“အထပ်မြင့်အဆောက်အဦး စိစစ်ရေးကော်မတီ၏ ညွှန်ကြား
ချက်ကြောင့် သပွတ်အူလိုက်သွားသော ဂယက်များ”
၁။ "အထပ်မြင့်တွေ တည်ဆောက်ခွင့်ရပ်ဆိုင်း အထပ်လျှော့
တာကြောင့် ဒေါ်လာခြောက်ဘီလျံခန့် ဆုံးရူံးဟုဆို"
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့တွင်းက အထပ်မြင့်
အဆောက်အအုံတွေ တည်ဆောက်ခွင့်ရပ်ဆိုင်းပြီး
အထပ်လျှော့ချတာကြောင့် လက်ရှိအဆောက်အအုံများ
စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကနေ ခြောက်ဘီလျံ
အထိ နစ်နာဆုံးရူံးခဲ့တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
နိုဗိုတယ်ဟိုတယ်မှာ ကျင်းပတဲ့ အထပ်မြင့်အဆောက်အအုံ
တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးက ပြန်လည်ပြင်ဆင်ပြီး
ပါမစ်ဖျက်သိမ်းခြင်း ၊ စိစစ်ခြင်းနဲ့ပတ်သက်တဲ့
သတင်းစာရှင်းလင်းပွဲက သိရပါတယ်။
သည်အဆောက်အအုံတွေက နှစ်လနီးပါးကြာတဲ့အထိ
အဆောက်အအုံတည်ဆောက်ခွင့်တွေ ရပ်ဆိုင်းခံထားရတာ
ဖြစ်ပါတယ် ။ အထပ်မြင့်မြေပြင်ကွင်းဆင်းစစ်ဆေးမှုကို
ဇွန်လ ၂၁ ရက်နေ့က စတင်ပါတယ် ။
ခွင့်ပြုမိန့် (ပါမစ်ကြီး) ကျပြီးတဲ့ အထပ်မြင့်အဆောက်အအုံ
၁၂ လုံးကို အထပ်တွေလျော့ချပြီး တည်ဆောက်ခွင့် ပြန်ပေး
လိုက်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သည်လ
၁၂ ရက်နေ့က ထုတ်ပြန်ပါတယ် ။
သည်ထုတ်ပြန်ချက် အရတည်ဆောက်ခွင့်ပါမစ် (ပါမစ်ကြီး)
ကျပြီး အထပ်မြင့် ၆၈ လုံးကို စိစစ်ပြီး အထပ်မြင့် ၁၂ လုံးကို
မှုလပေးထားတဲ့ အထပ်ထက်လျှော့ချပြီး တည်ဆောက်ခွင့်
အသစ်ပြန်တင်စေပါတယ် ။ မှုအားဖြင့် ခွင့်ပြုချက်ပေးခဲ့တဲ့
အထပ်မြင့် ၁၈၅ လုံးထဲက အလုံး ၂၀ ကို စစ်ဆေးပြီးပြီလို့
သိရပါတယ် ။
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်မြင့်ဦးက
"နဂိုမှုဝါဒနဲ့ ကိုက်မကိုက်ပြန်စစ်ဖို့လိုပါတယ် ၊ ၁၃ ထပ်
တည်ဆောက်တယ်ဆိုရင် ဖြိုပစ်လိုက်လက်ခံတယ် ၊ ခုက
စည်းမျဉ်းစည်းကမ်းနဲ့မဟုတ်ဘဲ ဒီမှုဝါဒနဲ့တင်မကဘူး
နောက်ထပ်မှုဝါဒသစ်နဲ့ပါ စစ်တယ်" လို့ပြောပါတယ် ။
မြေပြင်ကွင်းဆင်းစစ်ဆေးခံရတဲ့ အထပ်မြင့်အဆောက်အအုံတွေ
မှုလပေးထားတဲ့ အထပ်လျှော့ချခံရတာက
- လမ်းအကျုယ်နဲ့ အဆောက်အအုံအမြင့်အချိုးမကိုက်တာ ၊
- ရွှေတိဂုံဘုရားအမြင့်ဇုန်နဲ့မကိုက်တာ ၊
- ဘေးပတ်ဝန်းကျင်နဲ့မကိုက်ညီတာကြောင့်ဖြစ်တယ်လို့
ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့ အညီအဆောက်အအုံများ
ဆောက်လုပ်မှု စစ်ဆေးရေးကော်မတီက သိရပါတယ် ။
ဒါတွေကြောင့်ပါ
-----------------
ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ
ဆောက်လုပ်မှုစစ်ဆေးရေးကော်မတီဝင် ဦးရဲမင်းဝင်းက
"လမ်းကျဉ်းဖြစ်နေတယ် ၊ Road Building Ratio (RBR) ရှိတယ် ၊
အဆောက်အုံနဲ့လမ်းနဲ့ ဘယ်နှဆပဲဆောက်သင်တယ်ဆိုတာ
ရှိတယ် ၊ အဲဒီအချက်နဲ့ငြိတာ ၊ ဘေးပတ်ဝန်းကျင်နဲ့ငြိတဲ့
အချက်တွေလဲ ရှိတယ် ၊ အချို့က ရွှေတိဂုံဘုရားဇုန်နဲ့
ငြိတဲ့အချက်တွေရှိတယ်" လို့ပြောပါတယ် ။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
အတွင်းရေးမှူး ဒေါ်လိုင်မော်ဦးက
"ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေနဲ့
မကိုက်ညီတဲ့ အချက်တွေကို ပြင်ပေးရတာပါ ၊
အနည်း အများကတော့ တည်ဆောက်ထားတဲ့အပေါ်မှုတည်ပြီး
ဘယ်လိုမှ အဆင်မပြေတဲ့ အချက်တွေကို ပြန်ပြင်ခိုင်းတာ
ဖြစ်တယ်" လို့ ပြောပါတယ် ။
အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို သက်ဆိုင်ရာမြို့နယ်က
လွှတ်တော်ကိုယ်စားလှယ် ၊ ရပ်မိရပ်ဖတစ်ဦး ၊
မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြန်မာနိုင်ငံဗိသုကာအသင်းက
ကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက
ကိုယ်စားလှယ် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
လမ်းတံတားဌာန ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ၊
ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က မြို့နယ်အင်ဂျင်နီယာ ၊
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ၊
Urban Environment ဌာန ၊ မီးသတ်ဦးစီးဌာန ၊
Geo Tech နှင့်ပတ်သက်သူ ၊ YHT တို့နဲ့စစ်ဆေးခဲ့တာ
ဖြစ်ပါတယ် ။
အထပ်မြင့်တွေစစ်ဆေးဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီက မေလ ၂၃ ရက်နေ့ကတည်းက အဆောက်အအုံ
ဆောက်လုပ်တာတွေကို ရပ်ဆိုင်းဖို့အမိန့်ထုတ်ခဲ့ပါတယ် ။
စစ်ဆေးဖို့အဖွဲ့ကိုတော့ ဇူလိုင်လ ၆ ရက်နေ့မှာ ဖွဲ့စည်းပြီး
မြေပြင်စစ်ဆေးတာကို သည်လ ၁၂ ရက်နေ့မှာ စတင်ပါတယ် ။
အစိုးရက စစ်ဆေးရေးအဖွဲ့ မဖွဲ့နိုင်ခင် တည်ဆောက်ရေးတွေ
ရပ်ခိုင်းတာကြောင့် နေ့စဉ်အလုပ်သမားခတွေ ပေးရတာ ၊
စစ်ဆေးပြီး မှုလပေးထားတဲ့ အထပ်ကို လျှော့ချတာကို
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဝေဖန်ထောက်ပြ
ကြပါတယ် ။
***
၂။ "အထပ်မြင့် အဆောက်အအုံများ အထပ်လျှော့ခြင်းနှင့်
ပတ်သက်၍ တိုင်းအစိုးရပေးသည့် အကြောင်းပြချက်ကို
လုပ်ငန်းရှင်များ သဘောမတူ"
အထပ်မြင့်အဆောက်အ အုံများ အထပ်လျှော့ချခြင်းအပေါ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပေးသော အကြောင်းပြချက်ကို
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က သဘောမတူကြောင်း
ငြင်းဆို ခဲ့သည်။
စည်းကမ်းမဲ့ တည်ဆောက်မှုများကြောင့် အထပ်မြင့်
အဆောက်အအုံများကို အထပ်လျှော့ချရခြင်းဖြစ်သည်ဟု
ရန်ကုန်တိုင်းအစိုးရက ဆိုထားသည်။
ထိုအချက်သည် ဆောက် လုပ်ရေး လုပ်ငန်းရှင်များ အပေါ်
ယုံကြည်မှုကို ထိခိုက်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က
ပြင်းပြင်းထန်ထန်သဘောမတူ ကြောင်း ဆောက်လုပ်ရေး
လုပ်ငန်း ရှင် ဦးမျိုးမြင့်က ဇူလိုင် ၂၁ ရက် တွင်
နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားသည်။
လက်ရှိ အထပ်လျှော့ခံရ သော အထပ်မြင့် အဆောက်အအုံ
၁၂ လုံးသည် နိုင်ငံတော်ပိုင်မြေ၊ ပန်းခြံမြေစသည်တို့ကို
အခွင့်ထူး ခံအဖြစ် ရရှိတည်ဆောက်ခြင်း မျိုး မဟုတ်ဘဲ
ကိုယ်ပိုင်မြေတွင် တည်ဆောက်ခြင်းဖြစ်ကြောင်း
အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
ထို့ အပြင် အဆောက်အအုံများတည် ဆောက်မှုနှင့်ပတ်သက်၍
ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ
အင်ဂျင်နီယာဌာန လမ်းနှင့်တံတား၏ ထောက်ခံချက်
ရရှိပြီးမှသာ တည်ဆောက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
‘‘ကားပါကင် လိုအပ်ချက် ပြည့်မီတယ်လို့ ဒီဌာနကပဲ အရင် က
ထောက်ခံပေးခဲ့တယ်။ အခုဒီ ဌာနကပဲ မလုံလောက်ဘူးဆိုတော့
ဘယ်လိုမှတ်ယူရမှာလဲ’’ဟု ဦးမျိုး မြင့်က ဆိုသည်။
အထပ်မြင့်အဆောက်အအုံ ၁၈၅ လုံးပေါ်တွင် စိစစ်အရေး
ယူမှုများ ပြုလုပ်နေခြင်း၏ အကျိုး ဆက်သည် အမေရိကန်
ဒေါ်လာ ငါးဘီလီယံမှ ခြောက်ဘီလီယံအ ထိ ဆုံးရှုံးမှုများ
ဖြစ်နိုင်ပြီး တိုင်း ပြည်စီးပွားရေးကိုလည်း ရိုက်ခတ် မှုများ
ရှိလာမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။
‘‘အထပ်မြင့် အလုံး ၁၀၀၊ ၂၀၀ ကို အထပ်လျှော့လိုက်ရုံနဲ့
ရန်ကုန်မြို့ကြီးမှာ ရေစီးရေလာ ကောင်းလာမလား၊
ယာဉ်ကြော ပိတ်ဆို့မှုတွေ လျော့သွားမလား၊ လူဦးရေတွေ
လျော့သွားမယ်ဆိုရင် ပြည်သူတစ်ဦးအနေနဲ့ လိုက်နာဖို့
အဆင်သင့်ပဲ’’ဟု ဦးမျိုးမြင့်ကပြော ကြားသည်။
အထပ်မြင့်အဆောက်အအုံ များ အထပ်လျှော့ချရခြင်းနှင့်
ပတ် သက်၍ တိုင်းဒေသကြီးအစိုးရ၏ ဖြေရှင်းချက်တွင်
ယခင်အစိုးရ လက်ထက်၌ ရန်ကုန်မြို့သည် အဆင့်အတန်း
နိမ့်ကျလာသော အမှိုက်၊ ရေမြောင်း စနစ်များ ကြောင့်
ရေရှည်တည်တံ့ရေးမှာ စိုး ရိမ်စရာ ဖြစ်လာသဖြင့် စနစ်တကျ
ထိန်းသိမ်းရန် စစ်ဆေးမှုများ ပြုလုပ်ရခြင်းဟု ရန်ကုန်မြို့တော်
အင်္ဂါရပ်နှင့်အညီ အဆောက်အအုံ များ စိစစ်ရေး
ကော်မတီဝင်များက ပြောသည်။
‘‘နောက်ပိုင်း မြို့ပျက်ကြီးဖြစ် မှာ မဖြစ်စေချင်ဘူး။
လုပ်ငန်းရှင် တွေဘက် မျှပြီးစဉ်းစားရတယ်။ သူတို့ နစ်နာ
ဆုံးရှုံးမှုတွေကို သိ တယ်။ အလေးထားတယ်။ ဒါ ကြောင့်
အရမ်းကြီးနစ်နာအောင်မ လုပ်ဘူး’’ဟု ဆောက်လုပ်မှုစိစစ် ရေး
ကော်မတီဝင် ဦးရဲမင်းဦးက ပြောသည်။
အထပ်မြင့် အဆောက်အအုံ များတွင် ကားပါကင်၊ ရေရရှိမှု
စ သောအကြောင်းပြချက်များဖြင့် အထပ်များ လျှော့ချခြင်းသည်
တိုင်းရင်းသားလုပ်ငန်းရှင်များအ တွက် များစွာနစ်နာသဖြင့်
ပြန် လည် စိစစ်စဉ်းစားပေးပါရန် သ တင်းစာရှင်းလင်းပွဲ
ပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးမျိုးမြင့်က ပြောသည်။
(ပြည်သိမ်း)
***
၃။ "ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ဒေါ်အောင်ဆန်းစုကြည်ထံ
အသနားခံမည်"
မကြာသေးခင်က အတည်ပြု ထုတ်ပြန်ခဲ့သော မြို့ပြစီမံခန့်ခွဲရေး
စံချိန်စံနှုန်းသစ်များအရ ဆိုင်းငံ့ခံခဲ့ရသော ရန်ကုန်မြို့ရှိ
အထပ်မြင့် အဆောက်အအုံ စီမံကိန်းများ၏ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ၎င်းတို့၏ နစ်နာမှုများကို
နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ အသနားခံစာတစောင်
ပေးပို့သွားရန် စီစဉ်နေသည်။
နစ်နာသောလုပ်ငန်းရှင်များက ရန်ကုန်မြို့တော်ဝန် နှင့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ
ဦးမောင်မောင်စိုးထံသို့လည်း အသနားခံစာတစောင်
ယခုရက်ပိုင်းအတွင်း ပေးပို့ထားပြီးဖြစ်သည်။
အထပ်မြင့် အဆောက်အအုံစီမံကိန်းများ
(၉ ထပ်နှင့် အထက်အား အထပ်မြင့်အဆောက်အအုံဟု
သတ်မှတ်သည်) အား ပြန်လည်စိစစ်ရန် အဖွဲ့ဝင် ၁၃ ဦး
ပါဝင်သည့်
ကော်မတီတခုကို ပြီးခဲ့သည့်လက ရန်ကုန်တိုင်းအစိုးရက
ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီက လက်ရှိဆောက်လုပ်နေသော
အဆောက်အအုံ ၁၂ ခုအား အထပ်လျော့ချရန်၊ မူလဒီဇိုင်း
အတိုင်း ကားပါကင် ထည့်သွင်းရန်နှင့် ၎င်းတို့၏
လုံခြုံရေးစံနှုန်းများကို မြင့်တင်ရန် အကြံပြု
ညွှန်ကြားခဲ့သည်။
အဆိုပါ ကော်မတီတွင် ဗိသုကာပညာရှင်များ၊
အင်ဂျင်နီယာများ၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး
ပညာရှင်များ နှင့် တိုင်းအစိုးရ ၀န်ကြီးတဦးပါဝင်ပြီး ၁၂ ထပ်
နှင့် ၂၉ ထပ်ကြားဆောက်လုပ်မည့် အဆောက်အအုံများကို
ဇွန်လတွင် စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“အခုလို ဆုံးဖြတ်ချက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း
စီမံကိန်းတခုစီတိုင်း ဘယ်လောက် ဆုံးရှုံးရနိုင်တယ်ဆိုတာ
မြို့တော်ဝန်ကို ကျနော်တို့ စာတင်ခဲ့ပါတယ်” ဟု
ရပ်ဆိုင်းခံရသည့် အဆောက်အအုံ လုပ်ငန်းရှင်များထဲမှ
တဦးဖြစ်သည့် MKT ဆောက်လုပ်ရေးကုမ္ပဏီ၏
မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။
နစ်နာသောဆောက်လုပ်ရေးလုပ်ငန်းရှင်များက
လက်မှတ်ရေးထိုးပြီး မြို့တော်ဝန်ထံပို့ခဲ့သောစာတွင် စီမံကိန်း
တခုစီတိုင်းအတွက် ပျမ်းမျှ အမေရိကန် ဒေါ်လာ သန်း၂၀
ဆုံးရှုံးရနိုင်သည်ဟု ဖော်ပြခဲ့သည်။
ထို့ပြင် ယင်းဆောက်လုပ်ရေးစီမံကိန်းများမှာ YCDC ၏ ကနဦး
မူအားဖြင့် အပြီးသတ် ခွင့်ပြုချက် ရရှိထားခဲ့ပြီး
ဖြစ်သည်ဆိုသောအချက်ကိုလည်း ထည့်သွင်းဖော်ပြခဲ့ကြောင်း
ဦးမျိုးမြင့်က ပြောသည်။
ထိုနစ်နာသောလုပ်ငန်းရှင်များက နိုင်ငံတော် သမ္မတနှင့်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သို့ ပေးပို့မည့် အသနားခံစာတွင်
အချက်အလက်များကို ပိုမိုပြည့်စုံစွာ ထည့်သွင်းတင်ပြရန်နှင့်
နောက်ထပ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏
လက်မှတ်များကိုလည်း ထည့်သွင်းရန် ပြင်ဆင်နေကြောင်း
ဦးမျိုးမြင့်က ဆိုသည်။
“ကျနော်တို့ အထပ်မြင့်အဆောက်အဦး စိစစ်ရေးကော်မတီကို
ဆန့်ကျင်တာတော့ မဟုတ်ပါဘူး။ ဒီမှာ ဘာတွေ
ဖြစ်နေတယ်ဆိုတာ သူတို့ကို သိစေချင်ရုံပါပဲ”ဟု
ဦးမျိုးမြင့်က ပြောသည်။
မေလနောက်ပိုင်းတွင် YCDC ကအထပ်မြင့် အဆောက်အအုံ
၂၀၀ ကျော်ကို ဆိုင်းငံ့ရန် ညွှန်ကြားခဲ့သည်။
ထိုအဆောက်အအုံအများစုက YCDC မှ ကနဦးခွင့်ပြုချက်သာ
ရရှိထားပြီး နောက်ဆုံးခွင့်ပြုချက် မရှိပေ။
(ကျော်ဆုမွန်)
credit - The Modern / 7day Daily
& Irrawaddy Publishing Group
No comments:
Post a Comment