Thursday, July 28, 2016

“ကျူး ဗိုင်းရပ်(စ်)တို့ ရဲတင်းလာသမျှ”

“ကျူး ဗိုင်းရပ်(စ်)တို့ ရဲတင်းလာသမျှ”

၁။ "လှိုင်သာယာပြီးလျှင် ကျူးကျော်အများဆုံးမှာ
ရန်ကင်းဖြစ်နေ"

ရန်ကင်းရှိ နိုင်ငံပိုင် တိုက်ခန်းများတွင် မြေညီထပ်
နေထိုင်သူများသည် နိုင်ငံတော်ပိုင်မြေများအား အရှေ့
မျက်နှာစာတွင် သာမက အနောက်ဘေးကွက်လပ်ပါ မကျန်
စီးပွားဖြစ် ကျူးကျော်နေထိုင်မှုများ ရှိနေကြောင်း ရန်ကင်းတွင်
နေထိုင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''လှိုင်သာယာကျူးကျော်တွေ များတယ်ဆိုတာ နေစရာ မရှိလို့၊
အိမ်မငှားနိုင်လို့ လက်လုပ်လက်စားနဲ့ ပျံကျတွေက
လမ်းဘေးမှာ အိမ်ဆောက်နေတာ။ သူတို့မှာ ဒီလိုမနေရရင်
နေစရာ ကျောခင်းစရာ မရှိဘူး။ အဲဒါကို လက်ခံနိုင်ပေမယ့်
ရန်ကင်းမှာ ခေတ်အဆက်ဆက် အုပ်ချုပ်သူနဲ့ပိုင်ပြီး
မြေညီထပ်မှာ အခန်းရထားသူတွေ၊ အရင်ခေတ်က
လူကြီးသား၊ သမီး မြေညီထပ်ရထားသူတွေက အစပိုင်းမှာ
သူတို့ အခန်းရှေ့ကနေ လမ်းနယ်နိမိတ်အထိ အခန်းတွေ
ချဲ့ပစ်တယ်။ တချို့က သီးခြားအဆောက်အဦးတွေ
ဆောက်တယ်။ ဒီလောက်နဲ့ပြီးသလားဆိုတော့ မပြီးဘူး။
အိမ်ရှေ့မှာ ကျူးကျော်တာ မြေနေရာကုန် သွားတော့
အိမ်နောက်ဘက်က ရှိသမျှမြေကို ကျူးကျော်ကြပြန်တယ်။
အခုဆို စက်မှု ၁ လမ်းမကြီးမှာ ကားမရပ်ရဘူး။
ဒါပေမဲ့ အဲဒီတိုက်ခန်းတွေမှာ နေတဲ့သူတွေ အတွက်
ကားရပ်စရာ နေရာတွေကို မြေညီထပ်နေသူတွေက
အပိုင်စီးပြီး အဆောက်အဦတွေ ဆောက်ထားကြတယ်။
ကျူးကျော်ချင်း တူပေမဲ့ လှိုင်သာယာမှာ ကျူးကျော်တာက
နေစရာကို မရှိလို့ ကျူးကျော်ရတာ။
ရန်ကင်းမှာ စီးပွားရေး သောင်းကျန်းပြီး
ကျူးကျော်ကြတာ။ တကယ့် ပြည်သူစစ်စစ်တွေကတော့
မြေညီထပ်လည်း မရပါဘူး။ မြေညီထပ်ရတဲ့သူတွေကလည်း
နာမည်ပေါက်တဲ့သူတွေက မနေဘဲ ရောင်းစားသွားကြပါပြီ။
ဒီရန်ကင်း တိုက်ခန်းတွေက ကျူးကျော်နေတာကို
အိုးအိမ်ကလည်း အရေးမယူ၊ စည်ပင်ကလည်း အရေးမယူနဲ့
ဖြစ်ချင်တိုင်း ဖြစ်နေကြတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ
အနေနဲ့ လှိုင်သာယာက ကျူးကျော်တွေကို ရှင်းဖို့ထက်
မြို့လယ်ကောင် ရန်ကင်းက မျက်နှာကြီး ကျူးကျော်တွေကို
အရင်ရှင်းစေချင်တယ်။ အမှန်က တိုက်တစ်လုံးစီမှာရှေ့မှာ
တိုက်က အခန်းတွေ အားလုံးအတွက် ကားအားလုံး ရပ်နိုင်တဲ့
ကားပါကင်နေရာ မြေအလွတ်ရှိတယ်။ အခုတော့ မြေညီထပ်
ကျူးကျော်တွေ လက်ထဲရောက်နေတယ်''ဟု
ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက
တူမောရိုးသို့ ပြောကြားခဲ့သည်။

