“ထပ်မံထွက်ရှိလာသော ဆောက်လုပ်ရေးလောကအတွက်
သတင်းများ”
၁။ "အထပ်မြင့် အဆောက်အအုံရှိ မြေညီထပ်အခန်း
အမြင့်ပေ ပြောင်းမည်ဟုဆို"
ရန်ကုန်မြို့အတွင်း ဆောက်လုပ်နေသည့် အထပ်မြင့်
အဆောက်အအုံများရှိ မြေညီထပ် အခန်းများကို နှစ်ခန်းခွဲကာ
ရောင်းချနေမှုများကြောင့် အဆိုပါအခန်း တည်ဆောက်မှုကို
ယခုနှစ်အတွင်း အမြင့်ပေ ပြောင်းလဲ သတ်မှတ်ရန် စီစဉ်
နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ သိရသည်။
* လက်ရှိ အထပ်မြင့် အဆောက်အအုံများ၏ မြေညီထပ်
အခန်းကို ၁၇ ပေအထိ ခွင့်ပြုထားရာမှ ၁၄ ပေခန့်အထိသာ
သတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်
စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်းအရာရှိ
တစ်ဦးက ဆိုသည်။ *
“လက်ရှိဆောက်နေတဲ့ အထပ်မြင့်တိုက်တွေက မြေညီထပ်
တွေမှာ မှန်ခန်းတွေ ဆောက်လာတယ်။ အဲဒီအခန်းကို
ပြန်လည် ရောင်းချတယ်။ အဲဒီလိုအခန်းတွေ မရှိစေဖို့
အမြင့်ပေ ကန့်သတ်ဖို့ လိုအပ်လို့ ဆောင်ရွက်ဖို့ စီစဉ်တာပါ။
လက်ရှိကတော့ မြေညီထပ်တွေကို အရင်မူအတိုင်း
ဆောက်လုပ်ခွင့်ပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။
အထပ်မြင့် ဆောက်လုပ်သူများ အနေဖြင့် မြေညီထပ်
အခန်းအများစုကို ၉ ပေ၊ ၈ပေ ပြန်လည် ဆောက်လုပ်ပြီး
အရှေ့ဘက်အပိတ်နှင့် အပြည့်အခန်းများ ဆောက်လုပ်လာ
ခြင်းကြောင့် လူနေထိုင်ရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်
နေသောကြောင့် မြေညီထပ် အမြင့်ပေကို ကန့်သတ်ရခြင်း
ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ သိရသည်။
“အခု မြေညီထပ်တွေက ထပ်ခိုးနဲ့ မဆောက်ကြတော့ဘူး။
မြေညီထပ်ကို နှစ်ခန်းခွဲ ဆောက်ပြီး ပထမအထပ်ကို အပိတ်
လုပ်ပြီး စီးပွားဖြစ်ရောင်းစားလာကြတယ်။အဲဒီလို မြေညီထပ်
အခန်းတွေက အလုံပိတ်ဖြစ်နေတဲ့အတွက် နေထိုင်တဲ့
ပြည်သူတွေ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ၁၄ ပေ
ဆိုရင်တော့ ထပ်ခိုးလောက်ဘဲ ဆောက်လုပ်ခွင့်
ရတော့မှာပေါ့”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်
ကိုထွန်းထွန်းက ဆိုသည်။
တရားဝင် အဆောက်အအုံများကို ၂၀၁၅-၂၀၁၆ ခုနှစ်
ဘဏ္ဍာနှစ်က အထပ်မြင့် အဆောက်အအုံ စုစုပေါင်းအလုံး
၆၀ဝ၀ ကျော် ခွင့်ပြုပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်
အထပ်မြင့် အဆောက်အအုံ စုစုပေါင်းအလုံး ၄၀ဝ၀ ခန့်
ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ သိရသည်။
***
၂။ "ကန်ထရိုက်တိုက်ခန်းများ ထရန်စဖော်မာ တပ်ဆင်ခ
တစ်ခန်းလျှင် ကျပ်ငါးသိန်းခွဲ ပေးသွင်းရတော့မည်"
* အခန်းသုံးခန်းမှ ၁၇ ခန်း အတွင်းရှိ ကန်ထရိုက်တိုက်ခန်း
များ အနေဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး
ကော်ပိုရေးရှင်းသို့ ထရန်စဖော်မာတပ်ဆင်ခ တစ်ခန်းလျှင်
