Thursday, July 28, 2016

“လက်တွေ့ကောက်ယူခြင်းမရှိသေးသည့်ကျုးကျော်စာရင်း နှင့် လတ်တလောဆောက်လုပ်ရေးလောက ဂယက်များ”

“လက်တွေ့ကောက်ယူခြင်းမရှိသေးသည့်ကျုးကျော်စာရင်း
နှင့် လတ်တလောဆောက်လုပ်ရေးလောက ဂယက်များ”

၁။ "ကျုးကျော် စာရင်းကောက်ယူရန် အဖွဲ့ဖွဲ့စည်းထား
သော်လည်း လက်တွေ့စာရင်းကောက်ယူမှုများ မရှိသေး"

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို
စာရင်းကောက်ယူရန်ဌာနပေါင်းစုံပါဝင်သည့် အဖွဲ့ ဖွဲ့စည်း
ထားပြီး ဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်မှုများ
မစတင်ရသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

"ကျွန်တော်တို့ အဖွဲ့ဖွဲ့ထားပြီးဖြစ်ပေမဲ့ စာရင်းမကောက်ရသေး
ပါဘူး။ အခုကောက်နေတာကလည်း လ၀က က အိမ်ထောင်စု
စာရင်းကောက်တာဖြစ်ပါလိမ့်မယ်။ အခုချိန်ထိကျုးစာရင်း ဘာမှ
မကောက်ရသေးပါဘူး။ ဘယ်နေ့ စကောက်မလဲဆိုတာတော့
ပြောလို့မရသေးပါဘူး"ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနမှ ရန်ကုန်မြောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး
ဦးထွန်းထွန်းဝင်းက ဇူလိုင် ၁၃ ရက်တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ကျူးကျော်နေထိုင်သူများ စာရင်းကိုကွန်ပျူတာစနစ်ဖြင့်
ဓာတ်ပုံရိုက်၊ မှတ်တမ်းတင်လတ်မှတ်ရေးထိုးကာ
ကောက်ယူသွားမည်ဖြစ်ကြောင်း မေ ၂၅ ရက်က စက်မှုဇုန်
လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

သို့သော် မေ ၂၅ ရက် နောက်ပိုင်း တိုးပွားလာသည့်
ကျူးကျော်တဲများကိုမူ စာရင်းကောက်ယူသွားမည်မဟုတ်
ကြောင်း အသိပေးခဲ့သည်။ စာရင်းကောက်ယူသည့်အဖွဲ့ကို
ဇွန်လဆန်းမှစတင်ဖွဲ့စည်းခဲ့ပြီး မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးမှူးဦးဆောင်ကာ မြို့နယ်စည် ပင်သာယာ
အုပ်ချုပ်ရေးမှုး၊ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ လူဝင်မှု
ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ လွှတ်တော်
ကိုယ်စားလှယ်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ
ပါဝင်သည်။

"ထွေအုပ်က ဦးစီးပြီး ကျွန်တော်တို့က လိုအပ်တာ ပံ့ပိုးတဲ့ပုံစံနဲ့
လုပ်မှာဖြစ်ပါတယ်။ ဌာနပေါင်းစုံပါတဲ့အဖွဲ့တွေလည်း ဖွဲ့စည်း
ထားပြီးဖြစ်ပါတယ်။ ထွေအုပ်အစီအစဉ်နဲ့ပဲ ဆက်လုပ်သွားမှာ
ဖြစ်ပါတယ်"ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊
စီမံရေးရာဌာနမှ ဌာနမှူးဦးမောင်မောင်ဇော်က ပြောသည်။

ကျူးကျော်နေထိုင်သူများ၏ စာရင်း ကောက်ယူရန်
ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်မှုဇုန်ပေါများသည့်
လှိုင်သာယာ မြို့နယ်မှ စတင်နိုင်ရန်ပြင်ဆင်နေကြောင်း
၎င်းကပြောသည်။

တိုးပွားလာသည့်ကျူးကျော်တဲများကိုမူ တစ်တဲတိုး တစ်တဲဖျက်
စနစ်ဖြင့် ဖျက်သိမ်းလျက်ရှိကြောင်းလှိုင်သာယာမြို့နယ်
စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြီးက
ပြောသည်။

