Thursday, December 10, 2015
"လင်မယားချင်း ပေးကမ်းခြင်းဖြင့် တစ်ဦးတည်းပိုင် ဖြစ်မလာခြင်း"
"လင်မယားချင်း ပေးကမ်းခြင်းဖြင့် တစ်ဦးတည်းပိုင်
ဖြစ်မလာခြင်း"
မိတ်ဆွေတစ်ဦးက သူအ မွေရ ဥယျာဉ်ခြံတစ်ခြံကို
ဇနီး သည်အား ပေးကမ်းခြင်း စာချုပ် ချုပ်ဆို၍
အမည်ပေါက်လုပ်ပေးခဲ့ ကြောင်း၊
ယခုလင်မယား ကွာရှင်း ကြသည့်အခါ အဆိုပါခြံမြေအား
မိမိအနေဖြင့် ရပိုင်ခွင့်ရှိပါသေးသ လားဟု ဆွေးနွေးလာသဖြင့်
ဗဟု သုတအဖြစ် ဤဆောင်းပါးကို ရေး သားလိုက်ပါသည်။
"ပေးကမ်းခြင်း"
========
မြန်မာ့ဓလေ့ထုံးတမ်း ဥပ ဒေအရ
ဗုဒ္ဓဘာသာဝင်များသည် မိမိပိုင်ဆိုင်သည့်
ရွှေ့ပြောင်းနိုင် သော ပစ္စည်း၊
မရွှေ့မပြောင်းနိုင် သော ပစ္စည်းများကို မည်သူမဆို မေတ္တာဖြင့်
ပေးကမ်းခြင်းပြုနိုင် သည်။
သို့ရာတွင် ပေးကမ်းခြင်း စာချုပ်စာတမ်းမှတ်ပုံတင်
အက်ဥပဒေအရ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌
အသိသက်သေနှစ်ဦး နှင့်အတူ မှတ်ပုံတင်၍ ပေးကမ်းခြင်း
စာချုပ်အဖြစ်ချုပ်ဆိုမှသာ တရားဝင် အတည်ဖြစ်ပေသည်။
ထို့ ကြောင့်
*** အိမ်ခြံမြေစသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို
ပေးကမ်းခြင်းပြုပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌
ဥပဒေနှင့်အညီ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ကို
ချုပ်ဆိုရပေသည်။ ***
ဤတွင်
*** လင်မယားနှစ်ဦး ပေါင်းသင်းနေစဉ်အတွင်း
ဖြစ် ထွန်းလာသည့် (သို့မဟုတ်)
လင်ဖြစ် စေ၊ မယားဖြစ်စေ တစ်ဦးဦးက အ မွေရလာသည့်
ပစ္စည်းဖြစ်လျှင်
အဆိုပါ ပစ္စည်းကို လင်က မယား အားဖြစ်စေ၊
မယားက လင်သို့ ဖြစ်စေ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်
ချုပ်ဆိုပေးသည့်တိုင် လင်မယား နှစ်ဦးပိုင်ပစ္စည်းအဖြစ်သာ
တည် ရှိမည်ဖြစ်သည်။
တစ်ဦးတည်း ပိုင်ဆိုင်ခွင့် ရမည် မဟုတ်ပေ။ ***
ဤသည်နှင့် ပတ်သက်၍
''ကိုခင်မောင်သိန်း (ခ) ကိုသိန်းနှင့် မစန်းစန်းမြင့်
၁၉၉၃ ခုနှစ် မြန်မာ နိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁'' အမှုတွင်
- ဒေါ်စန်းစန်းမြင့်က အချင်းဖြစ်မြေနှင့် မြေပေါ်ရှိနှစ်ထပ်
တိုက်အိမ်ကို ခင်ပွန်းဖြစ်သူ ဦးအောင်ထူးက
စာချုပ်စာတမ်းမှတ် ပုံတင်ရုံးတွင် ပေးကမ်းခြင်းစာချုပ်
ချုပ်ဆိုပေးကမ်းခဲ့သည်။
- အဆိုပါ မြေနှင့် တိုက်အိမ်ပေါ်တွင် ဒေါ်စန်းစန်းမြင့်သည်
ခင်ပွန်း သည် ဦးအောင်ထူးနှင့် ဦးအောင်ထူး၏ဖခင်
ဦးသိန်းမောင်တို့နှင့် အတူ နေထိုင်ခဲ့ကြသည်။
- နောက်ပိုင်းတွင် ခင်ပွန်း ဦးအောင်ထူးနှင့် ကွာရှင်းပြတ်စဲကြပြီး၊
မြင်းခြံမြို့စံပြတိုက်တန်းသို့ သွားရောက်နေ ထိုင်ခဲ့သည်။
- ဒေါ်စန်းစန်းမြင့် အမည်ပေါက် ပိုင်ဆိုင်သည့်
အဆိုပါ အိမ်နှင့်မြေကို ဦးအောင်ထူးနှင့် ဦး သိန်းမောင်တို့က
ဒေါ်စန်းစန်းမြင့် မသိဘဲ ရောင်းချလိုက်သဖြင့်
- မိမိပိုင် မြေနှင့် အိမ်ပေါ်တွင် ကျူးကျော်နေသော
ကိုခင်မောင်သိန်း တို့အား ဖယ်ရှားပေးရန် တရားစွဲဆိုခဲ့သည်။
- တရားပြိုင် ကိုခင်မောင်သိန်းတို့က လင်မယားနှစ်ဦးပိုင်ဖြစ်သဖြင့်
ကွာရှင်းပြီးဖြစ်သော် လည်း ပစ္စည်းခန်း မခွဲဝေရသေး ကြောင်း၊
ပစ္စည်းတစ်ရပ်လုံးကို တစ်ဦးတည်းမပိုင်သဖြင့် တရားစွဲဆိုခွင့်
မရှိကြောင်း ထုချေခဲ့သည်။
မူလမန္တလေးတိုင်း တရား ရုံးတော်က
ဒေါ်စန်းစန်းမြင့်စွဲဆိုသည့်အတိုင်း အနိုင်ဒီဂရီချမှတ် ပေးခဲ့သဖြင့်
ဦးခင်မောင်သိန်းတို့ က တရားရုံးချုပ်သို့ အယူခံ
ဝင်လာခြင်းဖြစ်သည်။
တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ်သည်မှာ
- ယခုအမှုတွင် ကွယ်လွန်သူ ဦးအောင်ထူးနှင့်
တရားလို ဒေါ်စန်းစန်းမြင့်တို့ သည် ၂၅-၈-၈ဝ နေ့က
တရား ဝင် လက်ထပ်ထိမ်းမြားခဲ့ကြပြီး
- ၁၈-၃-၈၁ ရက်နေ့တွင် ပြုလုပ်သော တိုက်နှင့် မြေအပေါ်
စာချုပ် မှတ်ပုံတင် စာချုပ်စာတမ်း အမှတ် ၂၆/၈၁ ဖြင့်
အချင်းဖြစ်မြေနှင့် အိမ်ကို ဦးအောင်ထူးက
ဒေါ်စန်း စန်းမြင့်အား ပေးအပ်ခဲ့သည်။
- ဦးအောင်ထူးနှင့် ဒေါ်စန်း စန်းမြင့်တို့သည်
၂-၂-၈၂ ရက်နေ့ တွင် စာချုပ်စာတမ်းဖြင့် တရားဝင်
ပြတ်စဲခဲ့ကြသည်။
- ၈-၆-၈၄ နေ့ တွင် ယင်းမြေနှင့်အိမ်ကို ဦးခင် မောင်သိန်းက
ဦးအောင်ထူးထံမှ ဝယ်ယူခဲ့ကြောင်း ပေါ်ပေါက် လျက်ရှိသည်။
ဤအမှုတွင် အဓိကဆုံး ဖြတ်ရမည်မှာ
- ဦးအောင်ထူးက ဇနီးဒေါ်စန်းစန်းမြင့်အား
အချင်း ဖြစ် ဥပစာကို ပေးအပ်ခဲ့ခြင်းအား ဖြင့်
ပစ္စည်း၏ ပိုင်ဆိုင်မှုအနေအ ထား မည်သည့်အခြေအနေတွင်
ရောက်ရှိကြောင်း ဆုံးဖြတ်ရန်ဖြစ် သည်။
- ယင်းပစ္စည်းမှာ မူလက
ဦးအောင်ထူး၏ဖခင် ဦးသိန်းမောင် ပိုင်ဆိုင်ပြီး
ဦးသိန်းမောင်က ၁၉-၃-၇၄ နေ့စွဲပါ ဘိုးဘပိုင် ဝိုင်းမြေ နှင့်
နေအိမ်အမွေလွှဲပြောင်းပေး ခြင်းစာချုပ်
၁၉၇၄ ခုနှစ် မှတ်ပုံ တင်စာချုပ်အမှတ် ၁၂/၇၄ ဖြင့် ချုပ်ဆို၍
သားဖြစ်သူ ဦးအောင် ထူးအား လွှဲပြောင်းပေးခဲ့သည်။
- တစ်ဖန်ဦးအောင်ထူးက ၁ဝ-၃-၈၁နေ့စွဲပါ တိုက်နှင့်
ဘိုးဘ ပိုင်ဝိုင်းမြေအပေးစာချုပ် ၁၉၈၁ ခုနှစ် မှတ်ပုံတင်
စာချုပ်အမှတ် ၂၆/၈၁ ဖြင့် ဇနီးဖြစ်သူ ဒေါ်စန်း စန်းမြင့်အား
ချစ်ခင်မြတ်နိုး၍ လွှဲ ပြောင်းပေးခဲ့သည်။
- ဖခင်ဦးသိန်းမောင် လွှဲ ပြောင်းပေးသော အချိန်တွင်
ဦး အောင်ထူးနှင့် ဒေါ်စန်းစန်းမြင့်တို့ မှာ တရားဝင်
အကြင်လင်မယား အဖြစ် ပေါင်းသင်းနေစဉ်အခါ ဖြစ်သဖြင့်
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ လင်မယားပေါင်းသင်း စဉ်
လက်ထက်ပွား ပစ္စည်းအဖြစ် ပိုင်ဆိုင်သည့်သဘော
သက် ရောက်ပေသည်။
- သို့ဖြစ်ရာ အချင်းဖြစ် ပစ္စည်းကို ဦးအောင်ထူးက ဇနီးဖြစ်သူ
ဒေါ်စန်းစန်းမြင့်အား လွှဲပြောင်း ပေးကမ်းခဲ့သည်ဟု
ဆိုသော်လည်း လင်မယားနှစ်ဦး တရားဝင်ပေါင်း သင်း
နေထိုင်ကြစဉ် ဖြစ်ထွန်းတိုး ပွားလာသော ပစ္စည်းဖြစ်သည့်
အတွက် မြန်မာ့ဓလေ့ထုံးတမ်း ဥပ ဒေအရ
လင်မယားနှစ်ဦးစလုံး ဥပဒေနှင့်အညီ
ခွဲဝေပိုင်ဆိုင်ကြ ရမည်သာဖြစ်သည်။
- မည်သူက ပေးသည်ဖြစ်စေ၊ တစ်ဦးတည်းပိုင်ပစ္စည်းအဖြစ်
ရပ်တည်နိုင်မည်မဟုတ်ချေ။
- ဒေါ်စန်းစန်းမြင့်အနေ ဖြင့် မိမိပိုင်ရေး ပိုင်ခွင့်ရှိသော
ပစ္စည်းစု ဝေစုကို ရရှိရန်အတွက် ဥပဒေနှင့်အညီ
အရေးယူ ဆောင် ရွက်ရန်သာဖြစ်သည်။
- အချင်းဖြစ် အမှုတွင် ပစ္စည်းတစ်ရပ်လုံးအပေါ်
ဒေါ်စန်းစန်းမြင့်က မိမိပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာပေးရန်နှင့်
လက်ရောက်ပေးအပ်ရန် တရားစွဲဆိုခြင်းမှာ တရားစွဲဆိုပုံ
မှားယွင်းနေသည်ဟု ဆုံးဖြတ်ပြီး
ဒေါ်စန်းစန်းမြင့် စွဲဆိုသည့်အမှုကို ပလပ်ခဲ့ပေသည်။
ထို့ကြောင့်
လင်မယားနှစ် ဦးပိုင်ပစ္စည်းကို တစ်ဦးဦးက ကျန်တစ်ဦးအား
မေတ္တာဖြင့် ပေးကမ်း ခြင်းမှတ်ပုံတင် စာချုပ် ချုပ်ဆို
ပေး သော် လည်း ပေးကမ်းခြင်းကို လက်ခံသူ တစ်ဦးတည်းက
အဆို ပါ ပစ္စည်းကို ပိုင်ဆိုင်ခြင်းမရှိဘဲ
လင်မယား ပူးတွဲပိုင်ပစ္စည်း အဖြစ်သာ တည်ရှိနေမည်ဖြစ်သဖြင့်
လင်မယား ကွာလိုမှုစွဲဆိုရာတွင် ပစ္စည်းခန်း၌ အဆိုပါ ပစ္စည်းကို
ထည့်သွင်းခွဲဝေခွင့်ရှိမည် ဖြစ်ပေ သည်။
"ပူးတွဲပိုင်ပစ္စည်းကို တစ်ဦးတည်းပိုင်အဖြစ်ရောင်းချခွင့်မရှိခြင်း"
=================================
တစ်ဆက်တည်းတင်ပြလိုသည်မှာ
*** လင်မယားကွာရှင်းခြင်း မပြုမီ (သို့မဟုတ်)
လင်မယားကွာရှင်းပြီး
ပစ္စည်းခန်းမခွဲဝေရသေးမီ ပူးတွဲ ပိုင်ဆိုင်ခွင့်ရှိသည့် ပစ္စည်းကို
တစ်ဦးတည်းက ရောင်းပိုင်ခွင့်မရှိ ချေ။ ***
''ဒေါ်ခင်စန်းမြင့်နှင့် ဒေါ်ကေကေစန်း ၂ဝ၁၁ ခုနှစ်
မြန်မာ နိုင်ငံတရား စီရင်ထုံး စာမျက်နှာ ၃၇'' အမှုတွင်
- ဒေါ်ခင်စန်းက မြေ နှင့် အဆောက်အအုံကို
ပူးတွဲပိုင်ရှင် ဒေါ်ကေကေစန်း၏ သဘောတူညီချက်မရရှိဘဲ
ဒေါ်ခင်စန်း မြင့်အား ရောင်းချခဲ့ သည်။
- ဒေါ် ခင်စန်းမြင့် က စရန်ငွေကျပ် ၁၃ သိန်း ပေးချေပြီး၍
ကျန်ငွေ ကျပ် ၂၇ သိန်းလက်ခံပြီးအရောင်း အဝယ်စာချုပ်
ချုပ်ဆိုကာ အဆိုပါ မြေနှင့် အိမ်အား
လက်ရောက်ပေး အပ်ရန် စွဲဆိုသည်။
- နှစ်ဦးပိုင် ပစ္စည်းဖြစ်၍ တရားလို ဒေါ်ခင်စန်းမြင့် အနေ ဖြင့်
ဒေါ်ခင်စန်း၏ ဝေစုကိုသာ ရ ပိုင်ခွင့်ရှိပြီး
ဒေါ်ကေကေစန်း၏ ဝေစုကို ရပိုင်ခွင့်မရှိသဖြင့်
ဒေါ် ကေကေစန်းအပေါ် ပစ္စည်းလက် ရောက်ရလိုမှု
စွဲဆိုခွင့်မရှိကြောင်း ဆုံးဖြတ်ထားပေသည်။
ထို့ကြောင့်
*** အိမ်ခြံမြေဝယ် သူများ အနေဖြင့်
ဝယ်ယူမည့် အိမ်ခြံမြေ၏ အမည်ပေါက်နှင့်
အကြင်လင်မယားတော်စပ်သူရှိ၊မ ရှိ၊
အကြင် လင်မယား ဖြစ်ပါက နှစ်ဦးသဘောတူညီချက်ရှိ၊မရှိ၊
လင်မယားနှစ်ဦးအား အရောင်းအ ဝယ် မှတ်ပုံတင်စာချုပ်တွင်
လက်မှတ်ရေးထိုး ချုပ်ဆိုစေခြင်းဖြင့်
တရားဝင် ပိုင်ဆိုင်မှုရစေရန် ဆောင်ရွက်သင့်ကြောင်း ***
အကြံပြု ရေးသားလိုက်ပါသည်။
ထီယု (ဥပဒေ အတိုင်ပင်ခံ)
credit - Myanmar Market Journal
Labels:
မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment