Sunday, February 19, 2017

“မျှော်လင့်ချက်များနှင့် အိမ် ခြံ မြေ ဈေးကွက်”

“မျှော်လင့်ချက်များနှင့် အိမ် ခြံ မြေ ဈေးကွက်”

၁။ "အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အဓိကသော့ချက်
ဖြစ်စေမည့် စီးပွားရေးမူဝါဒများ ချမှတ်ပေးပါက ၂၀၁၇ ခုနှစ်
တွင် ရင်းနှီးမြှုပ်နှံမှုအလားအလာ ပြန်လည်ကောင်းမွန်မည်ဟု
အမေရိကန် အိမ်ခြံမြေ၀န်ဆောင်မှု ကုမ္ပဏီ မျှော်မှန်း"

အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အဓိကသော့ချက်ဖြစ်စေ
မည့် ကောင်းမွန်သော စီးပွားရေးမူဝါဒများ ချမှတ်ပေးပါက
၂၀၁၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အလားအလာ ပြန်လည်
ကောင်းမွန်မည်ဟု အမေရိကန် အခြေစိုက် အိမ်ခြံမြေ
ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုသော Colliers International
က မျှော်မှန်းထားကြောင်း သိရသည်။

“မြန်မာ့အိမ်ခြံမြေ ဈေးကွက်ဆီကို ဦးတည်တဲ့ အဓိက
သော့ချက်ဖြစ်တဲ့ စီးပွားရေးမူဝါဒတွေကို အစိုးရက ချမှတ်မှုနဲ့
အတူ ၂၀၁၇ ခုနှစ်မှာ သာလွန်ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု
အလားအလာ ပြန်လည်ဦးမော့လာပါမယ်။ ကွဲလွဲတဲ့ ရင်းနှီး
မြှုပ်နှံမှု ကဏ္ဍတွေမှာ အဆက်မပြတ် ဖြေလျှော့ပေးမှု
အထူးသဖြင့် ငွေရေးကြေးရေးနဲ့ အာမခံလုပ်ငန်း ကဏ္ဍတွေ
ကို ဖြေလျှော့ပေးမှုက ရုံးခန်းနဲ့ လူနေအိမ်ခန်းတွေအတွက်
ဝယ်လိုအား တိုးတက်မှုကို အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။
ကွန်ဒိုမီနီယမ် ရောင်းချမှုလုပ်ငန်းတွေ ထိုင်းနေပေမယ့်
အိမ်ခြံမြေဈေးကွက်က ပြန်လည်တုံ့ပြန်နိုင်စွမ်း ရှိနေဆဲဖြစ်ပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာနိုင်ငံက
ကမ္ဘာ့နိုင်ငံတွေအကြား ပြန်လည်ထင်ရှားလာတာကြောင့်
အာရုံစူးစိုက်လာကြကာ အမြင်သစ်နဲ့ ရှုမြင်လာကြပါမယ်”
ဟု Colliers International Myanmar မှ ဒုတိယဥက္ကဋ္ဌ
Tony Picon က ပြောကြားသည်။

Colliers က ၂၀၁၇ ခုနှစ်အတွက် မြန်မာ့အိမ်ခြံမြေဈေးကွက်
ထိပ်တန်းကြိုတင်ခန့်မှန်းချက် ၁၀ ချက်ကို ထုတ်ပြန်ထားပြီး

ပထမအချက်၌ ပိုမိုကောင်းမွန်သော အရည်အသွေးပြည့်
ဝန်ဆောင်မှုပေးသည့် တိုက်ခန်းများ ပြီးစီးမှုနှင့်အတူ
အိမ်ငှားနေထိုင်သူများသည် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းပြီး
အိုဟောင်းသော အဆောက်အအုံများမှ စတင်ထွက်ခွာ
ကြမည်ဖြစ်ပြီး အဆင့်မြင့်တိုက်ခန်းများနှင့် နှိုင်းယှဉ်လျှင်
အလယ်အလတ် ၀န်ဆောင်မှုရှိသော တိုက်ခန်းများက ပိုမို
ခိုင်မာသော ၀ယ်လိုအားဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

