Thursday, July 28, 2016

“ယခုလကုန်တွင် ထုတ်ပြန်တော့မည့် အစိုးရသစ်၏စီးပွားရေး မူဝါဒ နှင့် အခွန်ဌာနမှ ရောင်းခွန်ဆောင်ကြရန် နှိုးဆော်ခြင်း”

“ယခုလကုန်တွင် ထုတ်ပြန်တော့မည့် အစိုးရသစ်၏စီးပွားရေး
မူဝါဒ နှင့် အခွန်ဌာနမှ ရောင်းခွန်ဆောင်ကြရန် နှိုးဆော်ခြင်း”


၁။ "အိမ်ခြံမြေ အခြေပစ္စည်းရောင်းချသူများ
ရောင်းခွန်ဆောင်ကြရန် အခွန်ဌာန နှိုးဆော်အသိပေး"

အိမ်ခြံမြေ အစရှိသည့် အခြေပစ္စည်းရောင်းချသူများအ နေဖြင့်
ရောင်းခွန်ဆောင်ကြရန် ပြည်တွင်းအခွန်များဦးစီးဌာနက
ဇူလိုင် ၂၀ ရက်တွင် အသိပေးနှိုး ဆော်လွှာထုတ်ပြန်သည်။

အိမ်ခြံမြေဝယ်ယူခြင်းများ အတွက် ဝယ်ယူသူများက သတ်မှတ်
အခွန်ပေးဆောင်မှုများ ရှိသော်လည်း အိမ်ခြံမြေရောင်းချသူများ
အနေဖြင့် အခွန်ထမ်းဆောင်ရန် ပျက်ကွက်မှုများရှိနေကြောင်း၊
မိမိအမည်ပေါက်ပိုင်ဆိုင်ခဲ့သော အိမ်ခြံမြေများအား ရောင်းချ
ပြီးပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်
ဝင်ငွေကြေညာလွှာ တင်သွင်း၍ ကျသင့်အခွန်ပေးဆောင်ကာ
ဝင်ငွေရလမ်း(ငွေဖြူ) ရယူဆောင်ရွက်ကြပါရန် ပြည်တွင်း
အခွန်များဦးစီးဌာနက ထုတ်ပြန်သည်။

‘‘အခွန်ဆောင်ခြင်းအားဖြင့် သူတို့နောက်တစ်ခုဝယ်တဲ့အခါမှာ
ငွေဖြူက ရပြီးသားဖြစ်သွား မယ်လေ။ အရောင်းကျတော့
အ ခြေပစ္စည်းက မြတ်စွန်းငွေပေါ်မှာ ၁၀ ရာခိုင်နှုန်းပဲ
ဆောင်ရတာပါ’’ ဟု ပြည်တွင်းအခွန်များဦးစီးဌာန
(မန္တလေးတိုင်းဒေသကြီး) ဒုညွှန်မှူး ဦးတင်ထွေးကပြောသည်။

*** အိမ်ခြံမြေ အခြေပစ္စည်း ရောင်းချခြင်းများအတွက်
ကျသင့်အခွန်နှုန်းထားသည် ၁၀ ရာခိုင်နှုန်း ဖြစ်သော်လည်း
ရောင်းချသည့် ကာလတန်ဖိုးအပေါ်၌ ၁၀ ရာ ခိုင်နှုန်း
ထမ်းဆောင်ရမည်မဟုတ် ဘဲ ရောင်းရငွေပေါ်တွင်
မူလတန် ဖိုးကို နုတ်ပယ်ပြီး မြတ်စွန်းငွေ အပေါ်တွင်သာ
၁၀ ရာခိုင်နှုန်း ထမ်းဆောင်ရမည် *** ဟု ပြည်တွင်း
အခွန်များဦးစီးဌာန နှိုးဆော်လွှာ တွင်
ဖော်ပြထားသည်။

အိမ်ခြံမြေရောင်းချသူများက အမြတ်ခွန်ဆောင်မှုနည်းပါး ခြင်း
သည်
- သတ်မှတ်ထားသည့် အခွန်နှုန်းထား များပြားနေခြင်း၊
- ရာဖြတ် တန်ဖိုး များပြားခြင်း၊
- ရောင်းခွန်ဆောင်ပြီးသော်လည်း ငွေဖြူအဖြစ် ပြန်လည်
အသုံးချရာတွင် အသုံးဝင်ထိရောက်မှုအား နည်းခြင်းနှင့်
- အိမ်ခြံမြေအခွန်စနစ် မတည်ငြိမ်ဘဲ အပြောင်းအလဲများ ခြင်း
တို့ကြောင့် ဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ ဝါရင့်အိမ်ခြံမြေ
အ ကျိုးဆောင် ဦးတင်မောင်(ထွန်း သစ္စာ)က ပြောကြားသည်။

