Sunday, June 4, 2017

“ဘုရင့်နောင် ကုန်စည်ဒိုင် ဘယ်လဲ?”

“ဘုရင့်နောင် ကုန်စည်ဒိုင် ဘယ်လဲ?”

၁။ "ဘုရင့်နောင်ကုန်စည်ဒိုင် ဝါးတရာသို့ ပြောင်းရွေ့မည်"

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ပွဲရုံတန်းကို
တပ်မတော်မှ ငှားရမ်းလုပ်ကိုင်သည့် ကာလ ပြည့်မြောက်
တော့မည် ဖြစ်သောကြောင့် ရွှေပြည်သာမြို့နယ်
အတွင်းရှိ ဝါးတရာသို့ ရွေ့ပြောင်းမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
“ဘုရင့်နောင်ပွဲရုံတန်းကို တပ်မတော်က ပြန်တောင်း
နေပါပြီ။ ဌားရမ်းထားတာလည်း ကာလပြည့်တော့မှာ
ဆိုတော့ ပြန်ပေးရမှာဖြစ်တဲ့အတွက် ကြိုပြောထားတာပါ။
ဝါးတရာကို ဘုရင့်နောင်ပွဲရုံ ပြောင်းရွှေ့ဖို့ ကိစ္စကို
ဘုရင့်နောင်ပွဲရုံတန်းက လူတွေအားလုံးလည်း သဘောတူ
ပြီးသား ဖြစ်တယ်။ ဝါးတရာမှာရှိတဲ့ စီးပွားရေးလုပ်ရှင်တွေ
ကိုလည်း ဆွေးနွေးထားတယ်။ ၉၀ ရာခိုင်နှုန်းကျော်
လောက်က သဘောတူထားပြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့
ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းရအုန်းမယ်။ အဲဒါပြီးမှ
ပြောင်းရွေ့လို့ရမှာ ဖြစ်တယ်’’ ဟု ပြောသည်။

မေလ ၂၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များ
နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ၌
ပြုလုပ်သည့် ဆဌမအကြိမ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်
စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင်
ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဘုရင့်နောင်ကုန်စည်ဒိုင် မြေနေရာကို ၁၉၉၁- ၁၉၉၂
ဝန်းကျင်က တပ်မတော်မှ ဌားရမ်းလုပ်ကိုင်ခဲ့ပြီး ယခုနှစ်
အတွင်း ၂၅ နှစ်ပြည့်ပြီ ဖြစ်ကြောင်း ဘုရင့်နောင်
ကုန်စည်ဒိုင်တွင် ရောင်းဝယ်လုပ်ကိုင်တချို့က ပြောသည်။

ရွေပြည်သာမြို့နယ် ဝါးတရာရှိ ကုန်စည်ဒိုင်ဆောက်လုပ်
မည့် မြေနေရာအတွက် လယ်ယာမြေပိုင်ရှင်များကို
လျော်ကြေးပေးရန် (သို့) အခြားနေရာတစ်နေရာရှိ
လယ်ယာမြေများကို အစားပြန်လည် ပေးအပ်ရန်အတွက်
ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီး ညိုနိုင်းဆောင်ရွက်
သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက
ဆက်ပြောသည်။

“လယ်သမားတွေကို လယ်ပြန်ပေးမယ်။ မြေပိုင်ရှင်ကို
စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် လျော်ကြေး
၂၀ ရာခိုင်နူန်းပေးမှာ ဖြစ်တယ်။ ဒါတွေကို ပြည်ထောင်စု
အစိုးရအဖွဲ့ကို တင်ပြသွားမယ်။
ပြီးတော့ ဘုရင့်နောင် ပွဲရုံတန်းရွှေ့ဖို့ကို နိုင်ငံတော်အစိုးရ၊
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ သိပြီးမှ လုပ်လို့ရမှာ
ဖြစ်တယ်။
သက်ဆိုင်ရာမွေးမြူရေးနဲ့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးစတဲ့
ဝန်ကြီးဌာနများကိုလည်း တင်ပြဖို့ တိုင်းဒေသကြီး အစိုးရ
အဖွဲ့က ဆောင်ရွက်နေတယ်” ဟု ၄င်းက ဆိုသည်။

ထို့အပြင် စီပွားရေးဖွံ့ဖြိုးစေရန် ရယ်ရွယ်ပြီး ဝါးတရာမှ
လှိုင်သာယာဘက်သို့ ဆက်သွယ်ကူးသန်း သွားလာနိုင်
မည့် မြစ်ကူးတံတားတစင်း ထပ်မံဆောက်လုပ်ရန်
အစီအစဉ်ရှိကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက
ဆက်ပြောသည်။

ဘုရင့်နောင်ကုန်စည်ဒိုင် ရွှေ့ပြောင်းမည့် အစီအစဉ်နှင့်
ပတ်သက်ပြီးဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဌသို့ ဧရာဝတီက
ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ထိုအစီအစဉ်ကို
သိရှိရခြင်း မရှိသေးကြောင်း ပြန်လည်ပြောဆိုသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ငါးပိငါးခြောက်ပွဲရုံများ၊
ဆန်ပွဲရုံများ၊ ပဲပွဲရုံများ၊ ဆီ၊ ဆား၊ ကြက်သွန်နှင့်
စားသောက်ကုန်ခြောက် အရောင်းဆိုင်များကို အဓိက
ရောင်းချလျက်ရှိသည်။

ဘုရင်နောင်ကုန်စည်ဒိုင် ရွှေ့ပြောင်းမည့် အစီအစဉ်နှင့်
ပတ်သက်ပြီး ဝါးတရာ ဒေသခံဖြစ်သူ
လယ်သမားဦးမင်းမင်းက
“ ဝါးတရာစက်မှုဇုန်အတွက် သိမ်းခံရတော့ လယ်ယာမြေ
လျော်ကြေး ၁ ဧကကို ကျပ်သိန်းသုံးရာနဲ့ လေးရာလောက်
ပျမ်းမျှ ရကြတယ်။ အခုကုန်စည်ဒိုင် ပြောင်းမယ်ဆိုရင်တော့
ဘယ်လိုလုပ်ပေးမလဲမသိဘူး။ လျော်ကြေးထက်
လယ်အစား ပြန်ပေးမယ်ဆိုရင် ပိုကောင်းတယ်’’ ဟု
ပြောသည်။

ယခုအစိုးရသစ် လက်ထက်အတွင်း အကောင်ထည်ဖော်
ဆောင်ရွက်မည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
တွင် မြို့တွင်းမြို့ပတ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းများ၊
တောင်ပိုင်းခရိုင် စီမံကိန်းများအပြင် ဝါးတရာတံတား
စီမံကိန်းလည်း တခုအပါအဝင်ဖြစ်ကြောင်း သိရသည်။

(မျိုးပပစန်း)

*****

၂။ "ပွဲရုံတန်း မပြောင်းရွှေ့ရေး ဘုရင့်နောင် ကုန်စည်ဒိုင်
ဥက္ကဋ္ဌ အာမခံ"

ဘုရင့်နောင်ပွဲရုံများ မပြောင်းရွှေ့ရေး အာမခံပြီး လိုအပ်ပါက
တပ်မတော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ
တင်ပြမည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌဦးခင်ဟန်က
မေလ ၂၇ ရက်တွင် ပွဲရုံပိုင်ရှင်များနှင့် တွေ့ဆုံစဉ်
ပြောကြားခဲ့သည်။

ဘုရင့်နောင် ကုန်စည်ဒိုင်သည် စီးပွားရေးအရ အချက်အချာ
ကျသည့်နေရာတွင် တည်ရှိ၍ ကုန်ဈေးနှုန်း အတက်အကျကို
ပင် ပြုလုပ်နိုင်ခြေရှိသည့် နေရာတစ်ခု ဖြစ်ကာ ဘုရင့်နောင်
ပွဲရုံမှ ပိုင်ရှင်များသည် နှစ်စဉ်နိုင်ငံတော်သို့ အခွန်
ကျပ်သိန်း ၂၄,၀၀၀ ခန့် ပေးဆောင်နေသည်ဟု
ဦးခင်ဟန် က ပြောသည်။

ထို့အပြင် ဘုရင့်နောင်ပွဲရုံ မြေအတွက် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီထံ မြေဖိုးပေးသွင်း၍
အဆောက်အအုံဆောက်လုပ်ခြင်း၊ လမ်းများ ပြုပြင်ခြင်း၊
လျှပ်စစ်မီးတိုင်များ ပြောင်းလဲခြင်း၊ မီးသတ်ဌာနသီးသန့်
ထားရှိခြင်း၊ အမှိုက်၊ သန့်ရှင်း ရေးတို့ကို ကိုယ်ထူကိုယ်ထ
ဆောင်ရွက်ရသည်ဟု ဆိုသည်။

‘‘တခြားဈေးတွေလို မဟုတ် ဘူး။ ကိုယ့်ကွင်း ကိုယ်ပဲ
ထိန်းခဲ့ရတာ။ ဒီဟာတွေကြောင့် လုံးဝ စိတ်ပူစရာမလိုဘူး’’
ဟု ဦးခင်ဟန်က ပြောသည်။

ဘုရင့်နောင်ပွဲရုံတန်းအတွင်းအချိန်ကြာမြင့်စွာ ယာဉ်ပိတ်ဆို့
မှုများရှိခဲ့ခြင်းကြောင့် ကားကြီးဝင်းကို ရွှေ့ပြောင်းရန် စီစဉ်
ပြီး အစိုးရထံမှ မြေနေရာတောင်းယူခဲ့ခြင်းဖြစ်သည်။
ကားဝင်းအတွက် မြေတောင်းယူမှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ်
က ဘုရင့်နောင် ပွဲရုံတန်း ပါဝင်သည်ဟု ထင်မှတ်၍
ပြောင်းရွှေ့ရမည်ဟု ပြောကြားခြင်း ဖြစ်နိုင်သည်ဟု
၎င်းက ပြောသည်။

ဘုရင့်နောင်ပွဲရုံတန်းတွင် ပွဲရုံစုစုပေါင်း တစ်ထောင်ကျော်
ရှိ၍ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ကားဂိတ် ၃၀၀ ကျော်
ရှိသည်။

ဘုရင့်နောင်ပွဲရုံတန်း မြေနေရာသည် တပ်မတော်ပိုင်ဖြစ်၍
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နှစ် ၃၀
ငှားရမ်းကာ ပွဲရုံပိုင်ရှင်များအား ၂၅ နှစ် ဂရန်ဖြင့် ပြန်လည်
ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။

လာမည့် ၂၀၂၁ တွင် တပ်မတော်ထံမှ စည်ပင်သာယာရေး
ကော်မတီက ဘုရင့်နောင်ကုန်စည်ဒိုင်မြေအတွက် ငှားရမ်း
ထားမှု အချိန်နှစ် (၃၀) ပြည့်မည်ဖြစ်သည်။

လက်ရှိဘုရင့်နောင်ဈေးနှင့် ကုန်စည်ဒိုင် ဖွင့်လှစ်ထားသည့်
နေရာသည် တပ်မတော်ပိုင်မြေ နေရာဖြစ်နေခြင်း၊
ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ် နေခြင်း
တို့ကြောင့် ၀ါးတရာသို့ ပြောင်းရွှေ့မည်ဟု ရန်ကုန်တိုင်း
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မေ လ ၂၀ ရက်တွင် မြန်မာနိုင်ငံ
ကုန်သည်စက်မှု အသင်းချုပ်ရုံး၌ ပြုလုပ်သော
ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌
ပြောကြားခဲ့သည်။

ရွှေပြည်သာမြို့နယ် ၀ါးတ ရာရှိ  မြေ ၁၉၇ ဧကကျော်တွင်
လက်ရှိဘုရင့်နောင်ကားကြီးဝင်း နှင့် ကားဂိတ်များသာ
ပြောင်းရွှေ့မည်ဖြစ်သည်။

‘‘ဘုရင့်နောင်ပွဲရုံကို စတင် တည်ဆောက်စဉ်က ကားလမ်း
တွေကို ၁၆ ပေ အရှည်ရှိတဲ့ ခြောက်ဘီးတို့၊ ဆယ်ဘီးကား
တွေ အတွက်ပဲ ရည်ရွယ်ပြီး လုပ်ခဲ့တယ်။ အခုကျတော့
ကားတွေက ပေ ၄၀ အရှည်တွဲကားတွေဆိုတော့  လမ်းက
ပိတ်ရောပဲ’’ ဟု မဏ္ဍိုင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်
ဦးလှဦးက ပြောသည်။

ဘုရင့်နောင်ပွဲရုံတန်းရှိ နှစ်ခန်းတွဲ ပွဲရုံတစ်လုံး၏ တန်ဖိုး
သည် ကျပ်သိန်း ၇,၀၀၀ မှ ၈,၀၀၀ အကြား ရှိနေခြင်း၊
ပြောင်းရွှေ့ရာတွင် နေရာအသစ်၌  လုပ်ငန်း အထိုင်ကျရန်
အချိန်လေး ငါးနှစ်ယူရခြင်းကြောင့် ငွေကြေးဆုံးရှုံးမှုများ
ရှိနိုင်ခြင်း၊ အလုပ်သမားများ၏ သွားလာရေးခက်ခဲခြင်း
စသည်တို့ကြောင့် ပွဲရုံပိုင်ရှင်များက ၀ါးတရာသို့
ရွှေ့ပြောင်းရန် စိုးရိမ်နေကြသည်။

‘‘ပြောင်းရွှေ့မယ်ဆိုရင်  စီး ပွားရေးအတွက်တော့ အခက်
အခဲ ရှိလာမှာပဲ’’ ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်
အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်ကို ၀ါးတရာသို့ ပြောင်းရွှေ့မည်
ဆိုပါက လက်ရှိနေရာထက် တစ်နာ ရီကျော် ပိုမိုသွားရောက်
ရမည်ဖြစ်၍ ကုန်ပစ္စည်းများပို့ဆောင်ရေးတွင် အပိုကုန်ကျ
စရိတ်များရှိလာကာ ဘုရင့်နောင် ကုန်စည်ဒိုင်၌ လုပ်ကိုင်
နေသည့် အလုပ်သမားများအတွက် အခက်အခဲများဖြစ်လာ
နိုင်သည်ဟု ဆန်ကုန်သည် ဦးနေလင်းဇင်က ပြောသည်။

(ပြည်သိမ်း)

credit - Irrawaddy Publishing Group & 7day Daily

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment