Thursday, September 3, 2015

"လာပြန်ပြီ ဟံသာဝတီ"


"လာပြန်ပြီ ဟံသာဝတီ"

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က
"ငွေပြတ်၍ ဟံသာဝတီလေဆိပ် ဆောက်လုပ်ရေး
နောက် ၄ နှစ်ဆုတ်" ဆိုတဲ့ သတင်းထွက်လာပြီး
အခု အသစ်ထွက်တဲ့ သတင်းက -

"ဟံသာဝတီလေဆိပ်စီမံကိန်း JICA လေ့လာမှုပြီးစီးက
လုပ်ငန်းစတင်မည်"

ဟံသာဝတီအပြည်ပြည် ဆိုင်ရာ လေဆိပ်စီမံကိန်းကာလ ကို
ရွှေ့ဆိုင်းရန် မရှိဘဲ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း
ဆောင် ရွက်ရေး အေဂျင်စီ (JICA)မှ ဆောင်ရွက်နေသည့်
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် (EIA/SIA)
လေ့လာမှုများပြီးစီးပါ က လုပ်ငန်းအကောင်အထည်
ဖော်ခြင်းများစတင်ပြုလုပ်မည်ဟု လေကြောင်းပို့ဆောင်ရေး
ညွှန် ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။

‘‘စီမံကိန်းကာလကို  ရွှေ့ ဆိုင်းဖို့အတွက်ဆိုပြီး စီစဉ်ထားတာ
မရှိပါဘူး။ JICA က လေ့လာ နေတဲ့ စီမံချက်ပြီးတာနဲ့
ကျွန်တော်တို့ဘက်က အတည်ပြုပြီး လုပ်ငန်းစတင်ဖို့
လုပ်သွားမှာဖြစ်ပါတယ်’’ ဟု လေကြောင်းပို့ဆောင်ရေး
ညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးကျော်စိုးက
ပြောသည်။

လက်ရှိတွင် JICA ကလေ့လာနေသည့် သဘာဝပတ်ဝန်းကျင်နှင့်
လူမှုပတ်ဝန်းကျင်(EIA/SIA)လေ့လာမှုစီမံချက်မှာ ၉၅ ရာခိုင်နှုန်း
အထိ ပြီးစီးနေပြီး ရာနှုန်းပြည့်လေ့လာပြီးပါက စီမံကိန်း
တည်ဆောက်ရန် အတည်ပြုချက်ရယူကာ ဂျပန်နိုင်ငံမှ
ဖွံ့ဖြိုးအကူအညီ (ODA ချေးငွေ)ရယူကာ
ဆောင်ရွက်မည်ဖြစ်သည်။

ဟံသာဝတီအပြည်ပြည် ဆိုင်ရာလေဆိပ် တည်ဆောက် ရာတွင်
အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅ ဘီလီယံကုန်ကျမည် ဖြစ်ပြီး
ဂျပန်နိုင်ငံက ကန်ဒေါ်လာ သန်း ၇၀၀ ခန့်ကို
ODA ချေးငွေ အနေဖြင့် ထုတ်ချေးပေးမည်ဖြစ် ရာ
လက်တွေ့လေ့လာမှုများပြု လုပ်ပြီး စစ်တမ်းကောက်ယူနေ
ခြင်းဖြစ်သည်။

‘‘စီမံကိန်းပြီးစီးမယ့်ကာလ ကို ၂၀၂၀ လောက်ခန့်မှန်းထားပြီး
စပြီး လုပ်ငန်းအကောင်အထည် ဖော်တဲ့အပေါ် မူတည်ပြီး
အနည်း ငယ်ကွာခြားမှုတော့  ရှိနိုင်ပါ တယ်’’ဟု ဦးကျော်စိုးက 
ပြော သည်။

ဟံသာဝတီအပြည်ပြည် ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက်
ရင်းနှီးမြှုပ်နှံလုပ်ပိုင်ခွင့်ကို ဂျပန်- စင်ကာပူပူးပေါင်း
ဖွဲစည်းထား သည့် Yongnam-CAPE-JGC Consortium က
ရရှိထားပြီး တစ် နှစ်လျှင် ခရီးသည် ၁၂ သန်းအထိ လက်ခံ၍
ကိုင်တွယ်နိုင်မည့်လေ ဆိပ်အဖြစ် တည်ဆောက်မည် ဖြစ်ကြောင်း
သတင်းရရှိသည်။

(နိုင်လင်းအောင်)

"ယခင်က "ဟံသာဝတီ" သတင်းအချို့ကို မိတ်ဆွေများ
ဆက်စပ်/နှိုင်းယှဉ်
လေ့လာနိုင်ရန် မျှဝေပေးလိုက်ပါသည်။"

2014 February "ဟံသာဝတီ" သတင်း

"ဟံသာဝတီ နိုင်ငံတကာ လေဆိပ် စီမံကိန်း ဂျပန်နဲ့
စင်ကာပူ အုပ်စု လုပ်ပိုင်ခွင့်ရ"

မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့ ပဲခူးမြို့နယ်ထဲက
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေယာဉ် ကွင်း စီမံကိန်းမှာ
ဂျပန်နဲ့ စင်ကာပူ အုပ်စုက လုပ်ပိုင်ခွင့် ရရှိသွားကြပါတယ်။

Yongnam Holdings Ltd က ပြောတာမှာတော့ မြန်မာနိုင်ငံက
ဟံသာဝတီ လေဆိပ်စီမံကိန်းအတွက် အဓိက စင်ကာပူ ကုမ္ပဏီကြီး
တခုဖြစ်တဲ့ Changi Airport Planners and Engineers Pte. Ltd
အပါအဝင် JGC Corp လည်း ပါဝင်လုပ် ပိုင်ခွင့် ရသွားကြတာလို့
The Japan News သတင်း ကို ပြောထားကြပါ တယ်။

Changi Airport Planners and Engineers Pte. Ltd ကုမ္ပဏီ
ကတော့ ဟံသာဝတီ လေဆိပ်ကြီးအတွက် ဒီဇိုင်း၊ ဆောက်လုပ်ရေး၊
အော်ပရေးရှင်ပိုင်းနဲ့ လေဆိပ်ထိမ်းသိမ်းတဲ့ အပိုင်းတွေကို
တာဝန်ယူမှာဖြစ် တယ်လို့ ဆိုပါတယ်။

ဟံသာဝတီ လေဆိပ် စီမံကိန်းဟာ အမေရိကန် ဒေါ်လာ ၁ ဘီလျံ
ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ မနှစ်က စတင်ပြီး ဒီလေဆိပ်ကြီး
အတွက် လေလံ အပြိုင် အဆိုင် ကြိုးစား ကြရာမှာတောင်ကိုရီးယား
ကုမ္ပဏီကြီးတခုဖြစ်တဲ့ Incheon International Airport Corp ကို
အခုလိုကျော်လွှားအနိုင်ရသွားတာ လည်းဖြစ်တယ်လို့
သတင်းက ဆိုပါတယ်။

ဒီလေဆိပ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ တောင်ကိုရီးယား
Incheon ကုမ္ပဏီ တို့ကြားမှာလူသိရှင်ကြား ပြောဆိုမှုတွေက
အခုတော့ အဖြေထွက်သွားတာလည်းဖြစ်ပါတယ်။

ဟံသာဝတီ အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို တနှစ်မှာ ခရီးသည်
၁၂ သန်းထိ ဝန်ဆောင်မှု
ပေးနိုင်ဖို့ ရည်မှန်းထားတာလည်းဖြစ်ပါတယ်။

(အိမ့်သံစဉ်)

2015 January "ဟံသာဝတီ" သတင်း

"ရန်ကုန် လေဆိပ်ထက် ၁၀ ဆကြီးမည့် ဟံသာဝတီ လေဆိပ်
တည်ဆောက်ရေး ကန်ဒေါ်လာ သန်း ၁၅၀၀ ခန့် သုံးမည်"

ရန်ကုန် လေဆိပ်ထက် ၁၀ ဆကြီးမားပြီး ခရီးသည် ၁၂ သန်း
ဝင်ထွက်နိုင်မည့် ဟံသာဝတီ လေဆိပ် တည်ဆောက်ရေးအတွက်
ကန်ဒေါ်လာ ၁၄၄၅ သန်း သုံးစွဲသွားမည်ဟု ပို့ဆောင်ရေး ဝန်ကြီး
ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ဇန်နဝါရီ
၂၈ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

၂၀၁၅- ၂၀၁၆ ခု၊ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့်
၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ
ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ၎င်းက
အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

အဆိုပါ လေဆိပ်ဆောက်လုပ်မည့်ကုမ္ပဏီမှာ JGC-Yan Gram –
CAPE Consortium ကုမ္ပဏီက တည်ဆောက်မည် ဖြစ်သော်လည်း
စတင်ဆောက်လုပ်မည့် ရက်နှင့် ပြီးစီးမည့်ရက်ကိုမူ ညှိနှိုင်းနေဆဲ
ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

(Nandar Lwin)

credit - 7day daily/ Irrawaddy Publishing Group &
Mizzima

No comments:

Post a Comment