“မြေဈေးကစားမှုများနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်မှုများ”
၁။ "အခွန်ကောက်တာထက် လုပ်ငန်းမလုပ်၊ လူမနေတာ
ကိုသိမ်းယူတာက ဈေးကစားတာကို ပိုထိန်းချုပ်နိုင်ဟုဆို"
မြေကစားတာ ၊ မြေဈေးမြင့်တာ ၊ ငွေကြေးခဝါချတာတွေကို
အခွန်ကောက်ခံတာမျိုးနဲ့ ဖြေရှင်းတာထက်ပြန်သိမ်းတဲ့
နည်းလမ်းမျိုးနဲ့ဖြေရှင်းတာက လုပ်ငန်းမလုပ် ၊ လူမနေဘဲ
ဝယ်ယူထားပြီးဈေးကစားတာတွေကို ပိုထိန်းချုပ်ရာ
ရောက်နိုင်တယ်လို့ စီးပွားရေးကျွမ်းကျင်သူတချို့နဲ့
အကျိုးဆောင်တချို့ကပြောပါတယ်။
အမျိုးသားမြေအသုံးချမှု့မူဝါဒမှာ မြေဈေးကစားမှုနဲ့
မြေလက်ဝါးကြီးအုပ်တာတွေကို ကာကွယ်ဖို့ပိုင်ဆိုင်ထားတဲ့
ဧကအလိုက် အခွန်ကောက်ခံတာမျိုးပြုလုပ်မယ့်
အချက်လည်းပါဝင်တယ်။
ဧပြီကစပြီး ဝင်ငွေခွန်နှုန်းထား တိုးမြင့်ကောက်ခံတာတွေကို
ထောက်ပြဝေဖန် တာတွေရှိပါတယ်။ တကယ်ဈေးကစားပြီး
လက်ဝါးကြီးအုပ်ထားသူတွေကို ထိခိုက်မှုရှိစေတာထက်
အောက်ခြေနဲ့ တကယ်လိုအပ်လို့ ဝယ်တဲ့သူတွေကို
တိုက်ရိုက်ပိုထိခိုက်မူ့ရှိစေတာလို့ပြောပါတယ်။
စီးပွားရေးနဲ့ ဥပဒေလမ်းညွန်ဦးတင်သန်းဦး က
"အခွန်ငွေကောက်တာက ဖြစ်သင့်တဲ့အလုပ်ပါ ၊
ကောက်ခံသင့်ပါတယ် ၊ ဒါပေမယ့် အကျိုးဖြစ်စေဖို့နဲ့
ရည်ရွယ်ချက်ကို ထိရောက်စေဖို့တော့လိုတယ်၊
စက်မူ့ဇုန်မြေတွေမှာတောင် မြေလွတ်တွေ ၊
လုပ်ငန်းမလုပ်တာတွေကို ပြန်သိမ်းမယ်ဆိုတာမျိုးအခုထိ
အရေးယူတာမကြားမိဘူး ၊ အိမ်ခြံမြေနဲ့ပတ်သက်ပြီး
ငွေကြေးခဝါချမူ့တွေနဲ့ဆက်စပ်ပြီး အရေးယူမှုတွေ
မကြားမိသေးဘူး" လို့ ပြောပါတယ်။
တချို့ကတော့ကျူးကျော်မြေတွေနဲ့ စက်မှုဇုန်နဲ့လယ်ယာ
မြေတွေကို အခွန်တိုးကောက်တာမျိုး ၊ ကုမ္ပဏီတွေနဲ့
လယ်ယာစိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက်
ချပေးထားတဲ့မြေတွေ ၊ ဌာနပိုင်(အသုံးမပြုတော့တဲ့)
မြေတွေကို လုပ်ငန်းမလုပ်ရင် ၊ အသုံးမပြုတော့ရင်
ပြန်သိမ်းတာမျိုး စတဲ့နည်းလမ်းတွေနဲ့ ပြုလုပ်ရင်လည်း
ထိရောက်မှု ရှိစေနိုင်တယ်လို့ သိရတယ်။
ဝယ်ရောင်းအကျိုးဆောင်ဦးအောင်ကျော်က
"အခွန်ကောက်တာကို တရားဝင်ဆောင်တာ တကယ်
နေတဲ့သူတွေနဲ့ ဝယ်ရောင်းသမားတချို့ လောက်ပဲရှိတာ ၊
အများစုက မဆောင်ကြဘူး ၊ စက်မှုမြေတွေဆိုလဲ
နှစ်တောင်ကြာပြီ ထိထိရောက်ရောက်လုပ်တာမျိုးတွေ
မရှိသေးဘူး ၊
ထုပ်ပြန်ထားတဲ့အတိုင်း အရေးယူရင်သင့်တင့်တဲ့
အခွန်နှုန်းထားတွေဖြစ်ရင် မြေဈေးကစားတာတွေက
လျော့သွားမှာပါ" လို့ ပြောပါတယ်။
* ၂၀၁၄ ခုနှစ်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ
ငွေမည်းနဲ့အိမ်ခြံမြေဈေးကစားရင် ထောင်ဒဏ် ၁၀ နှစ်
အထိနဲ့ ဒဏ်ငွေကျပ်သန်း ၅၀၀ အထိချမှတ်နိုင်တယ်လို့
ဥပဒေပုဒ်မ ၄၃ မှာပြဌာန်းထားခဲ့ပါတယ်။*
သည်လိုဥပဒေတွေနဲ့ ငွေမည်းစီးဝင်နေတာမျိုးကို
ထိထိရောက်ရောက် အရေးယူမယ် ၊ သိန်း၁၀၀၀ကျော်
ရင် စိစစ်တာမျိုး ဒါတွေကို ချမှတ်ထားတာရှိပါတယ်။
အခွန်ကောက်တဲ့နှုန်းထားတွေကို ငွေကြေးပမာဏနဲ့
သတ်မှတ်တဲ့အပြင် တစ်ကြိမ်ထက်ပိုတဲ့ အမည်ပေါက်
ဖြစ်နေတာတွေ ၊ဝယ်ယူတာတွေကို အခွန်တိုးမြှင့်
ကောက်တာမျိုးပါပြုလုပ်သင့်တာလို့ သိရပါတယ်။
ဈေးကွက်ထဲမှာက အရပ်စာချုပ်တွေနဲ့နေတာပိုများ
လာနိုင်တဲ့အပြင် ပိုင်ဆိုင်မှုအရှုပ်အရှင်းတွေရှိလာနိုင်တာ
ကိုပါ ဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးလုပ်ဆောင်သင့်တယ်
လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။
* အခုလိုမျိုး အခွန်နှုန်းထားတိုးမြှင့်တာက အိမ်ပိုင်ဖြစ်ဖို့
အခွင့်အလမ်းကို ပိုနည်းစေနိုင်ပြီး အခွန်ရှောင်မှုတွေပိုများ
လာနိုင်တဲ့အပြင် သွယ်ဝိုက်တဲ့နည်းတဲ့အိမ်ငှားဈေးကွက်ကိုပါ
တိုးမြှင့်သွားစေနိုင်တယ် * လို့ အကျိုးဆောင်တချို့ထံက
သိရပါတယ်။
***
၂။ "အထူးစီးပွားရေးဇုန်များတွင် သတင်းကြိုရ
မြေကစားသူများကိစ္စ ဖြေရှင်းရန် အစိုးရသစ်ကို တိုက်တွန်း"
အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည့်ဒေသများတွင်
ဒေသခံမဟုတ်သူများက မြေယာများကြိုတင်ဝယ်ယူ
ဈေးကစားနေခြင်းကို ကိုင်တွယ်ဖြေရှင်းပေးရန်
နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက အစိုးရသစ်ကို
တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့်
အထူးစီးပွား ရေးဇုန်သုံးခုသို့ သွားရောက်လေ့လာခဲ့သော
Earthright International က ယင်းပြဿနာကို ကိုင်တွယ်
ဖြေရှင်းမှသာဒေသခံတို့၏ အကျိုးခံစားခွင့်အား
ကာကွယ်ပေးရာရောက်မည်ဖြစ်ပြီး မြေယာအငြင်းပွားမှုများ
ကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း
Earth- right International ရုံးမြန်မာနိုင်ငံဆိုင်ရာ
လက်ထောက်ဒါရိုက်တာ ကိုဘိုဘိုကပြောသည်။
အထူးစီးပွားရေးဇုန်များ ရပ်ရွာလူထုအတွက်
အခွင့်အလမ်းလား၊ ခြိမ်းခြောက်မှုလားခေါင်းစဉ်ဖြင့်
ဖေဖော်ဝါရီ ၂၃ ရက်တွင် Excel Tower ၌ ကျင်းပပြုလုပ်
သည့် အလုပ်ရုံစီးပွားရေးဆွေးနွေးပွဲ၌ ပြောကြားခြင်း
ဖြစ်သည်။
ဒေသခံတို့၏ အကျိုးခံစားခွင့်များ ရသင့်သလောက် မရရှိ
ခြင်းမှာ မူဝါဒပိုင်းဆိုင်ရာ သတင်းပေါက်ကြားမှုများကြောင့်
ဖြစ်ပြီး စီမံကိန်းလုပ်ဆောင်မည့် ကုမ္ပဏီ နှင့် အစိုးရကြား
သတင်းပေါက်ကြား အကျင့်ပျက်ခြစားမှုများကို စနစ်တကျ
ကိုင်တွယ်ဖြေရှင်းရန် ကိုဘိုဘိုက တိုက်တွန်း
ပြောကြားသည်။
‘‘မူဝါဒပိုင်းဆိုင်ရာ ပေါက်ကြားလို့ဖြစ်မယ်။
ဘယ်အထူးစီးပွားရေးဇုန်ကိုမဆို အဲဒီလိုဒေသခံ မဟုတ်တဲ့
စီးပွားရေးလုပ်ငန်းရှင်တွေက ကြိုတင်လက်ဦးမှုရယူ
ထားတယ်။ ဒုတိယ မြေသိမ်းသူတွေ ပေါ့။အဲဒီနေရာတွေက
မြေဈေးတက်ရင် အဆမတန်တက်တယ်’’ ဟု
ကိုဘိုဘိုကပြောသည်။
မကြာသေးမီကလွှတ်တော်တွင် ခွင့်ပြုခဲ့သော
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဧရိယာ၌ လည်း
မြေယာကြိုတင်ဝယ်ယူမှု များရှိနေပြီး ၀ယ်ယူထားသော
မြေယာကွက်လပ်များကို ခြံခတ်ထားသည်များတွေ့ရှိ
ရကြောင်း ကိုဘိုဘိုကပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ဧရိယာတွင် မြင်တွေ့ရသည့်
မြေယာကြိုတင်ဝယ်ယူမှုများကို ထားဝယ်အထူးစီးပွားရေးဇုန်
နှင့် သီလ၀ါအထူးစီးပွားရေးဇုန်များ၌လည်း တွေ့ရှိရကြောင်း
ကိုဘိုဘိုကပြောသည်။
‘‘ရွှေဂက်စ်ပိုက်လိုင်းဖြတ်တုန်းက ကြုံတွေ့ရတဲ့ပုံစံမျိုး
ကျွန်တော်တို့မလိုချင်တော့ဘူး။ သတင်းအချက်အလက်
တွေနဲ့ ပွင့်လင်းမြင်သာမှုတွေ ချပြပေးပါ’’ဟု ကျောက်ဖြူ
အထူးစီးပွားရေးဇုန်မှ ဒေသခံ ကိုစိုးဆွေက ပြောသည်။
အထူးစီးပွားရေးဇုန်များ မစတင်မီ ဒေသခံများနှင့် ညှိနှိုင်း
ဆွေးနွေးခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းသည် ဒေသခံတို့
ခံစားနေရသော မယုံကြည်မှုများနှင့် အကျိုးခံစားခွင့်ကို
ကာကွယ်ပေးရာ ရောက်သည်ဟု အထူးစီးပွားရေးဇုန်များ၊
ရပ်ရွာလူထုအတွက် အခွင့်အလမ်းလား၊ ခြိမ်းခြောက်မှုလား
အလုပ်ရုံဆွေးနွေးပွဲ တက် ရောက်သည့် ဒေသခံများက
ပြော သည်။
(အိဖြူမွန်)
credit - The Kumudra & 7day Daily
No comments:
Post a Comment