ယင်းနှင့်ပက်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ အင်ဂျင်နီယာနှင့် အဆောက်အဦး ဌာနမှ
အရာရှိတစ်ဦးက
''စည်ပင်အနေနဲ့ ရန်ကင်းတိုက်တွေရဲ့ရှေ့၊ ဘေး၊ နောက်တွေမှာ
ကျူးကျော် အဆောက်အဦတွေ ဆောက်လုပ်ထားတာကို
ဖျက်ခိုင်းနေပါတယ်။ တချို့က ဖျက်ပေမဲ့ အများစုကတော့
မဖျက်ဘဲ ဒဏ်ငွေဆောင်ပြီး ဆက်နေနေကြတယ်။ ဒီကိစ္စမှာ
အိုးအိမ်လည်း တာဝန်ရှိတယ်။  သူတို့က ငါတို့တော့ ဆောက်ပြီး
သွားပြီ။ ပြဿနာဖြစ်ရင် စည်ပင်ရှင်းဆိုပြီး သူနဲ့ မဆိုင်သလို
လုပ်နေတယ်။ နောက်တစ်ခုက မြို့နယ်တွေထဲမှာရှိတဲ့
ပလပ်မြေတွေ၊ လိုင်စင်မြေတွေကို အိုးအိမ်က ဂရန်တွေ
ထုတ်ပေးနေတယ်။ အဲဒီလို မလုပ်ရပါဘူး။ မြေဂရန်ဆိုတာ
စည်ပင်ကပဲ ထုတ်ပေး ရမှာပါ။ ဒါတွေကို ရန်ကုန်တိုင်း
ဒေသကြီး အစိုးရလည်း သိစေချင်ပါတယ်''ဟု
ဖြေကြားသွားခဲ့သည်။

ရန်ကင်း တိုက်ခန်းများတွင် မြေညီထပ်နေသူများသည်
တိုက်ခန်းရှေ့နှင့် တိုက်ခန်းနောက်လွတ်သမျှ မြေကို
ကျူးကျော်ဆောက်လုပ်နေကြရာ အချို့ဆိုလျှင်
ရှေ့တွင် ပေ ၃၀ ခန့်နှင့်
နောက်တွင် ပေ ၅၀ မှ ပေ ၁၀၀ အထိ ကျူးကျော်
အဆောက်အဦများ ဆောက်လုပ်နေကြောင်းလည်း
ထပ်မံသိရသည်။

(Zay Thu)

***

၂။ "ဆိုင်းဘုတ်တပ် ကျူးကျော်နေလို့ လူမနေ
မြေကွက်ပိုင်ရှင်တွေ သတိထားသင့်"

ဒဂုံမြို့သစ်မြို့နယ် တချို့မှာ ဝယ်ထားတဲ့ ပိုင်ရှင်မဟုတ်ဘဲ
မြေကွက်တွေမှာ ပိုင်ရှင်ရှိသည်ဆိုတဲ့ ဆိုင်းဘုတ်တွေတပ်ပြီး
ကျူးကျော်နေတဲ့သူတွေ ရှိတာကြောင့် မြေဝယ်ထားသူတွေ
အနေနဲ့ သတိထားသင့်ပြီး တချို့တွေက စာရွက်စာတမ်း
အတုတွေကိုင်ပြီး ပိုင်ရှင်ပုံစံနဲ့ ပြုလုပ်နေတာတွေ ရှိတယ်လို့
ဒဂုံမြေအရောင်းအဝယ်ဈေးကွက်အတွေင်းက သိရပါတယ်။

ဒဂုံမြို့သစ်နယ်တွေမှာ တချို့က မြေဝယ်ထားပေမယ့်
လူမနေဘဲ မြေကွက်အတိုင်း ပစ်ထားကြတာရှိပါတယ်။
ခြံမခတ်ဘဲ
ပစ်ထားတဲ့သူအများစုမှာ လူနေအိမ်ကျူးကျော်ခံရတာတွေ
ကြုံကြရတာရှိတယ်။ ကျူးကျော်အိမ်မဟုတ်ဘဲ အခုက
ကျူးကျော်ဆိုင်းဘုတ်တင်ပြီး မြေကွက်တွေကို
စာရွတ်စာတမ်းတွေ အတုနဲ့ရောင်းတာတွေလည်း
ရှိတယ်လို့ သိရပါတယ်။

ပိုင်ရှင်တွေအနေနဲ့ ကိုယ့်မြေကွက်ကိုယ် စစ်ဆေးသင့်ပြီး
ကျူးကျော်တွေပြန်ပေါ်လာတာကြောင့် ခြံခတ်ထားသင့်တယ်လို့
ပြောပါတယ် ။ ကျူးရှိနေရင်တောင် ခြံခတ်မထားရင်
ပိုက်နက်ကျူးကျော်မူ့နဲ့ တရားစွဲမရတာကြောင့်လို့
သိရပါတယ်။

ပြန်လည်ခေတ်စားလာတဲ့ ကျူးပုံစံ
------------------------------------

ပိုင်ရှင်မသိဘဲ မြေကွက်မှာ “ပိုင်ရှင်ရှိသည်” ဆိုင်းဘုတ်တွေ
ထောင်ခံထားရတာပါ ။ ဘယ်သူတွေမှန်းမသိရဘဲ ညနေပိုင်းနဲ့
ညဘက်အချိန်တွေမှာ ပြုလုပ်ခံရတာများတယ်လို့သိရပါတယ်။

အကျိုးဆောင်အချို့ရဲ့ပြောပြချက်အရ ဈေးကွက်ထဲမှာ
ဝယ်ရောင်းအနေနဲ့ ဈေးကောက်လို့ရအောင် အခုလိုဆိုင်ဘုတ်
ထောင်ပြီးအောက်ဈေးနဲ့ဈေးအခေါ်ပြိုင်ကြတယ်။
ပိုင်ရှင်သိသွားတဲ့ အခါကျမှ ရှောင်သွားကြတာတွေလည်း
ရှိတယ်လို့ သိရပါတယ်။

ဒဂုံသီးသန့်အကျိုးဆောင် မကေသီက
“ကိုယ်တိုင်တော့မကြုံမိသေးဘူး ၊ သူငယ်ချင်းတစ်ယောက်
ကြုံတာကတော့ သူအဝယ်ပြမယ့်အကွက်မှာ ကျူးဆိုင်းဘုတ်
ထောင်ထားတာနဲ့ကြုံခဲ့ရတာ ၊ ဒီရက်ပိုင်း ဈေးကွက်ထဲမှာ
ကျူးကိစ္စတွေအပြောများနေတယ် ၊ မြေကွက်ဝယ်ထားတဲ့သူတွေ
သတိထားပြီး စစ်သင့်တယ် ၊ တချို့ဆိုအပေါင်ထားခံရတဲ့
သူတွေတောင် ရှိတယ်လို့” ပြောပါတယ်။

ခြံမခတ်ထားတဲ့မြေကွက်တွေမှာ ပိုင်ရှင်အစစ်အမှန်
မဟုတ်ပါဘဲ ပိုင်ရှင်ရှိသည်လို့ ရေးသားထားတဲ့
ကျူးဆိုင်းဘုတ်တွေ အတပ်ခံရတာပါ။

တချို့ကြုံရတဲ့သူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့
ဖြေရှင်းရင်း ပြေလည်သွားကြတဲ့သူတွေရှိတယ်။ တချို့က
ဈေးကွက်ပျတ်နေတဲ့အခြေအနေကြောင့် မြေကွက်တွေကို
မကြည့်တော့ဘဲ ပစ်ထားကြတဲ့သူတွေတစ်ဆင့်
အရောင်းခံ ရပြီးမှသိရတာတွေရှိတယ် ။

တချို့က လက်ညိုးထိုးပြီး စာရွတ်အတုနဲ့ပေါင်ကြရာက
မြေကွက်ပိုင်ရှင်က သိပြီးဖြေရှင်းလို့ရတဲ့ပြဿနာတွေလည်း
ရှိတယ်လို့ သိရပါတယ်။

ဝယ်ရောင်းအကျိုးဆောင်ဦးကျော်စွာက
“အသိမိတ်ဆွေတစ်ယောက်ရဲ့အကွက်ဆို ကျူးခံထားရလို့
အခုအုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားပြီး
ကန့်ကွက်စာတင်ထားရတယ် ၊ ပိုင်ရှင်စစ်တယ်ဆို
စာရွက်စာတမ်း လာပြရမယ်။ မပြနိုင်ရင် ဥပဒေအရ
အရေးယူမယ်ဆိုပြီး လုပ်နေကြတယ်” လို့ပြောပြပါတယ်။

မြို့သစ်ဘက်က မြေကွက်အများစုက ပါမစ်မြေတွေ
များတာကြောင့် စာရွက်စာတမ်းအတု ပြဿနာတွေ၊
လိမ်လည်ရောင်းတာတွေ ကြုံကြရတယ်။

ကျူးကျော်သမားတွေက အိမ်ဆောက်ပြီးကျူးကြတဲ့
အဖြစ်တွေလည်းရှိပါတယ်။ ပိုင်ဆိုင်မူ့အရှုပ်အရှင်းတွေလည်း
အဖြစ်များတယ်လို့ သိရပါတယ်။

အကျိုးဆောင်ရှေ့နေ မကေသီက
“စဝယ်ကတည်းက သေချာစိစစ်ပြီး ဝယ်သင့်တယ် ၊
ဝယ်ပြီဆိုရင်လဲ သတင်းစာထဲကနေ သေချာကြော်ငြာသင့်တယ် ၊
အခုနောက်ပိုင်းမြေယာပြဿနာတွေ ပိုရှုပ်လာတာကြောင့်
သတိထားသင့်တယ် ၊ ကိုယ့်မြေကွက်ကို ခြံခတ်ထားတာ ၊
သက်ဆိုင်ရာဌာနတွေမှာ မြေကွက်နဲ့ပတ်သက်ပြီး
ကန့်ကွက်စာတင်ထားတာတွေ လုပ်ဆောင်သင့်တယ်လို့”
ပြောပါတယ်။

ဈေးကွက်ထဲမှာ ကျူးဆိုင်းဘုတ်တွေ ရှိလာတာကို
အကျိုးဆောင်တချို့က ကျူးဆိုင်းဘုတ်တွေက တစ်ညီတည်း
ဖြစ်နေတာတွေလည်းရှိသလိုလမ်းမတန်းအကွက်တွေနဲ့
လက်တလောဖြစ်နေတာက ဒဂုံအရှေ့ပိုင်းရှိ ကျန်စစ်သား
မေးတင် အကွက်တချို့တွေမှာလို့သိရပါတယ် ။

မြေကွက်ပိုင်ရှင်တွေအနေနဲ့ ဝယ်ထားတဲ့အကွက်တွေကို
ပစ်ထားတာမျိုးမလုပ်ဘဲ ဈေးကွက်ဆင်းပြီး
စိစစ်သင့်တယ်လို့ ပြောပါတယ်။

(နှင်းအိခင်)

credit - Tomorrow News Journal & iMyanmar House

No comments:

Post a Comment