“အိမ်ခြံမြေကဏ္ဍသို့ ဇန်န၀ါရီတစ်လအတွင်း နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၀၀ ကျော် ၀င်ရောက်
လာမှုနှင့် အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
သတင်းအချက်အလက်များ”
၁။ "မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍတွင် ယခုနှစ် ဇန်န၀ါရီ
လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ
ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ရှိနေပြီး တစ်လအတွင်း
ဒေါ်လာ သန်း ၁၀၀ ကျော်ဝင်ရောက်"
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍအတွင်း ယခုနှစ် ဇန်န၀ါရီလ
ကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်
ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ရှိနေပြီး ဇန်န၀ါရီ တစ်လ
အတွင်း ဒေါ်လာသန်း ၁၀၀ ကျော် ၀င်ရောက်ထားကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ
သိရသည်။
အဆိုပါ ပမာဏသည် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်န၀ါရီ လကုန်အထိ ၀င်ရောက်
ခဲ့သည့် ပမာဏ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ
ကုန်အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်သာ
ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအထိ အိမ်ခြံမြေကဏ္ဍ
အတွင်းသို့ ဒေါ်လာ ၂၆၂၂ ဒသမ ၇၇၁ သန်းအထိ
ဝင်ရောက်လာသည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို
လေ့လာကြည့်ပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင်
၂၀၁၆ ခုနှစ် ဇန်န၀ါရီ လကုန်အထိ အမေရိကန်ဒေါ်လာ
ဘီလျံ၂၀ နီးပါး ၀င်ရောက်ထားကာ လျှပ်စစ်စွမ်းအား
ကဏ္ဍတွင် ဒေါ်လာ ၁၉ ဘီလျံကျော် ၀င်ရောက်ထားသည်။
အရှေ့တောင်အာရှ၏ စီးပွားရေးဇုန် တစ်ခုဖြစ်သော
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အခြားသော မြို့များထက်
ပိုမိုသက်ရောက်မှုရှိခဲ့ပြီး ဈေးများလည်း တစ်ဟုန်ထိုး
တက်လာခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများသို့ စီးပွားရေး ကဏ္ဍအား
ချိတ်ဆက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း နိုင်ငံအတွင်းရှိ
အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း
House .com .mm မှဖော်ပြထားသည်။
စီးပွားရေး တိုးတက်မှုနှုန်း မြန်ဆန်မှုနှင့် အာရှ၏
လက်ရှိဖြစ်တည်နေသည့် ဈေးကွက်အကျိုးအမြတ်များမှာ
ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်မှု ဖြစ်စေကြောင်း၊
House. com. mm ၏မိခင်ကုမ္ပဏီဖြစ်သော
အပြည်ပြည်ဆိုင်ရာ အိမ်ခြံမြေကွန်ရက် တစ်ခုဖြစ်သည့်
Lamudi မှ အာရှဒေသအတွင်းရှိ ၂၀၁၆ ခုနှစ်အတွင်း
ရင်းနှီးမြှုပ်နှံရန် သင့်တော်သော နိုင်ငံအချို့ကို
ထုတ်ပြန်ခဲ့သည်။
ယင်းမြို့များမှာ လတ်တလော အရှိန်အဟုန်ဖြင့်
တိုးတက်လျက် ရှိနေပြီး အိမ်ခြံမြေ ကဏ္ဍများတွင်
ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်နေသည့် ဖိလစ်ပိုင်၊ မြန်မာ၊
အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ
မြို့များဖြစ်သည်။
(နီလာ)
***
၂။ "ခြောက်လအတွင်း အီးယူမှရင်းနှီးမြှုပ်နှံမှု ပိုများလာနိုင်"
မြန်မာနိုင်ငံတွင် ၂၀၁၆ ပထမခြောက်လတာအတွင်း
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုပိုများ
လာမည်ဟုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး
ဦးအောင်နိုင်ဦးကပြောကြောင်း Oxford-Business Group ၏
သုံးသပ်ချက်တွင် ဖော်ပြထားသည်။
၂၀၁၅ နှစ်ကုန်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု
နှေးကွေးခဲ့သော်လည်း အစိုးရသစ်အပြောင်းအလဲစတင်မည့်
၂၀၁၆ အတွင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်
မြင့်တက်လာမည်ဟု ၎င်းက ခန့်မှန်းပြောကြားထားခြင်း
ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်
သော အတိုက်အခံပါတီ အနိုင်ရရှိခဲ့ခြင်းကြောင့်
မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မျှော်လင့်ချက်
ပိုမိုမြင့်မားလာခဲ့ခြင်းကြောင့်ဖြစ်သည်ဟု
Oxford-Business Group က သုံးသပ်ထားသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနှုန်းသည်
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံ
ရှိမည်ဟု မျှော်မှန်းထားပြီး သဘာဝဘေးအန္တရာယ်နှင့်
နိုင်ငံရေးအခြေအနေများကြောင့် ၂၀၁၅ နှစ်ကုန်အထိ
၎ ဒသမ၁ဘီလီယံသာ ရှိနေခဲ့ပြီး ဝင်ရောက်မှု နှေးကွေး
ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများဦးစီးဌာနမှ
သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေ
ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုမှာ သိသာသည့် အနေအထားတစ်ခု
ဖြစ်နေခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘာ့စီးပွားရေးအေးစက်
နေချိန်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP)
ဖွံ့ဖြိုးတိုးတက်မှုသည် ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိမှုနှင့်အတူ
၂၀၁၅အတွင်း မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
အားကောင်းခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့
IMF အစီရင်ခံစာက ဖော်ပြထားသည်။
ယင်းသို့ တိုးတက်မှုသည်အာဆီယံမူလအဖွဲ့ဝင် ငါးနိုင်ငံ
ဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့်
ထိုင်းနိုင်ငံတို့၏ ပျှမ်းမျှစီးပွားရေးဖွံ့ဖြိုးမှု ၄ဒသမ၆ ရာခိုင်နှုန်းနှင့်
တစ်ကမ္ဘာလုံးစီးပွားရေး ဖွံ့ဖြိုးမှု ၃ဒသမ၁ရာခိုင်နှုန်းတို့၏
အထက်တွင်ရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။
၂၀၁၆ အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး
GDP ဆက်လက်တည်ငြိမ်နေမည်ဖြစ်ကာ
၈ ဒသမ ၃ ရာခိုင်နှုန်းကျော် တိုးတက်လာနိုင်သည်ဟု
၎င်းတို့က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာအခြေအနေသည်
အားကောင်းစပြုလာသော်လည်း နိုင်ငံအတွင်း ကြုံတွေ့
နေရသည့် ဘဏ္ဍာရေးလို ငွေပြမှုများ အပါအဝင်
ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်
ခဲ့ရသည့် စီးပွားရေးစနစ်တစ်ခုကို အင်န်အယ်လ်ဒီ
ဦးဆောင်သော အစိုးရအဖွဲ့က တာဝန်ယူရမည်ဟု
OxfordBusiness Group က ဆက်လက်
သုံးသပ်ထားသည်။
(မိုးမင်း၊ ကျော်သူမောင်)
***
၃။ "၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ ၁၀ လ
အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ
ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ ၀င်ရောက်"
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ ၁၀ လတာ
ကာလအတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ အထိ
ဝင်ရောက်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က
ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ဖေဖော်ဝါရီ ၈ရက်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး ဖွင့်လှစ်ပွဲနှင့်
လုပ်ထုံးလုပ်နည်းများ ရှင်းလင်းခြင်းအခမ်းအနားတွင်
အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ
သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ပမာဏ အမေရိကန်ဒေါ်လာ ငါးဘီလျံ ၀င်ရောက်ရန်
လျာထားခဲ့ကြောင်းနှင့် လက်ရှိကာလနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ပမာဏသည် လျာထားချက်ကို
ကျော်လွန်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ပမာဏကို လေ့လာကြည့်ပါက
- အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်
သန်း ၃၀၀ သာ ရှိခဲ့သော်လည်း
- ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ
၁ ဒသမ ၄၂ ဘီလျံ အထိ ငါးဆခန့် တိုးတက်လာကြောင်း၊
- ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ
၎ ဒသမ ၁ ဘီလျံခန့်နှင့်
- ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ
ရှစ်ဘီလျံအထိ ၀င်ရောက်ခဲ့ကြောင်းလည်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ
နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုကို
လေ့လာကြည့်ပါက
စင်ကာပူနိုင်ငံမှာ အမေရိကန်ဒေါ်လာ သုံးဘီလျံ နီးပါးဖြင့်
ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပြီး ယခင်နှစ်များက ထိပ်ဆုံးမှ
ရပ်တည်ခဲ့သည့် တရုတ်နိုင်ငံမှာ ဒေါ်လာ
၆၇၀ ဒသမ ၁၁၈သန်း ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။
ထို့ပြင် နယ်သာလန်နိုင်ငံမှ ဒေါ်လာ ၄၃၀ ဒသမ ၄၅၀ သန်း
ဖြင့် တတိယနေရာမှ ရပ်တည်နေကာ အိန္ဒိယနိုင်ငံမှ
ဒေါ်လာ ၂၂၂ ဒသမ ၂၂၃သန်း ဖြင့် စတုတ္ထနေရာတွင်
ရှိနေကြောင်း သိရသည်။
credit - Eleven Media Group & 7day daily
No comments:
Post a Comment