“မကြာမီ အသက်ဝင်လာတော့မည့် စီမံကိန်းများ”
၁။ "အမရပူရမြို့ပြစီမံကိန်းပြုလုပ်မည့်ကုမ္ပဏီက
မြေတစ်ဧက ကျပ်သိန်း ၈၀၀ အထိပေးပြီး ဝယ်ယူနေ"
မန္တလေးမြို့အနီး အကောင်အထည်ဖော်မည့် အမရပူရ
မြို့ပြစီမံကိန်းအတွက် ကုမ္ပဏီက မြေတစ်ဧကလျှင်
ကျပ်သိန်း ၈၀၀ အထိ ဈေးပေးဝယ်ယူနေကြောင်း
သတင်း ရရှိသည်။
ဧရာဝတီမြစ်ကမ်းဘေး သောင်ပြင်များပေါ်ရှိ မြေဧက
နှစ်ထောင်ပေါ်တွင် တည် ဆောက်နေသည့် စီမံကိန်းဖြစ်ပြီး
ဦးမောင်ဝိတ်၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော
Mandalay Business Capital Development ကုမ္ပဏီက
အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
မြေယာများကို နှုန်းသေ သတ်မှတ်ထားခြင်းမရှိဘဲ
မြေနေရာအနေအထားနှင့် ကာလပေါက်ဈေးအပေါ်မူတည်ပြီး
တောင်သူတစ်ဦးချင်းနှင့် ညှိနှိုင်းဈေးဖြတ်ဝယ်ယူခြင်း
ဖြစ်ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရဲဝင်းက
ပြောကြားသည်။
မြေတစ်ဧကလျှင် အ နည်းဆုံး ကျပ်သိန်း ၂၀၀ မှ
ကျပ်သိန်း ၈၀၀ အထိ ရှိသည်။ မြေ များသည် မြစ်ကမ်းစပ်
သဲသောင်ကျွန်းမြေများဖြစ်ပြီး ပုဂ္ဂလိက ဒေသခံများက
ပိုင်ဆိုင်သည့် မြေနေရာများဖြစ်သည်။
‘‘ကျွန်တော်တို့ ဝယ်ယူရရှိမှု အနေနဲ့ စီမံကိန်းဧရိယာရဲ့
သုံးပုံ တစ်ပုံလောက် ဝယ်ယူပြီးပါပြီ။ သုံးပုံတစ်ပုံကျော်ပါပြီ’’
ဟု ဦးဇော် ရဲဝင်းက ပြောသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို အမရပူရမြို့နယ်
မန္တလေးမြို့ပတ်လမ်း၏ အရှေ့ဘက်ရှိ အကျယ်အဝန်း
ဧရိယာ မြေဧက ၅၀၀ ခန့်နှင့် မန္တလေးမြို့ပတ်လမ်း ၏
အနောက်ဘက်နှင့် ဧရာဝတီ မြစ်ကြားရှိ အကျယ်အဝန်း
ဧရိယာ မြေဧက ၂,၀၀၀ ခန့်ပေါ်တွင် အကောင်အထည်
ဖော်ဆောင်ရွက် မည်ဖြစ်သည်။
ယင်းစီမံကိန်းကို ဦးမောင်ဝိတ်ပိုင်ဆိုင်သည့် MBCCD
က ငွေကျပ် ဘီလီယံ ၅၀၀ ကနဦးရင်းနှီး မြှုပ်နှံကာ
အကောင်အထည်ဖော် မည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်း
ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှု
ဆိုင်ရာ စစ်တမ်း(EIA, SIA)များ ကောက်ယူလျက်
ရှိသည်ဟု ဆိုသည်။
ရှမ်းကလေးကျွန်း ကျေးရွာ အနီးရှိ ကိုင်းမြေ၊ ကျွန်းမြေနှင့်
မြေနုကျွန်းများကို ကုမ္ပဏီက ယခု နှစ်ဆန်းကစတင်ကာ
ဝယ်ယူနေပြီး ရှမ်းကလေးကျွန်းဒေသခံများ အနက်
သုံးပုံတစ်ပုံခန့်သည် မြေ ယာများ ရောင်းချထားပြီး
ဖြစ်သည်ဟု စီမံကိန်းဧရိယာအတွင်း ပါဝင်နေသည့်
ရှမ်းကလေးကျွန်း ကျေးရွာနေ ဒေသခံများက
ပြော ကြားသည်။
‘‘ကနဦးက တစ်ဧက သိန်း ၇၀၀ နဲ့ စဝယ်တယ်။
အခုတစ် ဧကကို သိန်း ၈၀၀ နှုန်းပေးတယ်။ တချို့ကတော့
ရောင်းပြီးကြပြီ။ တော်တော်များများကတော့ မရောင်းကြ
သေးဘူး။ တချို့က လည်း ဈေးပိုရဦးမလားလို့ စောင့် နေ
ကြတာလည်းရှိတယ်’’ဟု ရှမ်း ကလေးကျွန်းကျေးရွာနေ
မြေသုံး ဧကခွဲကျော်ပိုင်ဆိုင်ပြီး နှစ်ဧက ခန့် ရောင်းချထား
သည့် ဒေသခံ တစ်ဦးက ပြောသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းသည် ဧရာဝတီမြစ်
အတွင်း မြေဖို့ကာ အကောင်အထည်ဖော် မည့် စီမံကိန်း
ဖြစ်သကဲ့သို့ မန္တလေး၊ အင်းဝ၊ အမရပူရ စသည့်
ရှေးဟောင်းမြို့များနှင့် ဆက်စပ် နေသည့် နေရာတွင်
အကောင်အ ထည်ဖော်မည်ဖြစ်၍ သဘာဝပတ် ဝန်းကျင်
ထိခိုက်ပျက်စီးခြင်းနှင့် မြစ်ကမ်းပြိုကျခြင်းကဲ့သို့ ထိခိုက်
ပျက်စီးမှုများ ဖြစ်ပေါ်မည်ကို ဒေသခံများက
စိုးရိမ်ပူပန်မှုများ ရှိနေသည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာ
စစ်တမ်း များ (EIA, SIA, EMP Report) ကောက်ယူကာ
အစိုးရအဖွဲ့ထံ တင်ပြပြီး ခွင့်ပြုချက်ရပါက ၂၀၁၇
နှစ်ဆန်း၌ စီမံကိန်းလုပ်ငန်းများ စတင်နိုင်ရန် ရ
ည်ရွယ်ထားကြောင်း MBCCD ကုမ္ပဏီမှ ဦးမောင်ဝိတ်က
ပြောသည်။
(မောင်တာ)
***
၂။ "ဟံသာဝတီလေဆိပ် စီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန်
လိုအပ်ကြောင်း ဒုသမ္မတပြောကြား"
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး
စီမံကိန်း နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်
သလို စနစ်တကျဖြစ်ရန်လည်း လိုအပ်ကြောင်း
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောဆိုခဲ့သည်။
ဒီဇင်ဘာ၂၁ ရက်နေ့ မနက် ၁၀ နာရီခန့်က နေပြည်တော်ရှိ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး
ခန်းမ၌ ပြုလုပ်သည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ
လေဆိပ် တည်ဆောက်ရေးစီမံကိန်းဦးဆောင် ကော်မတီ၏
ပထမအကြိမ်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဟံသာဝတီလေဆိပ် စီမံကိန်းကို ဆောင်ရွက်ရခြင်းမှာ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ မြေအနေအထား
အရ ပြေးလမ်းတိုးချဲ့နိုင်ခြင်းမရှိခြင်း၊ လေယာဉ်ရပ်နားရန်
နေရာမတိုးချဲ့နိုင်ခြင်း စသည့် အခက်အခဲများကြောင့်
ယင်းလိုအပ်ချက်ကို ဖြည့်စွက်ရန် ၄င်းကဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က နိုင်ငံတကာ
အဆင့်မီ လေဆိပ်သစ်ကြီး တစ်ခုဖြစ်လာစေရန် ကြိုတင်
ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်သည့် ကိစ္စရပ်များကို
ရှင်းလင်းတင်ပြခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက
သတင်းထုတ်ပြန်ထားသည်။
ထို့နောက် လေဆိပ်အသစ် တည်ဆောက်ရာတွင်
လိုအပ်ချက်များဖြစ်သည့်
- လမ်းပန်းဆက်သွယ်သွားလာရေး၊
- ရေရရှိရေး၊
- လျှပ်စစ်မီး အလုံအလောက်ရရှိရေး၊
- ဆက်သွယ်ရေးကွန်ရက်များ တည်ဆောက်ပေးရေး၊
- အသုံးပြုမည့် စီမံကိန်းမြေနေရာကို လေကြောင်း
ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အမည်ပေါက်ရရှိရေး၊
- စီမံကိန်းဧရိယာအတွင်းရှိ ကျူးကျော်အိမ်နေရာများကို
ရွှေ့ပြောင်းပေးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်
တိုင်းဒေသကြီးအစိုးရအဖွဲ့များကို ဆွေးနွေးပေးစေလိုပါ
ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက
ယင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။
(ဇေယျာမော်)
***
၃။ "၂၀၁၇ ခုနှစ်မှာ ဆောင်ရွက်မယ့် ရန်ကုန်တိုင်းဒေသကြီး
အတွင်းက စီမံကိန်းများ မှ ငမိုးရိပ်တံတား"
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်ကို
ဆက်သွယ်တဲ့ ငမိုးရိပ်ချောင်းကူးတံတား လာမယ့်
ပွင့်လင်းရာသီမှာစတင်တည်ဆောက်မယ် လို့
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
သည်တံတားကို ၂၀၁၇ခုနှစ် ဧပြီလ နောက်ဆုံးထားပြီး
စတင်တည်ဆောက်ဖို့လျှာထားတာဖြစ်ပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ငမိုးရိပ်ချောင်းကို ဖြတ်ပြီး
တည်ဆောက်ထားတဲ့
တောင်ဥက္ကလာပ ပါရမီဘေလီတံတားနှစ်နဲ့
မြောက်ဥက္ကလာပ ဘေလီတံတားနှစ်စင်း စုစုပေါင်း
ငမိုးရိပ်ချောင်းကိုဖြတ်ပြီးတည်ဆောက်ထားတဲ့
တောင်ဥက္ကလာပပါရမီဘေလီတံတားနှစ်နဲ့
မြောက်ဥက္ကလာပ ဘေလီ တံတားနှစ်စင်း စုစုပေါင်း
ငမိုးရိပ်ချောင်းကိုဖြတ်တဲ့တံတားလေးဆင်းရှိပေမဲ့တည်ရှိတဲ့
လူဦးရေနဲ့ ကားအရေအတွက်နဲ့ မမျှတဲ့အတွက်
နောက်ထပ်ဘေလီ တံတားတစ်စင်းကို လာမယ့်ပွင့်လင်း
ရာသီမှာ တည်ဆောက်မှာဖြစ်ပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဘက်က ၃၃ ရပ်ကွက်နဲ့
တောင်ဥက္ကလာပမြို့ နယ်ဘက်ခြမ်းက မိုးဆွေလမ်းကိုဖြတ်ပြီး
တည်ဆောက်မှာ ဖြစ်ပါတယ်။
(ပို့ပို့မြင့်မွန်)
----------
"တောင်ဥက္ကလာပနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်များကို
ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတားနှင့် သင်္ဃန်းကျွန်း
စံပြဈေးအနီး လူကူးခုံးကျော်တံတား တစ်စင်း
တည်ဆောက်ရန် တင်ဒါခေါ်ယူ"
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း
မြို့နယ်များကို ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတား
တစ်စင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး လူကူးခုံးကျော်
တံတား တစ်စင်း တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က တင်ဒါခေါ်ယူထားသည်။
တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်း နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း
မြို့နယ် ငါးမာန်အောင်ဘုရားလမ်းတို့ကို ဆက်သွယ်သည့်
နှစ်လမ်းသွား ငမိုးရိပ်ချောင်းကူးတံတား တစ်စင်းနှင့်
သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်း (စံပြဈေးအနီး)
တွင် လူကူးခုံးကျော်တံတားများ တည်ဆောက်ခြင်းအတွက်
တိုင်းရင်းသားပိုင် ပြည်တွင်းကုမ္ပဏီများအား
တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
တင်ဒါများကို နည်းပညာပိုင်းဆိုင်ရာ အဆိုပြုလွှာနှင့် ငွေကြေး
ဆိုင်ရာ အဆိုပြုလွှာဟူ၍ သီးခြားစာအိတ်များဖြင့် တင်ဒါ
တင်သွင်းသူများ လိုက်နာရန်ညွှန်ကြားချက်များနှင့်အညီ
တင်သွင်းရန်ဖြစ်ပြီး တင်ဒါ စာရွက်စာတမ်းများကို
ဒီဇင်ဘာ ၂၀ ရက်မှ ၃၀ ရက်အထိ ရန်ကုန်မြို့တော်ခန်းမရှိ
အင်ဂျင်နီယာဌာန (လမ်းတံတား) တွင် ၀ယ်ယူနိုင်ကြောင်း၊
ဆောင်ရွက်မည့် ဒီဇိုင်းပုံစံ အပါအ၀င် တင်ဒါစာရွက်
အပြည့်အစုံကို အထက်ဖော်ပြပါဌာနသို့ ၂၀၁၇ ခုနှစ်
ဇန်န၀ါရီ ၂၆ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထား၍ ပြန်လည်
တင်သွင်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့ တင်ဒါ စိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်က ပထမဆုံး စတင်
ရေးဆွဲသော လာမည့် ၂၀၁၇- ၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး
ဘတ်ဂျက်အား ဒီဇင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည့်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီး ဦးမြင့်သောင်းက တင်သွင်းခဲ့ရာ အဆိုပါဘတ်ဂျက်
တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က
ရန်ကုန်မြို့ရှိ နေရာခုနစ်ခုတွင် လူကူးခုံးကျော်တံတားများ
တည်ဆောက်ရန် တစ်စင်းလျှင် ကျပ်သန်း ၁၀၀၀ ခန့်
တောင်းခံထားရာ ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က
လူကူးခုံးကျော်တံတား တစ်စင်းလျှင် ကျပ်သန်း ၂၀၀ သာ
တင်ပြတောင်းခံခဲ့ခြင်းကြောင့် များစွာကွာခြားနေကြောင်း
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက
မေးခွန်းထုတ်၍ ဝေဖန်ခဲ့ကြသည်။
ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့မှုနှင့်
ပတ်သက်၍ လူကူးခုံးကျော်တံတားများ ဆောက်လုပ်ရန်
တစ်စင်းလျှင် ကျပ်သန်း ၁၀၀၀ တောင်းခံထားမှုမှာ
ဆောက်လုပ်မည့်နေရာ၊ ယာဉ်အခြေအနေ၊ တံတား၊ ဒီဇိုင်း
ပုံစံပေါ် မူတည်၍ ကုန်ကျနိုင်သည့် ခန့်မှန်းလျာထားမှု
ဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက
ဒီဇင်ဘာ ၁၆ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေးတွင် ပြန်လည်းရှင်းလင်းခဲ့သည်။
(ကျော်ထင်)
credit - 7day Daily / မဇ္ဈိမသတင်းဌာန /
Kumudra Journal & Eleven Media Group
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0
No comments:
Post a Comment