ဒုတိယအချက်အနေဖြင့် ငွေကြေးကဏ္ဍ၏ နောက်ထပ်
ဖြေလျှော့ ပေးမှုနှင့်အတူ အာမခံလုပ်ငန်း၏ နောက်ဆုံး
ပွင့်လင်းလာမှုသည် ၂၀၁၇ ခုနှစ်တွင် နေထိုင်မှုအဆင့်များ
မြင့်တက်လာစေရန် တွန်းအားပေးလိမ့်မည်ဖြစ်ပြီး အစိုးရ
သည် ရင်းနှီးမြှုပ်နှံမှု အတည်ပြုရေး လုပ်ငန်းများကို မြန်ဆန်
ချောမွေ့အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားကုမ္ပဏီများ
ပိုမိုဝင်ရောက်ရန် အထောက်အကူ ပြုနိုင်မည် ဖြစ်သည်ဟု
သုံးသပ်ထားသည်။

တတိယအချက် အနေဖြင့် ဈေးကွက်လိုအပ်ချက်အရ
ဟိုတယ်ပိုင်ရှင်များနှင့် အလယ်အလတ်အလွှာ နိုင်ငံခြား
လုပ်ငန်းရှင်များအကြား ပိုမိုစေ့စပ်ညှိနှိုင်းမှုများ ရှိလာမည်
ဖြစ်ပြီး အထက်တန်းအဆင့် စီမံကိန်းများနှင့်အတူ ဒေသ
ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သော ကုမ္ပဏီများကြောင့်
နိုင်ငံခြား အလယ်အလတ်တန်းစား ဟိုတယ်အမှတ်
တံဆိပ်များ ၀င်ရောက်နိုင်ရန် လမ်းခင်းပေးနိုင်မည်ဟု
မျှော်မှန်းထားသည်။

စတုတ္ထအချက်တွင် လူနေကွန်ဒိုမီနီယံ ကဏ္ဍတွင် အားနည်း
သော အကောင်အထည်ဖော်မှု ဆက်လက် တည်ရှိနေမည်
ဖြစ်ပြီး နာလန်ထူမည့် လက္ခဏာများသည် အလယ်အလတ်
နှင့် အထက်လုပ်ငန်းများတွင် ပေါ်ပေါက်ဖွယ်ရှိသော်လည်း
ရောင်းချမှုအပိုင်းတွင် အားနည်းချက်ရှိနေသည်။ မြေယာ
ဈေးနှုန်းများကလည်း ယေဘုယျအားဖြင့် မြင့်တက်ဆဲဖြစ်ပြီး
အလားအလာရှိသော စီမံကိန်းများအား အကျိုးမဲ့စေမည်ဟု
ခန့်မှန်းထားသည်။

ပဉ္စမအချက် အနေဖြင့် စစ်မှန်သော အိမ်ရာဝယ်လိုအားကို
အားပေးရန် အပေါင်စာချုပ်ဖြင့် ချေးငွေအစီအစဉ်များ
ရေးဆွဲရန် ဘဏ်များက ကြိုးပမ်းအားထုတ် လာကြသော်
လည်း မြင့်မားသော အတိုးနှုန်း အခြေအနေနှင့်အတူ
ကနဦးတွင် ဖောက်သည်၏ စိတ်ဝင်စားမှုအားနည်းပုံ
ပေါ်နိုင်မည်ဟု ၎င်းတို့က ယူဆထားသည်။

ဆဋ္ဌမအချက်တွင် မြန်မာနိုင်ငံ၏ လုပ်အားခ ကုန်ကျစရိတ်
သက်သာမှုနှင့် ဆွဲဆောင်မှုရှိသော လူဦးရေဆိုင်ရာ အခြေခံ
အကြောင်းတရားများသည် နိုင်ငံခြား ကုမ္ပဏီများအား
ထပ်မံဆွဲဆောင်နိုင်မည်ဖြစ်ပြီး ပိုမိုများပြားသော ကုန်ထုတ်
လုပ်ငန်းများ၊ သိုလှောင်ရုံများနှင့် ထောက်ပံ့ပို့ဆောင်ရေး
အထောက်အကူများ လိုအပ်လာမည် ဖြစ်သော်လည်း
မြင့်မားသော စက်မှုလုပ်ငန်းဆိုင်ရာနှုန်းထားများ သို့မဟုတ်
ကောင်းမွန်သော အရည်အသွေး မရှိသည့် အထောက်အကူ
များက စိန်ခေါ်မှုတစ်ရပ်အဖြစ် ပေါ်ထွက်လာနိုင်သည်ဟု
ခန့်မှန်းထားသည်။

န၀မအချက် အနေဖြင့် သုံးစွဲနိုင်သော ၀င်ငွေများ မြင့်တက်
လာခြင်းကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်း ပိုမိုတိုးတက်
လာပြီး ခရီးသွားဒေသများဖြစ်သော ငပလီ၊ ငွေဆောင်၊ ပုဂံ၊
အင်းလေးကဲ့သို့ ဒေသများရှိ စီမံကိန်းများ ပိုမိုအကျိုးကျေးဇူး
ဖြစ်ထွန်းစေမည်ဖြစ်ပြီး စီမံကိန်းတိုးချဲ့မှုများအပြင်
အပန်းဖြေစခန်း ဆောင်ရွက်မှုများကို မိုးရာသီအတွင်းပင်
တိုးချဲ့ဖွယ်ရှိနေသည်ဟု မျှော်မှန်းထားသည်။

ဒသမအချက် အနေဖြင့် အစိုးရ စီးပွားရေးမူဝါဒများအား
ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်နိုင်ပါက ကြည်လင်
တောက်ပသော ရင်းနှီးမြှုပ်နှံမှု အခြေအနေသည်
၂၀၁၇ ခုနှစ်တွင် ပြန်လည်ဦးမော့လာမည် ဖြစ်သည်။

အကျိုးအမြတ်များ ဖြစ်ထွန်းလာမည်ဖြစ်ပြီး မြန်မာနိုင်ငံ
အနေဖြင့် ကမ္ဘာ့နိုင်ငံများအကြား ပြန်လည်ထင်ရှားလာမည်
ဖြစ်ကာ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံအား အမြင်သစ်
ဖြင့် ကြည့်လာကြလိမ့်မည်ဟု Colliers International က
ထင်မြင်သုံး သပ်ထားသည်။

(စည်သူအောင်)

***

၂။ "အိမ်ခြံမြေဈေးကွက် အရှိန်အဟုန်နှင့် တိုးတက်ရန်
အလားအလာ ရှိဟုဆို"

မြန်မာပြည်တွင်း လတ်တလော ငြိမ်သက်နေသည့်
အိမ်ခြံမြေ ဈေးကွက်သည် အရှိန်အဟုန်နှင့် တိုးတက်လာရန်
အလား အလာ ရှိကြောင်း အိမ်ခြံမြေကဏ္ဍတွင် အဓိက
လုပ်ကိုင်နေသည့် ကျွမ်းကျင်သူ များက ပြောဆိုသည်။

“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မကြာခင်က ပြုလုပ်
လိုက်တဲ့ အပြောင်းအလဲနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ
အသစ်က အိမ်ခြံမြေဈေးကွက် အပေါ် အများကြီး
သက်ရောက်မှု ရှိလာတယ်” ဟု House com mm ၏
တွဲဖက် တည် ထောင် သူ နှင့် မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သူ
Mr.Nitesh Khirwal က ပြောသည်။

၂၀၁၇ ခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်
ဒေါ်လာ ၈ ဘီလီယံခန့် ရရှိရန် ဆွဲဆောင်သွားမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က
ထုတ်ပြန်ထားသည်ဟုလည်း ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)မှ
ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းကမူ
“ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ် သက်လို့ ဂျိုက်ကာ (JICA) နဲ့ ၂၀၁၄
ကတည်းက ဆွဲထားတဲ့ ပရိုမိုးရှင်း ပလန် ရှိပါတယ်။ အဲဒီမှာ
တော့ ၂၀၁၆ ကနေ ၂၀၂၀ အထိက တနှစ်ကို ဒေါ်လာ
၆ ဘီလီယံပဲ လျာထားတာ ဖြစ်ပါတယ်။ ၂၀၂၁ ကနေ ၂၀၃၀
အထိကိုတော့ တနှစ်ကို ဒေါ်လာ ၈ ဘီလီယံ လျာထားတာ
ရှိပါတယ်”ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကုန်သွယ်မှု၊
စိုက်ပျိုးရေးနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများတွင်
ရင်းနှီးမြှုပ်နှံမှု ပိုဝင်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း
ပိုမို ဖန်တီးနိုင်ရန် တွန်းအားပေးထားကြောင်း သိရသည်။

“ဥပဒေသစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိုမိုလျှင်မြန်စွာ
ဆောင်ရွက်နိုင်မယ်။ ဆန်ရှင် ရုပ်လိုက်ခြင်းကြောင့် နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှု ဈေးကွက်ကို စိတ်ဝင်စားမှု
မြင့်တက်လာတယ်။ အထူးသဖြင့် စက်မှုဇုန် ဘက်ခြမ်းမှာ
အိမ်ခြံမြေလုပ်ငန်းတွေ အားကောင်းလာနိုင်တယ်” ဟု
မန်နေးဂျင်း ဒါရိုက်တာ Mr.Nitesh Khirwal က ဆိုသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
များထဲတွင် အဆင့် ၅ နေရာအထိ ရောက်ရှိနေ ကြောင်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ စာရင်းတွင်လည်း
ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့ ရန်ကုန် စတော့အိတ်ချိန်း ရုံးတွင်
ပြုလုပ်သည့် FMI ကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်းများနှင့်
အနာဂတ် အလားအလာများ ရှင်းလင်းတင်ပြသည့် ရင်းနှီး
မြှုပ်နှံမှု ဆိုင်ရာ ဆွေးနွေးပွဲတွင် FMI ကုမ္ပဏီ ဥက္ကဋ္ဌ
ဦးသိမ်းဝေ ကလည်း အိမ်ခြံမြေ ဈေးကွက်နှင့် ပတ်သက်ပြီး
အစိုးရ သက်တမ်း၏ ကျန် ၄ နှစ်ကာလအတွင်း စီးပွားရေး
တိုးတက်မှု များလာ၍ အိမ်ရာမြေ လိုအပ်ချက် ပေါ်မူတည်ပြီး
ဈေးကွက် ပြန်ကောင်းလာမည်ဟု မျှော်လင့်ထားကြောင်း
ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေ ရောင်းဝယ်ငှား လုပ်ငန်းသည်
၂၀၁၆ ခုနှစ်တွင် အေးနေခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှု
ကျသွားခြင်း မရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ပြီးစီးမည့် အိမ်ရာ
စီမံကိန်းများလည်း အများအပြား ရှိနေကြောင်း သိရသည်။

House com mm ကို ၂၀၁၂ ခုနှစ်က စတင်၍ မြန်မာနိုင်ငံ
တွင် အခြေစိုက်ခဲ့ပြီး Rocket Internet ၏ လက်ခွဲ ကုမ္ပဏီ
တခု ဖြစ်သည်။

