"အခြေခံလူတန်းစားတွေ အိမ်ပိုင်ဆိုင်ရေး မျှော်လင့်ချက်နဲ့
ဘဏ်ချေးငွေ"
လူတန်းစားမရွေးအိမ်ရာပိုင်ဆိုင်ချင်တဲ့ အိပ်မက်တွေ ရှိနေ
ကြပါတယ်။
အိမ်ပိုင်ဆိုင်သူအများစုက တိုးတက်နေတဲ့ လူဦးရေ
အပြောင်းအလဲအလိုက် နောက်ထပ်အိမ်ရာတွေကို ဝယ်ယူဖို့
စိတ်အားထက်သန်ကြပါတယ်။
အိမ်ရာအတွက်နှစ်ရှည်ချေးငွေ
--------------------------------
အိမ်ရာဝယ်ယူဖို့ ချေးငွေဆိုတာက အခုပြင်ပမှာ သတ်မှတ်
ထားထထ်တဲ့ နှစ်ရှည်ချေးငွေကပုဂ္ဂလိက ကန်ထရိုက်တွေမှာဆို
အများဆုံးသာမန်တိုက်ခန်းတွေကို ငါးနှစ်အရစ်ကျနဲ့ဖြစ်ပြီး
ပထမအကြိမ်ပေးသွင်းဖို့ ၂၀ ရာခိုင်နှုန်း၊ ၃၀ရာခိုင်နှုန်းကို
မပေးနိုင်လို့ စောင့်ကြည့်ရသူတွေ များနေပါတယ်။
အခုနောက်ပိုင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတ်မှတ်
လိုက်တဲ့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ရဲ့ရှစ်နှစ်
အရစ်ကျစနစ်ကသာ ဘဏ်တစ်ခုအနေနဲ့ အများဆုံးပေးတဲ့
နှစ်ကာလအပိုင်းအခြားဖြစ်ပါတယ်။ဒါကလည်း
သိန်း ၆၀ဝတန်ဧရာဝဏ်နဲ့ ရတနာ အိမ်ရာ ဝယ်ယူမှသာ
ရနိုင်မယ့်အခွင့်ရေး ဖြစ်ပါတယ်။
သည်အစိုးရလက်ထက်မှာတော့ တန်ဖိုးနည်းအိမ်ရာတွေကို
သိန်း ၁၀ဝ အောက် နဲ့ ရောင်းချနိုင်ဖို့ လုပ်နေတာတွေရှိသလို
ချေးငွေတွေကိုလည်း ရှစ်နှစ်အရစ်ကျကနေ ၁၅ နှစ်အထိ
သတ်မှတ်နိုင်ဖို့ စီစဉ်နေ ကြပါတယ်။ကျပ်သိန်း ၁၀ဝ တိုက်ခန်း
ကို ၁၅ နှစ်လောက်နဲ့ ပေးချေရမယ်ဆိုရင် ဝယ်ယူသူအနေနဲ့
သောင်းဂဏန်းဝန်းကျင် လောက်သာ ပေးချေရမှာဖြစ်ပါတယ်။
‘ချေးငွေရမယ်ဆိုရင်တော့ ကောင်းတာပေါ့၊ဒါပေမဲ့ အခုဟာက
အစိုးရအိမ်ရာကိုမဲနှိုက်ရဦးမယ်၊ ပေါက်မှ ကိုယ်ကဒီချေးငွေနဲ့
ဝယ်လို့ရမှာ၊အစိုးရအိမ်ရာက ရောင်းလိုက်တိုင်းလျှောက်လွှာ
တင်ပေမဲ့ တစ်ခါမှ မပေါက်ဖူးတော့ဖြစ်နိုင်ရင် အပြင်က
တိုက်ခန်းတွေကို ဒီလိုအရစ်ကျနဲ့ ရောင်းစေချင်တယ်’ လို့
မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ကိုနေထက်က ပြောပါတယ်။
အိမ်ရာအတွက် ဘဏ်ချေးငွေတွေနဲ့ ပတ်သက်ပြီး အစိုးရက
ရောင်းချတဲ့ အိမ်ရာတွေသီးသန့်မဟုတ်ဘဲ ပြင်ပကသက်သာ
တဲ့ အိမ်ခန်းတွေကိုလည်း သည်လိုအရစ်ကျပုံစံတွေနဲ့
ဝယ်ယူချင်သူတွေများပြားနေပါတယ်။
အခုပြင်ပမှာဖြစ်နေတဲ့ ပြဿနာတွေက အနည်းဆုံး
ကျပ် သိန်း ၇၀ လောက်ရှိသူတွေလောက်သာ အိမ်ရာပိုင်ဆိုင်
နိုင်တာဖြစ်လို့ လက်ရှိဈေးကွက်ထဲမှာပေးနေတဲ့ ချေးငွေတွေ
ဖြစ်တဲ့အီရွန်တို့လို အရစ်ကျအိမ်ရာချေးငွေတွေကို တောင်းဆို
နေကြတာဖြစ်ပါတယ်။
‘ဘဏ်ကကျတော့ အိမ်ရာဝယ်ဖို့ ငွေ ထုတ်မချေးဘူးဆိုတာက
ဝယ်တဲ့သူကို အပေါင်ပစ္စည်းတစ်စုံတစ်ခုမယူဘဲ ဒီတိုင်းပေးဖို့
တော့ ခက်ခဲတယ်၊ ကိုယ်ပေးလိုက်တဲ့ငွေကို အာမခံပေးတဲ့
ကန်ထရိုက်ကလဲ မရှိသလောက်နည်းတော့ ဝယ်ယူသူကို
တိုက်ရိုက်ထုတ်ချေးတာ မရှိဘူး’ လို့ ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အိမ်ရာတွေကို အရစ်ကျပုံစံနဲ့ ဝယ်ယူနိုင်ဖို့ အစိုးရဘက်က
အိမ်ရာသစ်တွေ တည်ဆောက်ပေးတဲ့ လုပ်ငန်းတွေထက်
လူတိုင်းဝယ်ယူလို့ရနိုင်တဲ့ အရစ်ကျပုံစံနဲ့ နှစ်ရှည်ဘဏ်
ချေးငွေတွေပေးပြီး လက်ရှိ ပုဂ္ဂလိက အိမ်ရာတွေကို
ဝယ်ယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
သည်လို သိန်း ၁၀ဝ နဲ့ သိန်း ၂၀ဝ ဝန်းကျင် တိုက်ခန်းတွေကို
လူလတ်တန်းစားတွေက ဝယ်ယူနိုင်သွားရင် အစိုးရက
နောက်ထပ်အသစ် ဆောက်လုပ်မယ့် တန်ဖိုးတန်း
အငှားအိမ်ရာနဲ့ အရောင်းအိမ်ရာတွေကို အခြေခံလူတန်းစား
တွေက ဝယ်ယူလာနိုင်မှာ ဖြစ်ပါတယ်။
သမိုင်းကြောင်း
----------------
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်အတွင်း အိမ်ရာနဲ့ မြေတန်ဖိုးက
အဆပေါင်းရာ ထောင်ချီမြင့်တက်လာခဲ့ပြီး တခြားငွေကြေးရင်းနှီး
မြှုပ်နှံမှုတွေဖြစ်တဲ့ ကား၊ ဖုန်း၊ ဒေါ်လာ၊ ရွှေ စတာတွေက
ပုံမှန်အတိုင်း မြင့်တက်သွားတာတွေရှိကြသလို မူဝါဒ ဥပဒေစတဲ့
ပြောင်းလဲမှုတွေကြောင့် ဈေးနှုန်းတန်ဖိုးကျဆင်းလာတာတွေ
လည်း ရှိပါတယ်။
မြေဈေးနှုန်းတွေက ပြီးခဲ့တဲ့ ၂၀ဝ၆ ခုနှစ်နဲ့ အခု၂၀၁၆ ခုနှစ်
နှိုင်းယှဉ်မယ်ဆိုရင် တန်ဖိုးအနေနဲ့ အများကြီးကွာခြားတာတွေ
ရှိနေပါတယ်။လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းက အိမ်ရောင်းချပြီး
အငှားဘဝနဲ့ နေထိုင်သူမိသားစုအနေနဲ့ လက်ရှိမှာမြို့စွန်ဘက်က
အိမ်ကိုတောင် ပိုင်ဆိုင်ဖို့ ခဲယဉ်းလာပါပြီ။
ငွေကြေးဖောင်းပွမှုမြင့်တက်တာနဲ့အတူ ဈေးအဆမတန်
ခုန်တက်မှုတွေက အိမ်ရာပိုင်ဆိုင်ဖို့ မြန်မာနိုင်ငံ လူဦးရေရဲ့
၈၀ ရာခိုင်နှုန်းကို စိန်ခေါ်မှုတွေ ဖြစ်စေပါ တယ်။
‘၂၀ဝ၇ ခုနှစ်လောက်က မြေဈေးတွေက သာကေတဘက်တွေ
မှာဆိုရင် သိန်းဆယ်ဂဏန်းလောက်နဲ့ရတယ်၊ အများဆုံးမှ
၁၀ဝ စွန်းစွန်းပဲ၊အဲဒီတုန်းက ကားဈေးတွေကြည့်မယ်ဆိုရင်
မတ်တူးကို သိန်း ၂၅၀ လောက်ပေါက်တယ်၊ ဖုန်းတွေဆိုလဲ
ဒီအတိုင်းပဲ သိန်း၅၀ လောက်အထိ ပေးရတဲ့ အခြေအနေတွေ၊
အဲဒီတုန်းက မြေဝယ်ထားတဲ့သူက အခုချိန်မှာ ရင်းနှီးမြှုပ်နှံမှု
မှန်ပေမဲ့ တခြားကဏ္ဍတွေကတော့ အားလုံးအရှုံးကြီးပဲ’ လို့
ဆောက်လုပ်ရေးဝန်ကြီးဌာနက အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့
ဦးဝင်းအောင်က သူ့အမြင်ကို ပြောပြ ပါတယ်။
တချို့ငွေရင်းနှီးမြှုပ်နှံဖို့ လက်တွန့်တဲ့ ငွေကြေးလည်ပတ်မှု
များတဲ့ သူတွေကျတော့လည်း စပေါ်သဘောမျိုးပေးပြီး ငှား
နေကြသူတွေရှိခဲ့ပါတယ်။ သည်လူတွေက အရင်က မြို့ထဲ
တိုက်ခန်းတွေကို တစ်လ ငှားရမ်းခကို စပေါ် သိန်း ၅၀
လောက်ပေးပြီး အိမ်လခနည်းနည်းနဲ့ နေထိုင်ကြတာ
ဖြစ်ပါတယ်။
အရင် တာမွေ အာသောက ဘက်က တိုက်ခန်းအများစုမှာ
ရှိခဲ့ပါတယ်။ အဲသည်အချိန်အတိုင်းအတာက သည်ငွေပမာဏ
က မြို့သစ်တွေဖြစ်တဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံလို နေရာ
တွေမှာ ပေ ၂၀ x ပေ ၆၀ လုံးချင်းအိမ်ဝယ်နိုင်တဲ့
ပမာဏဖြစ်ခဲ့ပါတယ်။
သည်လိုငှားရမ်းနေကြတဲ့သူတွေအတွက် အခုသည်ငွေပမာဏ
က အဆင့်မြင့် အိမ်ရာတွေရဲ့တစ်နှစ်ငှားရမ်းခ နှုန်းထား
အဖြစ်ရောက်ခဲ့ပါပြီ။
ကျပ်သိန်း ၅၀ လောက်နဲ့ အိမ်ပိုင်ဆိုင်ဖို့ဆိုတာ
လက်ရှိလူနေထိုင်မှု စိတ်လာတဲ့ရပ်ကွက် ၊ မြို့နယ်တွေမှာ
မရနိုင်တော့ပါဘူး။
(ပြည့်ဖြိုးမြင့်မွန်)
credit - Kumudra Journal
No comments:
Post a Comment