Thursday, December 10, 2015

"သင့်အိမ် အရောင် နှင့် စိတ် ကျန်းမာရေး"


"သင့်အိမ် အရောင် နှင့် စိတ် ကျန်းမာရေး"

အခန်း နံရံနဲ့ မျက်နှာကြက်တွေ အတွက်
ရွေးချယ်တဲ့ အရောင် ပေါ် မူတည်ပြီး
သင့်အိမ်အတွင်းဒီဇိုင်းက သင့်စိတ်ခံစားမှုကို
ကောင်းမွန်အောင် လှုံ့ဆော်နိုင် မှုရှိ၊ မရှိဆိုတာ
ကွဲပြားခြားနားမှုရှိတယ်လို့ လေ့လာမှုတွေက
ဆိုပါတယ်။

ဒါကြောင့် သင့်အိမ်အတွက် အရောင်တွေကို
ရွေးချယ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အရောင်နဲ့
စိတ်ခံစားမှုတို့အကြား ဆက်စပ်နေပုံကို
သိရှိနားလည်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) တောက်ပသော အရောင်
================
- အစိမ်းရောင်၊ အပြာရောင်တောက် တာက်၊ အဝါရောင်နဲ့
လိမ္မော်ရောင် စတဲ့ တောက်ပတဲ့ အရောင်တွေက
- ကျယ် ပြန့်တဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။
- ရင်းနှီးခင်မင်မှု၊ ပျော်ရွှင်မှု၊
ပေါင်းသင်းဆက်ဆံရေးအဆင်ပြေမှု စတာတွေကို
ဖြစ်ပေါ်စေတာကြောင့်
- ဧည့်ခန်းနဲ့ မီးဖို ချောင်တွေလို နေရာတွေမှာ
အဲဒီအရောင်တွေ ခြယ်သထားသင့်ပါတယ်။

(၂) အရောင်ရင့်
=========
- အနီ၊ ခရမ်း၊ အပြာမှိုင်းမှိုင်း၊ အစိမ်း ရင့်ရင့် စတဲ့
ရင့်ပြီး အမှောင်ဘက်သန်း တဲ့ အရောင်တွေက
- စိတ်ကျဉ်းကျပ်သလို ခံစားချက်မျိုးဖြစ်ပေါ်စေပါတယ်။
- ဒါ ကြောင့် ဒီလိုအရောင်တွေကို
အခန်းတွင်းရှိ အသုံးအဆောင်ပစ္စည်းတွေမှာပဲ သုံး ပါ။
- ဒါဆိုရင် သက်သောင့်သက်သာရှိမှု နဲ့
- လုံခြုံနွေးထွေးမှုတို့ကို ရရှိစေပါတယ်။

(၃) နွေးထွေးသော အရောင်
===============
- လိမ္မော်ရောင်နဲ့ အဝါရောင်တွေလို
နွေးထွေးတဲ့ အရောင်တွေက
- အခန်းအ ပူချိန်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။
- ဒါ ကြောင့် မြောက်အရပ်ကို မျက်နှာမူနေတဲ့
အခန်းတွေထဲမှာ သုံးသင့်တဲ့
အ ကောင်းဆုံးအရောင်တွေဖြစ်ကြပါတယ်။
- အကြောင်းကတော့ ဒီအရောင်တွေက
လှုပ်ရှားတက်ကြွမှုကို လှုံ့ဆော်ပေးနိုင်လို့ ပါ။
- အိပ်ခန်းလိုမျိုး အနားယူဖို့အတွက် စီမံထားတဲ့
အခန်းတွေမှာ မသုံးသင့်ပါ။

(၄) အေးမြသော အရောင်
==============
- ရေခဲပြာရောင်နဲ့ အစိမ်းရောင်တွေ လို အရောင်တွေက
- စိတ်ကို အေးချမ်း ငြိမ်သက်စေတဲ့ အာနိသင်ရှိပါတယ်။
- အဲ ဒီအရောင်တွေက အိပ်ခန်းတွေအတွက်
အဆင်ပြေကောင်းမွန်ပြီး
- ညနေခင်းအချိန်မှာ ပင်ပန်းလာတဲ့ အိမ်သူအိမ်သားတွေကို
ကောင်းကောင်းအနားရအိပ်မောကျစေကာ
- နောက်တစ်နေ့နံနက်ခင်းမှာ
လန်းလန်းဆန်းဆန်းနိုးထနိုင်အောင် ပံ့ပိုး ပေးနိုင်ပါတယ်။

(၅) ရေတပ်ပြာရောင်
===========
- ရေတပ်ပြာရောင်က
- လူတွေရဲ့ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံလိုစိတ်ကို
တားဆီးပေးတာကြောင့်
- ဧည့်ခန်းနဲ့ ထမင်းစားခန်းတွေမှာ မသုံးသင့်ပါဘူး။

(၆) အနီရောင်
========
- အနီရောင်က အခန်းတစ်ခုရဲ့ စွမ်း အင်အဆင့်ကို
မြှင့်တင်ပေးနိုင်စွမ်းရှိပါ တယ်။
- ဒါပေမဲ့ ဒီအရောင်က လူတွေကို စိတ်မသက်မသာ
ပိုဖြစ်စေပြီး ရန်လိုစေပါတယ်။
- ဒါကြောင့် ကလေးတွေရဲ့ အခန်း ထဲမှာ မသုံးသင့်တဲ့
အရောင်ပါ။
- အခန်း အရောင်ထက် အခန်းထဲမှာသုံးတဲ့
အသုံးအဆောင်တစ်ခုခုရဲ့ အရောင်မျိုးသာ ဖြစ်သင့်ပါတယ်။

(၇) ခပ်မှိုင်းမှိုင်းအရောင်
=============
- မှိုင်းတဲ့ အရောင်တွေကို
မီးဖိုချောင် နဲ့ ထမင်းစားခန်းမှာ လုံးဝမသုံးသင့်ပါဘူး။
- အစာစားချင်စိတ်ကို ဟန့်တားပေး နိုင်လို့ပါ။

posted by - Wai Phyoe Aung

credit - Good Health via Shwe Property

No comments:

Post a Comment