Wednesday, August 17, 2016

"လုံခြုံမှုရှိသောနေထိုင်မှု"

"လုံခြုံမှုရှိသောနေထိုင်မှု"

သင့်အိမ်ဟာသင့်ရဲ့ယုံကြည်အေးချမ်းစွာနားခိုရာနေရာ
ဖြစ်ပါတယ်။ မိမိအိမ်မှာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
မိမိပိုင်ဆိုင်သည့်ပစ္စည်းများ လုံခြုံစွာရှိနေရန်မှာ
အရေးကြီးပါတယ်။ မိမိပိုင်ဆိုင်မှု ပစ္စည်းများသာမက
မိမိအသက်အန္တရာယ်ပါထိခိုက်ပျက်စီးဆုံးရှုံးနိုင်တဲ့
အခြေအနေများဖြစ်ပေါ် နိုင်တဲ့အတွက် မိမိတို့၏ အိမ်များ
ထိုသို့သောအန္တရာယ်များမှ လုံခြုံစိတ်ချရအောင်
မည်သို့သောနည်းလမ်းများဖြင့် ကြိုတင်ကာကွယ်
နိုင်သည်ဆိုသည်မှာလည်း သိထားသင့်သောအကြောင်း
အရာများဖြစ်တာကြောင့် အောက်ပါ အသုံးဝင်သော
အချက် (၇) ချက်အားဖော်ပြပေးလိုက်ပါတယ်။

(၁) အိမ်တံခါးများအား လုံခြုံမှုရှိအောင်ပိတ်ပါ။

အိမ်အတွင်းသို့ဖောက်ထွင်းဝင်ရောက်လာမှုများရဲ့
၃၄ ရာခိုင်နှုန်းဟာ သော့မခတ်ထားတဲ့အိမ်တံခါးများနှင့်
ပြတင်းပေါက်များမှဝင်ရောက်ခြင်းဖြစ်တယ်လို့ အမေရိကန်
စစ်တမ်းတစ်ခုကဆိုပါတယ်။
ရဲ များ ကလည်းအိမ်တွင်းဖောက်ထွင်းမှုပြစ်မှုများဟာ
များသောအားဖြင့် တံခါးသော့မခတ်ထားတဲ့အိမ်များတွင်သာ
ပိုမိုဖြစ်ပေါ်လေ့ရှိတယ်လို့ဆိုပါတယ်။
ဒါကြောင့်အိမ်တွင်းဝင်ရောက်ဖောက်ထွင်းမှုများကို ရှောင်ရှား
နိုင်ရန်အတွက် အရေးကြီးဆုံးအချက်ကတော့ အိမ်ရဲ့
ဝင်ပေါက်တံခါးများနှင့် ပြတင်းပေါက်များကို သေချာအောင်
ပိတ်ထားခြင်းပဲဖြစ်ပါတယ်။

အိမ်နီးနားခြင်းနှင့် အိမ်ပတ်ဝန်းကျင်လုံခြုံမှုရှိသည်ဆိုလျှင်
တောင် မိမိအိမ် တံခါးပေါက်များကို ပိတ်ထားရန်လိုအပ်မှာ
ဖြစ်ပါတယ်။ သင်အိမ်ထဲမှာတစ်ယောက်ထည်းရှိနေစဉ်အချိန်
များမှာလည်း ဝင်ပေါက်တံခါးများကို အနည်းဆုံးတော့
ဂျက်ချထားခြင်းဖြင့်ပိုမိုလုံခြုံမှုရှိစေမှာဖြစ်ပါတယ်။

အိမ်ရဲ့ တံခါးပေါက်များအားအတားအဆီးမဲ့ထားခြင်းဟာ
အိမ်တွင်းသို့ဖောက်ထွင်း ဝင်ရောက်ရန် ကြိုးစားမှုများအား
လွယ်ကူစေပြီး မိမိ၏တန်ဖိုးရှိပစ္စည်များသာမက
မိမိအသက်အန္တရာယ်ပါထိခိုက်နိုင်တဲ့အတွက်သတိရှိရှိ
လုပ်ဆောင်သင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

(၂) ခိုင်မာသော တံခါးသော့များ တပ်ဆင်ပါ။

အဝင် အထွက်တံခါးများနှင့် ပြတင်းပေါက်များအားသော့နှင့်
ဂျက်များတပ်ဆင်ခြင်းကပထမအဆင့်ဖြစ် ပါတယ်။ သို့ပေမယ့်
လုံခြုံခိုင်မာမှုရှိသောပစ္စည်းများကိုတပ်ဆင်ခြင်းဖြင့် ဖောက်ထွင်း
ဝင်ရောက်သူများ အား ပိုမိုခက်ခဲစေမည့် အတားအစီးများကို
ဖြစ်ပေါ်စေမှာလည်းဖြစ်ပါတယ်။

Deadbolt များကို အသုံး ပြုခြင်းဖြင့် factory locks နှင့်
chain locks များထက်ပိုမိုလုံခြုံစိတ်ချနိုင်မှာ ဖြစ်ပါတယ်။

သင်နှင့် သင့်မိသားစုဝင်များအိမ်အတွင်းလုံခြုံမှုရှိစေရန်
အတွက်တံခါးများကိုအမြဲတမ်း Lock လုပ်ထား ရန်လိုအပ်မှာ
ဖြစ်ပြီး သံပန်းတံခါးများတပ်ဆင်ထားခြင်းဟာ ပိုမိုလုံခြုံ
ကောင်းမွန်တဲ့အကြံညဏ်တစ်ခု လည်းဖြစ်ပါတယ်။

(၃) အမှောင်ကြိုက်သော ဒုစရိုက်လောကသားများ။

အိမ်တွင်းသို့ဖောက်ထွင်းဝင်ရောက်သူများ များသောအားဖြင့်
ရှောင်ရှားသောအချက်များထဲမှ မီးရောင်ရှိနေတဲ့အိမ်ကို
ရှောင်ကျဉ်ခြင်းဟာလည်း ယုတ္တိဗေဒကျတဲ့
အချက်တစ်ချက်ဖြစ်ပါတယ်။

သင်အနေနဲ့အိမ်တစ်အိမ်ကို ဖောက်ထွင်းဝင်ရောက်ရန်
ကြိုးစားနေသူ အနေဖြင့် စဉ်းစားကြည့်ပါက မီးရောင်ရှိတဲ့
အိမ်နှင့် မီးအမှောင်ချထားသောအိမ်ထဲမှ တစ်လုံးရွှေးချယ်
ရမည်ဆိုပါက သင့်အား လူသူမမြင်အောင်ထွက်ပြေး
လွတ်မြောက်နိုင်တဲ့ မီးအမှောင်ချထားတဲ့အိမ်ဟာ
သင်ရွှေးချယ်တဲ့ အိမ်ဖြစ်မှာပါ။

လှုပ်ရှားမှုအာရုံခံမီးသီးများဟာ ထိုအခြေအနေများအတွက်
အကောင်းမွန်ဆုံးရွှေးချယ်ရာပဲဖြစ်ပါတယ်။ အိမ်နှင့်
အနီးအနားဝန်းကျင်နှင့် အိမ်တွင်းလှုပ်ရှားမှုများကို
အခြေခံပြီး မီးအဖွင့်အပိတ်ဖြစ်ပေါ်တဲ့မီးသီး များ ကြောင့်
အိမ်အတွင်းသို့ချဉ်းကပ်သူများကို ကာကွယ်ခြောက်လှန့်
ပေးမှာဖြစ်ပါတယ်။

(၄) အိမ်မွေးခွေး မွေးမြူပါ။

အိမ်ဖောက်ထွင်းသူအများစုဟာ ၎င်းတို့ဝင်ရောက်ကြိုးစား
နေသောအိမ်များအတွင်း ခွေးများ၏ အရိပ်အရောင်များ
တွေ့ပါက နောက်အိမ်တစ်အိမ်သို့ချက်ချင်းဆိုသလို
ဦးတည်ချက်ပြောင်းတက်ကြပါ တယ်။

ခွေးကိုက်တက်သည် ဆိုင်းပုဒ် (သို့) စာကပ်ထားခြင်းကလည်း
အိမ်တွင်းသို့ဖောက်ထွင်းဝင်ရောက်သူ များကို
အထိုက်အလျှောက်ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် သင့်အိမ်မှာ အိမ်မွေးခွေးများမရှိပါကလည်း
ခွေးကိုက်တက်သည်ဆိုတဲ့ ဆိုင်းပုဒ် ကလည်း
အထောက်အကူဖြစ်စေနိုင်ပါတယ်။

(၅) လုံခြုံရေး Alarm တပ်ဆင်ပါ။

လုံခြုံရေး Alarm များတပ်ဆင်ခြင်းဖြင့်လည်း အိမ်တွင်းသို့
ဖောက်ထွင်းဝင်ရောက်ရန်ကြိုးစားသူများ တားစီးခြိမ်းခြောက်
နိုင်မှာဖြစ်ပါတယ်။ အိမ်အတွင်းသို့ဝင်ရောင်သည်နှင့်တပြိုင်နက်
အရေးပေါ်အချက်ပေးသံထွက်ပေါ်လာမည်ဖြစ်ပြီး
ဖောက်ထွင်းဝင်ရောက်လာသူအားလည်း ခြိမ်းခြောက်
မောင်းထုပ်နိုင် မည့်အပြင် သင့်ကိုယ်တိုင်လည်း မိမိ
ကိုယ်ကိုယ်ကာကွယ်နိုင်ရန်အခွင့်အရေးရနိုင်မှာဖြစ်ပါတယ်။

ခွေးကိုက်တက်သည် ဆိုင်းပုဒ်တပ်ဆင်ထားခြင်းဖြင့်
သင့်အိမ်သို့ဖောက်ထွင်းဝင်ရောင်နိုင်မှုများ ကိုအထောက်အပံ့
ဖြစ်စေသလိုပဲ Security alarms ကုမ္ပဏီများမှပေးတဲ့
လုံခြုံရေးအချက်ပေးစနစ် Stickers များကိုသင့်အိမ်တွင်
ကပ်ထားခြင်းဖြင့်လည်း သင့်အိမ်တွင် လုံခြုံရေးအချက်ပေး
စနစ်တပ် ဆင်ထားသကဲ့သို့ အိမ်ဖောက်ထွင်းရန်ကြိုးစား
သူများအား အခြေအနေတစ်မျိုးဖြင့် တားစီးနိုင်မှာ လည်း
ဖြစ်ပါတယ်။

(၆) မသင်္ကာသူများတွေ့ရှိပါက သက်ဆိုင်ရာသို့
အကြောင်းကြားပါ။

အိမ်ဖောက်ထွင်းဝင်ရောက်သူများဟာ ၎င်းတို့စတင်
ဝင်ရောက်ရန်မလှုပ်ရှားခင် အရင်ဆုံးလေ့လာမှုပြုလုပ်ကြလေ့
ရှိပါတယ်။ ၎င်းတို့ဖောက်ထွင်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့
အန္တရာယ်များအတွက် ထိုက် တန်သောအဖိုးတန်ပစ္စည်းများ၊
ခိုးယူရန်တန်ဖိုးရှိပစ္စည်းများနှင့် အခြားအကြောင်းပြချက်
ကောင်းများကို အကဲ့ခတ်စောင့်ကြည့် ခြင်းလည်း
ဖြစ်နိုင်ပါတယ်။

ထို့သို့မိမိအိမ်ပတ်ဝန်းကျင်တွင် မျက်နှာစိမ်းများအား
မသင်္ကာဖွယ်တွေ့ရှိပါက သက်ဆိုင်ရာသို့အကြောင်းကြားခြင်းဖြင့်
မိမိအိမ်နှင့် ပတ်ဝန်းကျင်အား ပိုမိုလုံခြုံစေမှာဖြစ်ပါတယ်။

(၇) Social ကွန်ရက် (မသုံးတက်လျှင်ဘေး)

နောက်ပိုင်းခေတ်များမှာတော့ Social ကွန်ရက်များအတွင်း
လူအများဟာ ၎င်းတို့ရဲ့အနာဂတ်အစီ အစဉ်များနှင့် ဘဝရေးရာ
ကိစ္စအကြောင်းစုံအားထုပ်ဖော်ပြသခြင်းကို ပိုမိုနှစ်သက်လာ
ကြပါတယ်။ အချို့သောသူများဟာ ၎င်းတို့ရဲ့ မိသားစု
ခရီးစဉ်များနှင့် ရုံးပိတ်ရက်ခရီးစဉ်များအား  လူမှုကွန်ရက်များ
အတွင်း ထုပ်ဖော်ပြောကြားမှုများပါရှိလာပါတယ်။

သင့်ရဲ့ Facebook အကောင့်အတွင်းရှိသူများဟာ
သင်သိကျွမ်းပြီးသားနှင့် သင်ယုံကြည်သောသူများ သာ
ဖြစ်သည်ဆိုပါကလည်း ၎င်းတို့ထဲမှ
တစ်စုံတစ်ယောက်ယောက်က ထိုအခြေအနေများမှ
ရရှိနိုင်သောအခွင့်အရေးများကိုစောင့်ကြည့်နေသူဆိုပါက
သင်အနေနဲ့အဆိုပါ အိမ်ဖောက်ထွင်းသူများနှင့်
ပစ္စည်းခိုးယူသူများအား
“ဒီနေ့ဒီအချိန် အိမ်ကိုလာခဲ့ အိမ်ကပစ္စည်းတွေလာယူ၊
နှောက်ယှက်မဲ့သူဘယ်သူမှမရှိဘူး ခရီးသွားနေတယ်” လို့
ပြောနေသယောင်ဖြစ်နေမှာပါ။

ဒါကြောင့်သင်ပိုင်ဆိုင်မှုများရဲ့ လုံခြုံမှုထိခိုက်နိုင်တဲ့ Post များ
ကိုလူမှုကွန်ရက်များတွင် တင်ပြခြင်းကို ရှောင်ကျဉ်ရန်
လိုအပ်မှာ ဖြစ်ပါတယ်။

ကဲ့အခု သင့်အနေနဲ့ အိမ်ဖောက်ထွင်းသူများရဲ့ အန္တရာယ်များ
ကိုကြိုတင်ကာကွယ်နိုင်တဲ့အရေးကြီးပြီး ထိရောက်မှုရှိတဲ့
ဆောင်ရန် ရှောင်ရန်အချက် (၇) ချက်ကိုသိရှိသွားပြီး
ဖြစ်ပါတယ်။

အဆိုပါအချက်များထဲမှ သင်လုပ်နိုင်တဲ့အချက်များကို
ယခုပင်လုပ်ပြီး ကျန်တဲ့အချက်များကိုတော့ တက်နိုင်သလောက်
မြန်မြန်ဆန်ဆန်လိုက်ပါ။ ပြုလုပ်ရန်လိုအပ်မှာဖြစ်ပါတယ်။

(House)

credit - House com mm

No comments:

Post a Comment