"ကျုးကျော်တဲတိုးတယ်လို့ ကြားတာနဲ့ကို အဖွဲ့ဖွဲ့ပြီး သွားဖျက်တဲ့
စနစ်ကို ကျင့်သုံးနေ ပါတယ်။ စာရင်းတော့မကောက်ရသေးပါဘူး"
ဟု ၎င်းကပြောသည်။

တိုင်းဒေသကြီးအတွင်း နိုင်ငံပိုင်မြေများ နှင့် ပုဂ္ဂလိကပိုင်မြေများ
တွင် ကျူးကျော်နေ ထိုင်သူပေါင်း၄၃၀,၀၀၀ ကျော်ရှိနိုင်ကြောင်း
အစိုးရအဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။ စက်မှုဇုန်ပေါင်း
ကိုးဇုန်ရှိသည့်အနက် လုပ်သားအင်အား သုံးသိန်းကျော် အသုံးပြု
ထားသည့် လှိုင်သာယာမြို့နယ်မှာအခြားမြို့နယ် များထက်
ကျူးကျော်နေထိုင်သူများ ပိုမို များပြားကြောင်း လှိုင်သာယာ
မြို့နယ် စည်ပင်သာရေးကော်မတီဥက္ကဋ္ဌဟောင်း
ဦးကြည်စိုးက ပြောသည်။

"ကျုးကျော်စာရင်းတွေကောက်မယ့် သတင်းမကြားသေးပါဘူး။
ထွေအုပ်မှာလည်း စည်ပင်ကအဖွဲ့တွေပါနေပါတယ်။
ကျွန်တော်တို့ လှိုင်သာယာမှာ ကျုးကျော်စာရင်းကောက်ရင်
တော်တော်လုပ်ယူရမယ့် အနေအထား ရှိတယ်။
အခုလမ်းမပေါ်ကတိုးလာတဲ့ တဲတွေတောင် ဖျက်နေတယ်။
တချို့ကလည်း လူလစ်ရင် ပြန်ဆောက်မယ့် သဘောတွေ
ရှိတယ်"ဟု ၎င်းကပြောသည်။

တရားဝင်ကျူးကျော်စာရင်းကောက်ယူ မည့် အချိန်နေရာများကို
ကြေညာထားခြင်း မရှိသေးသော်လည်းရပ်ကွက်ကျေးရွာ
အုပ်ချုပ်ရေးအဖွဲ့များက ကျူးကျော်တဲများ တိုးပွားလာခြင်း
မရှိအောင် ကြပ်မတ်ခြင်း၊ကျူးကျော်တဲဟောင်းများကို
နံပါတ်စဉ်များ ဖြင့် သတ်မှတ်ထားပြီးဖြစ်သည့်အတွက်
ကျူးကျော်တဲဟောင်းများကြားတွင် အသစ် ထပ်မံ
ဆောက်လုပ်ရန် အခက်အခဲများရှိနိုင်သည်။

သို့သော် သွားလာရေးခက်ခဲကာ လူသူအရောက်အပေါက်
နည်းပါးသည့် နေရာ များတွင်မူကျူးကျော်တဲသစ် တိုးပွားလာမှု
များရှိနိုင်ကြောင်း လှိုင်သာယာမြို့နယ် ဘီအိုစီ မှတ်တိုင်အနီး
စက်မှုဇုန်မြေကွက်တွင် ကျူးကျော်နေထိုင်သူ ကိုဆံရှည်က
ပြောသည်။

"စာရင်းတော့မကောက်သေးပေမဲ့ သူ့အစုနဲ့သူတော့
တဲနံပါတ်ကလေးတွေလုပ်ထားတာတော့ ရှိကြပါတယ်။
ကျုးတဲဟောင်း ကြားမှာ အသစ်တိုးဖို့ထက်၊ လူမရောက်
မပေါက်တဲ့နေရာမှာ ကျုးတဲသစ်တွေတော့တိုးတယ်ကြားတယ်။
အခုစည်ပင်ဘက်ကတော့ တစ်လုံးတိုးတာနဲ့ တစ်လုံးဖျက်
လုပ်နေတယ်"ဟု၎င်းကပြောသည်။

(ဇေယျာလင်း)

