Sunday, June 11, 2017

“အဆောက်အအုံဆိုင်ရာ အခွန်အခများ တိုးမြှင့် ကောက်ခံမည့် မြို့တော်စည်ပင် သတင်းများ”

“အဆောက်အအုံဆိုင်ရာ အခွန်အခများ တိုးမြှင့်
ကောက်ခံမည့် မြို့တော်စည်ပင် သတင်းများ”


၁။ "အဆောက်အအုံ ဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခ၊
အာမခံစပေါ်ငွေ၊ ကြိုတင်ဆောက်ဒဏ်ကြေး နှုန်းထားများ
ပြောင်းလဲ"

ရန်ကုန်မြို့အတွင်းရှိ အဆောက်အအုံ ဆောက်လုပ်ခွင့် ပုံစံ
စစ်ဆေးခ၊ အာမခံစပေါ်ငွေ၊ ကြိုတင်ဆောက် ဒဏ်ကြေး
နှုန်းထားများအား ပြောင်းလဲကောက်ခံနေကြောင်း ရန်ကုန်
မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ဒဏ်ကြေးနှုန်းထားများအား ဇွန် ၁ ရက်မှ စ၍
ပြောင်းလဲ ကောက်ခံနေပြီး

ပုံစံစစ်ဆေးခအတွက်
- မိသားစုနေအိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၅ဝ၊
- စီးပွားရေးသုံး အဆောက်အအုံ တစ်စတုရန်းပေလျှင်
ငွေကျပ် ၇၅ ၊
- အုတ်ညှပ်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၃ဝ ၊
- ပျဉ်ထောင်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၂ဝ ၊
- ခြံစည်းရိုးတစ်ပေလျှင် ငွေကျပ် ၁ဝဝ၊
- အကြီးစားပြင်ဆင်ခွင့် တစ်စတုရန်းပေလျှင် ငွေကျပ် ၅ဝ နှုန်း
ဖြစ်‌ကြောင်း၊

ကြိုတင်ဆောက် ဒဏ်ကြေးငွေအတွက်
- မိသားစုနေအိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၅ဝဝ၊
- စီးပွားရေးသုံး အဆောက် အအုံ တစ်စတုရန်းပေလျှင်
ငွေကျပ် ၂၅ဝဝ ၊
- ခြံစည်းရိုးတစ်ပေလျှင် ငွေကျပ် ၃၆ဝ နှင့်
- ကျော်လွန်ဆောက်လုပ်သည့် ဒဏ်ကြေး တစ်စတုရန်းပေ
လျှင် ငွေကျပ် ၁၅ဝဝဝ ကောက်ခံမည်ဖြစ်သည်။

အဆောက်အအုံဖျက် ဒဏ်ကြေး အနေဖြင့်
- တိုက်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၂၅ ၊
- အုတ်ညှပ်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၂ဝ ၊
- ပျဉ်ထောင်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၁၅ ကျပ်
ပြောင်းလဲ ကောက်ခံမည်ဖြစ်ပြီး

အဆောက်အအုံ ကြိုတင်ဖျက်သိမ်း ဒဏ်ကြေး
- တိုက်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၆ဝ၊
- ပျဉ်ထောင်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၃ဝ၊
- အုတ်ညှပ်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၅ဝ ဖြင့်
ပြောင်းလဲ ကောက်ခံမည် ဖြစ်သည်။

လူနေထိုင်ခွင့် (BCC) အမည်ပြောင်းခ အနေဖြင့်
- မိတ္တူမှန်ကူးယူခ ခွင့်ပြုမိန့်တစ်ရွက်လျှင် ငွေကျပ် ၂၄ဝဝ ၊
- ခွင့်ပြုပုံစံ တစ်ရွက် လျှင် ငွေကျပ် ၁၂ဝဝ ပြောင်းလဲ
ကောက်ခံမည်ဖြစ်ပြီး

အမြင့်‌ပေပို ဒဏ်ကြေး
- မိသားစု နေအိမ်တစ်ပေလျှင် ငွေကျပ် ၁၂ဝဝဝဝ၊
- စီးပွားဖြစ် အဆောက်အအုံ တစ်ပေလျှင် ငွေကျပ်
၂၄ဝဝဝဝ ကောက်ခံသွားမည်ဖြစ်သည်။

အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက်
အာမခံကြေးကို
- သုံးထပ်ခွဲနှင့် အထက် အဆောက်အအုံတစ်လုံးလျှင်
ငွေကျပ် သိန်း ၅ဝ၊
- သုံးထပ်အောက်တစ်လုံးလျှင် ငွေကျပ် သိန်း ၃ဝ ဖြင့်
ပြောင်းလဲကောက်ခံမည်ဖြစ်‌ကြောင်း ပြန်ကြားရေးဝန်ကြီး
ဌာန က ထုတ်ပြန်သော သတင်းအရ သိရသည်။

*****

၂။ "အဆောက်အအုံဆိုင်ရာ အခွန်အခများ ပြင်ဆင်
ကောက်ခံမည်"

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လက်ရှိ
ကောက်ခံလျက်ရှိသည့် အင်ဂျင်နီယာဌာန၊ အဆောက်အအုံ
ဆိုင်ရာ အခွန်အခများကို ယခုလမှစတင်ကာ ပြင်ဆင်
ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)
ထံမှ သိရသည်။

“အဆောက်အအုံ ဆောက်လုပ်ခွင့်ရဲ့ ပုံစံစစ်ဆေးခနဲ့ ကြိုတင်
ဆောက် ဒဏ်ကြေးငွေနှုန်းထားတွေကို ဇွန်လကစပြီး
ပြင်ဆင်ကောက်ခံ သွားမှာပါ။
အဆောက်အအုံဆိုင်ရာ အခွန်အခတွေက အရင်ကထက်
ထက်ဝက်နီးပါးလောက် မြင့်လာပါတယ်”ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန
(အဆောက်အအုံ) မှ အကြီးတန်းအရာရှိတစ်ဦးက
ဆိုသည်။

ပုံစံစစ်ဆေးခအနေနှင့်
- တိုက်အိမ်များအနေနှင့် မိသားစုနေအိမ်
တစ်စတုရန်း ပေလျှင် ၅၀ ကျပ်၊
- စီးပွားရေးသုံး အဆောက်အအုံ(ကန်ထရိုက်တိုက်)
တစ်စတုရန်း ပေလျှင် ၇၅ ကျပ်၊
- အုတ်ညှပ်တိုက် တစ် စတုရန်းပေလျှင် ၃၀ ကျပ်၊
- ပျဉ်ထောင် တစ်စတုရန်းပေလျှင် ၂၀ ကျပ်၊
- ခြံစည်းရိုး အလျားတစ်ပေလျှင် ၁၀ဝ ကျပ်နှင့်
- အကြီးစား ပြင်ဆင်ခွင့် တစ်စတုရန်း ပေလျှင် ၅၀ ကျပ်
ပြင်ဆင် ကောက်ခံမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန
(အဆောက်အအုံ) ထံမှ သိရသည်။

ကြိုတင်ဆောက်ဒဏ်ကြေးအဖြစ်
- မိသားစုနေအိမ် တစ်စတုရန်းပေလျှင် ၅၀ဝ ကျပ်၊
- စီးပွားရေးသုံး အဆောက်အအုံ (ကန်ထရိုက်တိုက်)
တစ်စတုရန်းပေလျှင် ၂၅၀ဝ ကျပ်၊
- ခြံစည်းရိုး အလျား တစ်ပေလျှင် ၃၆၀ ကျပ်နှင့်
- ကျော်လွန်ဆောက်သည့် ဒဏ်ကြေး တစ်စတုရန်းပေလျှင်
၁၅၀ဝ၀ ကျပ် ပြင်ဆင်ကောက်ခံမည်ဖြစ်ကြောင်း
အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

“အဆောက်အအုံ ဆောက်လုပ်ခွင့် ပုံစံစစ်ဆေးခတွေ
ပိုများလေ လုပ်ပိုင်ခွင့်ရှိတဲ့သူက အဲဒီငွေပမာဏတွေအပေါ်
ပိုတောင်းတာတွေ ရှိလာနိုင်တယ်။
စစ်ဆေးခတွေ လျှော့မှ ပြည်သူတွေ အဆင်ပြေမယ်။
စည်ပင်အနေနဲ့ ပြည်သူ့လိုအပ်ချက်ကို ကြည့်ပြီး ဖြည့်ဆည်း
ပေးဖို့ လိုပါတယ်”ဟု ဝေယံထွန်းလင်း ဆောက်လုပ်ရေး
လုပ်ငန်းမှ လုပ်ငန်းရှင် ဦးထွန်းထွန်းလင်းက ဆိုသည်။

ထို့ပြင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်း
အတွက် အာမခံကြေးအဖြစ်
- သုံးထပ်ခွဲနှင့်အထက် အဆောက်အအုံ တစ်လုံးကို
ကျပ်သိန်း ၅၀၊
- သုံးထပ် တိုက်အဆောက်အအုံတစ်လုံးကို ကျပ်သိန်း
၃၀ ပြောင်းလဲကောက်ခံမည် ဖြစ်သည်။

*****

၃။ "လူနေထိုင်ခွင့် ပါမစ် တစ်ပတ်ကို အလုံး ၇၀ ကျော်
ချပေးနေ"

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တစ်ပတ်ကို
လူနေထိုင်ခွင့် ပါမစ် (BCC) အဆောက်အအုံပြီးစီးကြောင်း
ထောက်ခံချက်တွေ တစ်ပတ်ကို အဆောက်အအုံ အလုံး ၇၀
ကျော်ခန့်ပါမစ်ချ ပေးနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)
က သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ
ဌာန (အဆောက်အအုံ) တာဝန်ရှိသူတစ်ဦးက
BCC (အဆောက်အအုံပြီးစီးကြောင်းလက်မှတ်) YESC က
လျှပ်စစ်မီတာ တပ်ဆင်ပေးလို့ BCC လာလျှောက်ကြတယ်၊
BCC ကျမှ မီတာတပ်ဆင်ခွင့်ရှိလို့ BCC တင်လာကြတာ
အရင်ကဆို BCC မတင်ဘဲ အမြတ်ခွန်ရှောင်တာတို့၊
လူဝင်နေထိုင်တာတွေရှိတဲ့ အတွက် အခက်အခဲတွေရှိခဲ့
တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က BCC (အဆောက်အအုံပြီးစီး
ကြောင်း လက်မှတ်) လာရောက်လျှောက်ထားသူ တစ်ပတ်ကို
အလုံးရေ ၁၀ လုံးခန့်သာ လာရောက်လျှောက်ထားပြီး
သည်အစိုးရသစ်လက်ထက်မှာ BCC (အဆောက်အအုံပြီးစီး
ကြောင်းလက်မှတ်) လာရောက် လျှောက်ထားသူမှာ
နိုဝင်ဘာလမှ စတင်ကာ တစ်ပတ်ကို အလုံးရေ ၇၀ ကျော်
ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
အင်ဂျင်နီယာဌာန (အဆောက်အအုံ) က သိရပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အဆောက်အအုံတွေကို
ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံလက်မှတ် BCC
လာရောက်လျှောက်ထားတဲ့ အဆောက်အအုံ ၇၀ဝ ကျော်
ရှိတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊
အင်ဂျင်နီယာဌာန (အဆောက်အအုံ)ထံမှ သိရပါတယ်။

(ပို့ပို့မြင့်မွန်)

credit - Xinhua Myanmar / The Voice
& Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/1183546585087612/?type=3&theater

No comments:

Post a Comment