"စောင့်ကြည့်ကာလ ကုန်ဆုံးသင့်ပါပြီ "
ကွန်ဒို ၊ တိုက်ခန်း ၊ အိမ်ခြံမြေ ၀ယ်ချင်တဲ့ လူတွေကို
မေးလိုက်ရင် ဈေးများ ထပ်ကျအုံးမလားဆိုတဲ့ အသံတွေဘဲ
ထွက်လို့လာပါတယ် ။
၂၀၁၄ ခုနှစ်ကတည်းက ရွေးကောက်ပွဲအပြီး ဘာဆက်ဖြစ်
အုံးမလဲ ဆိုပြီး စောင့်ကြည့်ကာလလို့ ပြောပြီး စောင့်ကြည့်
လာခဲ့တာ အခုဆို သုံးနှစ်တောင်ကျော်လာခဲ့ပြီး
ဖြစ်ပါတယ်။
အစိုးရသစ်လည်း ပြောင်းလို့ သက်တမ်းတစ်နှစ်ခွဲကာလ
ကိုလည်း ရောက်လို့လာပါပြီ ။
မကြာခင်မှာ ကွန်ဒိုနည်းဥပဒေ ထွက်မယ်လို့ တာဝန်ရှိသူ
တွေ ၊ဌာနဆိုင်ရာတွေ ဘက်က အတိအလင်း ပြောထားပြီး
ဖြစ်သလို တိုက်ခန်းအိမ်ရာ ဥပဒေ ကလည်း မူကြမ်းရေးဆွဲ
နေတဲ့အတွက် အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ
မှာ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ ပိုမိုခိုင်မာလာတော့မှာ
ဖြစ်ပါတယ် ။
ပြည်သူတွေဆီက ယုံကြည်မှုတွေရလာတာနဲ့ အမျှ
အရောင်းအ၀ယ် ပြန်လည် သွက်လက်လို့ လာတော့မှာ
ဖြစ်ပါတယ်။ အရောင်းအ၀ယ် အသွင်သဏ္ဍာန်တော့
အပြောင်းအလဲ ရှိနိုင်မယ်လို့ ပညာရှင်တွေ ခန့်မှန်းထား
ကြပါတယ် ။
* စီးပွားရေး လုပ်ငန်းတိုင်းမှာ ရင်းနှီးရတဲ့ အရင်းအနှီးတွေက
အများကြီးရှိပါတယ် ၊ အချိန် ၊ငွေ ၊ လုပ်အား နဲ့ ကျွမ်းကျင်မှုက
ဟန်ချက်ညီ ချိတ်ဆက်လို့နေပါတယ် ၊ လည်ပတ်နေတဲ့
လုပ်ငန်းတစ်ခု တစ်နေရာမှာ အထစ်အငေါ့ ဖြစ်လိုက်တာနဲ့
အခြားကဏ္ဍတွေပါ ရပ်တန့်ကုန်မှာ ဖြစ်ပါတယ်။ *
ဘယ်စီးပွားရေးနယ်ပယ်မှာ မဆို ယုံကြည်မှု trust က
အရေးကြီးပါတယ် ။ အထူးသဖြင့် တစ်ဘ၀လုံးစာ အခြေချ
နေထိုင်မယ့် အိမ်ရာနေထိုင်လိုသူတွေ အတွက် သူတို့
သိန်းပေါင်းများစွာ ပေးဝယ်ရမယ့် အိမ်ရာတွေ အတွက်
ခိုင်မာမှု သေချာစေဖို့ လိုအပ်ပါတယ် ။
အိမ်ခြံမြေ တိုက်ခန်းကွန်ဒိုတွေ အရောင်းအ၀ယ်
မကောင်းဘူးဆိုပေမယ့်လည်း အိမ်ခြံမြေပြပွဲတွေမှာ လူတွေ
အများကြီးလာကြည့်တာကို တွက်ဆရင် စိတ်ဝင်စားမှုရှိလို့
တကူးတက လာကြည့်တာဖြစ်ပါတယ်။
ဈေးများ ထပ်ကျအုံးမလားဆိုပြီး စောင့်ကြည့်ပြီး ၀ယ်ယူဖို့
တွန်းဆိုင်းနေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေ အိမ်ခြံမြေ
ဝယ်ယူဖို့ တွန့်ဆိုင်းနေတဲ့အကျိုးဆက်က ဆောက်လုပ်ရေး
နဲ့ အိမ်ခြံမြေ လောကကို ကျဆင်းလို့ သွားစေခဲ့ပါတယ် ။
အခုဆို ဆောက်လုပ်ရေး လောက ကျဆင်းနေတာ
အချိန်လည်း တော်တော်ကြာလာပါပြီ ၊နောက်ဆက်တွဲ
အနေနဲ့ အိမ်ခြံမြေ လောကမှာလည်း အရောင်းသာရှိ အ၀ယ်
ပျောက်နေတာ သုံးနှစ်လောက်ရှိတဲ့အတွက် ဆုံးရှုံးတဲ့သူတွေ၊
ဘ၀ပျက်သွားတဲ့ သူတွေ ၊ ဆောက်လုပ်စ တန်းလန်းနဲ့
ဆက်ဆောက်ရမလို ရပ်ထားရမလိုလိုနဲ့ အချိန်တွေ ငွေတွေ
ဆုံးရှုံးခဲ့ရတဲ့သူတွေလည်း မနည်းတော့ပါဘူး ။ ဒီထက်
ထပ်ပြီး ဈေးချဖို့ဆိုတာကလည်း ဖြစ်နိုင်ချေ မရှိတော့ပါဘူး ။
စီးပွားရေး လောကမှာ အချိန်နဲ့ ငွေဟာ တိုက်ရိုက် အချိုးကျ
ပါတယ် ၊ ရပ်သွားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်စဖို့
အတွက်ဆိုတာ ငွေ ၊ လုပ်အား ၊ ကျွမ်းကျင်မှုနဲ့ အချိန်တွေ
ပေးဆပ်ရပါတယ်၊ ရပ်နားထားတဲ့ ကာလ ဆောက်လက်စ
ကာလမှာ ရင်းနှီးမြုပ်နှံထားရတဲ့ငွေတွေ အတွက် အတိုးတွေ
က တောက်လျှောက်တက်နေပါတယ်။ ဆိုင်းထားလို့မရပါဘူး၊
သာမန် ကန်ထရိုက်တိုက်ဆောက်တဲ့ လူတွေက ပြင်ပက
အတိုးနဲ့ယူပြီး လုပ်ငန်းလည်ပတ်ကြသလို ကွန်ဒိုကြီးတွေ
အထပ်မြင့်တွေဆောက်တဲ့ အာစရိကြီးတွေ tycoon
လုပ်ငန်းရှင်ကြီးတွေကလည်း ဘဏ်တွေကနေ ချေးငွေတွေ
နဲ့ အဆောက်အအုံ ကုန်ကျစရိတ်ရဲ့ အစိတ်အပိုင်းတစ်ခု
လောက်ကို ချေးယူထားကြ ပါတယ် ။
မြန်မာစီးပွားရေးမှာ လုပ်ငန်းကြီးလာတာနဲ့ အမျှ အကြွေး
ဆိုတာကလည်း ရှိပါတယ် ၊ငွေကလည်ပတ်နေတာ ဖြစ်လို့
ဟိုဘက်က ရတဲ့ ငွေကို ဒီဘက်ထိုးဆပ်လိုက် ဒီဘက်က
ရတဲ့ငွေကို ဟိုဘက်ခဏပြန်လှည့်လိုက်နဲ့ လည်ပတ်နေရတာ
ဖြစ်ပါတယ် ၊ လုပ်ငန်းလည်ပတ်တဲ့ အချိန်မှာ ဘဏ်ကချေးယူ
ထားတဲ့ ငွေအတွက် အတိုးနဲ့ အရင်း ပြန်ဆပ်ရတာ မထောင်း
တာပေမယ့် အရောင်းအ၀ယ် မကောင်းတဲ့အချိန်မှာတော့
အတိုးပေးဖို့တောင် ခက်ခဲလာတယ်လို့ ကြားနေရပါတယ် ။
အရောင်းအ၀ယ်မဖြစ်သေးလို့ ဘဏ်တိုးခဏ ဆိုင်းထားလို့
သွားပြောလို့မရပါဘူး ။ဘဏ်တိုးကတော့ ပုံမှန်တက်နေတာ
ဖြစ်ပါတယ် ၊ မြန်မာ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေးလောက
ဟာ အတက်အကျ ပေါင်းမြောက်များစွာနဲ့
ခေတ်အဆက်ဆက်မှာ ထွန်းတောက်လာလိုက် မှိန်သွားလိုက်
နဲ့ ပေါ်တလှည့် မြုပ်တလှည့် ဖြစ်ခဲ့ပါတယ် ၊
၂၀၁၀ ကနေ ၂၀၁၃ နှစ်ကုန်လောက်အထိ အိမ်ခြံမြေ
အရောင်းအ၀ယ်သမားတွေ ၊ အကျိုးဆောင်တွေ ၊
ကန်ထရိုက်တွေ ၊လုပ်ငန်းရှင်ကြီးတွေ အတွက် ငွေရွှင်တဲ့
ကာလ အရောင်းအ၀ယ်ကောင်းတဲ့ ကာလ ဖြစ်ခဲ့ပါတယ် ၊
ဒီတော့ ကန်ထရိုက်တာတွေ လုပ်ငန်းရှင်ကြီးတွေက
ရန်ကုန်မြို့ရဲ့ လူဦးရေ အနာဂတ်ကို တွက်ဆပြီး အထပ်မြင့်
တိုက်တွေကို နေရာစုံမှာ အနှံ့အပြား ဆောက်လုပ်လာခဲ့
ကြပါတယ် ၊
ယနေ့လိုကာလမှာတောင် ၂၀၁၃ အကုန် ၂၀၁၄ အတွင်း
ဆောက်ခဲ့တဲ့ အဆောက်အအုံတွေမြင်တွေ့ရမှာဖြစ်ပါတယ် ၊
ဒီအဆောက်အအုံတွေ ယနေ့ထက်တိုင် အပြီးသတ်ဖို့
လုံးပန်းနေကြတဲ့ အချိန်ကာလ ဖြစ်ပါတယ် ။
၂၀၁၃ ခုနှစ်တုန်းက အိမ်ခြံမြေဆောက်လုပ်ရေး လုပ်ငန်းတွေ
အရောင်းအ၀ယ်ကောင်းခဲ့ပြီး အခုဘာဖြစ်လို့ အရောင်းအ၀ယ်
မကောင်းရတာလဲ ၀ယ်လက်ပျောက်ရတာလည်း ၊သိန်းပေါင်း
သန်းနဲ့ ချီပြီး ကွန်ဒိုဈေးကွက်ထဲမှာ လည်နေတဲ့ ငွေတွေ
ဘယ်ရောက်သွားသလဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာကိုလူတွေ
မေးလာကြပါတယ် ၊ပညာရှင်တွေကလည်း အဖြေအမျိုးမျိုး
ပေးကြပါတယ် ၊
* နောက်ဆုံး အဆုံးသတ်ကတော့ ဈေးကွက်အပေါ် ယုံကြည်မှု
Trust ပျောက်ဆုံးသွားတာကြောင့် ဖြစ်ပါတယ် ။ အိမ်ခြံမြေ နဲ့
ဆောက်လုပ်ရေး လုပ်ငန်းတွေထဲမှာ လည်နေတဲ့ သိန်းပေါင်း
သန်းနဲ့ချီတဲ့ ငွေတွေ အခြားကဏ္ဍကို ရောက်သွားလား
ဆိုတော့လည်း မြန်မာပြည်ရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအား
ကိန်းကဏန်းတော်တော်များများရဲ့ စာရင်းတွေမှာ သိသာ
ထင်ရှားတဲ့ တိုးတက်မှု ဖြစ်လာတာ မတွေ့ရပါဘူး။ *
ရန်ကုန်မြို့လယ် ပန်းဆိုးတန်းလမ်းက နာမည်ကြီး
ဆောက်လုပ်ရေးကုမ္မဏီ တစ်ခုရဲ့ မမှန်ကန်တဲ့
လုပ်ဆောင်ချက်တွေ ၊
ဟိုစီမံကိန်းဒီစီမံကိန်းဆိုပြီး မစားရ၀ခမန်း ပြောကြပေမယ့်
တကယ်အလုပ် မဖြစ်တာတွေ အပြင်
၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်မယ်ဆို တက်လာ
တဲ့ အစိုးရလက်ထက်မှာဘယ်လို အပြောင်းအလဲ ဖြစ်အုံးမလဲ
ဆိုပြီး စောင့်ကြည့်ခဲ့ကြလို့ အရောင်းအ၀ယ်တွေ ၀ယ်လက်
ပျောက်ပြီး အားလုံး ပြဿနာ တက်ကုန်တာ ဖြစ်ပါတယ် ။
ပြည်ပ အထူးသဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံက လူတွေ
လာကစားပြီး ငွေထုတ်ပိုက် ပြန်သွားတယ်လို့လည်း ပြောဆိုမှု
တွေရှိခဲ့ပါတယ် ၊ တရုတ်နိုင်ငံသားတွေ သက်သာတဲ့
ဘဏ်တိုးနှုန်းနဲ ငွေချေးယူပြီး မြန်မာပြည်မှာမှ လာကစားကြ
တယ် ဆိုတဲ့ အသံတွေထွက်လာဖူးပါတယ် ၊ နောက်ပိုင်းမှာ
တရုတ်အစိုးရရဲ့ချေးငွေမူဝါဒကို ပြန်လည်တင်းကျပ်လိုက်တယ်
ဆိုတဲ့ သတင်းစကားတွေလည်း ကြားလာရပါတယ် ၊
ဒါကလည်း အစိတ်အပိုင်းတစ်ခုလောက် အတွက်ဘဲ မှန်ကန်မှု
ရှိနိုင်ပြီး ဈေးကွက်ကြီး တစ်ခုလုံးအေးစက်သွားနိုင်လောက်တဲ့
ပမာဏ အထိ မရှိနိုင်ပါဘူး ။ နောက်ထပ် အကျိုးဆက်ကတော့
အခွန်နှုန်းထားမြင့်မားတဲ့ ပြသနာကြောင့် အရောင်းအ၀ယ်တွေ
ရပ်ဆိုင်းကုန်တယ်လို့လည်း ဆိုကြပါတယ် ။
* လူတွေ အတွက် အိမ်တွေ တိုက်ခန်းတွေ ပိုလျှံအောင်
ဆောက်ထားလို့ဈေးကွက်ပျက်သွားတာလားဆိုတာ ပြန်ကြည့်
တော့လည်း ရန်ကုန်ကလူတွေ တော်တော်များများက
အိမ်ပိုင်ဆိုင်မှု ၂၀ ရာခိုင်နှုန်းဘဲရှိပြီး ၈၀ ရာခိုင်နှုန်းက အိမ်ငှား
နေရတာ ၊ ကျုးကျော်တဲ ထိုးနေတာ၊ အဆင်ပြေသလို နေနေ
ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ *
တိုက်ခန်းတွေ ဘာဖြစ်လို့ မရောင်းရတာလဲ ဆိုတော့လည်း
လူတွေက နောက်ထပ် ဈေးဆက်ကျအုံးမလားဆိုပြီးစောင့်ကြည့်
နေကြ တာဖြစ်ပါတယ် ။ ၀ယ်နိုင်စွမ်းအားရှိတဲ့ လူတွေ
ကိုယ်တိုင်ဈေးများထပ်ကျအုံးမလားဆိုပြီး စောင့်ကြည့်နေကြ
တာဖြစ်လို့ ဖျာအောက်ထဲမှာ ငွေတွေအိပ်နေတာ ကြာပါပြီ ။
ပြည်သူတွေရဲ့ယုံကြည်မှုရပြီး ဈေးကွက်ပြန်လည် ဦးမော့
လာအောင်အတွက်
ဥပဒေတွေနည်းဥပဒေတွေ အမြန်ဆုံး ပြန်လည်ပြဋ္ဌာန်းပေးမယ် ၊
အိမ်ရာဝယ်ယူလိုသူတွေ အတွက် နှစ်ရှည်ဘဏ်ချေးငွေတွေ
ရအောင် လုပ်ပေးမယ် ၊
အိမ်ခြံမြေ ၀ယ်ခွန်ရောင်းခွန် နှုန်းထားတွေကို မျှတအောင်
လုပ်ပေးမယ်ဆိုရင်
ဖျာအောက်မှာ အိပ်နေတဲ့ငွေတွေ အိမ်ခြံမြေဈေးကွက်
ထဲကိုတစ်နည်းတစ်ဖုံ ပြန်လည်စီးဝင်လာမှာဖြစ်ပါတယ် ။
ငွေတွေ ၀ါကနဲ စီးဝင် စီးထွက်တဲ့ ပုံပျက်ပန်းပျက်စီးပွားရေးစနစ်
အစား ဥပဒေ နည်းဥပဒေ တွေနဲ့ အညီ ပုံမှန် ၀ယ်နိုင်ရောင်းနိုင်
တဲ့ စီးပွားရေးအသွင်သဏ္ဍာန်တစ်ခု ( Business Model ) သစ်
တစ်ခုဆီ ကူးပြောင်းပြီး အရောင်းအ၀ယ်တွေ ပြန်လည်
သွက်လက်လာမှာဖြစ်ပါတယ် ။
ဒါတွေမှ မပြင်နိုင်ဘူးဆိုရင်တော့ စောင့်ကြည့်ကာလအထဲမှာ
အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းတွေ သာမက
အိမ်ဝယ်ချင်တဲ့ လူတွေပါ ယက်ကန်ယက်ကန် ကူးခတ်
နေရအုံးမှာ ဖြစ်တဲ့အတွက် စောင့်ကြည့်ကာ ကုန်ဆုံးသွားအောင်
လုပ်ဆောင်ပေးသင့်ပါကြောင်း တိုက်တွန်းရေးသား
တင်ပြလိုက်ပါတယ် ။
(ကိုချစ်ခင်)
credit - iMyanmar House
**********
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0
No comments:
Post a Comment