***

၂။  "ရန်ကုန် အထပ်မြင့်စိစစ်ရေး ဆောက်လုပ်ရေးလောက
ဂယက်ထပြီလား"

ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခွင့်ပါမစ်ကြီးကျပြီး  
အထပ်မြင့် ၁၂ လုံးကို  မြေပြင်ကွင်းဆင်းစစ်ဆေးပြီး 
အထပ်အမြင့်တွေ ထက်ဝက်နီးပါး လျှော့ချတာ၊
တည်ဆောက်ခွင့်အသစ်ပြန်တင်ခိုင်းတာတွေဖြစ်လာချိန်မှာ  
ဆောက် လုပ်ရေးလောက ဂယက်စခဲ့ပြီး   ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အထိ  
ကြီးကျယ်လာပါ တယ်။

သည်လ  ၂၁ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ 
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ သတင်းစာရှင်းလင်းပွဲ
ပြုလုပ်တာပါ။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက  
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အဆောက်အအုံ
ဆောက်လုပ်ခွင့်ရပ်နားတာ၊တည်ဆောက်ခွင့်ကျပြီး
အထပ်အမြင့်တွေ ပြန်လည်လျှော့ချတာကြောင့်  
အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ဆုံးရှုံးခဲ့တယ်လို့  
ပြောကြတယ်။

ဇာတ်လမ်းအစကတော့ အဆောက်အအုံဆောက်လုပ်ခွင့်များ 
ရပ်နားခိုင်းတဲ့ အမိန့်ကြော်ငြာစာက အစပြုခဲ့ပါတယ်။ 
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်နဲ့  
မေလ ၂၃ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်းက အထပ်မြင့်   
အဆောက်အအုံ  အားလုံးယာယီရပ်နားဖို့  အမိန့်ထုတ်
ပြန်ခဲ့တာပါ။

အကြောင်းရင်းက  မြို့ပြအင်္ဂါရပ်နဲ့  ညီညွတ်ဖို့  ပြန်လည်
စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။  အဲသည်
အချိန်အထိ ဆောက်လုပ်ရေးလောကမှာ ပွဲ မဆူသေးပါဘူး။

ယုံကြည်မှုဆုံးရှုံး
-----------------

ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော် မြင့်က 
‘ငွေကြေးဆုံးရှုံးတာက ပြန်ရှာလို့ ရပါတယ်၊  ကျွန်တော်တို့ဆီမှာ 
ဝယ်ယူတဲ့  customer တွေ ရှိပါတယ်၊ သူတို့ရဲ့ယုံကြည်မှု၊ 
ကျွန်တော်တို့နဲ့  ဆက်ဆံနေရတဲ့ ကန်ထရိုက်တွေရဲ့
ယုံကြည်မှု ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံခြားသား
တွေရဲ့ယုံကြည်မှုတွေ ဆုံးရှုံးတယ်’ လို့  ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေက ကြို ပွိုင့်ရောင်းချပြီး
အခန်းမအပ်နိုင်ဘဲ  အခန်းဝယ်ယူထားသူတွေ တရားရင်ဆိုင်
နေခဲ့ရ တဲ့ Father Land ဆောက်လုပ်ရေး၊  ရွှေတိဂုံ ဘုရားရဲ့  
ကြံ့ခိုင်မှုနဲ့  မြင်ကွင်းကိုထိခိုက်စေလို့   တည်ဆောက်ခွင့်ဖျက်သိမ်း
ခံရတဲ့  ဒဂုံစီးတီးစတဲ့ ဂယက်တွေနဲ့  ရန်ကုန်မြို့ရဲ့
ဆောက်လုပ်ရေးဈေးကွက်က ပြဿနာတွေ ရှိနေတာပါ။ 

Father Land ဆောက်လုပ်ရေးဂယက်ကတည်းက စပြီး  
အိမ်ခြံမြေလောက ကျဆင်းသွားတယ်လို့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်ဦးကျော်မြင့် က ရှင်းပြတယ်။

သည်အထပ်မြင့်စစ်ဆင်ရေးတွေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်
တွေကို  ရန် ကုန်တိုင်းဒေသကြီးအစိုးရက ဖိတ်ခေါ်ပြီး  
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် တွေ့ဆုံခဲ့တယ်လို့  
ဆိုပါတယ်။  တိုင်းဒေသကြီးအစိုးရအဖွဲ့က   ဖွဲ့စည်းပေးထားတဲ့ 
ရန်ကုန် မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ 
တည်ဆောက်မှုစိစစ်ရေးကော်မတီနဲ့  ဆောက်လုပ်ရေးလုပ်ငန်းရှင်
တွေနဲ့  နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး   ဖြစ်တယ်လို့ သည်အဖွဲ့က
ရပ်မိရပ်ဖအဖြစ် ပါဝင်တဲ့ ဦးရဲမင်းဦးကပြောပါတယ်။

စစ်ဆေးရေးကော်မတီကို  မဖွဲ့နိုင်သေးခင်ကတည်းက  
ဆောက်လုပ်ရေးလုပ်ငန်းတွေကို  ရပ်ခိုင်းထားတယ်။    
အလုပ်သမားခတွေတော့ နေ့တိုင်းရှင်းပေးနေရပါတယ်။  
နှစ်လနီးပါးကြာ တည်ဆောက်ရေးတွေရပ်ဆိုင်းပြီး စစ်ဆေးပြီးတဲ့
အဖြေက အထပ်လျှော့ပြန်ဆောက်ဖို့  အသစ်ပါမစ်
တင်ခိုင်းတယ်လို့  ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက  
ဝေဖန်ကြပါတယ်။

အချိန်တွေကြာ
---------------

လက်ရှိအထပ်လျှော့ပြီး   အသစ်တည်ဆောက်ဖို့  အမိန့်ထုတ်ခံ
ရတဲ့ အဆောက်အအုံတွေက ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှာ အနည်းဆုံးနှစ်နှစ်ခွဲ ကနေ သုံးနှစ်အထိကြာပြီးမှ  
တည်ဆောက်ခွင့်ရထားတဲ့  အဆောက်အအုံတွေဖြစ်ပါတယ်။

တည်ဆောက်ခွင့်ပါမစ်ရဖို့   ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ 
အကြိမ်ကြိမ်ဒီဇိုင်းဆွဲခဲ့ရပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ အင်ဂျင်နီယာဌာနတွေဖြစ်တဲ့ အဆောက်အအုံ၊ 
ရေသန့်၊  လမ်းတံတားနဲ့   မြေယာဌာနတွေက ခွင့်ပြုချက်တွေ 
ယူခဲ့ရတာပါ။ HIC, CQHP စတဲ့ အထပ်မြင့်စစ်ဆေးရေး 
ပညာရှင်အဖွဲ့တွေက  စစ်ဆေးပြီးခွင့်ပြုချက်ယူခဲ့ရတာလို့    
ဆိုပါ တယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦးဉာဏ်မြတ်မင်းက
"အဲဒီခေတ်အဲဒီအခါက  မူဝါဒတွေနဲ့  ကိုက်ညီအောင်လုပ်ခဲ့တာ၊ 
ရွှေတိဂုံဘုရားဇုန်  ၁၊၂၊၃  ကန့်သတ်ချက်တွေ  FAR, BCR 
တွေလဲ တင်ပြခဲ့ရတယ်" လို့  ပြောပါတယ်။

ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီ   အဆောက်အအုံများ  
တည်ဆောက်မှုစိစစ်ရေးကော်မတီကတော့ စစ်ဆေးတဲ့
အခြေအနေမှာ ငွေကြေးဆုံးရှုံးနိုင်ခြေတွေရှိလို့  မူဝါဒချခဲ့တယ်။ 
သည်မူအတိုင်း  ဆွေးနွေးစစ်ဆေးခဲ့တယ်လို့  ဆိုပါတယ်။

စစ်ဆေးရေး အဖွဲ့က  အကြံဉာဏ်တွေကို ရန်ကုန်တိုင်းဒေသကြီး  
အစိုးရကို အဆိုပြုရတာဖြစ်ပြီး သည်အဆိုပြုချက်တွေကို  
တိုင်းဒေသကြီး အစိုးရအဖွဲ့က  ပြန်လည်ဆွေးနွေး
ဆုံးဖြတ်ချက်ချတာ ဖြစ်ပါတယ်။

အထပ်မြင့်တွေကို နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးစတဲ့ 
အနာဂတ်အတွက်   အားလုံးစဉ်းစားပြီး  တိုင်းဒေသကြီးရဲ့
ဆုံးဖြတ်ချက်ကို   ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီက အကောင်အထည်ဖော်ပေးရတာ ဖြစ်ပါတယ်။    

လက်ရှိအစိုးရက ဖွံ့ဖြိုးမှုကို အားမပေးဘဲ နောက်ပြန်သွားနေတယ်၊ 
တိုးတက်ဖွ့ဖြိုးမှုနဲ့   ထိန်းသိမ်းတာ လွန်ဆွဲနေတယ်လို့  
ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။

သည်ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဦးရဲမင်းဦးက
"ဖွံ့ဖြိုးတိုးတက်စရာရှိတဲ့ဟာတွေကို ဆက်လုပ်မှာ၊ စက်မှုဇုန်တွေ   
မြို့သစ်တွေ ထပ်ပေါ်လာမှာပဲ၊ အဲဒီမှာ တစ်ဖက်ကမထိခိုက်အောင်  
ပတ်ဝန်းကျင်ရော၊ လူတွေရော လိုအပ်တဲ့ အစီအမံတွေလုပ်ရမှာ
ပေါ့" လို့  ရှင်းပြပါတယ်။

ဆက်လက်တာဝန်ယူရ
-------------------------

အထပ်မြင့်စစ်ဆေးတာတွေက ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရသက်တမ်း
ကုန်ခါနီး လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။  
အာဏာလွှဲပြောင်းကာလမှာ အကောင်အထည်မဖော်နိုင်ခဲ့လို့
လက်ရှိအစိုးရက ဆက်လက်အကောင်အထည်ဖော်နေရတာလို့ 
သိရပါတယ်။

မူအားဖြင့် တည်ဆာက်ခွင့်ပြုထားတဲ့  အထပ်မြင့် ၁၈၅ လုံးထဲက 
မြေသားလုပ်ငန်း   ဆောင်ရွက်နေတဲ့ အဆောက်အအုံ ၅၁လုံးကို  
သတ်မှတ်ချက်နဲ့  ကိုက်ညီတဲ့  ဆောက်လုပ်မှုဖြစ်အောင်  
၁၉ လုံးကို  စတင် စစ်ဆေးနေပါတယ်။  ကျန်တဲ့ ၃၂ လုံးကို
သည်လ  ၂၅ ရက်နေ့မှာ အပြီးစစ်ဆေးမှာပါ။ မြေပြင်လုပ်ငန်း 
မဆောင်ရွက်သေးတဲ့ အဆောက်အအုံ  ၁၀၇   လုံးကတော့
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှာ
တည်ဆောက်ခွင့်ပြန်တင်ရမှာ ဖြစ်ပါတယ်။

အထပ်မြင့်တွေ စစ်ဆေးတာကြောင့် ဘယ်လောက်အထိ
ထိခိုက်နစ်နာတယ်ဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေသာ 
အသိဆုံးဖြစ်ပြီး  ဘယ်လောက်အထိ  တောင့်ခံနိုင်မလဲ
ဆိုတာလည်း သူတို့သာ အသိဆုံး ဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရဲ့အထပ်မြင့်ဆုံးဖြတ်ချက်
တွေကို အမိန့်ကြော်ငြာစာထုတ်ပြန် လက်တွေ့အကောင်အထည်
ဖော်ပေးနေရတဲ့  ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ
အသိုင်းအဝိုင်းကတော့ဝန် ကြီးချုပ်  ဦးဖြိုးမင်းသိန်းရဲ့  
အထပ်မြင့်စစ်ဆင်ရေးကို
"ဝန်ကြီးချုပ်က heavyweight ကို အနိုင်ထိုးနိုင်ရင်ကျန်တဲ့
အထပ်နိမ့်တွေ ထိန်းစရာမလိုတော့ဘဲ အလိုလိုငြိမ်သွားမယ်"
လို့   မှတ်ချက်ပြုကြပါတယ်။   

(ပို့ပို့မြင့်မွန်)

credit - The Myanmar Times & Kumudra Journal

No comments:

Post a Comment