“ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏
ထုတ်ပြန်ချက် အချို့နှင့် သတင်းများ”
၁။ "အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်မရှိဘဲ
နေထိုင်ပါက တရားစွဲမည်"
ရန်ကုန်မြို့တော်တွင် ဆောက်လုပ်ထားသော
အဆောက်အအုံများတွင် အဆောက်အအုံ ပြီးစီးကြောင်း
လက်မှတ်မရှိဘဲ နေထိုင်ပါက တရားစွဲဆိုကာ အရေးယူ
သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ
အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်ကို
ရန်ကုန်မြို့တော် စည်ပင်တွင် ထုတ်ယူရမည်ဖြစ်ပြီး
ယခု မတ်လအကုန်အထိ ယခင် တည်ဆောက်ထားသော
အဆောက်အအုံများမှ အဆောက်အအုံ ပြီးစီးကြောင်း
လက်မှတ်များကို လျှောက်ထားခွင့်ပြုမည် ဖြစ်ကြောင်း၊
သတ်မှတ်ကာလအတွင်း အဆောက်အအုံ ပြီးစီးကြောင်း
လက်မှတ်လျှောက်ထားခြင်း မရှိဘဲ နေထိုင်သည်ကို
စစ်ဆေးတွေ့ရှိပါက အဆောက်အအုံကို တာဝန်ယူ
ဆောက်လုပ်သော ကန်ထရိုက်တာ၊ မြေပိုင်ရှင်နှင့်
နေထိုင်သူများကို တရားစွဲဆိုမည် ဖြစ်ကြောင်း ၎င်းက
ရှင်းပြသည်။
* အသစ်ဆောက်လုပ်ပြီးသော အဆောက်အအုံများနှင့်
ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊
အသုံးပြုခြင်း မပြုရဟု ၂၀၁၃ ခုနှစ် စည်ပင်ဥပဒေ
ပုဒ်မ ၆၁ (င) တွင် ပြဋ္ဌာန်းထားသည်။ *
အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်မရှိဘဲ နေထိုင်မှု
မြို့နယ်အနှံ့တွင် ရှိသော်လည်း သင်္ဃန်းကျွန်းမြို့နယ်နှင့်
မရမ်းကုန်းမြို့နယ်တို့တွင် အများဆုံး ဖြစ်ကြောင်း၊
ယင်းကဲ့သို့ နေထိုင်ခြင်းများကို တင်းကျပ်စွာ စစ်ဆေး
အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန
(အဆောက်အအုံ) ထံမှ သိရှိရသည်။
***
၂။ "အိမ်ရှေ့တွင် ယာဉ်မရပ်နိုင်ရန် တားဆီးထားပါက
အရေးယူမည်"
မိမိအိမ်ရှေ့များတွင် ယာဉ်များ သွားလာခြင်း၊ ရပ်နားခြင်းကို
ပိတ်ပင်တားဆီးကာ အတား အဆီးများချထားမှုသည်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့်
ညိစွန်းသဖြင့် အရေးယူမည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်
စည်ပင်သာယာရေးကော်မတီက လိုက်လံ
ကြေငြာနေသည်။
"မိမိအိမ်ရှေ့ စည်ပင်သာယာလမ်းတွေအတွင်း
အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ယာဉ်များသွားလာခြင်း၊
ရပ်နားခြင်းတို့အတွက် အနှောက်အယှက်ဖြစ်စေနိုင်သည့်
အတားအဆီးများ ချထားခြင်းသည် ၂၀၁၃ခုနှစ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ တားမြစ်ချက်
ပုဒ်မ ၆၃အား ဖောက်ဖျက်ကျူးလွန်နေပါသဖြင့်
မိမိတို့ချထားသော အတားအဆီးများအား ဖယ်ရှားပေးပါရန်
မေတ္တာရပ်ခံအပ်ပါသည်။ ထပ်မံ စစ်ဆေးတွေ့ရှိပါက
စည်ပင်သာယာရေးဥပဒေအရ အရေးယူသွားမည်
ဖြစ်ကြောင်း အသိပေးအပ်ပါသည်" ဟု
မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရေး
ကော်မတီက မတ်လ ၃ရက် နေ့လည်က
မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက်အတွင်း
လိုက်လံ အသိပေးနှိုးဆော်နေခြင်းဖြစ်သည်။
***
၃။ "ရန်ကုန်မြို့တွင်းလမ်းများတိုးချဲ့ပြီး မြို့ပတ်လမ်းများ
ဖော်ဆောင်မည်"
အခြားအိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်ပါက
ရန်ကုန်လမ်းဧရိယာမှာ ကျဉ်းမြောင်း လွန်းသဖြင့်
မြို့တွင်းလမ်းမများတိုးချဲ့နေသည့်အပြင်
မြို့ပတ်လမ်းများကို လည်းဖော်ဆောင်မည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ
မဟာရန်ကုန်စီမံကိန်းနှင့် မြေယာစီမံခန့်ခွဲရေးဌာနထံမှ
သိရသည်။
"ရန်ကုန်မြို့ရဲ့ လမ်းဧရိယာကနည်းနေတာကြောင့် လမ်းတွေ
ကျပ်နေတာ ပါ။ လောလောဆယ်တော့ မြို့တွင်းလမ်းတွေ
အတွက် လုပ်ဆောင်နေ ပြီး နောက်ပိုင်းမှာတော့
မြို့ပတ်လမ်းတွေ ဖော်ဆောင်ဖို့ရှိပါတယ်” ဟု မဟာရန်ကုန်
စီမံကိန်းနှင့် မြေနေရာစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး
ဒေါက်တာတိုးအောင်က ဆိုသည်။
* မြို့ပြနေထိုင်မှုစနစ်တိုးတက်စေရန်အတွက်
ထိုသို့ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိ ရန်ကုန်၏ လမ်းဧရိယာသည်
၅ ဒသမ၅ ရာခိုင်နှုန်းသာရှိသဖြင့် အခြားနိုင်ငံများနှင့်ယှဉ်ပါက
လွန်စွာနည်းပါနေသေးခြင်းကြောင့် ထိုသို့ချဲ့ထွင်ရန်
လုပ်ဆောင်ခြင်းဖြစ်ကြောင်း * ယင်းဌာနထံမှ သိရသည်။
လက်ရှိဖော်ဆောင်ရန်လျာထားသည့် ကြည့်မြင်တိုင်မြို့သစ်
စီမံကိန်းနေရာ တွင်လည်း လမ်းစနစ်ကိုကောင်းမွန်စွာ
တည်ဆောက်သွားမည်ဖြစ်ပြီး တစ်မြို့လုံးသွားရောက်
နိုင်သည့် မြို့ပတ်လမ်းမကြီးတစ်ခုကိုလည်း
ဖောက် လုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းလမ်းမကြီးတစ်မှ
တစ်ဆင့် မြို့တွင်းမည် သည့်နေရာကိုမဆိုသွားရောက်
နိုင်ရန် ဆက်သွယ်ဖောက်လုပ် မည်ဖြစ်ကြောင်း
မဟာရန်ကုန်စီမံကိန်းနှင့်မြေနေရာစီမံခန့်ခွဲရေးဌာနထံမှ
သိရသည်။
***
၎။ "အွန်လိုင်းမှတစ်ဆင့် အဆောက်အအုံဆောက်လုပ်ခွင့်
စတင်လျှောက်ထားနိုင်ကြောင်း ရန်ကုန်စည်ပင်ထုတ်ပြန်"
* ရန်ကုန်မြို့တော်အတွင်း အဆောက်အအုံ
ဆောက်လုပ်ခွင့်အပါအဝင် အဆောက်အအုံနှင့်
သက်ဆိုင်သော လျှောက်ထားမှုများကို အွန်လိုင်းမှ
တစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း *
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ
အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
အွန်လိုင်းမှတစ်ဆင့်
- အဆောက်အအုံဆောက်လုပ်ခွင့်အပြင်
- ကန်ထရိုက်တာလျှောက်ထားခြင်း၊
- လိုင်စင်ရအင်ဂျင်နီယာလျှောက်ထားခြင်း၊
- Pile လိုင်စင်လျှောက်ထားခြင်းနှင့်
- Soil Test လိုင်စင်လျှောက်ထားခြင်း တို့ကိုလည်း ပြုလုပ်
နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ လျှောက်ထားရာတွင် ကိုယ်တိုင်
လျှောက်ထားနိုင်ရုံသာမက မြို့နယ်စည်ပင်ရုံးများမှ
တစ်ဆင့်လည်း အခမဲ့လျှောက်ထားနိုင်ကြောင်း ၎င်းက
ရှင်းပြသည်။
"လူကိုယ်တိုင်လာလျှောက်ဖို့ အချိန်မပေးနိုင်ရင်လည်း
လွယ်လွယ် ကူကူဖြစ်အောင် စီစဉ်တာပါ။ ဌာနမှာ
လူကိုယ်တိုင်လည်း လျှောက်ထား လို့ရပါတယ်" ဟု
၎င်းကဆိုသည်။
အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သော
အဆောက်အအုံနှင့်ပတ်သက် သည့် ခွင့်ပြုချက် စုစုပေါင်း
၁၄ခုအထိရှိကြောင်း၊ လျှောက်ထားသည့် ပုံစံအသေးစိတ်ကို
မြို့တော်စည်ပင်၏ အင်တာနက်စာမျက်နှာတွင်
ဖော်ပြပေး ထားကြောင်း အင်ဂျင်နီယာဌာန
(အဆောက်အအုံ) ထံမှ သိရှိရသည်။
လတ်တလောတွင်
အဆောက်အအုံဆောက်လုပ်ခွင့်များအပြင်
လုပ်ငန်းလိုင်စင် များ၊ မြေဂရန် လျှောက်ထားမှုများကိုလည်း
အွန်လိုင်းမှတစ်ဆင့် လျှောက် ထားနိုင်ရန် ခွင့်ပြုထားကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာ
ဌာနထံမှ သိရှိရသည်။
credit - The Voice Weekly & မဇ္ဈိမသတင်းဌာန
No comments:
Post a Comment