ကျပ်ငါးသိန်း ခွဲ ပေးသွင်းရတော့မည် ဖြစ်ကြောင်း
သတင်းရရှိသည်။ *
လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃၀ ကျော်ပါက ကန်ထရိုက်
တိုက်ခန်းများ အနေဖြင့် ကိုယ်တိုင်တပ်ဆင်ရသောစနစ်ကို
ပယ်ဖျက်ကာ ထရန်စဖော်မာကို လမ်းနှင့် ရပ်ကွက်များ
အလိုက် လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းက
လိုအပ်ချက်ပေါ်မူတည်၍ ၎င်းတို့အစီအစဉ်ဖြင့် လိုက်လံ
တပ်ဆင်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူ က ပြောသည်။
တပ်ဆင်ခအဖြစ် ကန်ထရိုက်တိုက်ခန်းများကို တစ်ခန်းလျှင်
ကျပ်ငါးသိန်းခွဲကောက်ခံမည်ဟု ဆိုသည်။
အိမ်သုံးမီတာ တပ်ဆင်ခြင်း လုပ်ငန်းအဆင့်ဆင့်တွင်
ငွေပေးသွင်းပြီး ထရန်စဖော်မာတပ်ဆင်ခ ပေးသွင်းပြီးမှ
သာ လူနေထိုင်ခွင့်ရပြီဖြစ်သော တိုက်ခန်းများသို့ လျှပ်စစ်
ဓါတ်အား ဖြန့်ဝေပေးမည်ကြောင်း ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ
ဒုတိယအင်ဂျင်နီယာချုပ်က ပြောသည်။
လူနေတိုက်ခန်းများ အစီအစဉ်ပြီးပါက စီးပွားရေးလုပ်ငန်းများ
ကိုလည်း ယခုကဲ့သို့ လုပ်ဆောင်ရန် အစီအစဉ်ရှိပြီး သုံးစွဲ
မည့် လျှပ်စစ်ပမာဏကို ကြိုတင် ခွင့်ပြုချက်တောင်းခံခြင်းမျိုး
ပြုလုပ်ရမည့် အစီအစဉ်များရှိသည် ဟုလည်း ၎င်းက
ဆက်လက်ပြောသည်။
ယင်းအစီအစဉ်ကို ရန်ကုန်မြို့တော် စည်ပင်ကန်ထရိုက်တာများ
အသင်းနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ဆွေးနွေးဆုံးဖြတ်
ပြီးမှသာ သတ်မှတ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ထို့ကြောင့် ပုံမှန်မီတာ လျှောက်ထားစဉ် ကျပ်နှစ်သိန်းမှ
သုံးသိန်းခန့် ကုန်ကျစရိတ်ရှိပြီး ယခုကဲ့သို့ ပုံစံပြောင်းလိုက်
သောကြောင့် ကန်ထရိုက်တိုက်ခန်းတစ်ခန်းလျှင် လျှပ်စစ်
မီတာ လျှောက်ထားပါက စုစုပေါင်း ကျပ်ရှစ်သိန်းခန့် ကုန်ကျ
မည့်အနေအထားဖြစ်ကြောင်း မြမြင့်မိုရ်ဆောက်လုပ်ရေး
လုပ်ငန်းရှင် ဦးထွေးမြင့်က သုံးသပ်သည်။
* လျှပ်စစ်မီတာလျှောက်ထားရာတွင် ကုန်ကျစရိတ်သည်
မြေရှင်နှင့် ကန်ထရိုက်တို့ စာချုပ်ချုပ်ဆိုသည့်အပေါ်မူတည်ပြီး
ကုန်ကျ စရိတ် ကျခံရခြင်းဖြစ်ကြောင်း * ၎င်းက
ဆက်လက်ပြောကြားသည်။
‘‘ကန်ထရိုက်တာ လက်ထဲ မှာ အခန်းကရှိနေသေးတယ်၊
မရောင်းရသေးဘူးဆိုရင်တော့ ကန်ထရိုက်တာက မီတာ
လျှောက်တဲ့ ကုန်ကျစရိတ်ကို သူခံရမှာပေါ့’’ဟု ၎င်းက
ဆိုသည်။
တစ်ခန်းလျှင် ကျပ်ငါးသိန်းခွဲပေးသွင်းရန် ၂၀၁၆ ဒီဇင်ဘာက
လူနေထိုင်ခွင့် ထုတ်ပေးသည့် ကန်ထရိုက်တိုက်အလုံးရေ
၄၀၀ ကျော် စတင်အကျုံးဝင်မည်ဖြစ်ကြောင်း ရန်ကုန်
မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့်
အဆောက်အအုံ ဌာနမှ သိရသည်။
ရန်ကုန်မြို့တွင် မူဝါဒအသစ် ဖြင့် ထရန်စဖော်မာကြေး
ကျပ်ငါးသိန်းခွဲပေးသွင်းရမည့် တိုက်အလုံးရေသည် ဇန်နဝါရီ
လကုန်အထိစာရင်းများအရ ၇၀၀ ကျော်ရှိကြောင်း
အထက်ပါဌာနက ထုတ်ပြန်ထားသည်။
‘‘အရင်က ကျွန်တော်တို့ ကန်ထရိုက်တွေကို ကိုယ့်အစီအစဉ်နဲ့
ကိုယ် ထရန်စဖော်မာတပ်ရမယ်ဆိုပြီး ညွှန်ကြားတယ်။ အခု
အစီအစဉ်ပြောင်းပြီး တစ်ခန်းကို ငါးသိန်းခွဲ ကောက်မယ်။
သူတို့အစီအစဉ်နဲ့ သူတို့လိုအပ်ချက်ကို ကြည့်ပြီး လုပ်ပေးမယ်
ဆိုပြီး ညှိနှိုင်းရင်းနဲ့ ဒီရလဒ်ထွက်လာတာပါ’’ဟု လိုင်စင်ရ
ကန်ထရိုက်တာများအသင်း အတွင်းရေးမှူး
ကိုလားဆယ်က ပြောသည်။
ရန်ကုန်မြို့အတွက် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း၊
သွယ်တန်းခြင်းနှင့် ဖြန့်ဖြူးခြင်း စသည်ဖြင့် သက်ဆိုင်ရာ
ကဏ္ဍအလိုက် Working Group များဖွဲ့စည်းကာ
Master Plan ရေးဆွဲရန် စီစဉ်နေ ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောကြားထားသည်။
(မိုးညို)
***
၃။ "ခွင့်ပြုမိန့်ထက်ပိုဆောက်တဲ့ အဆောက်အအုံတွေ
ဒဏ်ကြေး တိုးမြှင့်မည်"
မန္တလေးမြို့တော် စည်ပင်သာယာဧရိယာအတွင်းခွင့်ပြုပုံစံထက်
ကျော်လွန်ပြီး ဆောက်လုပ်ထားတာ၊ ခွင့်ပြု မိန့်မရရှိမီ ကြိုတင်
ဆောက်လုပ်ထားတာတွေကို လာမယ့် ဧပြီ ၁ ရက်က စပြီး
ဒဏ် ကြေးတိုးမြှင့်မှာ ဖြစ်ပါတယ်။
အဆောက်အအုံနှင့်ကုန်ရုံဌာနရဲ့စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီမှု
မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို လာမယ့်
ဧပြီလ ၁ ရက်ကစပြီး ဒဏ်ကြေးတိုး မြှင့်မှာ ဖြစ်ပါတယ်။
“ဒဏ်ကြေးကနည်းတယ်ဆိုတော့ ခွင့်ပြုချက်မတင်ဘဲ ဆောက်တာ
တွေရှိတယ်၊ အဲဒါကြောင့် ဒဏ်ကြေး တိုးမြှင့်လိုက်တာ”လို့
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံ
နှင့် ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက ပြောပါတယ်။
* ခွင့်ပြုမိန့်ထက် ကျော်လွန်ပြီးဆောက်တဲ့ အာရ်စီအဆောက်အအုံ
မှာ အရင်က တစ်စတုရန်းပေကို ကျပ် ၂၀ဝ သတ်မှတ်ထားပြီး
အခု ကျပ် ၁၅,ဝ၀ဝ ပေးဆောင်ရ မှာ ဖြစ်တယ်လို့ သိရပါတယ်။
နံကပ်အဆောက်အအုံတစ်ခုကို အရင်က တစ်စတု ရန်းပေကို
ကျပ် ၁၅၀ သတ်မှတ်ထားပြီး အခု ကျပ် ၁၀,ဝ၀ဝ ပေးဆောင်ရမှာ
ဖြစ်တယ် * လို့ သိရပါတယ်။
အဆောက်အအုံဆောက်လုပ်ခွင့်တွေတင်တဲ့အခါ တင်ပြရတဲ့
အချက်အလက်တွေ များပြားတာ၊ အချိန်ကြန့်ကြာတာတွေ ကြောင့်
အချို့က ဆောက်လုပ်ခွင့် မတင်တာတွေ ရှိတယ်လို့
ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“မလိုအပ်ဘဲ တောင်းခံတာတွေ ဖြေလျှော့ပေးစေချင်တယ်၊
တချို့ပြည်သူတွေက စည်ပင်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး
နားမလည်ဘူး၊ မလုပ်တတ်ဘူး၊ အဲဒီတော့ သူတို့က
ဆောက်လုပ်ခွင့်ကို ပွဲစားတွေနဲ့ တင်ခိုင်းနေရတယ်˘လို့
ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
(အိမို့မို့ခိုင်)
credit - The Voice / 7day Daily
& Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment