"လက်ရှိအသုံးပြုခွင့်ရရှိထားသော လယ်ယာမြေအတွက်
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် လျှောက်ထားခြင်း
နှင့်ပတ်သက်သည့်ကြေညာချက်"
သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသည့် အဖွဲ့အစည်း
သို့မဟုတ် အသက် (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားများ
အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)
ရရှိနိုင်ရေးကို ချောမွေ့အဆင်ပြေစွာဆောင်ရွက်နိုင်ရေး
အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို
အများပြည်သူသိရှိစေရန် အသိပေးကြေညာ
အပ်ပါသည်။
(၁) လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာ(ပုံစံ-၁)ကို
သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ရယူ၍ ရပ်ကွက်(သို့မဟုတ်)
ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ တစ်ဆင့်
မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထားရပါမည်။
(၂) ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု လယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့သည် လျှောက်လွှာ လက်ခံရရှိသည့်နေ့မှ
ရက်ပေါင်း (၃ဝ)အတွင်း မြို့နယ်ဦးစီးဌာနရုံးသို့
စိစစ်ထောက်ခံချက်ပေးပို့ရပါမည်။
(၃) မြို့နယ်ဦးစီးဌာနရုံးသည် လျှောက်လွှာလက်ခံ
ရရှိသည့်နေ့မှ (၁၅)ရက်အတွင်း ကန့်ကွက်လိုသူရှိပါက
ကန့်ကွက်နိုင်ကြောင်း ထုတ်ဆင့်သည့်ကြော်ငြာစာ
ကြေညာမည်ဖြစ်သည်။
(၄) ယင်းကြော်ငြာစာကို မြို့နယ်ဦးစီးဌာနရုံးနှင့်
လယ်ယာမြေတည်ရှိရာ ရပ်ကွက်(သို့မဟုတ်)ကျေးရွာ
အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားပါမည်။
ကြော်ငြာတွင် ရက်ပေါင်း (၃ဝ)အတွင်း ကန့်ကွက်
နိုင်ကြောင်း ဖော်ပြထားပါသည်။
(၅) ကန့်ကွက်ချက်တစ်စုံတစ်ရာရရှိလျှင်
မြို့နယ်ဦးစီးဌာနရုံးသည် လက်ခံရရှိသည့်နေ့မှ
(၇) ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်)
ကျေးရွာအုပ်စုများသို့ သာမန်အားဖြင့် စုံစမ်းစစ်ဆေး
တင်ပြရန် အကြောင်းကြားဆောင်ရွက်သွားမည်
ဖြစ်ပါသည်။
(၆) သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု
လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည် စုံစမ်းစစ်ဆေး
တွေ့ရှိချက်ကို (၇) ရက်အတွင်း မြို့နယ်ဦးစီးဌာနရုံးသို့
တင်ပြရမည်ဖြစ်ပါသည်။
(၇) မြို့နယ်ဦးစီးဌာနရုံးသည် တင်ပြချက်ကို လက်ခံ
ရရှိသည့်နေ့မှ ရက်ပေါင်း(၃ဝ) အတွင်း
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သဘောထား
မှတ်ချက်နှင့်အတူ လယ်ယာမြေလုပ်ပိုင်ခွင့်
လုပ်ငန်းစာတွဲကို တင်ပြရမည်။
(၈) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ရရှိသည့်
လုပ်ငန်းစာတွဲအား လက်ခံရရှိသည့်နေ့မှ(၇) ရက်အတွင်း
သဘောထားမှတ်ချက်ဖြင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေး
အဖွဲ့သို့ တင်ပြသွားရမည်ဖြစ်သည်။
(၉) ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည်
တင်ပြလာသည့် လယ်ယာမြေလုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲကို
လက်ခံရရှိသည့်နေ့မှ (၁၅) ရက်အတွင်း လုပ်ပိုင်ခွင့်
လျှောက်ထားချက်ကို ခွင့်ပြုကြောင်း (သို့မဟုတ်)
ငြင်းပယ်ကြောင်း ဆုံးဖြတ်ပြီး မြို့နယ်ဦးစီးဌာနရုံးသို့
အကြောင်းကြားရမည်။
(၁ဝ) မြို့နယ်ဦးစီးဌာနရုံးသည် -
(က) ခွင့်ပြုကြောင်းအကြောင်းကြားချက်ကိုရလျှင်
လုပ်ပိုင်ခွင့်ရရှိသူကို လယ်ယာမြေမှတ်ပုံတင်ရန် ဦးစီးဌာန
ရငွေစာရင်းသို့ မှတ်ပုံတင်ကြေးအဖြစ်
ဦးပိုင်လုပ်ကွက် ၁-ခုလျှင် ၅ဝဝ ကျပ်နှုန်း ပေးသွင်းစေပြီး
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင်စာရင်းတွင်
မှတ်တမ်းတင်ပြီး မြို့နယ်လယ်ယာမြေ
စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြရမည်။
(ခ) ငြင်းပယ်ခြင်းခံရသူကို လယ်ယာမြေလုပ်ပိုင်ခွင့်
့ငြင်းပယ်ခြင်းခံရသူများ မှတ်ပုံတင်စာရင်းတွင်
မှတ်တမ်းတင်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
တင်ပြရမည်။
(၁၁) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည်
ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ အကြောင်းကြားချက်
နှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ထုတ်ပေးပြီး
ငြင်းပယ်ခြင်း ခံရသူထံသို့လည်း ငြင်းပယ်ကြောင်း
အကြောင်းကြားစာ ပုံစံ(၈)ကို ပေးပို့သွားမည်ဖြစ်သည်။
(၁၂) ငြင်းပယ်ကြောင်း အကြောင်းကြားစာ
လက်ခံရရှိသူသည် ဆုံးဖြတ်ချက်အပေါ် မကျေနပ်ချက်
တစ်စုံတစ်ရာရှိပါက လယ်ယာမြေဥပဒေပုဒ်မ(၂၂)ပါ
ပြဋ္ဌာန်းချက်အတိုင်း သက်ဆိုင်ရာရပ်ကွက်(သို့မဟုတ်)
ကျေးရွာအုပ်စု လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ထံ
မူလမြေယာမှုခင်းဖွင့်လှစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း
အသိပေးကြေညာအပ်ပါသည်။
အထက်ဖော်ပြပါ ကြေညာချက်အတိုင်းဆောင်ရွက်ရာတွင်
အခက်အခဲတစ်စုံတစ်ရာတွေ့ရှိပါက
* အတွင်းရေးမှူး၊
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊
ရုံးအမှတ်(၁၅)၊
နေပြည်တော်သို့ လိပ်မူ၍လည်းကောင်း၊
ဖုန်း-ဝ၆၇-၄၁ဝဝဝ၄ သို့လည်းကောင်း
ဆက်သွယ်တိုင်ကြားနိုင်ပါသည်။ *
(ဦးစီးဌာနဆိုသည်မှာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနကို ဆိုလိုပါသည်)
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
credit - The Mirror Daily
“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------
အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။
https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3
No comments:
Post a Comment