ထို့အပြင်
Work com mm ၊ Shop com mm ၊ Ads com mm
ကုမ္ပဏီများ ၏ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းတခုလည်း
ဖြစ်သည်။

House com mm သည် အိမ်ခြံမြေများသာမက တိုက်ခန်း
နှင့် စီးပွားရေး အဆောက်အအုံများကို ရောင်းလို ငှားလိုသူ
များ အတွက် လွယ်ကူစွာ ရှာဖွေနိုင်သည့် အင်တာနက်
ကွန်ရက် တခုဖြစ်သည်။

(မေစိုးစံ)

***

၃။ "ရန်ကုန် အိမ်ခြံမြေဈေးကွက် အနည်းငယ်
ပြန်လှုပ်ရှားစပြု"

"ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်ဟာ အေးနေရာကနေ
တဖြည်းဖြည်းပြန်လည် လှုပ်ရှားလာတယ်။ အခုနေရာအစုံ
ကို ပြန်ပြီးတော့ နည်းနည်းလေး ပြန်ဖြစ်လာတယ်၊
ရောင်းဝယ်ငှား အခြေအနေ ကလဲ အခုဟာ မျှတော့မျှနေ
တယ်၊ ငါးဆယ် ငါးဆယ်ပဲ၊ မြို့တွင်းခြောက်မြို့နယ်ကတော့
ဖြစ်တာနည်းတယ်၊ အခုက အပြင်ဘက်ထွက်လာပြီးတော့
ဖြစ်တာပိုများတာပါ၊ ပြီးတော့ အခုအရောင်း အဝယ်က
မြေတွေရောင်းတာဝယ်တာပိုများတယ်" လို့ ရန်ကုန်တိုင်း
အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က
ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ပြန်လည်လှုပ်ရှားလာပေမဲ့ ဈေးကတော့
တက်ခြင်းကျခြင်းမရှိဘဲ ယခင်အတိုင်းပဲဖြစ်တယ်လို့ သိရ
ပါတယ်။

ယခင်ကလိုနေရာတစ်နေရာ မြို့တစ်မြို့တည်းသာတက်ခြင်း
ကျခြင်းမဟုတ်ဘဲ တစ်တိုင်းလုံးအနေနဲ့ အရောင်းအဝယ်
ပြန်လည်အသက် ဝင်လာတာဖြစ်တယ်လို့သိရပါတယ်။

"အရင်တုန်းကတော့ဖွံ့ဖြိုးပြီးသား စည်ကားပြီးသားနေရာ
တွေမှာသာ အရောင်းအဝယ်ဖြစ်တာများတယ်၊ အခုကတော့
အဲဒီလိုမဟုတ်ဘူး၊ ပြန့်ထွက်သွားတယ်၊ တချို့လဲ စီမံကိန်း
မြေတွေလိုက်လာတဲ့သူတွေရှိ တာပေါ့၊ ဈေးကတော့
တက်ဈေးမဟုတ်သေးဘူး၊ အေးတဲ့ဈေးနဲ့ပဲ ဖြစ်နေတာပေါ့"
လို့ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ
ဦးစိုင်းခွန်နောင်က ပြောပါတယ်။

အငှားဈေးကွက်ကတော့အားကောင်းလာပေမဲ့
အရောင်းအဝယ်တွေ ပြန်လည်လှုပ်ရှားလာတာ နှစ်လ ခန့်
သာရှိသေးကြောင်း သိရပါတယ်။

ကွန်ဒိုတွေ၊ လုံးချင်းတွေ ငှားရမ်းမှုကအတက်ဘက် ဦးတည်
နေကာ နိုငံခြားသားတွေ ငှားရမ်းမှုလည်းများပြားလာတယ်
လို့ သိရပါတယ်။

(အောင်လေး)

***

၎။ "မန္တလေးမြို့သစ်အပိုင်းတွေမှာ အိမ်ခြံမြေ အရောင်းအဝယ်
ပြန်လိုက်"

စံချိန်တင် အရောင်းအဝယ်ကျဆင်းနေတဲ့ မန္တလေးအိမ်ခြံမြေ
အရောင်းအဝယ်ဈေးကွက်မှာ မြို့သစ်အပိုင်းတွေမှာ ယခုလပိုင်း
အရောင်းအဝယ် ပြန်လိုက်စပြုနေတယ်လို့ မြို့ခံဝါရင့်
အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်အချို့က ပြောပါတယ်။

အထူးသဖြင့် မန္တလေးမြို့သစ် ရပ်ကွက်တွေက တန်ဖိုးအသင့်
အတင့်ရှိ (ကျပ် သိန်း ၃၀ဝ မှ ၇၀ဝ ကြား) အိမ်ခြံမြေအရောင်း
အဝယ်ပြန်ဖြစ်လာတာ ဖြစ်ပါတယ်။

မန္တလေး အိမ် ခြံ မြေ ဈေးကွက် အရောင်းအဝယ်အခြေအနေ
ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကအထိ ရပ်လုနီးပါး
အနေအထားမျိုး ရှိခဲ့ပါတယ်။

ဇန်နဝါရီလလယ်ခန့်မှာတော့ အ ရောင်းအဝယ် ပြန်ဖြစ်စ
ပြုလာတယ်။ ယခုလ (ဖေဖော်ဝါရီ) ထဲမှာတော့ အရောင်း
အဝယ် အနည်းငယ်သွက်လာတယ် လို့ အကျိုးဆောင်က
ပြောပါတယ်။

“အရောင်းအဝယ်က အရင်ကထက်စာရင်အလုပ်လေး
နည်းနည်းပြန်ဖြစ်လာ တယ်၊ အရင်တုန်းက ရောင်းလိုအားက
များပြီးတော့ ဈေးကတင်းခံနေတော့ အလုပ်မဖြစ်ဘူး၊ ခုကျ
တော့ သူ့ဈေးသူ့ဟာ လေးတွေနဲ့ ဈေးတန်းအမှန်လေးတွေ
ဆို ဈေးကွက်ထဲ ရောင်းလို့ ဝယ်လို့ ဖြစ်နေ တယ်" လို့
အကျိုးဆောင် လုပ်ငန်းရှင် ဦးဝ∞က ပြောပါတယ်။

အိမ်ခြံမြေဈေးကို အဆမတန် ဈေးမြှင့် ခေါ်နေလို့ လပေါင်း
အတော်ကြာ အရောင်း အဝယ်မဖြစ်ခဲ့တဲ့အခြေအနေကနေ
ရောင်းလက်အချို့က အိမ်ခြံမြေဈေးလျှော့ချလာတာ၊
ခေါ်ဈေးကို အဆမတန်ဆွဲမတင်ဘဲ ကာလတန်ဖိုးအတိုင်း
သတ်မှတ်ရောင်းချလာတာတွေကြောင့် မန္တလေးအိမ်ခြံမြေ
ဈေးကွက်မှာ အခုလို အရောင်းအဝယ် ပြန်ဖြစ်လာတာ
ဖြစ်တယ်လို့ ဝါရင့်အိမ်ခြံ မြေအကျိုးဆောင်အချို့က
ပြောပါတယ်။

“အရင်တုန်းက အိမ်ခြံမြေဈေးဆိုတာက စည်းမဲ့ကမ်းမဲ့
ပရမ်းပတာဖြစ်နေတာ၊ ခုဈေးကွက်ပုံစံက တည်တည်ငြိမ်ငြိမ်
လေး ပုံမှန်အရောင်းအဝယ်နဲ့ အလုပ်ဖြစ်နေတာ”လို့
ပြောပါတယ်။

(မိုးမြင့်ထွန်း)

credit - Irrawaddy Publishing Group /
Eleven Media Group & Kumudra Journal

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment