Saturday, August 6, 2016

“လက်ရှိ အိမ်ခြံမြေဈေးကွက် အခြေအနေနှင့် အနာဂတ်အတွက် မှန်းဆမျှော်လင့်ချက်များ”

“လက်ရှိ အိမ်ခြံမြေဈေးကွက် အခြေအနေနှင့် အနာဂတ်အတွက်
မှန်းဆမျှော်လင့်ချက်များ”


၁။ "အိမ်ခြံမြေဈေးကွက် အရောင်းခက် အဝယ်ခက် ဖြစ်နေ"

လက်ရှိမှာ အိမ်ခြံမြေတွေကို ဈေးလျှော့ရောင်းနေကြတဲ့သူတွေက
တခြားလုပ်ငန်း ပြောင်းလုပ်သူတွေနဲ့ ငွေမလည်နိုင်သူတွေများပြီး  
အိမ်ခြံမြေဈေးကွက်က အရောင်းခက်၊အဝယ်ခက်ကာလဖြစ်နေ
တယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။

ဝသုန်အကျိုးဆောင် ဦးမောင်ဝင်းက
'‘ဈေးကျတာမဟုတ်ဘူး၊ ဈေးလျှော့ရောင်းကြတာပါ၊
ဒီကာလကိုပြောရရင် အရောင်းခက် အဝယ်ခက် ကာလတွေပဲ၊
ငွေနိုင်တဲ့သူတွေ ဝယ်ရောင်းပဲလုပ်နေတဲ့သူတွေကတော့
ရောင်းတာနည်းတယ်၊ ငွေမလည်တဲ့သူတွေ လုပ်ငန်းပြောင်းပြီး
ရင်းနှီးချင်တဲ့ သူတွေပဲ ဈေးလျှော့ရောင်းနေကြတာ၊  
တကယ်တမ်းတော့ ဈေးမကျပါဘူး”လို့  
ဈေးကွက်မှာဖြစ်နေတာကို ရှင်းပြပါတယ်။

အရောင်းခက်တယ်ဆိုတာက အရင်က ကျပ် သိန်း ၃၀ဝတန်ကို
သိန်း ၂၈၀   လောက် နဲ့ ရောင်းမယ်ပြောရင်ဝယ်သူရှိတယ်။  
အခုက ကျပ်သိန်း ၂၀ဝ လောက်နဲ့ ရောင်းမယ်ဆိုတာတောင်
အဝယ်မရှိတော့တာမျိုး ဖြစ်တယ်လို့ပြောပါတယ်။

ရောင်းနေကြတဲ့သူတွေက ဝယ်ရောင်းသမားကြီးတွေထက်
ဝယ်ရောင်းသမားလေးတွေနဲ့ ခုချိန်ရောင်းတာတောင် မြတ်နေတဲ့
သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဝယ်ကြတဲ့သူတွေကတော့
ငွေတတ်နိုင်တဲ့ အိမ်ခြံမြေ အရောင်းအဝယ် ကျွမ်းကျင်သူတွေ  
ဈေးကောက် နေတာဖြစ်တယ်လို့  သိရပါတယ်။

အိမ်ခြံမြေဈေးနဲ့ပတ်သက်လို့ အများစုက ဈေးကွက်ပူဖောင်း
ပေါက်တော့ မလား ဆိုတဲ့အတွေးတွေနဲ့   အမေးတွေရှိနေ
ပါတယ်။ တချို့ကတော့ ဈေးကွက်ပျက်နေတယ်။
ဈေးကွက် ပြန်ကောင်းလာရင်တောင် ပုံမှန်ဈေးတန်းနဲ့
ဈေးကွက်ပဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြတာရှိတယ်။

တချို့ကတော့ ဈေးကွက်ပြန်ကောင်းလာတော့မှာ
ပူဖောင်းပေါက်မယ့် အခြေအနေမျိုး ဖြစ်လာနိုင်စရာမရှိဘူးလို့
ပြောကြတာတွေလည်းရှိပါတယ်။ မြန်မာ့အိမ်ခြံမြေဈေးက
လက်ရှိအချိန်ကာလ အထိ အမြင့်ရောက်နေတာကြောင့်ပဲ  
ဖြစ်ပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦး ကြည်လင်းက
"အရှုံးခံပြီးရောင်းရ လောက်အောင် ဈေးကမကျပါဘူး၊  
အရမ်းရောင်းချင်သူတွေ ဈေးလျှော့ရောင်းနေလို့သာ ဈေးကျ
နေတာ၊ မြို့ထဲပိုင်းတွေ ပိုဆိုးတယ်၊ဈေးလျှော့ရောင်းမလား
မေးကြည့် ဗိုက်နာနေတဲ့သူတွေ လောက်သာ ရောင်းမှာ၊  
ဘယ်သူမှ ဈေးလျှော့ မရောင်းဘူး၊ဈေးကွက် အခုဖြစ်နေသလို
ဟိုအရင်တွေကလဲ ဖြစ်ခဲ့ဖူးတာပဲ၊ ပြီးရင်ဈေးကွက်က ပြန်ပြီး
လည်ပတ်လာတာ အတွေ့အကြုံ ရှိသူတိုင်း သိပါတယ်” လို့  
ပြောပါ တယ်။

အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူတွေနဲ့  လုပ်ငန်းအတွေ့အကြုံ
ရှိသူတွေ တိုင်းကတော့ဈေးကွက်ထဲမှာ မလိုအပ်ဘဲ ဈေးချပြီး
အရှုံးခံရောင်းနေစရာမလိုဘဲ အချိန်ကာလ တစ်ခုအထိ
စောင့်ဆိုင်းနိုင်ရင် ဈေးကွက် ပြန်ကောင်းလာမှာပဲလို့  
ပြောပါတယ်။တချို့ကလည်း အိမ်ခြံမြေ ဈေးကွက်ကို  
လက်ရှိအခြေအနေအရ အခွန်နဲ့ ထိန်းချုပ်မယ့်
အလားအလာရှိတယ်လို့  ခန့်မှန်းကြပါတယ်။

ဝါရင့်အကျိုးဆောင်ဦးကျော်စွာက
"အိမ်ခြံမြေက ဈေးကွက် အေးနေတဲ့ကာလမှာတောင်
ဣနြေ္ဒရနေဆဲပါပဲ၊ဈေးကွက် ပြန်ကောင်းလာဖို့ဆို တစ်နှစ်
လောက်ဆိုသိသာလာမှာပါ" လို့ ပြောပါ တယ်။

ဈေးကွက်ပြန်လည်ပတ်နိုင်မယ့် အကြောင်းတွေကတော့
ရပ်တန့်နေသေးတဲ့ စီမံကိန်းတွေ ပရောဂျက်တွေနဲ့  
ဝင်ရောက်လာဖို့ ရှိတဲ့နိုင်ငံခြားလုပ်ငန်းတွေ၊ နိုင်ငံတကာက
ဝင်ရောက်လာမှာတွေ ရှိနေတာကြောင့် အိမ်ခြံမြေဈေးကွက်က
ပြန်လည်ပတ်လာမှာလို့  အကျိုးဆောင်တချို့ဆီက
သိရပါတယ်။

(အေးမွန်)

***

၂။ "အိမ်ခြံမြေဈေးကွက် ၂၀၁၇ ခုနှစ် ဈေးကွက်
ပြန်လည်ပတ်နိုင်မည်ခန့်မှန်း"

လက်ရှိ ၂၀၁၆ ခုနှစ် အိမ်ခြံမြေဈေးကွက်ကလည်း ပြီးခဲ့တဲ့
၂၀၁၅ ခုနှစ်ရဲ့ဈေးကွက်အတိုင်း ဈေးကွက်ပြန်ကောင်းလာမယ့်
အချိန်ကိုပဲ မျှော်လင့်နေရမှာဖြစ်ပြီး လာမယ့် ၂၀၁၇ ခုနှစ်
ဝန်းကျင်မှသာ ဈေးကွက်ပြောင်းလဲမှုတွေဖြစ်လာနိုင်မယ်လို့    
အကျိုးဆောင်တချို့က ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်က လက်ဆင့်ကမ်းရောင်းချနေတဲ့
မူမမှန်တဲ့ဈေးကစားမှုတွေကြောင့် ဈေးကွက်ပျက်ခဲ့တယ်။
ဝယ်လိုအားကလည်း ဈေးကွက်ထဲမှာရှိနေတဲ့ ရောင်လိုအား
ထက်   ၃၀ ရာခိုင်နှုန်း လောက်သာဈေးကွက်ဖြစ်နေတာလို့
ပြောပါတယ်။  

၂၀၁၅ ခုနှစ်ကလည်း ငြိမ်သက်နေခဲ့ပြီး ဈေးနှုန်းတွေက
တဖြည်းဖြည့်ကျဆင်းလာကာ ၂၀၁၆ ခုနှစ်မှာတော့အဝယ်ပါ
ပျောက်ပြီး ဈေးကွက်အေးနေတာ ဖြစ်တယ်လို့သိရပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က
"အခုဈေးကွက်ကို ပြောရမယ်ဆိုကြီးထွားဖို့အရှိန်လျော့သွားပြီး
တချို့အရွက်တွေကကြွေကျသွားသလိုပဲ ဈေးကမတက်တော့ဘဲ
ဈေးကွက် အရှိန်လျော့သွားပြီး ဈေးလျှော့ထုတ်ရောင်း
နေကြတာမျိုးပေါ့၊   ရောင်းလိုအား နဲ့  ဝယ်လိုအားမမျှတော့တဲ့
ဈေးကွက်ဖြစ်နေတာ"လို့ ပြောပါတယ်။

မြေယာမူဝါဒ၊ မြေကွက်စံနှုန်းထား၊ အခွန်နှုန်းထား၊
စက်မှုဇုန်နဲ့ပတ်သက်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ၊
ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့စည်းကမ်းချက်တွေ၊
ဥဒေတွေကို ထုတ်ပြန်တာ ဆွေးနွေးနေတာတွေရှိပါတယ်။  

အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် အေးနေတာက  
ဈေးကွက်တည်ငြိမ်မှုမရှိတာကြောင့်နဲ့ ယုံကြည်မှုပျောက်နေတာ
ကြောင့်လို့ ပြောပါတယ်။ အများစုက သည် ၂၀၁၆ မှာ ပြောင်းလဲ
လာမယ်လို့ မျှော်မှန်းထားကြပေမဲ့ အခုအထိဈေးကွက်က  
ထူးခြားမှုမရှိသေးတာကြောင့် လာမယ့် ၂၀၁၇ မှာတော့
ဈေးကွက် ပြန်လည်ပတ်နိုင်မှာလို့  ပြောကြတာဖြစ်တယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က
"အခုတော့ဆောက်လုပ်ရေးဈေးကွက်မှာတော့ တည်ငြိမ်လာ
မယ်ထင်တယ်၊ စည်းကမ်းတွေအတိုင်း လုပ်ဆောင်နေတော့
အစပိုင်းပဲ ရှိနေသေးပေမဲ့ပိုကောင်းတယ်၊ ယုံကြည်မှုတွေ
ပျောက်နေတာ ပြန်တည်ဆောက်လာနိုင်မယ်၊
မြေကွက်အရောင်းတွေလဲစောင့်ရဦးမှာဆိုပေမဲ့ ၂၀၁၇ လောက်
ဈေးကွက်က ပြန်လည်ပတ်နိုင်မှာပါ" လို့ ပြောပါတယ်။

လူနေထိုင်မှုမရှိသေးတဲ့ မြို့ စွန်နေရာတွေက 
မြေကွက်လွတ်တွေအကွက်မြေတွေကို ငွေတတ်နိုင်တဲ့ သူတွေက
အဆမတန်တဲ့ဈေးတွေနဲ့ ဝယ်ယူတာကြောင့်
ဈေးမြင့်ကုန်ပါတယ်။

တကယ့်ဈေးနဲ့မကိုက်ညီတဲ့နေရာတွေမှာ ဈေးတွေပြန်လည်
ကျဆင်းနေတာကြောင့် တဖြည်းဖြည်းဈေးတွေရော  
အရောင်းအဝယ်တွေပါ နှေးကွေးလာတာ ဖြစ်တယ်လို့  
သိရပါတယ်။

ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက
"အခုဈေးကွက်က ၂၀၁၅ ကထက်ပိုပြီး ဈေးကွက်အေးနေတာ၊  
ဈေးကလဲမြို့တွင်းနေရာတွေတော့ မပြောင်းလဲပေမဲ့မြို့စွန်တွေ
ကတော့ ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းလောက် ဈေးလျှော့ရောင်းမှ
အရောင်းအဝယ် တချို့လေးတွေရှိလာတယ်၊ ဈေးကွက်ပျောက်
နေတဲ့ဝယ်လိုအားနည်းပြီး ရောင်းလိုအား ဈေးကွက်ကြီးမား
နေတဲ့ လက်ရှိအချိန်ကတော့ ကြာနိုင်သေးတယ်"
လို့ ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်က၂၀၁၇ ခုနှစ်လောက်အထိ စောင့်ကြည့်
ရနိုင်တယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ကွက်ကြားနေရာတွေ
ကတော့ လျှော့ဈေးနဲ့ဖြစ်နေတာပါ။ ပြဋ္ဌာန်းဖို့ကျန်နေသေးတဲ့
ဥပဒေတွေထွက်လာမယ်ဆိုရင်တော့ ဈေးကွက်
ပြန်လည်ပတ်နိုင်မှာဖြစ်တယ်လို့  သိရပါတယ်။

(အေးမွန်)

credit - Kumudra Journal

No comments:

Post a Comment