ရောင်းချသူပေး ဆောင်ရမည့် အမြတ်ခွန်ကို ၁၀ ရာခိုင်နှုန်း
သတ်မှတ်ထားရာ အခွန်ပမာဏ များပြားနေသည်ဟု
ဦးတင်မောင်က ဆိုသည်။ ထို့ပြင် အခွန် ဆောင်ထားလျှင်လည်း
ယင်းငွေဖြူဖြင့် ပြန်လည်အသုံးချရာ၌ ထိရောက်မှုအားနည်းခြင်း
များကြောင့်လည်း အခွန်ဆောင် လိုသူနည်းပါးခြင်း
ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

‘‘လူအများအခွန်ဆောင်ချင် တဲ့ အခွန်စနစ်မဖြစ်သေးဘူး။
လူ တိုင်းအခွန်ဆောင်ချင်တဲ့ အခွန် စနစ်ဖြစ်အောင်
ပြောင်းလဲဖို့လို တယ်။ ဒါမှ အိမ်ခြံမြေဆိုရင်လည်း
ရောင်းသူရော၊ ဝယ်သူရော အခွန်ဆောင်မှာ ဖြစ်ပါတယ်’’ဟု
ဦးတင်မောင်က ပြောသည်။

မန္တလေးမြို့တော် စည်ပင် သာယာ နယ်နိမိတ်အတွင်း
မြို့ နယ်များရှိ အိမ်ခြံမြေများကို တိုင်း ဒေသကြီး အိမ်ခြံမြေ
ကာလတန်ဖိုး စိစစ်ရေးအဖွဲ့နှင့် အခြားမြို့နယ် များအတွက်
သက်ဆိုင်ရာမြို့နယ် အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်
သတ်မှတ်ရေး အဖွဲ့များက ရာ ဖြတ်တန်ဖိုးများသတ်မှတ်ထားပြီး
အိမ်ခြံမြေ အစရှိသည့် အခြေ ပစ္စည်းများ ဝယ်ယူခြင်းအတွက်
ယင်းရာဖြတ်တန်ဖိုးများအတွက် တွက်ချက်ကာ
သတ်မှတ် အခွန် ကောက်ခံခြင်း ဖြစ်ကြောင်း ပြည် တွင်း
အခွန်များဦးစီးဌာနမှ သ တင်းရရှိသည်။

* အိမ်ခြံမြေ ရောင်းချသူများ အနေဖြင့် ရောင်းချပြီး ရက် ၃၀
အတွင်း မြို့နယ်အခွန်ဦးစီးမှူးရုံး တွင် ဝင်ငွေ ကြေညာလွှာ
တင် သွင်းကာ အခွန်ဆောင်နိုင်ပြီး အိမ်ခြံမြေရောင်းချခြင်း
အတွက် မှတ်ပုံတင် အရောင်းအဝယ် စာချုပ် မိတ္တူ၊ ဂရန်မိတ္တူ၊
၁၀၅ မြေပုံ၊ အိမ်ထောင်စုဇယားမိတ္တူနှင့် ရောင်းချ သူ၏
မှတ်ပုံတင်မိတ္တူတို့ တင်ပြ ရန် လိုအပ်မည်ဖြစ်သည်။ *

(မောင်တာ၊ နိုင်လင်းအောင်)

***

၂။ "အစိုးရသစ်၏ စီးပွားရေးမူဝါဒ ယခုလကုန်တွင်
ထုတ်ပြန်မည်"

စီးပွားရေးလုပ်ငန်းရှင် များ စောင့်မျှော်နေသည့် အရပ် သား
အစိုးရ၏ အနာဂတ်စီးပွားရေး မူဝါဒကို ယခုလ ၂၉ရက်တွင်
ထုတ်ပြန်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦး မောင်မောင်ဝင်းကပြောသည်။

‘‘စီးပွားရေးမူဝါဒကို ထုတ် ပြန်ဖို့ စီစဉ်နေပါတယ်။ ပါဝင်တဲ့
အချက်အလက်တွေကတော့ လောလောဆယ် အသေးစိတ်
ပြောလို့မရသေးဘူး’’ဟု ဦးမောင် မောင်ဝင်းကပြောသည်။

အရပ်သားအစိုးရ၏ စီးပွား ရေးမူဝါဒသည်
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေညာ
စာတမ်းတွင် ပါဝင်သော စီးပွားရေးကဏ္ဍ ကြေညာချက်အပေါ်
အခြေခံရေးဆွဲထားခြင်း ဖြစ် သည်ဟုဆိုသည်။

ဒီချုပ်အစိုးရ၏ စီးပွားရေး ကဏ္ဍအတွက် ရွေးကောက်ပွဲ
ကြေညာစာတမ်းတွင်
- ဘဏ္ဍာရေး ဆိုင်ရာဗဟိုချုပ်ကိုင်မှု လျှော့ချပြီး
ပြည်သူ့ဘဏ္ဍာရေးစနစ် ထိရောက် စွာ ကျင့်သုံးခြင်း၊
- ဗဟိုဘဏ်ကို အမှန်တကယ် သီးခြားလုပ်ပိုင်ခွင့် ပြုပြီး
တည်ငြိမ်သော ငွေကြေး ဈေးကွက် ဖော်ဆောင်ပြီး အသေးစား၊
အလတ်စားနှင့် တောင်သူလယ်သမားများ ငွေကြေးအရင်းအနှီး
ဖြည့်တင်းပေးခြင်း၊
- နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်မြင့်မားပြီး
အလုပ်အကိုင်အခွင့်အလမ်းသစ်၊ နည်းပညာအသစ်များ
ပေါ်ပေါက်လာစေခြင်း၊
- လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားနှင့် အခြေခံ
အဆောက်အအုံများ တိုးတက်လာစေခြင်း၊
- လယ်ယာမြေ အသုံးချခွင့်အာမခံ ချက်ရရှိပြီး လယ်ယာ
ကဏ္ဍခေတ် မီဖွံ့ဖြိုးရေး၊ သဘာဝအရင်းအ မြစ် ထုတ်ယူ
သုံးစွဲရေးကို ပွင့်လင်း မြင်သာစွာ ပြည်သူများအား ချပြ ပြီး
နိုင်ငံတော်ရေရှည် ဖွံ့ဖြိုးတိုး တက်ရေးအတွက် သီးသန့်ရန်ပုံ ငွေ
တစ်ရပ်ထားရှိခြင်း စသည်တို့ ပါရှိသည်။

‘‘မူဝါဒတစ်ရပ်ရှိနေတော့ ဘာကိုဦးစားပေးရမယ်၊
ဘာကို အသေးစိတ် လုပ်ရမယ်ဆိုတာ သိထားရတာပေါ့။
စီးပွားရေး သ မားတွေကလည်း ဒါကိုပဲ စောင့် နေကြတာပါ’’ဟု
မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ
ဒေါက် တာစိုးထွန်းကပြောသည်။

အစိုးရ၏ စီးပွားရေးမူဝါဒကို စီးပွားရေးလုပ်ငန်းရှင်များက
မျှော် လင့်နေကြပြီး လက်ရှိတွင် လုပ် ငန်းများ လျှော့ချ
ထားကြောင်း စီး ပွားရေးလုပ်ငန်းရှင်အချို့က ပြော သည်။

လက်ရှိအစိုးရ၏ စီးပွားရေး မူဝါဒကို စီမံကန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲ ပြီး ဇွန်လအတွင်း ထုတ်ပြန်ပေး
မည်ဟု ပြည်ထောင်စုဝန်ကြီး ဦး ကျော်ဝင်းက ဇွန်လ ၁၃ ရက်၌
ကုန်သည်စက်မှုအသင်းချုပ်တွင် မီဒီယာများအား
ပြောကြားခဲ့သော် လည်း တစ်လကျော်ကြာပြီးမှသာ မူဝါဒ
ထုတ်ပြန်နိုင်ခြင်းဖြစ်သည်။

ပြည်တွင်းစီးပွားရေး အခြေ အနေသည်
- ယခု ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်
သုံးဘီလီယံကျော်ရှိနေခြင်း၊
- ငွေ ကြေးဖောင်းပွမှုသည် ၁၁ ဒသမ ၆၈ရာခိုင်နှုန်းရှိနေခြင်း၊
- ငွေလဲနှုန်း တည်ငြိမ်မှု နည်းပါးခြင်း၊
- ၇၀ ရာ ခိုင်နှုန်းသောပြည်သူများနှင့်သက် ဆိုင်သည့်
လယ်ယာကဏ္ဍ ပို့ကုန် များမှာလည်း လျော့ကျနေခြင်းတို့ ကြောင့်
အစိုးရ၏ တိကျသော စီး ပွားရေးမူဝါဒတစ်ရပ် အမှန်တ ကယ်
လိုအပ်နေခြင်းဖြစ်သည်။

(ပြည်သိမ်း)

credit - 7day Daily

No comments:

Post a Comment