“အဆောက်အဦးများ အတွက်
မြို့တော်စည်ပင်များမှ ထုတ်ပြန်ဆဲ သတင်းများ”
၁။ "အထပ်နိမ့် အထပ်မြင့် အဆောက်အဦး အားလုံးကို
အစိုးရဟောင်းရဲ့ မူဝါဒ အဟောင်းနဲ့ ပြန်လည်
တည်ဆောက်ခွင့်ပြု"
ရန်ကုန်မြို့ရှိ အထပ်နိမ့် အထပ်မြင့် အဆောက်အဦး
အားလုံးကို အစိုးရဟောင်းရဲ့ မှုဝါဒ အဟောင်းနဲ့ ပြန်လည်
တည်ဆောက်ခွင့်ပြုလိုက်ပြီလို့ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန
( အဆောက်အအုံ)ကသိရပါတယ်။
လက်ရှိအစိုးရသစ် လက်ထက်မှာ အဆောက်အဦး
တည်ဆောက်တာတွေကို မှုဝါဒ အသစ်ရေးဆွဲပြီး ခွင်ပြုဖို့
စီစဉ်ခဲ့တာဖြစ်ပေမယ့် သည်လ ၂၁ ရက်နေ့ကစပြီး
ယခင်မှုဝါဒဟောင်းနဲ့ အထပ်မြင့်၊ အထပ်နိမ့် အားလုံးကို
ပြန်လည်ခွင့်ပြုနေတာဖြစ်ပါတယ်။
အထပ်မြင့် သုံးထပ်ခွဲကနေ ရှစ်ထပ်ခွဲ အထိက အထပ်မြင့်
အဆောက်အအုံ တည်ဆောက်ဖို့ လာတင်တဲ့အမှုတွဲပေါင်း
၇၄ တွဲထိရှိတယ်လို့ သိရပါတယ်။
အထပ်မြင့်အဆောက်အဦးတွေကို က ပုံစံပါမစ်ကြီး
၃၅၄ လုံးထိ ခွင့်ပြုထားပြီး အထပ်မြင့် ၂၃ ထပ်ခန့်ထိပါဝင်
တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တည်ဆောက်ခွင့်
ရပ်ဆိုင်ခိုင်းတဲ့ အထပ်မြင့်တွေကိုလည် ပြန်လည်တည်
ဆောက်ခွင့်ပေးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခွင့်ပြုခဲ့တဲ့
မှုအားဖြင့် ခွင့်ပြုထားတဲ့ အထပ်မြင့် ၁၅၀လုံးနဲ့ မြေသား
လုပ်ငန်း ဆောင်ရွက်နေတဲ့ အဆောက်အုံ ၅၅ လုံးကိုလည်း
ပြန်လည် တည်ဆောက်ခွင့် ပြုထားတာ ဖြစ်ပါတယ်။
သည်အထပ်မြင့် စုစုပေါင်း ၁၈၅ လုံးထဲက တိုင်းဒေသကြီး
အစိုးရ အဖွဲ့ကိုတင်ပြရမယ့် အထပ်မြင့် ၁၀ လုံးကလွဲပြီး
ကျန်တဲ့ အထပ်မြင့်တွေကို ပိုင်လုပ်ငန်း လုပ်ကိုင်ဖို့ခွင့်ပြု
ပေးနေတာဖြစ်ပါတယ်။
အထပ်မြင့်အဆောက်ဦးတွေကို စည်ပင်သာယာရေး
ကော်မတီမှာ အီးစီ အစည်းဝေးထိုင်ပြီး (HIC) (CQHP)
စတဲ့ အထပ်မြင့်စစ်ဆေးရေးပညာရှင်အဖွဲ့တွေ နဲ့
စစ်ဆေးပြီး ခွင့်ုပြုနေတယ်လို့ သိရပါတယ်။
* ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့
အဆောက်အုံ ဆောက်လုပ်ခွင့် မှုဝါဒသစ်ကိုတော့
အချိန်ယူပြီး အသစ်ရေးဆွဲမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန
(အဆောက်အအုံ) ကသိရပါတယ်။ *
ပြီးခဲ့တဲ့ ဇွန်လအတွင်း အဆောက်အအုံ အထက်အနိမ့်၊ အမြင့်
တည်ဆောက်ခွင့်တင်တဲ့ အမှုတွဲလက်ခံတာကို ပိတ်ထားပြီး
ဇူလိုင်လ ၁ ရက်နေ့မှ စတင်လက်ခံဖို့ ကြေငြာထားပါတယ်။
ဌာနမှာ တင်ထားတဲ့ အမှုတွဲဟောင်းတွေကိုတော့ အထပ်မြင့်
တွေကို ရှစ်ထပ်ခွဲထိကို ဘေးပတ်ဝန်းကျင်မှာရှိတဲ့
အဆောက်အဦးပေါ်မှုတည်ပြီး ပေးခဲ့တာဖြစ်ပါတယ်။
အထပ်မြင့်အဆောက်ဦးတွေကိုတော့ လုံးဝတည်ဆောက်ခွင့်
ပိတ်ခဲ့တာဖြစ်ပါတယ်။ သည်လ ၂၁ ရက်နေ့ကစပြီး
အထပ်မြင့် အထပ်နိမ့် အဆောက် အားလုံးကို
အစိုးရဟောင်းရဲ့မူဝါဒ အဟောင်းနဲ့ တည်ဆောက်ခွင့်ရပ်နားပြီး
ခြောက်လခန့် ကြာမှ ပြန်လည်တည်ဆောက်ခွင့် ပါပစ်တွေ
လက်ခံခဲ့တာဖြစ်ပါတယ်။
(ပို့ပို့မြင့်မွန်)
***
၂။ "စည်ပင်သာယာခွင့်ပြုမိန့်ထက် ပိုဆောက်တဲ့
အဆောက်အအုံတွေ ဒဏ်ကြေးတိုးမြှင့်မည်"
ခွင့်ပြုပုံစံထက်ကျော်လွန်ပြီးဆောက်လုပ်ထားတာ၊ ခွင့်ပြုမိန့်
မရ ရှိမီ ကြိုတင်ဆောက်လုပ်ထားတာတွေကို မန္တလေး
မြို့တော်စည်ပင်သာယာ ဧရိယာ အတွင်း လာမယ့်ဇန်နဝါရီလ
ကစပြီးဒဏ်ကြေး တိုးမြှင့်မှာဖြစ်ပါတယ်။
အဆောက်အအုံနှင့်ကုန်ရုံဌာနရဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့
မကိုက်ညီဘဲဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို
ဇန်နဝါရီလ ၁ ရက်ကစပြီး ဒဏ်ကြေးတိုးမြှင့်မှာပါ။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်
အအုံနှင့်ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက ဒဏ်ကြေးကနည်း
တယ်ဆိုတော့ ခွင့်ပြုချက်မတင်ဘဲဆောက်တာတွေ ရှိတယ်၊
အဲဒါကြောင့် ဒဏ်ကြေးတိုးမြှင့်လိုက်တာလို့ပြောပါတယ်။
* ခွင့်ပြုမိန့်ထက်ကျော်လွန်ပြီးဆောက်တဲ့ အာရ်စီအဆောက်
အအုံအတွက်ဒဏ်ကြေးကို
- အရင်က တစ်စတုရန်းပေကို ကျပ်၂၀ဝသတ်မှတ်ထားပြီး
အခု ကျပ် ၁၅,ဝ၀ဝ ပေးဆောင်ရမှာဖြစ်တယ်။
- နံကပ်အဆောက်အအုံတစ်ခုကို အရင်က
တစ်စတုရန်းပေကိုကျပ် ၁၅၀ ဒဏ်ကြေးသတ်မှတ်ထားပြီး
အခုကျပ် ၁၀,ဝ၀ဝ ပေးဆောင်ရမှာပါ။ *
အဆောက်အအုံဆောက်လုပ်ခွင့်တွေတင်တဲ့အခါ တင်ပြ
ရတဲ့အချက်အလက်တွေများပြားတာ၊ အချိန်ကြန့်ကြာတာ
တွေကြောင့် အချို့ကဆောက်လုပ်ခွင့်မတင်တာတွေ
ရှိတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက
ပြောပါတယ်။
သူက မလိုအပ်ဘဲတောင်းခံတာတွေ ဖြေလျှော့ပေးစေ
ချင်တယ်၊ တချို့ပြည်သူတွေက စည်ပင်လုပ်ငန်းစဉ်တွေနဲ့
ပတ်သက်ပြီး နားမလည်ဘူး၊ မလုပ်တတ်ဘူး။ အဲဒီတော့
သူတို့ကဆောက်လုပ်ခွင့်ကို ပွဲစားတွေနဲ့တင်ခိုင်းနေရ
တယ်လို့ဆိုပါတယ်။
(အိမို့မို့ခိုင်)
***
၃။ "ထပ်မြင့်တိုက်တွေ လမ်းအလိုက်သာ ထရန်စဖော်မာ
တပ်ဆင်ဖို့ တင်ပြထား"
အထပ်မြင့်တိုက်တွေကို ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ခိုင်း
တဲ့ကိစ္စကို ပြန်လည်ပြင်ဆင်သွားမှာဖြစ်ပြီး လမ်းအလိုက်
တပ်ဆင်ရမယ့်နေရာတွေကို စည်ပင်က နေရာစီစဉ်ပေးသွား
မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီကသိရပါတယ်။
လေးခန်းနဲ့ အထပ်တိုက်တွေကို တပ်ရမယ့်ကိစ္စကတော့
ပြန်လည်တင်ပြထားတယ်၊ အခုကတော့ တစ်လမ်းလုံးကို
တစ်လုံးနှစ်လုံး ဌာနကတာဝန်ယူပြီးထိုင်မယ်၊ အဲဒီကုန်ကျ
စရိတ်ကိုကန်ထရိုက်တွေက စုပေါင်းပြီးပေးရမယ့် သဘော
ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က
တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ မီတာတပ်ဆင်ဖို့အတွက် ကုန်ကျစရိတ်ကို
တွက်ချက်ခိုင်းတာတွေ ပြုလုပ်ခိုင်းထားပြီး တစ်လမ်းလုံးမှာ
တစ်လုံးနှစ်လုံးစွဲသုံးတဲ့ပမာဏကိုကြည့်ပြီး တပ်ဆင်သွားမှာ
ဖြစ်ပါတယ်။
လက်ရှိရန်ကုန်မြို့ပေါ်မှာ ထရန် စဖော်မာပေါင်း ၁၁,၆၀ဝလုံး
ရှိပြီး ၃၇၉ လုံးကတော့ ဝန်ပိုဖြစ်ပြီး ဘရိတ်ဒေါင်းနေလို့ပြုပြင်
နေရပါတယ်။
အစက သတ်မှတ်ထားတဲ့ လေးခန်းတွဲအထက်တိုက်တွေကို
ကိုယ်ပိုင်ထရန်စဖော်မာထိုင်ခိုင်းရင် လက်ရှိဌာနမှာ ပါမစ်
တင်ထားတဲ့ အိမ်အလုံးပေါင်း ၂၈၀ဝ ရှိပါတယ်။
* ကိုယ်ပိုင်ကန်ထရိုက်အိမ်ပေါင်း ၂၀ ရာခိုင်နှုန်းနုတ်လိုက်ရင်
တောင် ထရန်စဖော်မာပေါင်း ၂၂၀ဝ လောက် ထပ်ထိုင်ရမယ့်
အခြေအနေတွေဖြစ်နေလို့ လက်ရှိမှာပြန်လည်ညှိနှိုင်း
တင်ပြထားတာဖြစ်ပါတယ်။ *
ထရန်စဖော်မာတွေရဲ့ ကုန်ကျစရိတ်တွေကတော့ တစ်လုံးကို
သိန်း ၂၀ဝ ဝန်းကျင် လောက်ကုန်ကျလို့ ထရန်စဖော်မာတွေ
ထပ်တိုးတပ်ဆင်ရမယ်ဆိုရင် လက်ရှိဖြစ် ပေါ်နေတဲ့
အခန်းဈေးနှုန်းတွေထက်မြင့်မားလာနိုင်တာကြောင့်
ကန်ထရိုက်တိုက်ခန်း ဈေးကွက်ပိုမိုကျဆင်းလာနိုင်ပါတယ်။
ကန်ထရိုက်ဈေးကွက်က လက်ရှိမှာနေရာတိုင်း လိုလို
အဝယ်နည်းပါးနေလို့ သည်လို အစိုးရကပြောင်းလဲတဲ့မူဝါဒ
အသစ်တွေကိုလိုက်နာဆောင်ရွက်ဖို့အားလျော့နိုင်တဲ့
အခြေအနေတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။
(ပြည့်ဖြိုးမြင့်မွန်)
credit - Kumudra Journal
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
--------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment