Wednesday, July 15, 2015

"ကွန်ဒိုမီနီယံ ဥပဒေနှင့် ပတ်သတ်၍ လူထုကြားတွင် ဆွေးနွေးတိုင်ပင်မှု နည်းပါး"

 
"ကွန်ဒိုမီနီယံ ဥပဒေနှင့် ပတ်သတ်၍ လူထုကြားတွင်
ဆွေးနွေးတိုင်ပင်မှု နည်းပါး"
          
ကွန်ဒိုမီနီယံ ဥပဒေနှင့် ပတ်သက်၍ တိကျသည့် အဓိပ္ပာယ်
ဖွင့်ဆိုချက်များနှင့် အချက်အလက်များကို လူထုကြားတွင် ဆွေးနွေးတိုင်ပင်မှု
နည်းပါးနေကြောင်း House.com  မှယမန်နေ့က ထုတ်ပြန်ခဲ့ သည်။
         
““ကွန်ဒိုမီနီယံ ဥပဒေက ကောင်းမွန်တဲ့
အလားအလာတွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။ နိုင်ငံခြားသားတွေ 
ကွန်ဒိုအခန်းတွေ ၀ယ်ယူနိုင်ခွင့်ရှိရင်  မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်မှာပါ
အထောက်အပံ့ ဖြစ်စေမှာပါ။ ပျော့ပျောင်းတဲ့ ကန့်သတ်ချက်တွေတော့ ရှိဖို့လိုအပ်ပြီး
ဖိအားဖြစ်ဖို့လောက် အထိတော့ မလိုအပ်ပါဘူး””ဟု House.com.mm  မှ 
မန်းနေဂျင်း ဒါရိုက်တာ Jan Sommerfeld  က ပြောသည်။
         
လက်ရှိ ကွန်ဒိုမီနီယံ ဥပဒေမူကြမ်းတွင် နိုင်ငံခြားသားများမှာလည်း
ကွန်ဒိုအခန်းများ ၀ယ်ယူပိုင်ဆိုင်ခွင့်ရှိပြီး ကွန်ဒိုပိုင်ဆိုင်သူသည်
ကွန်ဒိုတည်ဆောက်ရာ မြေနေရာကို ပိုင်ဆိုင်မှု ရှိသည့်အတွက်
ကွန်ဒိုဝယ်ယူထားသည့် နိုင်ငံခြားသားများသည် မြေပိုင်ဆိုင်ခွင့်ရှိမရှိကို
အငြင်းပွားမှု များရှိနေသည်။
         
လက်ရှိ ကွန်ဒိုမီနီယံ ဥပဒေကြမ်းတွင်
ကွန်ဒိုမီနီယံတစ်လုံး ဆောက်လုပ်ခြင်းအတွက် မြေအကျယ်အ၀န်း
တစ်ဧကရှိရမည် ဖြစ်ပြီး အနည်းဆုံး အခန်းတစ်ရာစာ ပါဝင်အောင်
ဆောက်လုပ်ရမည် ဖြစ်ကြောင်း၊ နေထိုင်သူများ၏ လုံခြုံမှုအတွက် CCTV 
ကင်မရာများ၊ မီးသတ်စနစ်နှင့်(၂၄) နာရီ လုံခြုံရေးစနစ်များလည်း
ပါဝင်ရမည်ဖြစ်ကြောင်း၊ ဇိမ်ခံအထောက်အပံ့များ ဖြစ်သည့် ရေကူးကန်၊
ကာယအလှ လေ့ကျင့်ခန်း၊ အလှပြင်ခန်းများအပြင် ဥယျာဉ်၊ အင်တာနက်၊
လုံလောက်သော ကားပါကင်များပါ ထည့်သွင်း ဆောက်လုပ်ရမည်
ဖြစ်ကြောင်း သိရသည်။
         
““ကွန်ဒိုမီနီယံ ဥပဒေကန့်သတ်ချက်အချို့ကို ပြန်လည်စဉ်းစားဖို့ လိုပါတယ်။
ဥပမာမြေအကျယ် တစ်ဧကရှိမှ ကွန်ဒိုဆောက်လုပ်ရမယ် ဆိုတာမျိုး
တစ်ဧကမရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ကွန်ဒို အချို့တွေရှိပါတယ်။
ဒါတွေကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်၊ နိုင်ငံခြားသားကွန်ဒို
ပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီး ဒါကတော့ ဖြစ်သင့်ပါတယ်””ဟု မြန်မာနိုင်ငံ
အိမ်ခြံမြေ ၀န်ဆောင်မှုအသင်းမှ  ဥက္ကဋ္ဌက ပြောသည်။
         
ကွန်ဒိုမီနီယံ ဥပဒေ ပေါ်ထွက်လာပါက ရင်းနှီးမြှုပ်နှံမှုများပိုမို
ဝင်ရောက်လာနိုင်ကြောင်း ဈေးနှုန်းများ ကျဆင်းနိုင်မည်ဟု
ခန့်မှန်းထားကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

(messenger news journal)

1 comment:

  1. မင်္ဂလာပါရှင့်.....
    ရေးထားတဲ့သတင်းလေးကို သဘောကျပါတယ်.... နောက်ထပ်အိမ်ခြံမြေနဲ့ပတ်သက်တဲ့သတင်းလေးတွေလည်းပေးချင်လို့ ဆက်သွယ်ဖို့လိပ်စာရှာတဲ့အခါရှာလို့မရလို့ပါရှင့်..... ဖြစ်နိုင်ရင် ဆက်သွယ်လို့ရမဲ့ ဖုန်းနာပါတ်လေးဖြစ်ဖြစ် Gmail အကောင့်လေးဘဲဖြစ်ဖြစ် သိချင်ပါတယ်.... အဆင်ပြေမယ်ဆိုရင် joe.cylen@gmail.com ကိုလည်းပေးပို့ထားနိုင်ပါတယ်နော်.....
    ပြန်လည်ဆက်သွယ်မယ်လို့မျှော်လင့်ပါတယ်.....

    ReplyDelete