမှ
အတိုးနှုန်းနှင့် အပ်ငွေကို စုပေါင်း ငွေကြေး ပြန်လည်ထုတ်ယူ
ခြင်းဖြစ်ပြီး အချို့ဘဏ်များတွင် သိန်း ၁၀၀ အထက်မှ
call deposit အတိုးနှုန်းပေးသော်လည်း သတ်မှတ်ချက်မှာ
ဘဏ် ၁ခုနှင့် ၁ခု မတူကြောင်း သိရသည်။

ဦးသန်းလွင်က
“Call Deposit ကျတော့ ဘဏ်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့
လုပ်လို့ရတယ်။
ဒီလိုလျော့ချလိုက်တဲ့ အတွက် Call Deposit ထည့်မယ့်အစား
အခြားလုပ်ငန်းတွေမှာ ရင်းနှီးလို့ ရတယ်။
ပြင်ပမှာ ပိုရင်းနှီးနိုင်တယ်။
အခြားနိုင်ငံတွေမှာ Call Deposit ဆိုရင် ၁ ရာခိုင်နှုန်းတောင်
မရှိဘူး။ ၁ ရာခိုင်နှုန်း အောက်မှာပဲ ရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံဘဏ်များ အသင်းသည် ပြီးခဲ့သည့် စက်တင်ဘာ
အစည်းအဝေး အပြီးတွင် အဆိုပါ ခေါ်ယူအပ်ငွေစာရင်း
အတိုးနှုန်းများကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ
၆ ရာခိုင်နှုန်းအထိ ပြောင်းလဲပေးအပ်ရန်
သတ်မှတ်ခဲ့သေးသည်။

(မျိုးပပစန်း)

credit - Democracy Today / 7day Daily 
& Irrawaddy Publishing Group

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

No comments:

Post a Comment