“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်အတူ အိမ်ခြံမြေဈေးကွက်”
၁။ "အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ
အရှိန်အဟုန်နဲ့ဝင်လာ"
အိမ်ခြံမြေကဏ္ဍက ပြည်တွင်းကို ဝင်ရောက်လာတဲ့
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ နံပါတ်ငါး နေရာအထိ
ရောက်လာပြီး အရှိန်အဟုန်နဲ့ ဆက်လက်တိုးတက်လာ
နိုင်မယ် လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ
သိရပါတယ်။
"၂၀၁၀ နောက်ပိုင်းကစပြီး အိမ်ခြံမြေကဏ္ဍက ဖွံဖြိုးလာ
ပါတယ်။ အခုအချိန်မှာတော့ ပြည်ပနိုင်ငံတွေ အာရုံစိုက်ပြီး
အများစု လေ့လာနေကြတာက အိမ်ခြံမြေ ကဏ္ဍ ဖြစ်နေ
ပါတယ်။ ဆက်လက်ပြီးလဲ အရှိန်ယူ တိုးလာမယ့်
သဘောပါ" လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး
ဦးအောင်နိုင်ဦး က ပြောပါတယ်။
အိမ်ခြံမြေကဏ္ဍကို အများဆုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့
နိုင်ငံအဖြစ် စင်ကာပူက ရပ်တည်နေပြီး၊ ဟောင်ကောင်၊
ဂျပန် ၊ ဗြိတိန် ၊ ဗီယက်နမ်နဲ့ တောင်ကိုရီးယာတို့က
အစဉ်လိုက်ရပ်တည်နေတယ်လို့ သိရပါတယ်။
ထိပ်တန်းရောက်လာနိုင်
--------------------------
ရန်ကုန်မြို့ရဲ့လူဦးရေနဲ့ဝင်ငွေ ဖွံဖြိုးတိုးတက်လာမှုတွေနဲ့
အတူ လာမယ့် ဆယ်စုနှစ် တစ်ခုအတွင်း မှာ အိမ်ခြံမြေ
ဈေးကွက်ကထိပ်တန်းကို ရောက်လာနိုင်မှာ ဖြစ်တယ်လို့
လည်း အိမ်ခြံမြေကျွမ်းကျင်သူတွေက
သုံးသပ်ထားကြပါတယ်။
အခုနှစ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်
လုပ်ကိုင်နေတဲ့ အိမ်ခြံမြေကဏ္ဍကနေ အလုပ်နေရာပေါင်း
၆၀,၀၀၀ ဝန်းကျင် ဖန်တီးပေးနိုင်ခဲ့တယ်လို့လည်း
ရင်းနှီးမြှုပ်နှံမှုကော်မရှင် အချက်အလက်တွေအရ
သိပါတယ်။
***
၂။ "ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကြောင့် အိမ်ခြံမြေကဏ္ဍ
ပိုမိုကောင်းမွန်လာဖွယ်ရှိဟု ဆို"
မကြာသေးမီကထုတ်ပြန်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ
စီးပွားရေး ကုန်သွယ်ခွင့် ကန့်သတ်ချက်တွေဖြေလျှော့ပေးခဲ့
တာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာပြီး မြန်မာနိုင်ငံရဲ့
အိမ်ခြံမြေကဏ္ဍဟာ လည်း ပိုမိုကောင်းမွန်လာဖွယ်ရှိတယ်လို့
သိရပါတယ်။
"အခြေခံအဆောက်အအုံကင်းမဲ့မှု က နိုင်ငံအတွက်လိုအပ်
ချက်တစ်ခုဖြစ်ပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက်အခွင့်အလမ်း
ကောင်းများပင်ဖြစ်ကြောင်း၊ မဖွံ့ဖြိုးသေးတဲ့ဒေသများမှာ
ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်မက်လုံးပိုပေးမယ်ဟု ဆိုခြင်းဟာ
ဖွံ့ဖြိုးပြီး ဒေသများမှာ အခွန်မက်လုံး မရှိခြင်းကို ဆိုလိုခြင်း
မဟုတ်ကြောင်းနဲ့ ရန်ကုန်မြို့တွင်း ရင်းနှီးမြှုပ်နှံမှုအချို့
ကဏ္ဍများအတွက်လဲ အားပေးမြှင့်တင်ထားတဲ့ ကဏ္ဍတွေ
အတွက်ဆိုရင် အခွန်မက်လုံးရနိုင်ပါသေးတယ်" လို့
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး
ဦးအောင်နိုင်ဦးက Frontier Myanmar နဲ့
တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
အဲသည် ဥပဒေသစ်မှာ ယခင်ဥပဒေဟောင်းမှ ၅၀ရာခိုင်နှုန်း
ခန့်သာပါဝင်ပြီး အချက်အလက်အသစ်တွေနဲ့ ပြန်လည်
ထည့်သွင်းရေးဆွဲထားတာဖြစ်ကြောင်း သိရပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေအနေနဲ့
သဘောကျနိုင်ကြောင်း သိရပါတယ်။
House com mm မှ Co-founder နဲ့ Managing Director
ဖြစ်သူ Mr.Nitesh Khirwal က
"မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ အကြံဉာဏ်တွေနဲ့
ဖြည့်စွက်ပြင်ဆင်ထားတဲ့ ဒီရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ဟာ
အိမ်ခြံမြေကဏ္ဍ အတွက်လဲ အလားအလာကောင်းတွေ
ဖြစ်ပေါ်လာစေမှာပါ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို အာဆီယံ
လမ်းညွှန်ချက်နဲ့ အညီပေါင်းစည်းလိုက်ခြင်းက ဒေသတွင်းရှိ
အခြားနိုင်ငံတွေနဲ့ စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့
စီမံခန့်ခွဲမှုတွေ ဆင်တူလာစေရန် အထောက်အကူဖြစ်စေပြီး
ပိုမိုရှင်းလင်းမြန်ဆန်မှုတွေဖြစ်ပေါ်လာစေနိုင်မှာဖြစ်ပါတယ်"
လို့ အိမ်ခြံမြေကဏ္ဍနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ စီးပွားရေးလုပ်ငန်းအသစ်တွေရဲ့
ခွင့်ပြုချက်တွေအတွက် လုပ်ဆောင်ရာမှာလည်း ပိုမို
မြန်ဆန်စွာ လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အမေရိကမှ sanction တွေဖြေလျှော့လိုက်တာ
ကလည်း မြန်မာ့ဈေးကွက်ကိုနိုင်ငံတကာမှရင်းနှီးမြှုပ်နှံသူ
တွေအနေနဲ့ ပိုမိုစိတ်ဝင်စားမှုရှိလာစေပါတယ်။
- စည်းမျဉ်းစည်းကမ်း ပိုမိုရှင်းလင်းလာတာ၊
- လုပ်ထုံးလုပ်နည်းကောင်းတွေထည့်သွင်းဖော်ဆောင်တာနဲ့
- အစု ရှယ်ယာဝင်တွေအတွက် အကာအကွယ်ကောင်းတွေပါ
ထည့်သွင်းဖော်ဆောင်ပေးထားတဲ့အတွက် သည်ရင်းနှီးမြှုပ်နှံမှု
ဥပဒေသစ်ဟာ နိုင်ငံတွင်းရင်းနှီးမြှုပ်နှံ့မှုတွေ
