“(BCC) လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်များနှင့်
မတ် (၃၁) မတိုင်မီ (BCC) ရယူခြင်း မရှိက
အရေးယူမည်ဆို”
၁။ "အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်းလက်မှတ်
(BCC) မယူဘဲ လူနေထိုင်သည့် ရန်ကုန်မြို့ရှိ
အဆောက်အအုံများ မတ် ၃၁ ရက် မတိုင်မီ (BCC)
ရယူခြင်း မရှိက အရေးယူမည်"
အဆောက်အအုံ ဆောက်လုပ် ပြီးစီးကြောင်း သက်သေခံ
လက်မှတ် (BCC) လျှောက်ထား ရယူခြင်း မရှိဘဲ နေထိုင်
လျက်ရှိသည့် ရန်ကုန်မြို့ရှိ အဆောက်အအုံများ အနေဖြင့်
မတ် ၃၁ ရက် မတိုင်မီ (BCC) လျှောက်ထားရမည်ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
အဆောက်အအုံဌာန၏ ကြေညာချက်အရ သိရသည်။
* သတ်မှတ်ရက်အတွင်း အဆောက်အအုံ ဆောက်လုပ်
ပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) လျှောက်ထား
လာပါက ဖြေလျှော့မှုဖြင့် စိစစ်ခွင့်ပြုပေးမည် ဖြစ်သည်။ *
မတ် ၃၁ ရက်အထိ လာရောက် လျှောက်ထား ရယူခြင်း
မရှိပါက သက်ဆိုင်ရာ လိုင်စင်ကန်ထရိုက်တာ၊ မြေရှင်နှင့်
နေထိုင်သူများကို တည်ဆဲ ဥပဒေနှင့် အညီ အရေးယူ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနက
ကြေညာချက် ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
အဆောက်အအုံ ဌာန၏ ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ် ပြီးစီး
ခဲ့သည့် အချို့သော ကန်ထရိုက်တိုက်နှင့် ကိုယ်ပိုင်
အဆောက်အအုံများသည် အကြောင်းအမျိုးမျိုးဖြင့်
အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံ
လက်မှတ် (BCC) လျှောက်ထား ရယူခြင်း မရှိဘဲ
အဆောက်အအုံများတွင် နေထိုင်လျက်ရှိကြောင်း၊
သို့ဖြစ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက စိစစ် အရေးယူလျက် ရှိကြောင်း
ထုတ်ပြန်ချက်တွင် ပါရှိသည်။
* ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ဥပဒေပုဒ်မ ၆၁ (င) တွင်
- မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံ
တစ်ခုတွင် ဖြစ်စေ၊
- ယင်းအဆောက်အအုံ၏ အစိတ်အပိုင်း တစ်ခုတွင်
ဖြစ်စေ
- ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်နေထိုင်ခြင်း၊
အသုံးပြုခြင်း မပြုရဟု ပြဋ္ဌာန်းထားကြောင်း *
ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက ထုတ်ပြန်သည်။
ထို့ကြောင့် (BCC) လျှောက်ထားရယူခြင်းမရှိဘဲ နေထိုင်
အသုံးပြုနေသည့် ကန်ထရိုက်နှင့် ကိုယ်ပိုင် အဆောက်
အအုံများ၏ လိုင်စင်ရ ကန်ထရိုက်တာများနှင့် မြေရှင်များ
အနေဖြင့် မတ် ၃၁ ရက် မတိုင်မီ (BCC) လျှောက်ထား
ရယူရမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
ရန်ကုန်မြို့တွင် တစ်လလျှင် ပျှမ်းမျှ အဆောက်အအုံ
အလုံးရေ စုစုပေါင်း ၅၀၀ ကျော် ခွင့်ပြုပေးနေပြီး
မြေပြင်တွင် အမှန်တကယ် ဆောက်လုပ်မှု ရှိမရှိ
အတိအကျ မသိရကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။
(ကျော်ထင်)
***
၂။ "အဆောက်အအုံ ပြီးစီးကြောင်းသက်သေခံလက်မှတ်
(BCC) လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ"
အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ်
(BCC) လျှောက်ထားရာတွင် အောက်ဖော်ပြပါ
အချက်များကိုသတ်မှတ် လျှောက်လွှာပုံစံ နှင့်အတူ
ပူးတွဲတင်ပြရမည်။
1 - ဌာနမှသတ်မှတ်လျှောက်လွှာ
2 - လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
3 - ဆောက်လုပ်ခွင့်ပါမစ်နှင့်အိမ်ပုံစံမိတ္တူ တစ်စုံ
4 - ပုံစံစစ်ဆေးခငွေသွင်းချလံ မိတ္တူ
5 - စစ်ဆေးချက်မှတ်တမ်း စာအုပ် (Log Book)
6 - ရာပြတ်ဌာန၏အခွန်ပေးဆောင်ပြီးပြေစာ
(၃)ထပ်နှင့်အထက် အဆောက်အအုံများအတွက်
အထက်ပါအချက်များအပြင်အောက်ပါအချက်များပါ
တင်ပြရန် -
(၁) ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကိစ္စစိစစ်ပြီး
ကြောင်းထောက်ခံချက် (သို့) အခွန်ပေးဆောင်မည်
ဖြစ်ကြောင်းထောက်ခံချက်
(၂) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်
(၃) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ထောက်ခံချက်
(၄) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၏ ထောက်ခံချက်
(၅) မြို့နယ်အုပ်ချုပ်ရေးမှူးလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
၏ထောက်ခံချက် (Y.E.S.B). (သို့) မီတာများတပ်ဆင်ရန်
လျှောက်ထားပြီးသည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်
(၆) အင်ဂျင်နီယာဌာန (အဆောက်အအုံ)
လျှပ်စစ်ဌာနခွဲ၏ထောက်ခံချက်
(၇) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ
အမှိုက်ပုံး ဝယ်ယူထားသော ချလံ
(၈) အဆောက်အအုံတိမ်းစောင်းမှု ရှိ/မရှိ
Theodolite Reading
(၉) အဆောက်အအုံ၏ ရှေ့/နောက်၊ ဝဲ/ယာ
လျှပ်စစ်မီတာ၊ ရေမော်တာ မိလ္လာကန် ထားရှိမှုဓာတ်ပုံ
(၁၀) အခန်း ၁၈ ခန်းနှင့်အထက် အဆောက်အအုံ များ
အတွက် Transformer တပ်ဆင်သုံးစွဲခွင့်
YESB ထောက်ခံချက်
(၁၁) ဓာတ်လှေခါးပါဝင်သော အဆောက်အအုံများ
အတွက် ဓာတ်လှေခါးတပ်ဆင်သုံးစွဲခွင့်လက်မှတ် (E.I)
(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ)
credit - Eleven Media Group & YCDC
No comments:
Post a Comment