Thursday, September 3, 2015
"ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးအချို့ ဘီလီယံနှင့်ချီပြီး အကြွေးတင်နေဟုဆို"
"ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးအချို့
ဘီလီယံနှင့်ချီပြီး အကြွေးတင်နေဟုဆို"
ဆောက်လုပ်ရေး လုပ် ငန်းရှင်ကြီး အများစုမှာ
ငွေကျပ် ဘီလီယံနှင့်ချီ၍ အကြွေးတင်နေ သဖြင့်
ဆောက်လုပ်ရေးလောက ဆက်လက် လည်ပတ်ရန်ခက်ခဲ
လာပြီဖြစ်ကြောင်း တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်
ဦးကိုကိုထွေးကပြောသည်။
‘‘ကျွန်တော်ကိုယ်တိုင် လက် ရှိ ဘီလီယံ ၂၀ လောက်
အကြွေး တင်နေတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီတွေ
အကြွေးအရမ်းများ နေပြီး ဘီလီယံ ၅၀၀ ကျော်၊
၆၀၀ ကျော်လောက်အထိ အကြွေးတင် နေတဲ့ ကုမ္ပဏီတွေလည်း
အများ ကြီးရှိတယ်’’ဟု ဦးကိုကိုထွေးက သြဂုတ် ၂၉ ရက်တွင်
ကုန်သည် စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် ဆောက်လုပ်ရေး
ဆိုင်ရာ လုပ်ငန်း များ အတွေ့အကြုံဟောပြောပွဲ တွင်
ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
ထို့ကြောင့် အခြေအနေယိုင် နဲ့နေပြီး ဈေးကွက်တွင်
အရောင်း အ၀ယ် နည်းပါးလာသည့်ဆောက်လုပ်ရေးကဏ္ဍ
အတွက် အစိုးရက ၀င်ရောက်ထိန်းသိမ်းပေးရန်
အချိန်မီ လိုအပ်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘ဆောက်လုပ်ရေးကဏ္ဍက တိုင်းပြည်တစ်ပြည်အတွက်
အများကြီး အရေးကြီးတယ်။
သူသာ ပြိုလဲသွားရင် တခြားစီးပွားရေး ကဏ္ဍတွေပါလိုက်ပြီး
ပြိုလဲသွား နိုင်တယ်။ ဒါမျိုးမဖြစ်အောင်လို့ ကျွန်တော်က
သမ္မတရဲ့ အကြံပေး တွေနဲ့တွေ့တဲ့အခါ အစိုးရက၀င် ကူဖို့
အကူအညီတွေလည်းတောင်း ထားတယ်’’ဟု ဦးကိုကိုထွေးက
ဆိုသည်။
လက်ရှိတွင် ဆောက်လုပ် ရေးလောက၌
- ကြိုပွိုင့်တိုက်ခန်း များ အရောင်းအ၀ယ်ရပ်ဆိုင်းနေ ခြင်း၊
- မြေဈေးကြီးမြင့်လာခြင်း၊
- ၀ယ်ယူသူ မရှိသလောက် နည်း ပါးခြင်းတို့ကြောင့်
ကန်ထရိုက် အငယ်လေးများ ပြိုလဲစပြုနေပြီ ဖြစ်ပြီး
ဆောက်လုပ်ရေးလုပ်ငန်း ရှင်ကြီးများက ဆက်လက် ရပ် တည်ရန်
အခက်အခဲအချို့နှင့် ရင် ဆိုင်နေရပြီဟု ဆောက်လုပ်ရေး
လုပ်ငန်းရှင်အချို့က ဆိုသည်။
အစိုးရနှင့် လုပ်ငန်းရှင်ကြီး များ ပူးပေါင်းတည်ထောင်ထား သည့်
ဆောက်လုပ်ရေးနှင့် အိမ် ရာဖွံ့ဖြိုးရေးဘဏ်က လုပ်ငန်းရှင်များအား
ငွေချေးပေးနေသည် မှာ ကောင်းမွန်သော်လည်း
ထင် သလောက် အကျိုးမဖြစ်ထွန်း သေးဘဲ
ဆောက်လုပ်ရေးလောက မပြိုလဲစေရန် ၀င်ရောက်ကူညီ နိုင်သည့်
အရည်အချင်း အား နည်းနေသေးကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဝေဖန်ကြ သည်။
‘‘ဘဏ်တွေကလည်း ထင် သလောက် အထောက်အကူ
မပေးနိုင်သေးဘူး။ အရည်အသွေး ရှိတဲ့ အခန်းတွေထွက်လာဖို့
အား ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုငွေတွေ လိုတယ်’’ဟု
AKT ဆောက်လုပ် ရေးကုမ္ပဏီ
အမှုဆောင်အရာရှိ ချုပ်ဦးမျိုးမြင့်က ဆိုသည်။
ထို့ကြောင့် နိုင်ငံခြားဘဏ် များ၏ ငွေကြေးအကူအညီကို
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ မျှော်လင့်နေပြီး
အစိုးရအနေဖြင့် ယင်းအခြေအနေကို အမြန်ဆုံး
ဝင်ရောက်ထိန်းသိမ်းပေးသင့် ကြောင်း ဆောက်လုပ်ရေး
လုပ် ငန်းရှင်များက တိုက်တွန်းသည်။
ပြီးခဲ့သည့်နှစ်က စတင်ဖွင့် လှစ်ခဲ့သည့် ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဆောက် လုပ်ရေးကုမ္ပဏီ ၆၀ ကျော်အား
ကျပ်ဘီလီယံ ၅၀ ကျော် ငွေချေး ထားပြီး ဘဏ်အနေဖြင့်
ငွေချေး ခြင်းကို အကန့်အသတ်ဖြင့် ထုတ် ချေးခြင်းသာဖြစ်ကာ
နောက်ပိုင်း မှသာ တဖြည်းဖြည်းချင်း
ပိုမိုငွေထုတ်ချေးပေးနိုင်ဖွယ်ရှိကြောင်း အဆိုပါ ဘဏ်ဒါရိုက်တာ
ဦးဝင်းဇော်က မကြာခဏ ပြောကြားသည်။
ဆောက်လုပ်ရေးလုပ်ငန်း များ ယခုနှစ်တွင် သိသာစွာ
လျော့ကျသွားရသည့် အကြောင်းရင်း မှာ အရောင်းအ၀ယ်
ဈေးကွက် အေးစက်နေခြင်းနှင့်အတူ အများစုကလည်း
ရွေးကောက်ပွဲပြီး မှသာ ပြန်လည်လှုပ်ရှားလာနိုင်သည်ဟု
မျှော်လင့်နေခြင်းကြောင့် ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက
ယခု ဘဏ္ဍာနှစ်အတွင်း အဆောက် အအုံတည်ဆောက်ခွင့်
စုစုပေါင်း ၂,၅၀၀ ကျော်ခွင့်ပြုထားသည်။
ထို့ကြောင့် ပြီးခဲ့သည့် ၂၀၁၄ သည် ၁၃ နှစ်အတွင်း အများဆုံး
အ ဆောက်အအုံတည်ဆောက်ခွင့် ပြုခဲ့သည့် နှစ်ဖြစ်ခဲ့ပြီး
ယခုနှစ် တွင် အဆိုပါ စံချိန်ကို ကျော်လွန် နိုင်ဖွယ်မရှိဘဲ
သိသိသာသာလျော့ ကျဖွယ်ရှိကြောင်း ခန့် မှန်းထား သည်။
(မိုးညို)
credit - 7day daily
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment