Tuesday, July 19, 2016

"အိမ်ခြံမြေ ရောင်းမှားဝယ်မှားမဖြစ်အောင် သင်ဒါတွေသိဖို့ လို"

"အိမ်ခြံမြေ ရောင်းမှားဝယ်မှားမဖြစ်အောင်
သင်ဒါတွေသိဖို့ လို"

အိမ်ခြံမြေအရောင်းအဝယ်မှာ ရောင်းမှားဝယ်မှားမဖြစ်အောင်
စိစစ်သင့်တဲ့ အချက်တွေရှိတယ်လို့ သိရပါ တယ်။
တချို့တွေက ဝယ်ပြီးမှ သဘောမကျတော့တာ၊
ပြန်ရောင်းမထွက်တာ၊ အလိမ်ခံရတာမျိုးစတဲ့
ရောင်းမှားဝယ်မှားမဖြစ်အောင် စိစစ်သင့်တာပါ။

နေရာရွေးတတ်ဖို့
-------------------
- စပြီးဝယ်ယူတယ်ဆိုကတည်းက နေဖို့လား၊ ပြန်ရောင်းဖို့လား
နေရာရွေးမမှားဖို့ လိုပါတယ်။
- နေဖို့အတွက်ဆိုရင် ပြန်ရောင်း မထွက်နိုင်တဲ့ နေရာ
ဝယ်မိရင်လည်း ပြဿနာမရှိနိုင်ပေမဲ့ ပြန်ရောင်းမယ့်
သူကတော့ ကိုယ်ဝယ်ထားတဲ့ အကွက်က ပြန်ရောင်းရ
လွယ်ကူပါ့မလားဆိုတာ ကြည့်ရမယ်။
- ဈေးကွက်ထဲကို မကျွမ်းကျင်ဘဲဝင်ရောက်
ရင်းနှီးမြှုပ်နှံသူတချို့
အဝယ်မှားပြီး ရောင်း မထွက်ဘဲ ပိုက်မိနေကြတာ
နေရာရွေးမှား တာကြောင့် ဖြစ်ပါတယ်။
- တချို့ကတော့ မျက်နှာလှည့်အရပ် မကြိုက်လို့၊
အိမ်နံပါတ်ဂဏန်းမကြိုက်လို့ စသဖြင့် အယူအဆမတူကြတာ
ရှိတတ်တာကြောင့်
နေဖို့ဝယ်မယ့်သူအနေနဲ့ ကိုယ် စိတ်ချမ်းသာလို့ ဝယ်ထားတဲ့
နေရာအတွက် ပြဿနာမရှိပေမဲ့ ရောင်းဖို့ အတွက် ဆိုရင်
နေရာသေချာ ရွေးချယ်သင့်တယ်။
ဥပမာ -
- လမ်းဦးတိုက်ဖြစ်နေလား?
အိမ်နံပါတ်က ဘူဂဏန်းဖြစ်နေလား?
လေယာဉ်ကွင်းနားမှာ ဈေးတန်တာကြောင့် ဝယ်ခဲ့ပေမဲ့
ပြန်ရောင်းလို့လည်း မရ၊ အငှားထားလို့ မရဖြစ်နေတာမျိုးတွေ
လည်း ရှိတတ်ပါတယ်၊ ဈေးတန်တယ် ဆိုတာလေး တစ်ခုနဲ့
ဝယ်မိပေမဲ့ ပြန်ရောင်းမထွက် တော့တာမျိုးပါ၊
သည်လိုနေရာက
ရုံးခန်းနေရာ အတွက် ငှားဖို့လောက်နဲ့ ဈေးပေါတဲ့ နေရာရှာ
ငှားနေသူတွေလောက်သာ အဆင်ပြေမှာ ဖြစ်တယ်လို့
အကျိုးဆောင် တချို့ က နေရာ ရွေးမှားတဲ့အဖြစ်တွေကို
ပြောပြပါတယ်။

စိစစ်ဖို့ သိဖို့ သတိပြုဖို့
------------------------
- ဝယ်မယ့်အိမ်ခြံမြေပိုင်ဆိုင်မှုက တစ်ယောက်တည်းလား၊
အမွေဆိုင်လား
- အဆင့်ဆင့်လွှဲပြောင်းရောင်းချထားတာလား၊
ဆက်စပ်စာချုပ်တွေရှိလား၊ စာရွက်စာတမ်းပြည့်စုံရဲ့လား၊
- ပိုင်ဆိုင်မှုစာရွက်စာတမ်းက ဘယ်လိုအမျိုးအစား လဲ
ဆိုတာ တွေ သိရှိဖို့လည်းလိုအပ်တယ်။
- ကိုယ်စားလှယ်လွှဲထားတာဆို အတုလားအစစ်လား
လေ့လာရဦးမှာ ဖြစ်တယ်။

- ဝယ်ဖို့သေချာပြီဆို စလစ်ဆိုလည်း မိတ္တူတောင်းယူပြီး
မြို့တော်စည်ပင်မှာ အစစ်အမှန် ဟုတ်မဟုတ်
စစ်ဆေးရမှာပါ။
- ဆက်စပ်စာချုပ်တွေသာဖြစ်ခဲ့ရင် ချုပ်ဆိုရမယ့်
တံဆိပ်ခေါင်းခွန်က ဘယ်လောက်တန်မှ တရားဝင်တယ်ဆို
တာကို သတ်မှတ်ထားတဲ့ ဥပဒေတွေ သိရမှာ ဖြစ်တယ်။

- တချို့လိမ်လည်သူတွေ  ပြုလုပ်နေ ကြတာက
အမည်ပေါက်တစ်ဦး၊ ရုံးတွေမှာ အမည်ပေါက်နေတာက
တစ်ဦး ဖြစ်နေတတ်တယ်။
- တစ်ခါတလေ အမည်ပေါက် ချင်းတူတာတောင်
မှတ်ပုံတင်နံပါတ်လွဲ နေတာ၊ မှားနေတာ
မွေးသက္ကရာဇ် လွဲမှား နေတာကွဲပြားနေတာတွေနဲ့
လိမ်လည် ရောင်းတာတွေရှိတာကြောင့်
သတိပြုသင့်တယ်လို့ သိရပါတယ်။

အရောင်းအဝယ်ပြုလုပ်တော့မယ်ဆို
--------------------------------------
- စလစ်ပါမစ်ဂရန်တို့ကို သက်ဆိုင်ရာဌာနတွေမှာ
သတ်မှတ်နှုန်းထားအတိုင်း ငွေပေးသွင်းကာ အတုအစစ်ကို
စစ်ဆေးလို့ရပါတယ်။
- ကြာချိန်ကာလက တစ်ပတ် လောက်ပဲဖြစ်ပြီး စစ်ဆေးတဲ့အခါ
သက်ဆိုင်ရာ စာရွက် စာတမ်း ထုတ်ပေးထားတဲ့ ဌာနမှာ
စစ်ဆေးရတာဖြစ်တယ်လို့ သိရပါ တယ်။
- စာချုပ်ချုပ်ဆိုတဲ့ အခါ မှာလည်း စရန်ကို ပြီးစလွယ် မဟုတ်ဘဲ
ကိုယ့်အမည် ပေါက်ဖြစ်တဲ့အထိ တာဝန်ယူပေးတဲ့အထိ
အချက်အလက်တွေနဲ့ ချုပ်ဆိုရမှာ ဖြစ်ပါ တယ်။
- ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် တာဝန်ယူ
ဖြေရှင်းပေးရမယ်ဆိုတဲ့ အချက် တွေ
မပါမဖြစ်လိုအပ်ပါတယ်။
- စာချုပ်မှာ ပါဝင်သင့်တဲ့ အသုံးအနှုန်းတွေ
အပိုဒ်တွေ သူ့နေရာနဲ့သူအစီစဉ်တကျ ရှိနေသင့် တယ်။
- ကိုယ့်ဘက်က အားနည်းချက်ရှိနေ တာမျိုးမဟုတ်ဘဲ
ပြဿနာဖြစ်ခဲ့ရင် အကာအကွယ်ပေးနိုင်တဲ့ စာချုပ် စာတမ်း
ဖြစ်ဖို့ လိုအပ်တာဖြစ်တယ်လို့ အကျိုး ဆောင် တချို့ဆီက
သိရပါတယ်။

(အေးမွန်)

credit - Kumudra Journal

No comments:

Post a Comment