Thursday, July 28, 2016

“အိမ်ခြံမြေ ဈေးကွက်အတွင်း ထူးခြားလာသော သတင်းများ”

“အိမ်ခြံမြေ ဈေးကွက်အတွင်း ထူးခြားလာသော သတင်းများ”

၁။ "အိမ်ခြံမြေ အရောင်းတင်တဲ့ မြေရှင်တချို့
အကျိုးဆောင်ခ ငါးရာခိုင်နှုန်းပေးလာ"

အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်ကျဆင်းနေတာကြောင့်
အရောင်းတင်တဲ့ မြေရှင်တချို့ အကျိုးဆောင်ခ ငါးရာခိုင်နှုန်း
လောက်အထိ ပေး လာတာ တွေရှိနေတယ်လို့ အကျိုးဆောင်
တချို့ဆီက သိရပါတယ်။

“အိမ်ခြံမြေ ရောင်းထွက်ဖို့ မြေရှင်တွေဘက်က အကျိုးဆောင်ကို
တိုက်ရိုက်ဆက်သွယ်ကြသလို အွန်လိုင်းက ကြော်ငြာတာတွေလဲ
လုပ်ကြတယ်၊ ဘယ်နည်းနဲ့ ထွက်ထွက်အဝယ်လာလို့ ပွဲဖြစ်ရင်
ပွဲခကို ငါးရာခိုင်နှုန်းပေးမယ်လို့ပြောပြီး ရောင်းကြ တယ်” လို့
သုခအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းကကိုနန္ဒက
ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ရဲ့ လက်ရှိ အခြေ အနေက တစ်လထက်
တစ်လ ဈေးနှုန်းကျ ဆင်းနေတာကြောင့် အွန်လိုင်းက
ကိုယ် တိုင် အရောင်းတင်တဲ့ မြေရှင်တွေဟာ ဈေးနှုန်းပြန်လည်
ပြင်ဆင်ပြီး ရောင်းချလာကြ ပါတယ်။

ဈေးကွက်အတွင်း ဈေးနှုန်းတွေက ပြီးခဲ့တဲ့  ၂၀၁၅ ခုနှစ်နဲ့
နှိုင်းယှဉ်ရင် အရောင်းဘက်မှာ ၂၀ ရာခိုင်နှုန်းလောက်အ ထိ
ကျဆင်းလာပါတယ်။ အရောင်းဈေး သိန်းသောင်းကျော်တန်တဲ့
လမ်းမတန်းအနီး အကွက်တွေလည်း ၃၀ရာခိုင်နှုန်း လောက်
အထိ တအိအိ ကျဆင်းနေတယ် လို့ သိရပါတယ်။

ဈေးနှုန်းက လအလိုက်ကျဆင်းနေ တာတွေရှိလို့ ဝယ်ယူချင်သူ
တွေဘက်ကလည်း အဝယ်တွေကို ရပ်နားထားပြီး အနိမ့်ဆုံး
ဈေးဖြစ်မယ့်အချိန်အထိဆက်လက်စောင့်ကြည့်နေကြတာ
ဖြစ်ပါတယ်။

မြို့သစ်ဘက်ကမြေကွက်တွေကိုတော့ အဝယ်လိုက်အောင်
မြေကွက်ကျယ်ကြီးတွေ မရောင်းတော့ဘဲ ပိုင်းဖြတ်ပြီး
အကွက်သေးရိုက်ရောင်းချလာကြပါတယ်။

အကွက်သေးတွေကိုပေ ၂၀ x ပေ၄၀ လောက် အထိ
ခွဲခြမ်းရောင်းချပြီး ဈေးနှုန်းတွေကိုလည်းကျပ်သိန်း  ၁၀ဝ
အောက် ဖြစ် အောင် အနည်းဆုံးထားရောင်းချကြပါ တယ်။

"မြန်မာနိုင်ငံမြေဈေးကွက်၊ အိမ်ခြံမြေ ဈေးကွက်မှာက
ဈေးကျလေ အဝယ်မရှိ လေပဲ၊ ဒီက လူတွေက ဈေးကျပြီဆိုရင်
ထပ်ကျလာမလား စောင့်ပြီး အဝယ်ရပ်သွားကြတာ”လို့
တော်ဝင်မိသားစုကုမဏီကဥက္ကဋ္ဌဦးကိုကိုထွေးက
ပြောပါတယ်။

မြေရှင်တွေဘက်က တရားဝင်ကြော် ငြာထားတဲ့
အကျိုးဆောင်ခ ငါးရာခိုင်နှုန်း ကို မြေရှင်ဘက်က ပေးတာဖြစ်ပြီး
မြေရှင်နဲ့ ဝယ်လက်တိုက်ရိုက်တွေ့ပြီး အရောင်းအဝယ် ဖြစ်တဲ့
နေရာတွေမှာလည်း အကျိုး ဆောင်ခကို ဝယ်လက်အတွက်
လျှော့ဈေး အနေနဲ့ ပေးတာတွေ ရှိတယ်လို့ သိရပါ တယ်။

(ပြည့်ဖြိုးမြင့်မွန်)

***

၂။ "အိမ်ခြံမြေ အပေါင်ဘက်လှည့် ပေါက်ဈေးထက်
ငါးဆလောက်လျော့"

အိမ်ခြံမြေ အရောင်းဈေးကွက် အများစု ရောင်းမထွက်တာကြောင့်
အပေါင်ဘက်လှည့်ပြီး ဈေးကွက်ရှာရတာတွေရှိလာတယ်လို့
အကျိုးဆောင်တစ်ချို့ထံကသိရပါတယ်။

အခုနောက်ပိုင်းအရောင်းမလိုက်တော့ ငွေလိုတယ်ဆိုရင်
အပေါင်ဘက်ကို လိုက်ပြီးစပ်ရတယ်၊ အပေါင်ဆိုရင် မူလ
ပေါက်ဈေးထက် ငါးဆလောက်လျော့တယ် ဒါတောင်ယူတဲ့ သူက
နည်းတယ် လို့ သုခအကျိုးဆောင်က ကိုအောင်ပိုင်က
ပြောပါတယ်။

ဈေးနှုန်းမြင့်မားတဲ့ အိမ်ခြံမြေတွေကို အပေါင်လက်ခံကြတာများပြီး
ဈေးနှုန်းအနေနဲ့ ကျပ် သိန်း ၁၀၀ အောက်သာ ဈေးဖွင့်တာ
ကြောင့်ဈေးအရနည်းပါးတာတွေ ရှိနေပါတယ်။

တချို့ ဈေးနည်းတဲ့ မြေကွက်တွေကိုတော့ သိန်းဂဏန်း
လောက်သာပေးပြီး အပေါင်ခံသူအများစုက အရောင်းအ၀ယ်
စာချုပ်ချုပ်ဆိုပြီး နားလည်မှုယူကြတာဖြစ်ပါတယ်။

အပေါင်လက်ခံတဲ့ မြေအမျိုးအစားတွေကတော့ ဂရန်မြေကို
လက်ခံကြတာများပြီး ပါမစ်မြေနဲ့ စလစ်မြေတွေကိုတော့
သက်ဆိုင်ရာ မြေစားရင်းဌာနတွေမှာ စစ်ဆေးပြီးမှသာ
လက်ခံကြတာများတယ်လို့ သိရပါတယ်။

အပေါင်ဈေးကွက်ထဲမှာ တိုက်ခန်းအပေါင်တွေလည်း ပါဝင်ပြီး
တိုက်ခန်းအပေါင်ကိုတော့ တကယ့်ဈေးကွက်ထက်
၁၀ ဆလောက် ဈေးနိမ့်ပြီး အရာင်းပုံစံနဲ့ အပေါင်ပေးတာတွေ
ရှိပါတယ်။

အစိုးရနဲ့ ဆက်စပ်တဲ့ ဘဏ်တွေရဲ့ အပေါင်အများစုက
ဈေးနှုန်းအရ အတိုးနှုန်းသက်သာပေမဲ့ အနည်းဆုံးအချိန်သုံးလ
လောက်ပေးရသလို စစ်ဆေးမှုတွေလည်း များတာကြောင့်
အမှန်တကယ် ငွေကြေးလိုအပ်သူတွေအနေနဲ့ အပြင်ဘက်က
အပေါင်ခံသူတွေကိုသာ အားထားကြတာဖြစ်ပါတယ်။

လက်ရှိအပေါင်ဈေးကွက်ကတော့ ကျပ်သိန်း ၅၀၀ တန်
မြေကွက်တွေကို သိန်း ၁၀၀ ကျော်လောက်ဈေးဖြတ်ပြီး
သိန်း ၁၀၀ အောက်မြေကွက်တွေကိုတော့
သိန်း ၂၀ လောက်နဲ့ ဈေးဖြက်တာတွေရှိတယ်လို့
သိရပါတယ်။

အတိုးနှုန်းတွေကတော့ အစားစားရှိပြီး အများစုကတော့
ငါးကျပ်နဲ့ ရှစ်ကျပ်ကြား ယူတာများတယ်လို့ သိရပါတယ်။

***

၃။ "တိုက်ခန်း၊ကွန်ဒို အရစ်ကျဝယ်ထားသူက
အရစ်ကျပြန်ရောင်း"

ကန်ထရိုက်တွေကို အခန်းတန်ဖိုးတ၀က်ပေးပြီး ကျန်တဲ့ငွေကို
အရစ်ကျရောင်းချမှုတွေရှိသလို ကွန်ဒိုတိုက်ခန်း တွေကို
ဝယ်ယူထားသူတွေကလည်း အရစ်ကျပုံစံနဲ့ တစ်ဆင့်
ပြန်လည်ရောင်းချနေကြတာတွေလည်း ဈေးကွက်ထဲမှာ
ရှိလာတယ်လို့ သိရပါတယ်။

ရွှေမေတ္တာအကျိုးဆောင်က ဦးအောင်ကျော်က အရစ်ကျကို
တိုက်ခန်းတွေလောက်ပဲရောင်းတာများတယ်၊ကွန်ဒိုတွေ
ကတော့ ပြန်ရောင်းတာမျိုးမရှိဘူး၊အခုမှ ကွန်ဒိုတွေကိုပါ
ရောင်းလာတာ၊ကွန်ဒိုဥပဒေကြောင့် နဲ့လဲ သက်ဆိုင်နိုင်ပါ
တယ်လို့ပြောပါတယ်။

ကွန်ဒိုတိုက်ခန်းတွေနဲ့ အဆင့်မြင့်တိုက်ခန်းအချို့ကို
အခန်းတန်ဖိုး တစ်ဝက်ပေးပြီး ကျန်တဲ့ငွေကို အရစ်ကျ
ရောင်းချမှုတွေ ဈေးကွက်ထဲမှာ ရှိလာပါတယ်။

ဈေးကွက်ထဲမှာ အရောင်းအ၀ယ် ဈေးကွက်အေးနေ
တာကြောင့် တချို့ကတိုက်ခန်းကိုပဲ အရစ်ကျငွေပေးလို့ရပြီး
ဈေးရောအရစ်ကျသွင်းရမယ့်အချိန် အတိုင်းအတာကိုပါ
ညှိနှိုင်းပြီး ၀ယ်လို့ရတဲ့ အထိဈေးကွက်ထဲမှာ လျှော့ဈေးနဲ့
ပုံစံပြောင်းရောင်းချနေကြတာဖြစ်ပါတယ်။

သည်လို ရောင်းချမှုရှိတဲ့ ကန်ထရိုက်တာတွေရှိသလို
ဝယ်ယူထားတဲ့ သူတွေကပါ အခုလိုအရစ်ကျပုံစံ ပြန်လည်
ရောင်းချနေကြပါတယ်။တချို့ကတစ်နှစ်၊တစ်နှစ်ခွဲနဲ့ ခြောက်လ
အတွင်း ငွေအကျေချေရမှာ ဖြစ်ပါတယ်။ငွေတစ်ဝက်ပေးပြီး
တက်နေလို့ရတယ်စတဲ့ ပုံစံတွေနဲ့ ဈေးကွက်အတွင်း မှာ
ဝယ်သူစိတ်ဝင်စားအောင် ရောင်းချလာကြပါတယ်။

တချို့တွေကလည်း နှစ်ရှည်နှစ်နှစ်၊သုံးနှစ်စတဲ့ အချိန်ကာလ
တွေအထိ အရစ်ကျရောင်းတာတွေလည်းရှိပါတယ်။
ဥပမာ အခန်းကကျပ်သိန်း ၂၀၀၀ တန်ကိုသိန်းတစ်ထောင်
အရင်သွင်းရတယ်။စာချုပ်ချုပ်ဆိုပြီး ၀ယ်တဲ့နေ့မှာ ပေးရတာ
ဖြစ်ပါတယ်။ကျန်တဲ့ သိန်း၁၀၀၀ကို အရစ်ကျငွေပေးချေ
စနစ်နဲ့ ချေရတာမျိုးပါ။

ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးဇော်လင်းက
ရောင်းတဲ့ ပုံစံတွေကတော့ အမျိုးမျိုးပါပဲ ၊သေချာလေ့လာပြီးမှ
ဝယ်တာတော့ အကောင်းဆုံးပါ၊ကွန်ဒိုကို ဒီလိုရောင်းလို့
တန်တယ် ၀ယ်မယ်ဆိုတာမျိုးမဟုတ်ပဲ ကိုယ်ပိုင်ဆိုင်ခွင့်ရမယ့်
အခွင့်အရေးတွေ ၊အချက်အလက်တွေကို စိစစ်သင့်တယ်၊
ဈေးအရမ်းတန်နေလေ သတိထားသင့်တာပါပဲလို့
ပြောပါတယ်။

တချို့ဈေးကွက်ထဲမှာ ဈေးလျှော့ရောင်းတာတွေက
ခွင့်ပြုချက်မဲ့တွေ၊စည်းကမ်းချက်နဲ့ မကိုက်ညီတဲ့ အခန်းတွေကို
ရောင်းတာတွေလည်းရှိတာကြောင့် သတိပြုဝယ်ယူသင့်တာလို့
သိရပါတယ်။ကွန်ဒိုကိုဝယ်တဲ့ အခါမှာ ပိုသတိထား
သင့်တယ်လို့ ပြောပါတယ်။

ကွန်ဒိုတကယ်ဟုတ်ရဲ့လား၊အဆင့်မြင့်တိုက်ခန်းလား
သေချာကွဲပြားသင့်တယ်၊မြေပိုင်ဆိုင်မှုတွေကအစ
မြေအမျိုးအစားတွေ ကွန်ဒိုဥပဒေအတိုင်း လျှောက်ထားပြီးပြီ
လားကအစ စိစစ်သင့်တယ်လို့ သိရပါတယ်။

credit - Kumudra Journal & The Modern

No comments:

Post a Comment