ပိုမိုသယ်ဆောင်လာစေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေ
က သုံးသပ်နေကြပါတယ်။
(နေရဲရင့်)
***
၃။ "ပြည်ပရင်းနှီးမြုပ်နှံမှုငွေ သန်း ၇၀၀၀ ကျော်နဲ့
ပြန်လှုပ်လာဦးမယ့် ဇုန်မြေများ"
အိမ် ခြံ မြေ ဈေးကွက်အေးစက်တယ်ဆိုတာဟာ နေရာ
တစ်ခုတည်းမှာအေးစက်ခဲ့တာမျိုးမဟုတ်ပါဘူး။ဘက်ပေါင်းစုံ
ထောင့်ပေါင်းစုံကနေ ဈေးကွက်ကျဉ်းလာရာကတစ်ဆင့်
အရောင်းအဝယ် အေးစက်သွားခဲ့တာပါ။
ဒီလို အရောင်းအဝယ် အေးစက်မှုဒဏ်ကို ခြံမြေ ၊ ဥယျာဉ်မြေ၊
ဂရမ်မြေ ၊ကွန်ဒို တိုက်ခန်း စတာတွေအပြင် စက်မှုဇုန်တွေ
လည်း ထပ်တူခံစားခဲ့ကြရပါတယ်။
လက်ရှိအစိုးရသစ်လက်ထက်မှာ ပြည်ပကနေလာရောက်
ရင်းနှီးမြုပ်နှံမယ့်ငွေကြေးဟာ သန်း ခုနစ်ထောင်ကျော်
ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။လတ်တလောကာလမှာ
အိမ် ခြံ မြေ ရာသီဥတုဟာ အပေါင်းလက္ခဏာဆောင်နေတဲ့
နည်းတူ ပြည်ပရင်းနှီးမြုပ်နှံလိုသူတွေကြောင့် စက်မှုဇုန်မြေ
ဈေးကွက်ဟာ ဦးပြန်မော့လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
စက်မှုဇုန်မြေဈေးကွက်နဲ့ ပတ်သက်ရင် အစိုးရရဲ့
ထိန်းကျောင်းမှုကို အများဆုံးခံရတဲ့ မြေဈေးကွက်လို့
ဆိုရမှာပါ။ဘာကြောင့်လဲဆိုရင် ယခင် အစိုးရ ၊ ယခု အစိုးရ
အစိုးရအဆက်ဆက်မှာ အိမ် ခြံ မြေ ဖိအားပေးမှုတွေထက်
စက်မှုဇုန်မြေဈေးကွက်ကို ဖိအားပေးမှုတွေပိုလုပ်လေ့
ရှိပါတယ်။လက်ရှိ NLD အစိုးရလက်ထက်မှာလည်း စက်မှုဇုန်
မြေတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာရှိပါတယ်။
ဒါကတော့ အများသိထားသလို အမှန်တကယ်လုပ်ကိုင်
နေခြင်းမရှိတဲ့ စက်မှုဇုန်မြေကွက်လွတ်တွေကို ပြန်လည်
သိမ်းဆည်းမယ့် သတင်းပဲ ဖြစ်ပါတယ်။ဒီ သတင်းဟာ
အရင် အစိုးရလက်ထက်တွေမှာလည်း ထုတ်ပြန်မှုတွေရှိခဲ့
ပေမယ့် အမှန်တကယ် အရေးယူဆောင်ရွက်တာတွေ
မရှိခဲ့ပါဘူး။
ဒါ့ အပြင် ဒီလိုသတင်းတွေထွက်ပေါ်ပြီးတိုင်း စက်မှုဇုန်
မြေဈေးဟာ ပိုမြင့်ခဲ့သလို အရောင်းအဝယ်ဈေးကွက်ကို
လည်းမထိခိုက်ခဲ့ပါဘူး။
ဒီဘက်ခေတ်အစိုးရလက်ထက်မှာတော့ ဇုန်မြေကွက်တွေ
အကြောင်းပြောဆို ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဇုန်မြေ
ဈေးကွက်ဟာ လုံးဝ ရပ်တန့်သွားခဲ့ပါတယ်။
ဒီလိုရပ်တန့်ခဲ့တယ်ဆိုပေမယ့် ဇုန်မြေကွက်လွတ်တွေဟာ
လည်း ချက်ခြင်းအသက်ဝင်လာခဲ့တာ တွေ့ရပါတယ်။
ဒါကြောင့်လည်း အချိန်အတိုင်းအတာတစ်ခု ကြာပြီးတဲ့
နောက်မှာ အခြားအိမ်ခြံမြေ နည်းတူ ဇုန်မြေကွက်တွေဟာ
ပြန်လည် အလုပ်ဖြစ်လာခဲ့ပါတယ်။လက်ရှိ ဇုန်မြေဈေးကွက်
ပေါက်ဈေးတွေအရတော့ ပျမ်းမျှနှုန်းထားအရ တစ် ဧက ကို
သိန်း တစ်ထောင်ကျော်ကနေ သိန်းပေါင်းသောင်းချီ အထိ
ဈေးကွက်ဖြစ်ထွန်း နေပါတယ်။
ဈေးနှုန်းအရကတော့ အမှန်တကယ် လည်ပတ်သက်ဝင်
နေတဲ့ ဇုန်မြေတွေဟာ ဈေးပိုရနေတာဖြစ်ပြီး ရေ မီး
အဆင်သင့်မဖြစ်သေးဘဲ လည်ပတ်ဖို့ အားယူနေရဆဲဖြစ်တဲ့
နေရာတွေကတော့ သိန်း ထောင်ဂဏန်း ပတ်လည်နဲသာ
အရောင်းအဝယ်ဖြစ်နေပါတယ်။
လတ်တလော လည်ပတ်ရန်အဆင်သင့်ဖြစ်နေတဲ့
တောင်ဒဂုံ စက်မှုဇုန် ၊ လှိုင်သာယာမြို့နယ်က ရွှေလင်ဗန်း
စက်မှုဇုန် တွေရဲ့ ဈေးနှုန်းဟာ တစ် ဧကကို သိန်း ၃၀၀၀ ၊
၅၀၀၀ ၊ ၇၀၀၀ နှင့် ၈၀၀၀ အကြားရှိနေကြောင်သိရ
ပါတယ်။ဒါ့အပြင် လက်ရှိကာလမှာ ဈေးကွက်အနေအထား
အရ စက်မှုဇုန်မြေတွေဟာ အရောင်း အဝယ် အငှား
ဈေးကွက်မျှနေတယ်လို့ ရန်ကုန်အခြေစိုက် အကျိုးဆောင်
တွေဆီက ကြားသိရပါတယ်။
ဒီလိုအခြေအနေတွေအပြင် ယခုနှစ်ရဲ့
Foreign Direct Investment (FDI)ဟာ သန်းပေါင်း ၇၀၀၀
ကျော်အထိရှိတယ်လို့ သတင်းဌာနအချို့ရဲ့ဖော်ပြချက်အရ
သိရပါတယ်။
ဒီလို ရင်းနှီးမြုပ်နှံမှုတွေလာမယ်ဆိုတာကြောင့် လက်တလော
ဈေးကွက်ပြန်ဦးမော့လာတဲ့ ဇုန်ဈေးကွက်အတွက်ကတော့
အားတက်စရာသတင်းတစ်ခုလို့ပဲပြောရမှာပါ။ဘာကြောင့်လဲ
ဆိုရင် ရင်းနှီးမြုပ်နှံလိုတဲ့သူတွေအတွက် မြေနေရာဟာ
ကျိန်းသေမရှိမဖြစ်လိုအပ်နေမှာဖြစ်တာကြောင့်လို့ပြောလို့
ရပါတယ်။
ယင်းအခြေအနေကြောင့် ဖြစ်လာနိုင်ဖွယ်ရာ ဇုန်ဈေးကွက်
အခင်းအကျင်းကို ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ
အက်ျုးဆောင်အသင်း ဥက္ကဌ က ခုလိုသုံးသပ်ထားပါတယ်။
"ဆရာတစ်ခါပြောခဲ့သလိုဘဲ။ ရင်နှီးမြုပ်နှံမှုတွေ ဝင်လာ
တယ်ဆိုရင် အိမ် ခြံ မြေ ကိုအရင်ဆုံး ဦးတိုက်ရမှာဘဲ ။
မတိုက်လို့ကိုမရဘူး။ခုလည်း ရင်းနှီးမြုပ်နှံမှုတွေလာနေမယ်
ဆိုရင် ဇုန်မြေဆီကို ရောက်လာမှာဘဲ။ ဇုန်မြေဈေးဟာ
ကောင်းလာဦးမှာဘဲ။ဈေးကွက်အရ အားသာလာဦး
မှာဘဲလို့ ထင်တယ်။"
အမှန်တကယ် လုပ်ကိုင်သူများကို ချက်ခြင်နီးပါးတွေ့လာရတဲ့
ဇုန်မြေဈေးကွက်ဟာပြည်ပ ရင်နှီးမြုပ်နှံမှုတွေ ဝင်ရောက်
လာချိန်မှာ အမှန်တကယ် အားကောင်းမောင်းသန်
ဦးမော့လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(မင်းဝဿန်)
credit - The Modern / Kumudra Journal
& iMyanmar House
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment