“ရန်ကုန် အိမ်ငှားရမ်းခွင့်လိုင်စင်နှင့် အိမ်အငှားဈေးကွက်”
၁။ "ရန်ကုန်မြို့တွင် အငှားအိမ် ငှားပိုင်ခွင့်လုပ်ငန်းလိုင်စင်
သီးခြားလျှောက်ရန် မလိုဟု ဆို"
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း
အိမ်ငှားရမ်းသည့် အိမ်ပိုင်ရှင်များ အနေနှင့် အငှားအိမ်
ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် သီးခြားလျှောက်ရန် မလိုအပ်
ကြောင်း ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးဗဟို
ကော်မတီ (YCDC)၊ စီမံရေးရာဌာနမှ ဒုတိယ ဌာနမှူး
ဦးညီညီဦးက The Voice သို့ ပြောကြားသည်။
မန္တလေးမြို့တွင် အိမ်ငှားမည့် အိမ်ပိုင်ရှင်များသည်
ယခုဘဏ္ဍာနှစ်မှ စတင်ကာ အငှားအိမ် ငှားပိုင်ခွင့်လုပ်ငန်း
လိုင်စင်လျှောက်ရမည် ဖြစ်သော်လည်း ရန်ကုန်မြို့တွင်မူ
သီးခြားအိမ်ငှားလိုင်စင် ထုတ်ပေးခြင်း မရှိသည့်အပြင်
လိုင်စင်ရှိမှ အိမ်ငှားနိုင်မည် ဟူသော သတ်မှတ်ချက်ဥပဒေ
မရှိကြောင်းလည်း ၎င်းက ဆိုသည်။
“အိမ်ငှားလိုင်စင်က တို့မှာမရှိဘူး။ ရှိစရာမလိုဘူး။
အိမ်ငှားတယ်ဆိုရင် ရာပြတ်ခွန်တွေ ရှိတယ်။
ငှားရမ်းခကို ရာပြတ်ခွန်ဆိုတာ ရှိတယ်။ အဲ့ဒါတွေကို
စည်းကြပ်တာ ရာပြတ်ဌာနက လုပ်နေတယ်။ တို့က
သီးခြားအိမ်ငှားကို လိုင်စင်ပေးတာမျိုး၊ လိုင်စင်ရှိမှ
အိမ်ငှားလို့ရမယ် ဆိုတာ တို့ဥပဒေမှာ မရှိဘူး” ဟု
၎င်းက ထပ်မံပြောဆိုသည်။
မန္တလေးမြို့သည် မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီ ဥပဒေအရ ဆောင်ရွက်ပြီး ရန်ကုန်မြို့ကိုမူ
ရန်ကုန်မြို့တော် စည်ပင်သာရေး ဥပဒေအရ သီးခြားစီ
လုပ်ငန်းဆောင်ရွက်ခြင်း ဖြစ်ကာ အခကြေးငွေ ရယူ၍
ငှားရမ်းသော မြေနှင့် အဆောက်အအုံများ၊ အခန်းများကို
ပစ္စည်းခွန်များ စည်းကြပ်ကောက်ခံခြင်းကိုသာ
ဆောင်ရွက်သည်။
မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း
တည်းခိုခန်းလိုင်စင်၊ ဘော်ဒါဆောင်လိုင်စင်၊ ကိုယ်ပိုင်ဈေး
လိုင်စင်နှင့် ယာဉ်ဖြင့် လှည့်လည်ရောင်းချခွင့် လိုင်စင်များ
ကို စီမံရေးရာဌာနမှ ခွင့်ပြုပေးနေပြီး အိမ်ငှားလုပ်ငန်းများကို
သီးခြားလိုင်စင် ထုတ်ပေးခြင်း မရှိပေ။
ရန်ကုန်မြို့သည် ရွှေပြောင်းလုပ်သားများစွာ အခြေချ
လုပ်ငန်း လုပ်ကိုင်ကြသည့် မြို့တော်ဖြစ်ပြီး ကြီးမြင့်လှသည့်
အိမ်၊ ခြံ၊ မြေနှင့် တိုက်ခန်းဈေးနှုန်းများကြောင့် ကိုယ်ပိုင်
အိမ်ရာ ပိုင်ဆိုင်ခွင့်ထက် အိမ်ငှားရမ်း နေထိုင်နိုင်ရေးကိုသာ
အားထုတ်နေရသည်။
*****
၂။ "အိမ်ရာသစ်ဖော်ထုတ်မှု များပြားလာသော်လည်း
အိမ်အငှားဈေးကွက် ကောင်းနေဆဲဖြစ်"
မြို့သစ်များတွင် တန်ဖိုးနည်းအိမ်ရာ ဖော်ထုတ်ရောင်းချမှုများ
အစိုးရသစ်က လုပ်ဆောင်နေသော်လည်း အိမ်အငှားဈေးနှုန်း
များမှာ ယခုအချိန်ထိ ကျဆင်းခြင်းမရှိသေးကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။
''မြို့သစ်တွေနဲ့ ရန်ကုန်မြို့စွန် မြို့နယ်တွေမှာ အစိုးရက
တန်ဖိုးနည်းအိမ်ရာအလုံးရေသောင်းနဲ့ချီပြီး ရောင်းချပေးခဲ့ပေမဲ့
မြို့တွင်းမြို့နယ်တွေမှာ အိမ်အငှားဈေးကွက်ကို ဘာမှ အကျိုး
သက်ရောက်မှုမရှိသေးပါဘူး။ အိမ်ရာသစ်ဖော်ထုတ်မှုတွေ
များနေပေမဲ့လည်း မြို့နယ်တိုင်းမှာ အိမ်အငှားဈေးနှုန်းတွေက
အရင်ကထက် ဈေးကျတာမျိုးမရှိဘဲအတက်ဘက်ကိုသာ
ဦးတည်နေဆဲ ဖြစ်ပါတယ်''ဟု သစ္စာ အိမ်ခြံမြေအကျိုးဆောင်
မန်နေဂျင်း ဒါရိုက်တာ ဒေါ်သူဇာမေက ပြောသည်။
စည်ပင်နယ်နိမိတ်မြို့နယ်များတွင် အိမ်နှင့် ရုံးခန်းအငှား
ဈေးကွက်မှာ ကောင်းမွန်လျက်ရှိပြီးဈေးနှုန်းများမှာလည်း
အမြင့်ပိုင်းတွင်သာ ဦးတည်လျက်ရှိကြောင်း
၎င်းက ပြောသည်။
ရုံးခန်းများမှာ အဖွင့်များနေဆဲဖြစ်ပြီး မြို့ထဲဧရိယာများထက်
မြို့ထဲဧရိယာ မြို့နယ်များနှင့်နီးစပ်သော မြို့နယ်များတွင်
အငှားဈေးကွက် ပိုမိုကောင်းမွန်နေကြောင်း
၎င်းက ပြောသည်။
''အိမ်အငှားဈေးကွက်က ရုံးခန်းတွေ အဖွင့်များတဲ့ မြို့ထဲ
ခြောက်မြို့နယ်မှာပဲ ဈေးကွက်ကောင်းမွန်ဆဲ မဟုတ်ပါဘူး။
မြေဈေးအရမ်းကြီးမြင့်ပြီးဖြစ်တဲ့ မြို့ထဲဧရိယာထက်
မြို့ထဲဧရိယာနဲ့ နီးစပ်တဲ့မြို့နယ်တွေဖြစ်တဲ့ မြို့တည်နှစ်ကြာ
နေပြီး စည်ပင်နေတဲ့ ရန်ကင်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊
သင်္ဃန်းကျွန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တွေလို မြို့နယ်တွေ
မှာလည်း အိမ်အငှားဈေးကွက် ကောင်းမွန်နေပါတယ်။
ငှားရမ်းလိုသူတွေ များပြားပြီး အဲဒီမြို့နယ်တွေမှာ ငှားရမ်းခ
တွေက အမြင့်ပိုင်း ရှိနေဆဲပါပဲ''ဟု ၄င်းက ပြောသည်။
ယခုလပိုင်းအတွင်း မြို့တွင်းဧရိယာနှင့် နီးစပ်သော ဗဟန်း၊
ကြည့်မြင်တိုင်၊ အလုံ၊ ရန်ကင်း၊စမ်းချောင်းမြို့နယ်များရှိ
အိမ်များမှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ပြီး ငှားရမ်းမှုများလည်း
ပိုမိုများပြားလျက်ရှိကြောင်း ဒေါ်သူဇာမေက ပြောသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေအငှားဈေးကွက်သည် အရောင်း
ဈေးကွက်ထက်ပိုမိုကောင်းမွန်လည်ပတ်နေပြီး လက်ရှိ
အချိန်တွင် ရန်ကုန်မြို့လယ်ကောင်အပြင်ဘက်မြို့နယ်များ၏
အငှားဈေးကွက်မှာ ငှားရမ်းမှုများလျက်ရှိကြောင်း အိမ်ခြံမြေ
ရောင်းဝယ်ငှား ရှာဖွေနိုင်သည့် ဝက်ဘ်ဆိုက်ဖြစ်သော
House com mm က သတင်းထုတ်ပြန်ထားသည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမို
ဖွံ့ဖြိုးလာခြင်းနှင့် အစိုးရသစ်ကလည်း ရန်ကုန်မြို့စွန်ရှိ
မြို့သစ်များကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့်
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ဆောင်ရွက်လာ
သည့်အတွက် မြို့လယ်မြို့နယ်များဖြစ်သော ရန်ကင်း၊
တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း စသော မြို့နယ်များအပြင်
မြို့ပြင်မြို့နယ်များဖြစ်သော ဒဂုံလေးမြို့နယ်က အဓိက
လမ်းမတန်းများရှိ အဆောက်အအုံငှားရမ်းမှုဈေးကွက်
လည်း ကောင်းမွန်နေဆဲဖြစ်ကြောင်း ရှိုင်းအိမ်ခြံမြေ
အကျိုးဆောင်က ဦးအောင်သူက ပြောသည်။
''အစိုးရက တန်ဖိုးနည်းအိမ်ရာသစ်တွေ ဆောက်လုပ်
ရောင်းချပေးနေပေမဲ့ မြို့ထဲဧရိယာတွေသာမက
တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနဲ့ သန်လျင်မြို့နယ်တွေမှာ
လည်း အိမ်အငှားဈေးကွက်ကကောင်းမွန်နေဆဲပါပဲ။
မြို့သစ်တွေက အကောင်အထည်ဖော်တာ အခုမှ အစပိုင်း
လောက်ပဲရှိသေးပြီးအလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး
အဆောက်အအုံတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ
ကလည်း အရမ်းမကောင်းမွန်သေးလို့ နေထိုင်သူတွေက
မြို့လယ်နဲ့နီးတဲ့၊ အလုပ်အကိုင်အခွင့်အလမ်း
ကောင်းမွန်တဲ့ မြို့နယ်တွေမှာပဲ နေထိုင်လိုကြပါတယ်''ဟု
၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသော
နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှု ပါဝင်သော
တန်ဖိုးမြင့် အငှားအိမ်ရာအခန်းပေါင်း ၁,ဝဝဝ ကျော်ကို
ပြီးခဲ့သောနှစ်အတွင်းအကောင်အထည်ဖော်ခဲ့ပြီး ယခုနှစ်
ထဲတွင်လည်း နေ့စဉ် သန့်ရှင်းရေးနှင့် အခြားလိုအပ်သော
ဝန်ဆောင်မှုများ ပါဝင်မည့် အငှားအိမ်ရာများဖြစ်သော
ဒေဝူးအမရအိမ်ရာ၊ ဂျန်းရှင်းစီးတီးအိမ်ရာနှင့်
ကန်သာယာအိမ်ရာများ တည်ဆောက်ပြီးစီးမည်
ဖြစ်သည်။
(တင်ရတနာထွန်း)
credit - The Voice & The Myanmar Times
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater
No comments:
Post a Comment