Friday, September 4, 2015
"အမေးများသောအိမ်ခြံမြေမေးခွန်းနှင့် အဖြေများ (၂)"
"အမေးများသောအိမ်ခြံမြေမေးခွန်းနှင့် အဖြေများ (၂)"
Q ။ ။ SP မပေးခင် ရောင်းသူကွယ်လွန် ( သို့ )
ပျောက်နေပါက မည်သို့ လုပ်ထုံးရှိသနည်း?
A ။ ။ SP မပေးခင် ရောင်းသူကွယ်လွန်( သို့ )
ပျောက်နေပါက တရားရုံးတွင် တရားစွဲဆို၍
ဝယ်ယူသူ အမည်သို့ ပြောင်းလဲနိုင်ပါသည်။
*****
Q ။ ။ အမည်ပေါက် မလုပ်သေးရင် SP အနေနဲ့
ဘယ်လောက် ကြာကြာ ကိုင်ထားနိုင်ပါသလဲ?
A ။ ။ အမည်ပေါက် မလုပ်သေးရင် SP အနေနဲ့
ကိုင်ထားနိုင်မယ့် အချိန်ကတော့
စည်ပင်သာယာရေးကော်မတီ
မြို့ပြ / မြေယာဌာန၏ မူသဘောအရသာ ဖြစ်ပါသည်။
မူလက (၃) နှစ်၊ နောက်ပိုင်း (၁) နှစ် နှင့်
ယခုတွင် နှစ်ကာလ အကန့်အသတ်မရှိ ကိုင်ထားနိုင်ပါသည်။
ဥပဒေအရဆိုလျှင် ...
SP ပေးသူ သေဆုံးခြင်း၊ ရူးသွပ်ခြင်း၊ လူမွဲခံခြင်း၊
ထောင်ကျခြင်း စသည်တို့ မဖြစ်သရွေ့ အကျုံးဝင်ပါသည်။
*****
Q ။ ။ အခန်းဝယ်ထားတဲ့ ကိုယ့်တိုက်ခန်းသက်တမ်း
ကုန်ဆုံးသွားလို. မြေရှင်က တိုက်အသစ်ပြန်ဆောက်ရင်
အခန်းပြန်ရနိုင်ပါသလား?
A ။ ။ ဝယ်ထားတဲ့တိုက်ခန်းက သက်တမ်းကုန်ဆုံးလို. ဖြစ်စေ၊
အကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီးရင်ဖြစ်စေ
ဆုံးရှုံးသွားတဲ့အခါ အခန်းပြန်မရနိုင်ပါဘူး။
ဝယ်ထားတဲ့အခန်းကို ပိုင်တာဖြစ်တဲ့အတွက်
အခန်းမရှိတော့ရင် လက်ဆုပ်လက်ကိုင်ပြစရာ မရှိတော့ပါဘူး။
မြေရှင်က တိုက်အသစ်ပြန်ဆောက်ရင်တော့ မိမိအထပ်၊
မိမိအခန်းနေရာပြန်ရဖို. တောင်းဆိုပိုင်ခွင့်ရှိပါတယ်။
ပြန်ဆောက်မယ့် အခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်
ပေးရန် တာဝန်ရှိပါတယ်။
တိုက်သစ်ဆောက်တာ မြေရှင်ရဲ. စိုက်ထုတ်ကုန်ကျစရိတ်တွေ
ရှိပါတယ်။ မိမိအခန်းဆောက်လုပ်ကုန်ကျစရိတ်ကုန်ကျငွေကို
ထပ်ပေးရတဲ့ သဘောပါ။
အပြင်လူက လာဝယ်တဲ့ ဈေးအတိုင်းပေးစရာမလိုပါဘူး။
အကြောင်းက အရင်တိုက်အဟောင်းအခန်းဝယ်ယူခဲ့တုန်းက
မြေရှင်သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်စာတမ်းတွေ
ရှိနေလို. အရင်အခန်းပိုင်ရှင်ဖြစ်နေလို.ပါ။
*****
Q ။ ။ လယ်မြေနဲ.လယ်ယာမြေ ကိုဘယ်လိုခွဲခြားနိုင်ပါသလဲ?
A ။ ။ ဆန်စပါး တစ်မျိုးတည်းကိုသာ အဓိကထားစိုက်ပျိုးတဲ့
မြေကို “လယ်မြေ” ၊
စိုက်လို.ရတဲ့မြေတွေ အားလုံးကိုတော့ “လယ်ယာမြေ” လို.
မှတ်ထားနိုင်ပါတယ်။
*****
Q ။ ။ ပါမစ်ကို ဂရန်လျောက်မယ်ဆိုရင် အခွန်ဘာတွေ
လိုအပ်မယ်ဆိုတာ သိလိုပါတယ်?
A ။ ။ ပါမစ်ကို ဂရန်လျှောက်တာ အခွန်ပေးစရာ မလိုပါ။
လျှောက်ထားသူ မှတ်ပုံတင်နှင့် ပါမစ်မူရင်းသာလိုပါတယ်။
တတ်ကျွမ်းတဲ့ရှေ့နေဖြင့်ပြုလုပ်ပါ။
ကြာချိန် ၈လနှင့် တစ်နှစ်ကြာပါတယ်။
*****
Q ။ ။ အစိုးရကနေ လူနေဖို.မြေကွက် အသစ်တွေကို
မြို.ပြင်မှာ ချထားပေးတဲ့အခါမှာ ဘယ်လို ပုံစံနဲ.ချထား
ပေးပါသလဲ?
A ။ ။ အစိုးရကနေ လူနေရပ်ကွက်သစ်တွေကို မြို.ပြင်မှာ
အကွက်ရိုက်ပြီး ချပေးတဲ့အခါ ပါမစ်မြေအဖြစ်
ချထားပေးပါတယ်။
မြေအရောင်းအဝယ်သမားတွေကတော့ ဓာတ်ပုံပါတဲ့
မြေချပါမစ်လို. ခေါ်ကြတယ်။
မြေကွက်အသစ်ဖော်ထုတ်တဲ့အခါ လယ်မြေ၊ ရွာမြေတွေ
ပါသွားခဲ့ရင် အဲသည်လယ်သမား၊ ရွာသူရွာသားတွေကိုြ
မို.ကွက်သစ်မှာ မြေကွက်တွေ ပြန်ပေးလေ့ရှိပါတယ်။
အဲသည်လယ်သမားနဲ. ရွာသူရွာသားတွေကိုတော့
ရပ်ကွက်နဲ. မြေကွက်အမှတ်တွေပါတဲ့ စလစ်စာရွက်တစ်ရွက်
ပေးပါတယ်။
အဲသည် စလစ်စာရွက်ပေါ်မှာ မြေကွက်ချထားပေးတဲ့
ဌာန၊ ဥပမာ မြို.ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာန
ရုံးအမည်တံဆိပ်အပိုင်းနဲ. တာဝန်ခံအရာရှိရဲ. လက်မှတ်ပါရှိ
ပါတယ်။
ပြီးတော့မှ မြေချပါမစ်ရအောင် ဆက်လျှောက်ထားပြီး
ယူရပါတယ်။
နယ်မြေတွေမှာတော့ စလစ်မြေစာရွက်
စာတမ်းထုတ်ပေးတယ်လို. သိရပါတယ်။
ပြီးတော့ မိမိအမည်ပေါက်ကို ပုံစံ (၁၀၅) မြေပုံထွက်လာအောင်
ဆက်လက် လျှောက်ထားရတယ်လို. သိရပါတယ်။
အဲသည်နောက်မှ နှစ် (၃၀) ဂရန်၊ အနှစ် (၆၀) ဂရန်
မြေငှားစာချုပ်ကိုင်ထားမှ စိတ်ချရမှာ ဖြစ်ပါတယ်။
Ref - The Kumudra & Kyi Soe (I.C)
credit - Winningland & Myanmar Property News
Labels:
မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment