“ကျူးတို့ အတွက်ခေါင်းလောင်းသံ (သို့ ) ကျူးကျော်တဲများ
ဖယ်ရှားရန် ဒေသအလိုက် နေ့စဉ်ရက်ဆက်
အမိန့်ထုတ်ပြန်သည့် သတင်းများ”
၁။ "မင်္ဂလာဒုံမှာ ကျူးကျော်အိမ်ခြေ နှစ်ထောင် ဖယ်ရှားဖို့
အမိန့်ထုတ်"
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ
အုပ်စုမှာရှိတဲ့ မြဲမြံအောင်၊ စံသမာဓိနဲ့ ဓမ္မပါလ စတဲ့ရပ်ကွက်
တွေက မြေဧက ၅၀၀ ကျော်မှာ ဆောက်လုပ်ထားတဲ့
အိမ်ခြေ နှစ်ထောင်ကျော်ကို ၆ရက်အတွင်း ဖယ်ရှားပေးဖို့
မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ညွှန်ကြားချက် ထုတ်ထား
တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးက
တဆင့် ညွှန်ကြားချက်စာတွေကို ဝေထားတာဖြစ်ပြီး သတ်မှတ်
ကာလအတွင်း မဖယ်ရှားရင် ဥပဒေအရ အရေးယူသွားမယ်လို့
သတိပေးထားကြောင်း စံသမာဓိရပ်ကွက် မှာနေထိုင်တဲ့
ကိုစောထင်အောင်က ပြောပါတယ်။
"စက်မှုဇုန်မြေဆိုပြီး အားလုံးဧက ၅၆ဝ ဆိုပြီးထည့်ထားတယ်၊
တကယ်တန်းကျတော့ ကျနော်တို့ ရပ်ကွက် ၃ ကွက်
အနေအထားနဲ့ တိုးချဲ့ထားတဲ့အကွက် ၂ ကွက် အနေအထား
ဆိုရင် သူတို့ပြောတဲ့ဧက ၅ဝဝ ကျော်မရှိဘူးဗျ၊ ဒီမြေပေါ်မှာ
အစိုးရပိုင်တဲ့မြေဘာညာပေါ့၊ ပစ္စည်းတွေကိုထားခဲ့ပြီးတော့
ကျန်တာတွေအကုန်လုံး ဖျက်ဆီးပြီးတော့ တစ်ပတ်အတွင်း
၁၁ ရက်နေ့ပေးပြီးတော့ ၁၇ ရက် နောက်ဆုံးထားပြီးတော့
ဖယ်ရှားပေးရမယ်၊ မဖယ်ရှားရင် ရက် ၃ဝ ထောင်ချမယ်ပေါ့"
အဲဒီနေရာမှာ လူဦးရေ တစ်သောင်းကျော် နေထိုင်
နေတာဖြစ်ပြီး ပြောင်းရွှေ့ပေးဖို့အတွက် အခက်အခဲ
ရှိကြောင်းကို နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်တို့ထံ မနေ့က မေတ္တာရပ်ခံစာ
ပေးပို့လိုက်တယ်လို့လည်း သိရပါတယ်။
အဲ့ဒီမြေနေရာဟာ ၁၉၈၈ ခုနှစ်မတိုင်ခင်က မွေးမြူရေးနဲ့
ရေလုပ်ငန်းဦးစီးဌာနက နို့စားနွားမွေးမြူရေး လုပ်ငန်း
စားကျက်မြေအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ
မြေလွတ်မြေရိုင်းဖြစ်နေတဲ့ အတွက် နေအိမ်တွေ
ဆောက်လုပ်ပြီး ၀င်ရောက်နေထိုင်ကြတာဖြစ်တယ်လို့
ပြောကြပါတယ်။
အဲဒီရပ်ကွက်တွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်
ကတည်းက နေထိုင်ခဲ့ကြသူတွေ ရှိသလို နာဂစ်လေမုန်တိုင်း
ဖြစ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဘက်က
ပြောင်းရွှေ့လာကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
***
၂။ "ကျောက်တန်းမှာ ကျူးကျော်တဲ တစ်ထောင်ကျော်
ဖယ်ရှားပေးဖို့ အမိန့်ထုတ်"
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှာ ကျူးကျော်
နေထိုင်တဲ့ တဲအိမ်အလုံးရေ တစ်ထောင်ကျော်ကို
သုံးရက်အတွင်းဖယ်ရှားပေးဖို့ ကျောက်တန်းမြို့နယ် အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၁ ရက်နေ့က
ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ကျောက်တန်းမြို့နယ် စံချိန်မီ အနောက်ပိုင်းရပ်ကွက်၊
ရွှေပြည်သာယာ၊ အေးမြသီတာနဲ့ သီတာမြိုင် ရပ်ကွက်တွေမှာ
ကျူးကျော်ဆောက်လုပ်ထားတဲ့ တဲအလုံးရေ တစ်ထောင်ကျော်
ရှိပြီး အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ကျူးကျော်နေထိုင်သူတွေ မဖယ်ရှားပေးရင် ဆန္ဒပြမှာ
ဖြစ်တယ်လို့ မြို့ခံ ဦးမျိုးဝင်းက ပြောပါတယ်။
"ကျနော်တို့ ဌာနဆိုင်ရာအဆင့်ဆင့်ကိုတင်ပြပါတယ်၊
ဆွေးနွေးပါတယ်၊ သူတို့လည်း အဆင့်ဆင့် အထက်ကိုတင်ပြ
ပါတယ်၊ မနေ့ကတော့ ကြေညာချက်ထုတ်တယ်လို့တော့
ကြားတယ် ၃ ရက်အတွင်း ဖယ်ပေးဖို့တော့ပြောထားတယ်၊
ကျနော်တို့ ဆန္ဒထုတ်ဖော်ဖို့အတွက်က ၁၉ ရက်နေ့ကို
ကျနော်တို့ ဆန္ဒထုတ်ဖော်ဖို့ စာတင်ထားပါတယ်ခင်ဗျ၊
နောက်ဆုံးမှာ ကျနော်တို့ဟာ စာကမနေ့ကမှရောက်လာတာ
ရက်စွဲက ၁၁ နေ့ရက်စွဲဖြစ်နေတယ်၊ ၁၁ ရက်နေ့ ရက်စွဲကို
အတည်ယူမလား။မနေ့က စာချတဲ့ရက်ကိုအတည်ယူမလား
ဆိုတာတော့ ခက်နေပါတယ်၊ အခုကတော့ မနေ့က
စာချတဲ့ရက်ကိုပဲ အတည်ယူမယ်လို့ထင်ပါတယ်"
ကျုးကျော်နေအိမ်တွေ ၃ ရက်အတွင်း မဖယ်ပေးရင် ဒေသန္တရ
အမိန့် ပုဒ်မ ၁၈၈ နဲ့ အရေးယူသွားမယ်လို့လည်း
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက ထုတ်တဲ့
ကြေညာချက်မှာ ပါရှိပါတယ်။
အဲ့ဒီနေရာတွေဟာ အိုးအိမ်ဦးစီးဌာနပိုင်မြေ၊ အစိုးရဌာနဆိုင်ရာ
ပိုင်မြေ၊ သီလဝါ အထူးစီးပွားရေးဇုန် မြေနဲ့ မြေလွတ်မြေရိုင်း
တွေဖြစ်ပြီး ကျူးကျော်တဲတွေဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း
ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် ပိုင်ရှင်ရှိတဲ့ မြေနေရာတွေမှာပါ ကျူးကျော်
တဲအိမ်တွေ လာဆောက်ပြီး မြေနေရာအမျိုးအစားအလိုက်
ကျပ် သုံးသောင်းကနေ ၅ သိန်းအထိ ဝယ်ရောင်း
လုပ်နေကြတယ်လို့လည်း သိရပါတယ်။
မြေပိုင်ရှင်တွေဘက်ကလည်း သူတို့ပိုင်တဲ့မြေနေရာတွေမှာ
အရေးပေါ် ခြံစည်းရိုးခတ်တာတွေ၊ တိုင်စိုက်ထူတာတွေ
လုပ်နေသလို ကျူးကျော်တဲအိမ် ဆောက်သူတွေက
တချို့မြေပိုင်ရှင်တွေကို အုပ်စုဖွဲ့ပြီး ရန်လုပ်တာတွေပါ
ရှိနေတယ်လို့ ပြောကြပါတယ်။
***
၃။ "ပုဂံညောင်ဦးရှိ ကျူးကျော်တဲများ စတင်ဖယ်ရှားမည်"
ပုဂံညောင်ဦးရှိ ကျူးကျော်တဲများနှင့် ခွင့်ပြုချက် မရှိဘဲ
ဆောက်လုပ်ထားသည့် လူနေအိမ်များ၊ ၀င်းခြံများကို စတင်
ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်
အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယ
ညွှန်ကြားရေးမှုး ဦးစိုးစိုးလင်းထံမှ သိရသည်။
အဆိုပါ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့်
လူနေအိမ်များနှင့် ၀င်းများကို (၉) ရက်အတွင်း ဖျက်သိမ်း
ခိုင်းထားပြီး၊ ဖျက်သိမ်း မပေးပါက ဥပဒေနှင့်အညီ အရေးယူ
သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား
ပြတိုက် ပုဂံဌာနခွဲက ကြေငြာချက် ထုတ်ပြန်ထားသည်။
''အခု ရွှေစည်းခုံ ဘုရားအနီး နန်းကြည့်ကုန်းပေါ်မှာ
ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ ကျူးတွေ ရှိတယ်။
အဲဒါတွေ အရင်စတင် ဖျက်သိမ်းပါမယ်။ နောက်ပြီးမှ
ပုဂံမှာရှိတဲ့ ကျူးတွေ ဖျက်သိမ်းသွားပါမယ်။ ရွှေစည်းခုံ
ဘုရားဆိုတာက ကျန်စစ်သားမင်း တည်ခဲ့တာလေ။
အဲဒါကြောင့် ဘေးမှာရှိတဲ့ ကျူးတွေရှိနေတော့
မကောင်းဘူးပေါ့။ နောက်ပြီး အဲဒီနေရာက သမိုင်းတန်းဖိုးရှိတဲ့
နေရာတစ်နေရာလည်း ဖြစ်တယ်'' ဟုယင်းဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွင်းမှာ ရှိသည့်
နန်းကြည့်ကုန်း နေရာတွင် လူနေအိမ် အဆောက်အအုံနှင့်
ကျူးကျော် ဆောက်လုပ်ကာ၊ မြေနေရာများ ရောင်းဝယ်
နေကြပြီး၊ သမိုင်းပျောက်ကွယ်လု အခြေအနေ နှင့်
ကြုံနေရသည်။ ထို့ပြင် ပုဂံယဉ်ကျေးမှု ဇုန်အတွင်းရှိ
ရှေးဟောင်း ဘုရားစေတီပုထိုးများ၊ ယဉ်ကျေးမှု
အမွေအနှစ်များကို ထိခိုက်စေနိုင်သော အပြုအမူများ၊
လုပ်ဆောင်မှုများအား ဖျက်သိမ်းသည် အထိ
လုပ်ဆောင်သွားမည် ဖြစ်သည်။
''ကျွန်တော်တို့က ကျူးကျော်တဲလေးတွေကို တားတယ်။
အဲဒါကိုလည်း မဖယ်ပေးဘူးဆိုတဲ့ လူတွေရှိတယ်။
သူတို့တွေက နေစရာမရှိလို့ နေကြတယ်။ ဒါပေမဲ့ သမိုင်းရှိတဲ့
ရွှေစည်းခုံမှာ ဆိုတော့ မကောင်းပါဘူး။ ဒါကို သူတို့လည်း
သိသင့်ပါတယ်။ ဒီနေရာက ရှေးဟောင်း အဆောက်အအုံနဲ့
သက်ဆိုင်တာတော့ မဟုတ်ပါဘူး။ ဒေသအာဏာပိုင်တွေနဲ့
အကုန်လုံး ၀ိုင်းဝန်း လုပ်ဆောင်ရမှာပါ။နောက်ပြီး ပုဂံကို
ထိန်းသိမ်းဖို့ Master Plan လည်း ရေးဆွဲသွားပါမယ်'' ဟု
၎င်းကပြောသည်။
ပုဂံ ယဉ်ကျေးမှုဇုန် အတွင်း ရှေးဟောင်းဘုရားအချို့
ဟိုတယ် ခြံဝင်းခတ်ခံထားမှုကိုလည်း အသေးစိတ်
အချက်အလက် ကောက်ယူမည်ဖြစ်ပြီး၊ ယင်းဖြစ်စဉ်ကြောင့်
အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်စေလျှင်
သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ
လုပ်ဆောင်မည့် အပြင်၊ လိုအပ်ပါက ရွှေ့ပြောင်းခြင်းများ၊
ဖျက်သိမ်းခြင်းများကို လုပ်ဆာင်သွားမည် ဖြစ်သည်။
(နေသူရိန်လင်း)
***
၎။ "ပြင်ဦးလွင်တွင် ကျူးကျော်နေထိုင်သည့် တဲများနှင့်
ဘုန်းကြီးကျောင်းနှစ်ကျောင်းကို ၀င်ရောက်ရှင်းလင်း"
ပြင်ဦးလွင်မြို့နယ် သစ် တစ်ပင်တောင် ရေကန်သွား
ကားလမ်းဘေးတွင် သစ်တောများခုတ်၍ မြေနေရာအကွက်ရိုက်
ကာဝင်ရောက်ကျူးကျော်သည့် တဲ များအပါအ၀င်
ဘုန်းကြီးကျောင်း နှစ်ကျောင်းနှင့် ပရဟိတဆေးခန်း ကို
အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ မြို့နယ် သံဃနာယကအဖွဲ့၊
သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ ၀င်များက ၀င်ရောက်ရှင်းလင်း
ခဲ့ကြောင်း သတင်းရရှိသည်။
ပြင်ဦးလွင်မြို့နယ် နောင် ခမ်းကြီးကျေးရွာ သစ်တစ်ပင်တောင်
ရေကန်သွား ကားလမ်း ဘေးရှိ တောင်ပြိုသစ်တောကြိုးဝိုင်း
အမှတ်(၁/၉)မြေပေါ်၌ သစ် ပင်များခုတ်လဲ၍ နေအိမ်များ
ကျူး ကျော်ဝင်ရောက်ရောင်းချမှုများ ပြုလုပ်နေကြောင်း
တိုင်ကြားမှုကြောင့် ၀င်ရောက်ရှင်းလင်းခြင်း ဖြစ်သည်ဟု
မြို့နယ်သစ်တော ဦးစီးဌာနက ပြောသည်။
အဆိုပါမြေနေရာတွင် လူနေထိုင်မှု မရှိသောကျူးကျော်တဲ
ရှစ်လုံး၊ ဖြူစင်မေတ္တာအမည်ရှိ ပရဟိတဆေးခန်းနှင့်
ဘုန်းကြီး ကျောင်းနှစ်ကျောင်းတို့ရှိပြီး တဲ ရှစ်လုံးကို
ဖျက်ဆီးခဲ့ကာ ဘုန်းကြီး ကျောင်းကိုမြို့နယ်သံဃနာယက
အဖွဲ့က ဇန်န၀ါရီ ၉ ရက်၌ ရှင်း လင်းခဲ့ကြောင်း
စိမ်းလန်း ပြင်ဦး လွင် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး
အဖွဲ့ဥက္ကဋ္ဌ ဦးလေး မြင့်အောင်ကပြောသည်။
“ဘုန်းကြီးကျောင်းကတောင် စောင်းမှာ မြေကိုသေချာညှိပြီး
ဆောက်ထားတယ်။ ပေ ၁၅၀ ပတ်လည်ခန့်တော့ရှိမယ်။
ဦးပဉ္စင်း တစ်ပါးပဲ နေထိုင်တယ်။ ပရဟိတ ဆေးခန်းလည်း
လာဖွင့်ထား တယ်။ ဆေးခန်းနဲ့အနီးဆုံး သုံး မိုင်လောက်
ဝေးတဲ့ ရွာတစ်ရွာပဲ ရှိတယ်။ လူတွေလာအောင် လုပ် နေတဲ့
သဘောပေါ့။ လူများသွား ပြီဆိုရင် ဒီနေရာက သူတို့အလိုလို
ပိုင်သွားတဲ့သဘောဖြစ်သွားမယ့် ပုံစံမျိုးလုပ်တာ” ဟု
၎င်းကပြော သည်။
ယင်းသစ်တောနေရာများ ကို ရှင်းလင်း၍ အကွက်ရိုက်
နေထိုင်စေခဲ့သူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင်နေ
အသက် (၆၀) အရွယ်အမျိုးသမီး နှင့်အမျိုးသားကို ၀န်ခံကတိ
ထိုး စေခဲ့ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။
“ဘုန်းကြီးကျောင်းတစ် ကျောင်းပါနေတဲ့အတွက်
ဇန်န၀ါ ရီ ၉ ရက် နေ့ခင်းလောက် သွား ဖျက်လိုက်တယ်။
ဘုန်းကြီးက လည်း ကြည်ကြည်ဖြူဖြူနဲ့အဖျက် ခံပါတယ်” ဟု
ပြင်ဦးလွင်မြို့နယ် သံဃနာယက စည်းကမ်း ထိန်း သိမ်းရေး
အဖွဲ့မှ ဆရာတော်တစ် ပါးက မိန့်သည်။
ပြင်ဦးလွင်မြို့နယ်ရှိ သဘာ ၀ရေကန်ကြီးအဖြစ် ထိန်းသိမ်း
စောင့်ရှောက်ထားသော သစ်တစ်ပင်တောင်ရေကန်သွား
လမ်းအနီး သစ်တောများ ခုတ်လှဲ၍ ကျူးကျော်
နေထိုင်သူများကို သုံးရက် အတွင်း ဖယ်ရှားမပေးပါကတရား
စွဲဆိုမည်ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနက
ဇန်န၀ါရီ ၅ ရက်တွင် သတိပေးခဲ့သည်။
(ဖြိုးဖြိုးဇော်)
credit - RFA Burmese / messenger news journal
& 7day daily
No comments:
Post a Comment